ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Saturday, March 12, 2016

အမျိုးသမီးလေးများအား လိမ်လည်၍ အဓမ္မကျင့်သူပွဲစားကိုဖမ်းဆီး


ပတ်စ်ပို့လုပ်ပေးမည်ဟု လိမ်လည်၍ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်လေ့ရှိသော ကိုလေး(ခ)သက်ပိုင်ဦး ကို ယနေ့တွင် MWRN နှင့်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဖမ်းဆီးလိုက်ပါသည်။

 လွန်ခဲ့သောအပတ်က ပတ်စ်ပို့လုပ်ပေးမည်ဟု ဆိုကာ အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွားပြီး တည်းခိုခန်း တစ်ခုတွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။

 အမျိုးသမီးငယ်မှာ မည်သည့်နေရာသို့ရောက်နေမှန်းမသိ၍ ၎င်းပွဲစားကို ပရိယာယ်ဖြင့် မဟာချိုင်သို့ ပြန်ရောက်အောင် ခေါ်ဆောင်လာခဲ့သည်။

 သူမ၏ မိသားစုများက MWRN နှင့် HRDF သို့လာရောက် တိုင်ကြားရာမှ ရဲတပ်ဖွဲ့နှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအတိုင်း အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်သည်။


ကျူးလွန်သူ ကိုလေး(ခ)သက်ပိုင်ဦး မှာ ဘီးလင်းမြို့မှဖြစ်ပြီး ၎င်းတွင်အိမ်ထောင်ရှိ၍ ၎င်း၏ဇနီးမှာ နွန်ထဘူရီခရိုင်တွင် အလုပ်လုပ်နေကြောင်း သိရသည်။

 ကိုလေး(ခ)သက်ပိုင်ဦးသည် ပွဲစားအလုပ်လုပ်ရင်း ယခုကဲ့သို့ အမျိုးသမီးငယ် လေးများကို ဖျားယောင်းခေါ်ဆောင်ပြီး အဓမ္မမှုများ ကျူးလွန်လေ့ရှိကြောင်း ကနဦးသတင်းများအရသိရသည်။

 ၎င်းကျူးလွန်မှုကို ခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦးမှာ စိုင်ဆီ နခေါ်ပထုမ်တွင်တစ်ဦး၊ နွန်ထဘူရီတွင် တစ်ဦးရှိကြောင်း သိရသည်။

 ထို့ကြောင့် ကိုလေး(ခ)သက်ပိုင်ဦး ၏ အဓမ္မကျူးလွန်ခြင်းခံခဲ့ရသော အမျိုးသမီးများအနေဖြင့် ထပ်မံ၍ တရားဥပဒေအတိုင်း အရေးယူနိုင်ရန် သတင်းပါး အပ်ပါသည်။ ပူးပေါင်းအရေးယူလိုပါက MWRN သို့ဆက်သွယ်နိုင်ပါသည်။

MWRN

No comments:

Post a Comment