ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Monday, March 14, 2016

မြန်မာနိုင်ငံ၌ လျှပ်စစ် ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စုပေါင်း ၆.၈ သန်းခန့် ကျန်ရှိနေသေး

လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးလက်နေအိမ်များကို တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၁၀ သန်း ၊ လူဦးရေ ၅၁ သန်းရှိသည့် အနက် ယခု ၂၀၁၅-၁၆ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၃.၇ သန်း လျှပ်စစ် ဓာတ်အားရရှိ သုံးစွဲနိုင်ကြမည် ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား မရ သေးသည့် အိမ်ထောင်စုမှာ ၆.၈ သန်းခန့် ကျန်နေသေးကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

လျှပ်စစ်မီးအား ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် အိမ်ထောင်စု ၂.၂၂ သန်းသာ မီးသုံးနိုင်ခဲ့ပြီး ၅ နှစ်တာ ကာလအတွင်း အိမ်ထောင်စု ၁.၄၈ သန်း ၊ လူဦးရေ ၇.၄ သန်းကို လျှပ်စစ် ဓာတ်အား ထပ်မံ ပေးနိုင်ပြီး တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဓာတ်အားစနစ်၏ အမြင့်ဆုံးသော နွေရာသီ ဝန်အား သုံးစွဲမှုမှာ ၂၀၁၅ ခုနှစ်တွင် ၂,၄၃၀ မဂ္ဂါဝပ် ခန့်ရှိသည့် အနက် ရန်ကုန်တိုင်း ဒေသကြီးတွင် ၁,၀၅၀ မဂ္ဂါဝပ်ခန့် သုံးစွဲနေကြောင်း ၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန် တိုင်းဒေသကြီးသည် ၁,၂၅၀ မဂ္ဂါဝပ်ခန့်အထိ တိုးတက် သုံးစွဲလာကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment