အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication
နည်းပညာစာအုပ်တွေ မှာ အကျယ်တစ်ဝင့် ရှင်းလင်း ထားပါတယ်။ ယခုက
သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။
... 1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့
တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue
Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။
2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ်
ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ
အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။
2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate
ပိုမြင့်လာတာ ထူးခြားသွားပါတယ်။
3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့
ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း
တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ်
ဖြစ်ပါတယ်။
4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့
LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း
မှတ်ယူနိုင်ပါတယ်။
--
Ref: Cisco
Aung Kham (TSJ team)
Type the rest of your post here.
Monday, March 7, 2016
1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း

Subscribe to:
Post Comments (Atom)
No comments:
Post a Comment