ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Saturday, November 2, 2013

ထိုင်း ခရမ်းသီး အုန်းနို့ချက်




ထိုင်းစတိုင် ခရမ်းသီး သက်သက်လွတ် ဟင်းလျာလေးပါ။ ခရမ်းသီးကို အုန်းနို့၊ ငရုတ်သီးအနှစ်၊ ပင်စိမ်း၊ ရှောက်ရွက် ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ ပျော်ဖွယ်ရာ မရှိအောင် ကောင်းမွန်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် ဆီကိုလည်း အနည်းငယ်သာ သုံးထားပါတယ်။ လုပ်ရလွယ်တဲ့ ခရမ်းသီး အုန်းနို့ချက်လေးကို လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ခရမ်းသီး – ၁လုံး (တကိုက်စာ အတုံးများတုံးပေးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးခြောက်နီ – ၂ခု

  • ငရုတ်သီးပွပု – ၂ခု (အစေ့ထုတ်ကာ ရေနွေးဖြင့် နူအောင်ပြုတ်ပြီ ငရုတ်ဆုံဖြင့် ညက်အောင်ထောင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • အုန်းနို့နှစ် – ၁၆၀ ဂရမ်
  • ရေ – ၁ခွက်
  • ရှောက်ရွက် – ၄ရွက်
  • ပင်စိမ်း – ၅ရွက်
  • သံပရာသီး – ၂လုံး (အစေ့ထုတ်ထားပါ)


ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက် တို့ကို အရောင်ပြောင်းသည်အထိ ရောမွှေပေးပါ။
၂။ ပြီမှ ငရုတ်သီးနှစ်၊ သကြားကို ရောထည့်လိုက်ပါ။
၃။ ထို့နောက် အုန်းနို့နှစ်၊ ရေ၊ ခရမ်းသီး၊ ဆား၊ သံပရာရည်၊ ရှောက်ရွက် တို့ကို ထည့်ပြီ မီးအသင့်တင့်ဖြင့် ၁၀မိနစ်ခန့် ခရမ်းသီး နူသည်အထိ တည်ထားပေးပါ။




၎။ ခရမ်းသီး ကျက်လျှင် အပေါ်မှ ပင်စိမ်းများအုပ်ပြီ မီးပိတ်လိုက်ပါ။
၅။ ထမင်းပူပူလေးနဲ့ ထိုင်း ခရမ်းသီးချက်ကို သုံးဆောင်လို့ရပါပြီ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment