ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Saturday, November 2, 2013

ကြက်သား ပင်စိမ်းဟင်း




အရသာ အလွန်ကောင်းမွန်တဲ့ ထိုင်းစတိုင် ကြက်သား ပင်စိမ်းဟင်း။ အစပ်ကြိုက်သူများအတွက် ကြက်သားကို ပင်စိမ်းနဲ့ခပ် စပ်စပ်လေး ချက်ထားတဲ့ ဟင်းတခွက်ပါ။ ၀တ်ရည်ကတော့ အရမ်းအစပ် မကြိုက်တာမို့ ငရုတ်သီးကို လျှော့ထည့် ချက်ထားပါတယ်။ အရသာက အုန်းနို့လည်း ပါတာမို့ ချိုစပ်ပြီ စိမ့်နေပါတယ်။ ပင်စိမ်းရယ်၊ ရှောက်ရွက်ကြောင့် အနံ့ကလည်း ပြောဖွယ်ရာမရှိပါဘူး။ အစပ်မကြိုက်သူများ ငရုတ်ခြောက်မကြိတ်ခင် အစေ့များ ထုတ်ခဲ့ဖို့ မမေ့ပါနဲ့။ ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်အောင် ခုပဲချက်လိုက်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်သား – ရင်ဗုံ၊ ပေါင်တွဲယှက် ၂စုံ (အတုံးများ တုံးထားပါ)
၂။ အုန်းနို့ – ၁၀၀မီလီလီတာ

၃။ ရှောက်ရွက် – ၃ခု
၎။ ပင်စိမ်း – ၅ခု (နှုတ်နှုတ်စဉ်းထားပါ)
၅။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းအနှစ်အတွက် ပါဝင်ပစ္စည်းများ
၁။ ကြက်သွန်နီ – ၄ခု (ပါးပါးလှီးထားပါ)
၂။ ကြက်သွန်ဖြူ – ၄မွှာ (ပါးပါးလှီးထားပါ)
၃။ ပဒယ်ကော – ၂ခု (ပါးပါးလှီးပေးပါ)
၎။ နံနံစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၆။ သံပရာသီး – ၁လုံး (အရည်ညှစ်ထားပါ)
ရ။ ငရုတ်သီးခြောက် – ၅ခု
၈။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း တ၀က် (ထောင်းထားပါ)



ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဟင်းအနှစ်အတွက် ပါဝင်ပစ္စည်းများ အားလုံးကို blender(ကြိတ်ဆုံ)ဖြင့် သမအောင် ကြိတ်ပေးပါ။
၂။ ပြီမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြိတ်ထားသော ဟင်းအနှစ်၊ ကြက်သား၊ အုန်းနို့နှစ်၊ ရေ(၃၀၀မီလီလီတာ)ခန့်ထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်ပြီ မိနစ်၂၀ခန့် တည်ထားပေးပါ။



၃။ ကြက်သားများ နူးအိပြီဆိုမှ ငါးငံပြာရည်၊ ဆား၊ သကြား၊ ပင်စိမ်း၊ ရှောက်ရွက်ထည့်ပြီ ၁၀မိနစ်ခန့် ပြန်တည်ထားပေးပါ။
၎။ ပြီလျှင် အရသာအလွန်ကောင်းမွန်သည့် ကြက်သား ပင်စိမ်းဟင်းကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…



PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment