USB Stick ကနေ windows အင်စတောလုပ်နည်း ကို ရေးပေးဖူးပါတယ်။အဲဒီလို လုပ်ဖို့ အတွက် microsoft ရဲ့  windows 7 usb/dvd download tool ကို အသုံးပြုပါတယ်။Windows 7 usb/dvd download tool က operating system တစ်ခု တည်းကို ပဲ usb stick မှာ အင်စတောလုပ်ပေးနိုင်ပါတယ်။Operating systems အများအပြားကို usb stick မှာ အင်စတောလုပ်ချင်ရင်တော့ အောက် မှာ ဆက်ဖတ်ပါ။USB stick ကနေ windows os ဒါမှမဟုတ်တစ်ခြား os တွေကို အင်စတောလုပ်ဖို့  iso ဖိုင်ကို အသုံးပြုရပါတယ်။ISO ဖိုင်ဆို တာ disk image file အမျိုးအစားတစ်ခု ဖြစ်ပါတယ်။အင်တာနက်ကနေ windows os တွေ ဒေါင်းလုပ်ရရှိရင် iso ဖိုင်အနေနဲ့ ရရှိပါတယ်။တကယ်လို့ သင်ဟာ ဆိုင်က windows os အခွေကို ၀ယ်ယူထားတယ်ဆိုရင် PowerISO လို မျိုး ဆော့ဝဲသုံးပြီး ၀င်းဒိုး အခွေကနေ iso ဖိုင် ပြုလုပ်နိုင်ပါတယ်။
Windows
os တစ်ခု ကို usb stick မှာ အင်စတောလုပ်ဖို့  usb ရဲ့  storage ဟာ 4 gb
လောက်နေရာရှိရပါမယ်။Windows os အများအပြားကို usb stick မှာ
အင်စတောလုပ်ဖို့  usb stick ရဲ့  storage က လုံလောက်တဲ့ အနေအထားမှာ
ရှိရပါမယ်။ကျွန်တော့်မှာ 4gb ပဲဆန့် တဲ့ usb stick ပဲရှိတဲ့အတွက်
ဒီဆောင်းပါးမှာတော့ windows os တွေကို အင်စတောမလုပ်ဘဲ kaspersky rescue
disk iso, bitdefender rescue cd iso စတာတွေကို
သုံးပြီးစမ်းသပ်ပါတယ်။ဆိုလို ချင်တာက windows os iso တွေ တစ်ခြား os iso
တွေကို သုံးနိုင်ပါတယ်။
Portable
freeware တစ်ခု ဖြစ်ပါတယ်။Application ကို run ပြီးရင် Step 1 မှာ usb
stick ကို ရွေးပေးပါ။Step 2 မှာတော့ iso ဖိုင်ကို ရွေးပေးပါ။ပြီးရင် Create
ကို နှိပ်ပါ။
ပြီးရင်တော့ အချိန်အနည်းငယ်စောင့်ပါ။
ပြီးသွားရင်
တော့ အပေါ်ကအဆင့်အတိုင်းပဲနောက်ထပ် os တစ်ခု usb stick မှာ
အင်စတောလုပ်ပါ။USB stick နဲ့ ဆန့် သလောက် os တွေ
အင်စတောလုပ်နိုင်ပါတယ်။အားလုံးပြီးသွားရင် QEMU ကို နှိပ်ပါ။QEMU က machine
emulator and virtualizer ဖြစ်ပြီး သင့် usb stick မှာ အင်စတာလုပ်ထားတဲ့
os တွေ တကယ်အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။Usb stick ကို စမ်းသပ်ဖို့ 
အတွက် Boot USB ကို နှိပ်ပါ။ကျွန်တော့်စမ်းသပ်ချက်မှာတော့ ဒီ feature
ကကောင်းကောင်းအလုပ်မလုပ်ပါဘူး။အဲဒီအတွက် windows ကို restart ချပြီး boot
menu မှာ usb stick ကနေ boot တက်ပြီးစမ်းသပ်ကြည့်တော့အဆင်ပြေတာတွေ့ ရပါတယ်။
နောက်
tool တစ်ခု ကတော့ YUMI – Multiboot USB Creator ဆို တဲ့ freeware ပါ။Step 1
မှာ usb stick ကို ရွေးပေးပါ။ Step 2 မှာ windows ကို အင်စတောလုပ်ရင်
Windows Vista/7/8 Installer ဒါမှမဟုတ် Windows XP ကို အင်စတောလုပ်ရင်
Windows XP Installer ကို ရွေးပါ။ပြီးရင် iso ဖိုင်ကို ရွေးပေးပြီး Create
ကိုနှိပ်ပါ။
အချိန်အနည်းငယ်စောင့်ပါ။
OS
တစ်ခု အင်စတောလုပ်ပြီးရင် နောက် os တစ်ခု အင်စတောလုပ်ဖို
့အပေါ်ကနည်းအတိုင်းလုပ်ပါ။YUMI မှာတော့ QEMU (machine emulator and
virtualizer ) မပါရှိတဲ့အတွက် ၀င်းဒိုးကို restart ချပြီး usb ကနေ boot
တက်ပြီး အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။အိုကေတယ်ဆိုရင်တော့ သင့် USB
stick ကနေ windows os အများအပြားကို အင်စတောလုပ်နိုင်ပါပြီ။
Credit to: http://www.kothuya.com
USB တစ်ခုထဲမှာ Window OS တွေ ထည့်နည်းကို အဆင်မပြေသေးရင် ဒီနေရာမှာ နဲ့ ဒီနေရာ တွေမှာ ဆက်လက် လေ့လာနိုင်ပါသေးတယ်...။
No comments:
Post a Comment