ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Friday, July 19, 2013

Hard Disk တစ်လုံးဘယ်လိုရွေးချယ်ဝယ်ယူမလဲ? နှင့် ဘယ်လိုထိန်းသိမ်းမလဲ

          ကွန်ပျူတာမှာ Hard Disk က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောရင် မှားမယ်မထင်ပါဘူး။
ဘာဖြစ်လို့လည်း အခြားအရေးကြီးအစိတ်အပိုင်းတွေဖြစ်တဲ့ mother board , CPU  တွေကရော
အရေးမကြီးဘူးလား ဟုတ်ကဲ့ ကြီးပါတယ် ဒါပေမယ့် Hard Disk လောက် အရေးမကြီးဘူး။
ဘာကြောင့်
လဲဆိုတော့ အခြား ပစ္စည်းတွေက မကောင်းဘူးဆို ဖြုတ်လဲရုံနဲ့ မူလအတိုင်းအဆင်ပြေပါတယ်
ဥပမာ- ကျွန်တော့် Laptop CPU လေးက over heat ဖြစ်ပြီး လောင်သွားတယ် ။ ဒါဆို ကျွန်တော် အသစ်
ဝယ်ပြီး လဲလိုက်တာနဲ့နဂိုအတိုင်း ဘာမှ မချို့ယွင်းပဲ ပြန်ကောင်းသွားမှာပါ ။
ဒါပေသိ Storage Device ဖြစ်တဲ့ Hard Disk လေးကတော့ ပျက်သွားလို့ အသစ်လဲရင် အဆင်မပြေနိုင်ပါဘူး။ အနှစ်နှစ် လလ က စုဆောင်းခဲ့တဲ့ ဆော့ဝဲတွေ ၊ ဗီဒီယိုတွေ
 သီချင်းတွေနဲ့ ၊ အခြားသော ဖိုင်ပေါင်းများစွာ ပျက်စီးသွားပြီလေ အသစ်ဝယ်ပြီး တပ်ရင် အသစ်အတိုင်းဘာမှ  ပါလာမှာမဟုတ်ဘူး ။ အဲဒီတော့ အရေးကြီးတယ်လို့ဆိုနိုင်ပါတယ် ။ 
ကိုယ်စုဆောင်းခဲ့ရတာ ကိုပဲ သိပါတယ် အချို့အရာတွေက ပြန်ရှာလို့ လွယ်ကူနိုင်ပေမယ့်
 ပြန်ရှာလို့ မရနိုင်တော့တဲ့ ကိုယ့်အရေးကြီး ဖိုင်တွေ ပျက်စီးသွားရင်
ငိုမိလောက်အောင် ၀မ်းနည်းမိပါတယ် ။ ပျက်သွားတာတောင် မဟုတ်ပါဘူး Format ကျသွားခဲ့ရင်
တောင် ပြန်ရှာဖို့က 100% မသေချာပါဘူး Recovery ဆော့ဝဲတွေ ဘယ်လောက်ပဲများပါစေ
လွယ်လွယ်ကူကူတော့ မရပါဘူး ။ ဒါဆို ကျွန်တော်တို့ မပျက်အောင် ကာကွယ်ကြရဖို့အရေးကြီးတာပေါ့။
Hard Disk  အသစ်တစ်လုံးဘယ်လိုရွေးဝယ်မလဲ?
          နံပါတ် (၁) ရွေးချယ်ရမှာက တကယ်ကောင်းတဲ့ Product လား ။ 
အချို့ Hard Disk တွေက Quality မမှီပါဘူး ဒါကြောင့် နာမည်လည်းမကြီးပါဘူး ။ 
သိုလှောင်နိုင်စွမ်းများပေမယ့် အလွယ်တကူပျက်နိုင် တယ် ဒါကြောင့် မရွေးချယ်သင့်ပါဘူး ။ 
ကျွန်တော်သိသလောက်ကတော့ Hard Disk မှာတော့ Seagate , Western Digital တို့က
 အကောင်းဆုံးပါ နာမည်အရှိဆုံး Hard Disk တွေပါ။ နောက်တစ်ခုက
Hard Disk မှာ RPM ဆိုတာရှိပါတယ်။ RPM ဆိုတာက
 (Revolution per minutes) တစ်မိနစ်လည်နှုန်း ကိုဆိုလိုတာပါ ကျွန်တော်က 
အကြမ်းဖျင်းပြောမှာဆိုတော့ တစ်မိနစ်လည်နှုန်းလို့ပဲမှတ်ထားလိုက်ပါ။
နောက် Hard Disk အကြောင်းသေချာရေးတဲ့ ပို့စ်တွေမှ RPM ကို အသေးစိတ်ရှင်းပြပါမယ်။
သဘောက RPM များလေ Data Read/Write ပိုမြန်လေပါ အခု Hard Disk အတော်များများက
7200rpm ရှိပါတယ် ဒါပေမယ့် သူ့ထက်များတာတွေလည်း ရှိပါတယ် 10000rpm , 15000rpm,
20000rpm တွေလည်း ၀ယ်ရနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ 7200rpm က အသုံးများပါတယ်။ Notebook HD တွေကျတော့ 5400rpm ရှိပါတယ် ။ 
အဓိကက ကျွန်တော်တို့ဝယ်ယူတဲ့အခါ Hard Disk အပေါ်လေးမှာ
 ရေးထားတဲ့ စာလေးတွေရှိပါတယ် အဲဒီမှာ RPM ကိုလေ့လာနိုင်ပါတယ်။
နောက်တစ်ခုက warranty ပါ ဘယ်အချိန်ထိ အာမခံသလဲပေါ့ ။ သာမန်အားဖြင့် တစ်နှစ် ၊ အချို့က
(၂)နှစ် ပေးကြပါတယ် ။ အာမခံက အရေးကြီးပါတယ် သူ့သက်တမ်းမပြည့်မှီ ပျက်သွားခဲ့ရင်
ကျွန်တော်တို့ ကို အသစ်တစ်လုံး ပြန်လဲပေးပါတယ် ။ ကျွန်တော့်ရဲ့ External HD လေးက ၂နှစ်
Warranty ရှိပါတယ် ၁နှစ်နဲ့ ၇လလောက်မှာပျက်သွားတော့ ကျွန်တော်ဝယ်တဲ့ ဆိုင်မှာ
သွားပြန်လဲတော့ တစ်ပတ်လောက်တော့ စောင့်ရပါတယ် 
အသစ်တစ်လုံး ပြန်လဲပေးလိုက်ပါတယ် ဒါကြောင့် အရေးကြီးတယ်လို့ ကျွန်တော်ပြောတာပါ။ 


 
Hard Disk လေး သက်တမ်းကြာဖို့ ဘယ်လိုလုပ်မလဲ?
          ပထမအချက်ကတော့ Hard Disk ကို 24hours သုံးသူတွေကတော့ Fan တပ်သင့်ပါတယ်
ပုံမှန် အသုံးပြုနေသူတွေအတွက် Hard Disk က အရမ်းပူပြီး Heat တက်မှာစိုးလို့ပါ ။
တစ်နေ့ကို ၂နာရီအထက်အသုံးပြုမယ်ဆိုရင်တော့ Fan တပ်တာအကောင်းဆုံးပါ
Fan တစ်ခုမှ ၂ထောင်လောက်ပဲရှိပါတယ် ။ နောက်အရေးကြီးတာက Windows ခဏခဏ
အသစ်တင်တာပါ(မလိုအပ်ရင် မတင်ပါနဲ့)လို့ အကြံပေးပါရစေ ။ Windows တင်ရင်
Format ရိုက်ရပါတယ် အဲဒီအတွက် လူပိန်းအပြောအရဆိုရင် စက်နာတယ်ပေါ့ဗျာ
အဲဒီ Hard Disk တစ်လုံးက Quality မမှီရင် Format 3ခါလောက်ချလိုက်တာနဲ့
Detect မသိတော့လောက်အောင် ဆိုးသွားတာကို ကျွန်တော်မြင်ဖူးပါတယ်။
ဒါပေမယ့် အနည်းအကျဉ်းပါ ဘယ်လိုပဲဖြစ်ဖြစ် လိုအပ်မှသာ Format ရိုက်စေချင်ပါသည်။
နောက်တစ်ခုက မိမိစက်မှာ antivirus တင်ပါ အချို့က Antivirus တင်ရင် စက်လေးလို့
မတင်ဘူးတဲ့ စက်လေးတယ်ဆိုတာက တင်ထားတဲ့ Antivirus နဲ့ မိမိစက်နဲ့
မကိုက်ညီတဲ့အခါ လေးတာပါ မိမိစက်နဲ့ ကိုက်ညီမယ့် Antivirus တစ်ခုတော့ ရှိသင့်ပါတယ်။
Update မဖြစ်ရင်တောင်နေပါ အကာအကွယ်လေးတော့ ရှိထားတာကောင်းတာပေါ့။
နောက်မို့ဆို လာသမျှ အကုန်လက်ခံနေသလိုဖြစ်သွားရင် ကိုယ့် HD လေးပဲ ထိမှာပါ။
အနည်းဆုံးတော့ MSE လောက်တော့ စက်မှာတင်ထားသင့်တယ်။
နောက်တစ်ခုက Junk File တွေကို ရှင်းလင်းပေးရမယ်။ ပြီးတော့ တစ်ပတ်
တစ်ကြိမ်လောက် Defrag လုပ်ပေးသင့်တယ် ဒါမှ performance တွေ ကောင်းလာမှာပါ
ပုံမှန်အားဖြင့်တော့ တော်တော်များများက Defrag တောင်မလုပ်ပေးကြပါဘူး။
ဒါကလည်း Hard Disk ကို သက်တမ်းတိုစေတဲ့ အချက်ထဲမှာ တစ်ချက်ပါဝင်တယ်
Defrag မလုပ်ပေးရင် Hard Disk က လေးလာမယ် ဖိုင်ကူးတာတွေ
နှေးလာမယ် နောက်ဆုံး ၀င်းဒိုးပါ တော်တော်လေး လုပ်ဆောင်ချက်ကျသွားလိမ့်မယ်။
အဲဒီအခါကျမှ လုပ်မယ်လို့ စိတ်မကူးပါနဲ့ မိမိသတိယချိန်လေးမှာ Defrag လေးတော့
လုပ်ပေးပါ Defrag လုပ်နိုင်တဲ့ ဆော့ဝဲတွေလည်း အတော်များပါတယ်
တစ်ခုလောက်နဲ့ ရှင်းပေးရင်တောင် အဆင်ပြေပါတယ် အချိန်အနည်းငယ်ပဲ ပေးလိုက်ရတာပါ။
အရေးကြီးတဲ့ Data တွေ ပျောက်သွား ပျက်သွားမှာစိုးရင် backup လုပ်ထားပါ ။
ဆိုလိုတာက တစ်နေရာထဲမှာ မထားပါနဲ့ မိမိမှာ Memory Stick ရှိရင် လည်း
ထည့်ထားပါ ၊ ကွန်ပျူတာက Hard Disk ထဲလဲထည့်ထားပါ ၊ SD ကဒ်ထဲလည်း ထည့်ပါ
 နောက်ဆုံး CD  ခွေထဲကို ကူးထားလိုက်ပါ အရေးကြီးတယ်ဆိုရင်ပေါ့။
အချို့တွေက ပျောက်မှ ပျက်မှ ၀မ်းနည်းကြတယ်။
 ဒါက ကျွန်တော်တို့ ညံ့ဖျင်းမှုကြောင့်လို့ ထင်ပါတယ် အရေးကြီးတယ်
လို့ယူဆထားရင် တစ်နေရာထဲမှာ ယုံကြည်ပြီး မထားသင့်ပါဘူး ။ နောက်ဆုံးတစ်ချက်ကတော့
UPS သုံးပါ မီးအားအတက်အကျတွေဖြစ်လာခဲ့ရင် Power Supply က ထိန်းမှာပဲလို့
မယုံကြည်လိုက်ပါနဲ့ တရုတ်ကလာတဲ့ ဈေးပေါပေါနဲ့ Power Supply တွေက
Power ပေးတာကိုပဲ အဓိကလုပ်တာပါ တကယ်မီးအားဆောင့်တက်လာတဲ့အချိန်တွေ
မထိန်းပေးနိုင်ပါဘူး အထဲက ပစ္စည်းတွေ အကုန်လောင်ကုန်ပါလိမ့်မယ်။ဒါကြောင့်
UPS လေးတော့ သုံးသင့်ပါတယ် မိမိ ပစ္စည်းတွေ သက်တမ်းပိုကြာကြာခံနိုင်ဖို့က
အမြဲဂရုစိုက်ပေးနေဖို့လိုပေမယ့် အရေးတယူကြီးတော့မလိုပါဘူး။
သာမန် အလုပ်လုပ်လေးတွေ လုပ်ပေးရုံပါ ဒါဆို မိတ်ဆွေတို့ရဲ့ Hard Disk လေး
ကျန်းမာရေးကောင်းရုံသာမက Computer သည်လည်း လေးခြင်း ၊ ဟန်းခြင်း
များ ဘေးမှ ကင်းဝေးမှာပါခင်ဗျာ…။
~~~~~~~~~~~~~~။~~~~~~~~~~~~~~
အောင်ကျော်ခိုင်(ပုသိမ်)

No comments:

Post a Comment