ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, June 20, 2013

အွန်လိုင်းစီးပွားရေး သို့မဟုတ် Electronic Business




အွန်လိုင်းစီးပွားရေး သို့မဟုတ် Electronic Business 
--------------------------------------------------------
==============================================

မြန်မာပြည်မှာ အင်တာနက် အသုံးတွင်ကျယ်လာပြီ။ အွန်လိုင်းစီးပွားရေး နဲ့လည်း ပက်သက်လို့ ကြိုးစားသူတွေလည်း ကြိုးစားကုန်ကြပြီ။ လုပ်နေကြပြီ။ ခရီးရောက်သူတွေလည်း ရောက် ကုန်ကြပြီ။ ဒီတော့ ခုမှ အွန်လိုင်းစီးပွားရေး ခရီးစသွားချင်သူများအတွက် Techspace Journal မှ လက်တွဲခေါ် ပညာပေးတဲ့ စာမျိုးတွေ ရေးသားတင်ဆက်သွား ရင် ကောင်းမယ်လို့ စိတ်ကူးမိလို့ပါ။ ပထမဆုံး အနေနဲ့ကတော့ အွန်လိုင်းစီးပွားရေး စလုပ်ဖို့ နည်းလမ်းမပေးခင် သူ့အဓိပ္ပါယ်သိမှ ရမှာကိုး။ ဒီတော့ အွန်လိုင်းစီးပွားရေး အဓိပ္ပါယ်လေးကို စရှင်း ပါမယ်။


Online Business ခေါ် Electronic Business

တော်တော်များများက အင်တာနက်မှာ ပစ္စည်းတွေတင်ရောင်းရုံနဲ့တင် အွန်လိုင်းစီးပွားရေး စနစ်ကြီး တစ်ခု ဖြစ်ပြီလို့ ထင်ကြတယ်။ အမှန်တော့ အဲ့လိုမဟုတ်ပဲ အများကြီးထပ်ကွဲပါတယ်။ Electronic Business ဆိုတာ အီလက်ထရောနစ် ဆက်သွယ်မှုကွန်ရက်ကနေ စီးဆင်းသော စီးပွားရေးကို ဆိုလိုပါတယ်။ ဒါက ရှေးကျကျ အဓိပ္ပါယ်ပြန်ဆိုမှုပေါ့။ လိုရင်းပြောရရင် - Electronic Business မှာ Models အကြမ်းဖျဉ်း ၆ ခုခွဲထားပါတယ်။ လက်ရှိ ၆ခုပဲ ရှိသေးလို့ပါ။ အနာဂတ်မှာ ဒီထက်များလာနိုင်ပါတယ်။ 

E-shops
E-commerce
E-procurement
E-malls
E-auctions
Virtual Communities ….. တို့ ဖြစ်ပါတယ်။ 

E-Shops

Online shopping လို့မှတ်ယူနိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ eBay နဲ့ Amazon တို့ပါ။ 

E-commmerce 

အွန်လိုင်းကုန်သွယ်မှုလို့ အဓိပ္ပါယ်ရပါတယ်။ Online shopping ဆိုတာ E-Commerce ကနေ ခွဲထွက်တဲ့ ခေါင်းစဉ် တစ်ခုပါ။ သို့ပေမယ့် Online Shopping တစ်ခုနဲ့တင်လည်း ကျယ်ပြန်တဲ့ ကဏ္ဍတစ်ခုဖြစ်လာနိုင်တဲ့ အတွက် ခွဲထုတ်လိုက်တာပါ။ E-Commerce လို့ပြောလိုက်ရင်တော့ ကုန်ပစ္စည်း၊ဝန်ဆောင်မှုများကို ရောင်းဝယ်၊ ဖောက်ကားတဲ့ Industry တစ်ခုလုံးကို ခြုံငုံ အဓိပ္ပါယ်သက်ရောက် စေပါတယ်။ E-Commerce ကျတော့ Governmental regulation တွေပါလာပြီ။ Online Shopping လုပ်သလောက် မလွယ်တော့ဘူး။ သူက နိုင်ငံနဲ့ ချီ၊ ကမ္ဘာနဲ့လည်းချီနိုင် လို့ ဖြစ်ပါတယ်။ တိုင်းပြည့်ရဲ့  Image တစ်ခုတောင် ဖြစ်လာမယ့် Industry တစ်ခုမို့ပါ။ 

E-procurement

အလွယ်ဆုံး ဥပမာ ပေးရရင် အွန်လိုင်း ဈေးအပြိုင်ခေါ်တဲ့ နေရာပေါ့။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အစိုးရက Sector တစ်ခု အနေနဲ့ထားတယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် သတင်းစာဖတ်လိုက်တဲ့အခါ ဘယ်ဝန်ကြီးဌာနက ဘယ်ပစ္စည်းကို ဘယ်လောက်အရေအတွက်နဲ့ လိုချင်ပါတယ်ဆိုပြီး တင်ဒါခေါ်တယ်လေ။ တင်ဒါ (Tender) ဆိုတာ ဈေးအပြိုင်ခေါ်တာကို ပြောတာပါ။ ဒီထက်လည်း ပိုပါသေးတယ်။ Supplies၊ ဝန်ဆောင်မှု၊ ထုတ်ကုန် များကို ရောင်းဝယ်၊ဖလှယ်စရာ နေရာ တစ်ခု ဖြစ်လာပြီး သူက အွန်လိုင်း ရှော့ပင်တို့လို ပေါ့သေးသေး မဟုတ်တော့ပါဘူး။ အချိန်ကုန်သက်သာမယ်။ ကမ္ဘာနဲ့ယှဉ်ပြီး ဈေး လအပြိုင်တောင်းဆို မှုတွေဖြစ်လာစေပြီး ဈေးအသက် သာဆုံး Product နဲ့ ဝန်ဆောင်မှုကို ရရှိစေပါတယ်။ Government to Business ရောင်းဝယ် ဖောက်ကား မှု ဖြစ်ပြီး အားသာချက်များစွာ ရှိပါတယ်။

E-mall

အွန်လိုင်းဈေးဆိုင်တန်းပေါ့။ အပြင်မှာ ရှိနေတဲ့ ဈေးဆိုင်တန်း ကိုပဲ မြင်ကြည့်နိုင်ပါတယ်။ ယင်းဈေးဆိုင်တန်းတွေကို အင်တာနက်ပေါ်မှာ Virtually ဈေးဆိုင်ဖွင့်စေပြီး တစ်နေရာတည်းမှာ စုစုစည်းစည်း ရှိနေစေတဲ့ နေရာ ဖြစ်ပါတယ်။ 

E-auctions

အွန်လိုင်းလေလံဈေးကွက်လို့ အကြမ်းဖျင်းမြင်နိုင်ပါတယ်။ တကယ့်အပြင်က လေလံဈေးကွက်ကို အွန်လိုင်းပေါ် တင်လိုက်တဲ့ သဘောမျိုးပါ။ ဒီမှာ Local နဲ့ Global ထပ်ခွဲပြီး Business to Business လား၊ Consumer to Consumer လား၊ Business to Consumer လား ဆိုပြီး ထပ်ကွဲပါသေးတယ်။ 


Virtual Communities 

ဒါကတော့ ရှင်းပါတယ်။ အနီးစပ်ဆုံး ဥပမာကတော့ Facebook ပေါ့။ အင်တာနက်အသုံးပြုသူ အားလုံးကို တစ်နေရာတည်းမှာ စုစည်း သွားအောင် နေရာတစ်ခု ဖန်တီးပြီး ယင်းနေရာမှာ စီးပွားရေး လုပ်ငန်း ရှင်တွေ ကုန်ပစ္စည်း ကြော်ငြာလို့ရအောင် ဖန်တီးပေးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ 


အထက်ပါ ရှင်းလင်းချက်များက တကယ် အပေါ်ယံလေးပဲ ရှိပါသေးတယ်။ တကယ်နက်နက်နဲနဲ လေ့လာမယ်ဆိုရင် ခေါင်းစဉ်တစ်ခုနဲ့တင် စာအုပ်ပေါင်းများစွာ ထုတ်လို့ ရပါတယ်။ ခု တော်တော်များများ အွန်လိုင်းစီးပွားရေး လုပ်ချင်တယ်ပြောကြတယ်။ သို့ပေမယ့် ဘယ်လို Model ရှိတယ်ဆိုတာ မသိဘူး။ ပြီးတော့ လုပ်မယ်ဆိုရင် အပေါ်က အချက်လေးတွေသိရုံနဲ့လည်း မရသေးပြန်ပါဘူး။ 

Security , Privacy and confidentiality,Authenticity, Data integrity, Availability, Common security measures, Physical security,Data storage, Data transmission and application development, Security solutions, Encryption,Digital certificates,Digital signatures အစရှိတဲ့ ခေါင်းစဉ်တွေကိုလည်း တစ်ခုချင်းစီ လေ့လာရအုံးမယ်။ 

ကျနော်တို့ဆိုရင် ဒါ မီဒီယာဝဘ်ဆိုဒ်ပေါ့။ သတင်းအချက်လက် (Information and Technology) ဝန်ဆာင်မှုများ အခမဲ့ပေးနေ တဲ့ နေရာ ဖြစ်ပြီး အချို့ ဆိုရင် မန်ဘာဝင်မှ ဖတ်ရမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ရောင်း ပါတယ်။ ဒါဆိုရင် Consumer ကိုတိုက်ရိုက်ရောင်းချတဲ့ E-Commerce သဘော သက်ရောက်ပြီး တစ်စုတစ်လည်း လူများလာတဲ့ သတင်း ဝဘ်ဆိုဒ်မှာ ကြော်ငြာ၊ banner ထည့်ခြင်းက virtual community ကပုံစံမျိုး ဖြစ်ပါတယ်။ ဒီတော့ E-Media Business ဆိုပြီး ခေါင်းစဉ် တစ်ခုတောင် ထပ်ခွဲနိုင်ပါသေးတယ်။ 

အနှစ်ချုပ်

ဒီလောက်ဆိုရင် အွန်လိုင်းစီးပွားရေးဆိုတာ ဘာကိုခေါ်ကြောင်း အကြမ်းဖျဉ်းသိပြီလို့ ယူဆပါတယ်။ နောက်မှ အွန်လိုင်းစီးပွားရေး လုပ်ရန် နည်းလမ်းများ၊ အကြံဥာဏ်နဲ့ ဆောင်းပါးများကို ဆက်လက်ရေးသား ဖော်ပြ ပါ့မယ်။ 

-
အောင်ခမ်း (TSJ team)
.


ကိုလတ်(ကျွဲဆင်း)

No comments:

Post a Comment