ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Saturday, June 15, 2013

Computer( Window)ပေါ်တွင်အသုံးပြုသည့်Bluestacks မှာ root ဖောက်ပြီး မြန်မာစာသွင်းနည်း

Root Bluestacks 0.7.10.869

အရင်ဆုံးလိုအပ်တဲ့ Bluestack .exe for computerကိုဒေါင်းပြီး မိမိရဲ့ကွန်ပျုတာတွင် install လုပ်ပေးပါ။
Bluestacks root-4
Installed လုပ်ပြီးသော်အခါ Bluestack ရဲ့ Setting ကိုနှိပ်ပြီး Manage Accountsမှာမိမိရဲ့ Google account ကိုဖြည့်စွက်ပေးလိုက်ပြီး Set up လုပ်ပေးလိုက်ပါ။ အောက်ကပုံကိုကြည့်လိုက်ပါ။
Bluestacks root-5
Bluestacks root-6
မိမိရဲ့Google Account ကိုထဲ့ပြီးပြီဆိုလျှင် နောက်တဆင့်မှာတော့ မိမိကွန်ပျုတာရဲ့ညာဘက်အောက်နားမှာရှိတဲ့Bluestack Icon လေးပေါ်မှာ Right click ထောက်ပြီးလျှင် Exit လုပ်ပေးထားလိုက်ပါ။အောက်ကပုံကိုကြည့်လိုက်ပါ။
Bluestacks root-7
ပြီးလျှင်နောက်တဆင့် ထက်သွားပါမယ်။မိမိကွန်ပျုတာရဲ့Buttom Task Bar ပေါ်ကို Right click ထောက်ပြီးလျှင် Start Task Manager ကိုရွေးပြီးဝင်လိုက်ပါ။ ပြီးလျှင်Task Manager မှာ Bluestack နဲ့ပတ်သတ်တဲ့Run နေတဲ့ Processes ၂ခုကို End processes လုပ်ပေးလိုက်ပါ။အောက်ကပုံထဲကအတိုင်းပါ။
Bluestacks root-8
ပြီးလျှင်နောက်တဆင့်တက်ပါမယ်။ မိမိကွန်ပျုတာရဲ့ Desktop ပေါ်မှ My computer (or)  WIN+E ကီးကိုဖြစ်ဖြစ်နှိပ်ပြီးဖွင့်လိုက်ပါ။ Organize ကိုတွေ့ပါလိမ့်မယ်။ တွေ့လျှင်သူ့ရဲ့ဘေးက down arrow လေးကိုနှိပ်ပြီး– organize > folder and search options > view tab, select show hidden files, folders and drivers and, uncheck hide protected operating system files.
အောက်ကပုံကိုကြည့်လိုက်ပါ။
Capture
Bluestacks root-9
ကဲအပေါ်ကအဆင့်တွေအားလုံးပြီးသွားပြီဆိုလျှင်တော့ Bluestack ကို Root လုပ်ဖို့အတွက် Root zip ကိုဒေါင်းရပါမယ်။ ဒေါင်းပြီးလျှင် Rar (or) Zip ကို Extract လုပ်ပေးလိုက်ရင် အထဲမှာ Root.fs and initrd.img ဆိုပြီးဖိုင်၂ခုတွေ့ရပါမည်။အဲ့ဒီဖိုင်၂ခုကို -copy ကူးပြီးမိမိကွန်ပျုတာရဲ့-C:/ ProgramData / BlueStacks /Android ထဲကို paste-(Replace)- ကူးပြီးထဲ့ပေးလိုက်ပါ။
အောက်ကပုံအတိုင်းပါ။
Bluestacks root-10
  ပြီးရင်မိမိကွန်ပျုတာရှိ bluestacks ကိုဖွင့် ပြီး playstore>> My Apps မှာကြည့်လိုက်ပါ supersu installed ဖြစ်နေပါမယ်
open လိုက်ပြီး supersu မှာ setting ထဲဝင်ပြီး Automatic response ထဲဝင်ပြီး Prompt ထားပေးလိုက်ပါ။ Notice box မေးလာခဲ့ရင် Apps option ကိုရွေးပေးလိုက်ပါ။  Bluestack အား Root လုပ်ခြင်းဒီတင်ပြီးဆုံးပါပြီခင်ဗျား။မိမိရဲ့ကွန်ပျုတာရှိBluestack လေး တကယ် Root ဖြစ်မဖြစ်စစ်ခြင်သေးတယ်ဆိုရင်တော့ Bluestack ကနေပဲဖြစ်ဖြစ် အောက်ကပေးထားတဲ့လင့်ခ်ကနေပဲဖြစ်ဖြစ် ဒေါင်းပြီးစစ်နိုင်ပါသည်။
Bluestacks root-12
ကဲRoot Access လေးတကယ်ရသွားပါပြီဗျာ။Root Access ရသွားပြီဆိုရင်တော့ လိုအပ်တဲ့မြန်မာ  Zawgyi Font Changer ကို Install လုပ်ပေးလိုက်ယုံပါပဲ။
Bluestacks root-13
အားလုံးအဆင်ပြေကြပါစေဗျာ။ ကို Min Zin Naung Jj ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျား။

1 comment:

  1. မြန်မာဖောင့်တော့ တင်လိုက်ပါတယ်... လေးထောင့်တုံးလေးတွေပေါ်နေလို့ ကူညီပါဦးဗျာ....

    ReplyDelete