ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Monday, December 17, 2018

Windows 7 မှာ Recovery Partition ဖန်တီးပြီး Windows ခွေမလိုပဲ Recovery or Windows Install လုပ်နိုင်အောင်ပြုလုပ်ခြင်း


ဒီနည်းလေးက ကျွန်တော် လက်ရှိ သုံးနေတဲ့ နည်းလမ်းလေးလဲ ဖြစ်ပါတယ်။ ပြုလုပ်ရတာလဲ လွယ်ကူပါတယ်။ Windows 7 မှာ Recovery Partition ကို ဖန်တီး တာဟာ ဘာတွေ ကောင်းသလဲဆိုတော့
၁. Error တစ်ခုခု ဖြစ်လို့ Windows မတက်နိုင်တော့တဲအခါမှာ Windows ခွေမလိုပဲ ပြန်လည် Recovery ပြုလုပ်နိုင်ခြင်း
၂. Windows အသစ်တင်ချင်ပေမယ့် Windows ခွေရှာမတွေ့လို့ မတင်ရတဲ့ ပြသနာ မှ ကင်းခြင်း
၃.Windows တင်ဖို့ရန် CD or DVD Drive Lens  ကောင်းမကောင်း ပူစရာမလိုခြင်း
၎.Windows ခွေ ထစ်နေလို့ Windows တင်မရတဲ့ ပြသနာ မှ ကင်းရှင်းခြင်း
၅.Windows ခွေ အလွယ်တကူ ၀ယ်လို့မရသော်လဲ စိတ်ပူစရာမလိုခြင်း
စသဖြင့် သူ့ရဲ့ ကောင်းကြိုးတွေရှိပါတယ်။ ကဲလက်တွေ့စလိုက်ကြရအောင်ပါ။
ကျွန်တော်ကတော့ Windows 7 Ultimate 32 bit  ကို Recovery Partition ပြုလုပ်တဲ့နည်းကို ပြသွားမှာဖြစ်ပါတယ်။
၁.Hard Disk မှာ Recovery အတွက် Partition တစ်ခု ပြုလုပ်ခြင်း။
ပထမဆုံး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ Diskmgmt.msc လို့ရိုက်ပြီး Disk Manager  ကိုခေါ်လိုက်ပါ။
Disk Manager မှာ  Shirk Volume ပြုလုပ်လိုက်ပါ။ပြုလုပ်ထားတဲ့ Partition ကို NTFS နဲ့Format လုပ်ပြီး Drive Latter ကို X လိုပြောင်းထားပါ။(ကျွန်တော်ကတော့ C: ကို  Shirk Volume ပြုလုပ်တဲ့ ပုံလေးနဲ့ပြထားပါတယ်။)
Pattition တစ်ခုကို အဆင်ပြေစွာ ပြုလုပ်ပြီးပြီလို့ သတ်မှတ်လိုက်ပါမယ်။(မလုပ်တတ်ဘူးဆိုရင်လဲ ပုံတဲ့ ကအတိုင်း လုပ်သွားပါ။ တဆင့်ခြင်းစီ ပြထားပါတယ်။)
၂. လိုအပ်တဲ့ Data များကိုကူးယူ ခြင်းပြုလုပ်ရပါမယ်။CD Drive ထဲကို Windows ခွေထည့်ပြီး ခွေထဲရှိ အရာများ အားလုံးကို စောစော က ပြုလုပ်ခဲ့ တဲ့ Partition အသစ်အောက်ကို ကူးလိုက်ပါ။ အကယ်လို့ ခွေမရှိဘူး ISO ဖိုင်ပဲရှိတယ်ဆိုရင် WinRAR, 7Zip တို့လို Archiver တစ်ခုခု ကိုသုံးပြီးတော့  Recovery ပြုလုပ်ဖို့ထားတဲ့ Partition ထဲကိုကို Extract လုပ်လိုက်ပါ။(Folder အသစ်မဆောက်ပဲ Root အောက်မှာပဲ ကူးဖို့လိုပါမယ်။)
၃. ပြီးရင်တော့ Boot Manager  ကို Edit ပြုလုပ်ကြရတော့မှာဖြစ်ပါတယ်။ CMD ကိုသုံးပြီး ပြုလုပ်တဲ့ နည်း နှင့် Utility ကိုသုံးပြီး ပြုလုပ်တဲ့နည်း နှစ်မျိုးရှိပါတယ်။ CMD ကိုသုံးပြီးပြုလုပ်တဲ့ နည်းက သာမာန် အသုံးပြုသူတွေအတွက် မျက်စိလည်သွားမှာစိုးလို့ Utility ကိုသုံးပြီး ပြုလုပ်တဲ့ နည်းကိုပဲ ပြောပြသွားပါမယ်။ Desktop ပေါ်မှာရှိတဲ့ Easy BCD 2.2 ကို နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ(Easy BCD 2.2 ကို အောက်မှာ ဒေါင်းနိုင်ရန် link ပေးထားပါတယ်။) Easy BCD 2.2 ပေါ်လာရင်တော့ Add New Entry Button ကို နှိပ်လိုက်ပါ။ပြီးရင်တော့ WinPE ဆိုတဲ့ Tab ကိုရောက်အောင်သွားပါ။ အဲဒီ အောက်က Name ဆိုတဲ့ အကွက်မှာ Recovery လို့ရိုက်ပါ(မိမိကြိုက်တဲ့နံမည်နဲ့ရိုက်နိုင်ပါတယ်။ Boot Menu မှာ တော့ ပေးထားတဲ့ နံမည်နဲ့ ပေါ်လာမှာပါ။) ပြီးတော့ အောက်က Path: မှာလဲ X:\sources\boot.wim ကိုရွေးပေးထားပါတယ်။(ပြုလုပ်ခဲ့တဲ့ Partition Drive Latter က X: မဟုတ်ပဲ G: ဆိုရင် G:\sources\boot.wim ပေါ့ဗျာ။) ရွေးပြီးသွားရင်တော့ အောက်နားက Add Entry ကိုနှိပ်လိုက်ပါ။ အောက်ခြေနားမှာ “Recovery added to the boot menu successfully!”  လို့ပ်ါလာရင်တော့ လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။ စက်ကို Restart ချလိုက်တာနဲ့ Windows Boot Manager Option မှာ Windows 7 [EMS Enable] နဲ့  Recovery(ကျွန်တော်ပေးထားတဲ့ နံမည်) ဆိုပြီး နှစ်ခု တက်နေမှာပါ Recovery  သို့ Windows Install ပြုလုပ်ချင်တယ် ဆိုရင်တော့ Recovery ကို Select လုပ်ပြီးတော့ Enter နှိပ်လိုက်တာနဲ့ Recovery or Windows Install ကို စိတ်ကြိုက်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဘယ် key ကိုမှ မနှိပ်ပဲထားလိုက်ရင်တော့ စက္ကန့် 30 ကျော်သွားတာနဲ့ပုံမှန် အတိုင်း Windows တက်ပေးသွားမှာပါ။ ဒါကိုလဲ Easy BCD 2.2 ရဲ့ Edit Boot Menu  မှာ ကြာချိန်တို့ကို ပြုပြင်နိုင်ပါတယ်။ My Computer မှာ Recovery ဆိုတဲ့ Partition ကြီးက မျက်စိရှုပ်တယ်ဆိုရင်လဲ Registry မှာ ဖျောက်ထားနိုင်ပါတယ်။
Easy BCD 2.2 Download (1.5 MB)






 ရှိပြီးသား Partition ကနေ Shrink လုပ်ဖို့အတွက် Disk Management ကို Run ကနေခေါ်လိုက်ပါတယ် ပြီးရင်တော့ အောက်က ပုံအတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။








Disk Management တက်လာတဲ့ အခါမှာ မိမိ Shrink ပြုလုပ်လိုတဲ့ Partition ကိုရွေးလိုက်ပါ။ ပုံထဲမှာတော့ ကျွန်တော်က Partition D: ကို ရွေးထားလို့ Partition  C: ကို Click လုပ်လိုက်ပါတယ်။







Partition C: ကို ရွေးပြီးသွားရင် တော့ အပေါ်က ပုံထဲကအတိုင်း Right Click နှိပ်ပြီး Shrink Volume... ကိုနှိပ်လိုက်ပါတယ်။









ဒါဆိုရင်တော့ အပေါ်ကပုံ အတိုင်း Shrink Space ကိုပြု လုပ်သွားမှာဖြစ်ပါတယ်။






 ဒီပုံကတော့ မိမိပြု လုပ်လိုတဲ့ Shrink Volume (Recovery Partition) ကို ပမာဏ ဘယ်လောက်ထားမလဲဆိုတာကို ထည့်ပေးရမှာဖြစ်ပါတယ်။ Windows  
ခွေတွေက 4GB ခန့်ရှိတာကြောင့် အနည်းဆုံး 4GB ကိုတော့ ပိုင်းသင့်ပါတယ်။


 

 ဒီပုံမှာတော့ ကျွန်တော်က 4GB  ပမာဏ ဖြစ်တဲ့ 4096 ကို Enter the amount of space to shrink in MB: ဆိုတဲ့အကွက်မှာ ရိုက်ထည့်ပေးလိုက် ပါတယ်။  ပမာဏကို အရမ်းကြီး တိကျ စရာမလိုပါဘူး။ ထည့်ပြီးသွားရင်တော့ Shrink ဆိုတဲ့ Button  ကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်။






ဒါဆိုရင်တော့ ပုံထဲကအတိုင်း အနက်ရောင်နှင့် 4GB ပမာဏ ရှိတဲ့ unallocated Space တစ်ခုကို ရရှိမှာဖြစ်ပါတယ်။





အဲဒီ Unallocated ကိုပဲ Right Click နှိပ်ပြီး New Simple Volume ကိုထပ်နှိပ်လိုက်ပါ။





 ဒါဆိုရင်တော့ New Volume တစ်ခုပြု လုပ်ဖို့ မေးလာပါလိမ့်မယ်။ Nest Button ကို ထပ်နှိပ်ပေးလိုက်ပါ။






 ဒီ အဆင့် မှာလဲ Size ကိုမေးနေတာဖြစ်ပါတယ်။ 4 GB တစ်ခုလုံးကိုသုံးမှာဖြစ်တဲ့ အတွက် Next ကိုပဲ ထပ် နှိပ်ပေးလိုက်ပါ။






ဒီအဆင့်မှာတော့ Partition ရဲ့ Drive Latter ကိုရွေးခိုင်တာဖြစ်ပါတယ်။ ကျွန်တော်ကတော့ X လို့ပဲရွေးလိုက်ပါတယ်။ ဘ်ာကိုပဲ ရွေးရွေး ရပါတယ်။ ပြီးသွားရင်တော့ Next Button ကိုနှိပ်လိုက်ပါ။ နော်ကမေးလာရင်လဲ Next ကိုပဲ နှိပ်ပြီး Finish အထိရောက်အောင်သွားလိုက်ပါ။ အသစ်လုပ်ထားတဲ့ Partition ကို Format ချခိုင်ပါလိမ့်မယ်။ Recovery Partition ကို  Format ချပြီးသွားရင်တော့ အောက်က ပုံအတိုင်း အစိမ်းရောင်အဖြစ်ပြောင်းသွားပါ လိမ့်မယ်။





ရလာတဲ့ Partition ကို Right Click ခေါက် Properties ကိုရွေးပြီး နှိပ်လိုက်ပါ။ပြီးရင်တော့ Volume Name ကို Recovery လိုပြောင်းလိုက်ပါ။




 Computer ထဲမှာ ဒီလို Recovery ဆိုပြီး Partition တစ်ခု ထပ်တက်လာပါလိမ့်မယ်။




 အဲဒီ Partition ထဲကိုပဲ CD Drive ထဲရှိ Windows  Files တွေကို Copy ကူးလိုက်ပါ။ Partition အောက်ကိုပဲ တိုက်ရိုက် ကူးလိုက်ပါ ။ Folder အောက်ကို မကူးမိပါစေနဲ့။ ပုံထဲမှာတော့ ကျွန်တော်က Drive မကောင်းလို့ ISO ရိုက်ထားတဲ့ ဖိုင်ကို Recovery Partition ထဲကို 7 zip ကိုသုံးပြီး ပြန် လည် Extract လုပ်နေတာဖြစ်ပါတယ်။






ဒီပုံကတော့ ကူးပြီးသွားတဲ့ ပုံပါ။







ပြီးရင်တော့ ကျွန်တော် ပေးထားတဲ့ Easy BCD Softare ကို ဒေါင်းလိုက်ပြီး Install လုပ်လိုက်ပါ။ ပြီးရင်တော့  Desktop ပေါ်မှာ ပေါ်လာတဲ့ Easy BCD Shortcut ကို နှိပ်ပြီး ဖွင့်လိုက်ပါ။





 Easy BCD Software ပေါ်လာတဲ့ အခါမှာ အပေါ်ကပုံမှာပြထားတဲ့အတိုင်း Add New Entry ကိုနှိပ်လိုက်ပါ။

ပြီးရင်တော့ Portable/External Media ဆိုတဲ့ Group က WinPE ဆိုတဲ့ Tab ကို ထပ်နှိပ်လိုက်ပါ။






အပေါ်က ပုံအတိုင်း Name: အကွက်မှာ Recovery လိုရိုက်ပေးလိုက်ပါ (မိမိ စိတ်ကြိုက်နံမည် ရိုက်ပေးလို့လဲရပါတယ် ဒါပေမယ့် Boot Manager မှာတော့ ပေးထားတဲ့ နာမည်အတိုင်းတက်လာမှာဖြစ်ပါတယ်။)






နောက်ထပ် Path: ဆိုတဲ့အတွက်မှာ ကျွန်တော် မြှားပြထားတဲ့ Button လေးကိုနှိပ်လိုက်ပါ။





ဒါဆိုရင်တော့ Source ဖိုင်ကို ရွေးခိုင်းပါလိမ့်မယ်။ စောစောက ကျွန်တော်တို့ ကူးထားတဲ့ Partition ထဲကိုသွားလိုက်ပါ။(ကျွန်တော်က X လိုပေးထားခဲ့ လို့ X:\Sources\boot.wim  ကိုရွေးလိုက်တာဖြစ်ပါတယ်။)




Boot.wim ကို ရွေးပြီးသွားရင်တော့ Add Entry ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။





အပေါ်ကပုံအတိုင်း Recovery added to the boot menu successfully! လို့ပြရင်တော့ Boot Entry ထည့်တာပြီးသွားပါပြီ။





ဒီ Edit Boot Entry မှာတော့ မိမိ ထည့်လိုက်တဲ့ Boot Entry  ကို အပေါ်မှာပေါ်စေချင်သလား၊ Default နေနဲ့ စပြီး Boot လုပ်စေချင်သလား။ Windows Boot Manager မှာ အချိန်ဘယ်လောက်ပဲပေါ်စေချင်တယ်ဆိုတာကို ပြု ပြင် တဲ့နေရာဖြစ်ပါတယ်။ (ပုံမှန်အနေနဲ့ ကတော့ မလိုအပ်ပါဘူး။ )








အပေါ်ကအဆင့်တွေ ပြီးသွားလို့ Compouter ကို Restart ချလိုက်တဲ့အခါမှာ ပုံထဲကအတိုင်း Windows Boot Manager မှာ Options နှစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အပေါ်က Windows 7 [EMS Enabled] ဆိုတာကတော့ ပုံမှန် တက်နေတဲ့ Windows ပါ။ အောက်က Recovery ဆိုတာကတော့ အပေါ်က ပုံမှန်တက်နေတဲ့ Windows တစ်စုံတစ်ရာဖြစ်လို့ မတက်နိုင်တော့တဲ့ အခါမှာ ပြန်လည် Recovery လုပ်ဖို့အတွက်ဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။


ယောစတား (ယောဟက္က)

Internet Download Manager_v7.2-Cracked by Yawhackka








RAR Password:YawStar
IDM_7.2 Download (4.1 MB) >>>>>
https://docs.google.com/file/d/0BzgCjjRj1N9TWU1EXzZnZ25xM3M/edit?usp=docslist_api

YawStar Apk Icon Viewer

                                                   Current Version : 1.8.0.26
==================================================================================

   မင်္ဂလာပါ။ YawStar APK Icon Viewer ဆိုတာကတော့ Windows Operating System  တွေမှာ Android Package (.apk), iOS App Package (.ipa), Windows Phone 8.1/10 App Package (.appx, .appxbundle) တို့ရဲ့ ပုံတွေကို Thumbnail အနေနဲ့ မြင်ရအောင် ပြုလုပ်ပေးတဲ့ Program ကလေးတစ်ခုဖြစ်ပါတယ်။ အရင်တုန်းကတော့ တရုတ်ဆော့ဖ်ဝဲ တစ်ခုဖြစ်တဲ့ Muzhiwan ဆိုတဲ့ Software ကို အသုံးပြုခဲ့ရပါတယ်။ အဲဒီမှာ Android Application တွေကို Install လုပ်ပေးဖို့ Default Software Suite ကို သူ့ရဲ့ Software ကိုပဲ သတ်မှတ်ထားမှသာ App တွေရဲ့ Icon Thumb တွေကို မြင်ရပါတယ်။ ဒါကြောင့်ပဲ ဒီ Program ကလေးကို ရေး ဖြစ်သွားတာဖြစ်ပါတယ်။ ဒီ YawStar APK Icon Viewer ကို ထည့်သွင်းချင်တယ်ဆိုရင်တော့ Computer မှာ Microsoft Dot Net Framework 4.0.30319 ကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။
ယခု Version 1.8.0.26 မှာတော့ မြန်မာစာ နဲ့ပြသ ပေးထားလို့ လူတိုင်းနီးပါး နားလည်နိုင်မှာ ဖြစ်သလို၊ Apk Icon တွေရဲ့ Thumb ပုံကိုလဲ ပိုမို ကောင်းမွန်အောင် ရေးသားထားပါတယ်။ ဒါအပြင် နောက်ထွက်မည့် Update Version တွေကိုလဲ Online ကနေ စစ်ပြီး Download ပေးနိုင်အောင်ပါ ရေးသားပေးထားပါတယ်။
   အသုံးပြုထားတဲ့ Programming Language ကတော့ C++ နဲ့ C# တို့ကိုသုံးထားပြီး ကျွန်တော်ကိုယ် တိုင် ရေးထားတဲ့ Program ကလေးမို့ မည်သည့် Virus, Malware, Spyware, Adware တွေတစ်ခုမှမပါဝင်ပါဘူး။ ပြီးတော့ ဒီ Program ကလေးက Free version မို့ မည်သူမဆို အခမဲ့ အသုံးပြုနိုင်သလို မိမိစိတ်ကြိုက် ပြန်လည်မျှဝေ အသုံးပြုလို့လဲ ရပါတယ်။ ဒီ Program ကလေးနဲ့ပါတ်သက်ပြီး လိုအပ်ချက်များ၊ ဝေဖန်အကြံပေးချက်များရှိရင် yawstar.2009@gmail.com ထံသို့ E-Mail ပို့နိုင်ပါတယ်။ အကယ်လို့ ဒီ Program ကလေးကို အသုံးပြုရတာ သင့်အတွက်အဆင်ပြေလို့ Program ရေးသားသူထံကို လှူတန်းငွေ ပို့လိုပါက 09-787564985 ထံသို့ WaveMoney မှတဆင့် ပို့ နိုင်ပါတယ်။
====================================================================
System Requirement For YawStar APK Icon Viewer
ကို မသုံးစွဲမီ သင့်ရဲ့ စက်မှာ အနည်းဆုံး ဒီ Specification ရှိရဲ့လား စစ်ဆေးပါ။
.Operating System : Windows XP/ Vista/ 7/ 8/ 8.1/ 10
. Font : Zawgyi-2008.ttf
.Dot Net Framework : Microsoft Dot Net Framework v4.0.30319
.Memory (RAM) : 256 MB of required.
.Hard Disk Space : 100 MB of free space required.
.Processor : Intel Pentium III or later.
====================================================================
INFORMATION
Latest version : 1.8.0.26 (Build 26)
Released Date : 21/February/2018
File Size : 1.53 MB
MD5 Checksum : 54EADC2C56B60F704BE9687D741BC7AE
Package Type : Zip
Stable : YES
အသုံးပြုလိုသူများ အောက်ပါ link မှာ ဒေါင်းယူနိုင်ပါတယ်။
====================================================================

        [Mediafire Link]
http://www.mediafire.com/file/z7as158txdxl6y4/YawStar_Apk_Icon_Viewer_v1.8.0.26.zip

YawStar U-Tube Downloader

Current Version : 1.5.1.14
===========================================================


ပုံမှန် Main GUI





Download လုပ်လိုတဲ့ Video ရဲ့ Context Menu





Download လုပ်လိုတဲ့ Video Format နဲ့ Quality ရွေးချယ်ပုံ

 ========================================================
 မင်္ဂလာပါ။ YawStar U-Tube Downloader ရဲ့ နောက်ထပ် Version အသစ်ဖြစ်တဲ့ Version 1.5.1.12 ပါ။ ယခင် Version 1.5.0.22 မှာမပါဝင်တဲ့ Feature တွေကို ထပ်ထည့်ပေးထားပါတယ်။ Download ပြုလုပ်ဖို့ Video ရဲ့ URL ကို Copy ကူးလိုက်တာနဲ့ Toast Notification ကလေးတစ်ခု Notification Area အပေါ်နားမှာ ပြသပေးပါလိမ့်မယ် အဲဒီ Toast Notification ကလေးကို နှိပ်လိုက်တာနဲ့ Video ရဲ့ Information တွေကို ယူပြီး Download List မှာ ထည့်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ URL ကို Copy ကူးထားပြီး Add URL ကို နှိပ်လိုက်ရင်လဲ ရပါတယ်။ ဒါ့အပြင် ဒေါင်းယူနိုင်တဲ့ Format နဲ့ Size တွေကိုလဲ List မှ Video ရဲ့ Context Menu မှာ အလွယ်တကူ ရွေးချယ်နိုင် တဲ့ Feature ကို လဲ ထပ်ထည့်ပေးထားပါတယ်။ 4K Video ဆိုရင်လဲ 4K Video အထိ Download ပြုလုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် Mp3 ပြောင်းပေးတာ၊ Color Album Photo ကို Tag လုပ်ပေးတာတွေကအစ ထည့် သွင်းပေးထားပါတယ်။ ဒီအပြင် Download ပြုလုပ်ပြီးတာနဲ့ Computer ကို Shutdown လုပ်တာ၊ Restart လုပ်တာ၊ Download လုပ်ထားတဲ့ Video ကို Auto Play ပေးတာ စတဲ့ Feature တွေပါ ထည့်ပေးထားပါတယ်။ယခင် Verion မှာ မပါတဲ့ Download လုပ်ပြီးတာနဲ့ Download မလုပ်ရသေးတာ တွေကို Group ခွဲပေးထားတဲ့ Feature တွေပါဝင်ပါတယ်။ အကယ်လို့ Youtube ကနေ Download ပြုလုပ်တယ်ဆိုရင် Subtitle File, Description File စတာတို့ကိုပါ Download လုပ်ပေးနိုင်ပါတယ်။ Youtube က Tutorial တွေကို Download လုပ်နေတဲ့သူတွေဆိုရင်တော့ Video ရဲ့ Description က ဘယ်လောက် အရေးပါတယ်ဆိုတာကို သိကြမှာပါ။ အဲဒီအတွက် Description File ကိုပါ Download လုပ်ပေးတဲ့ Feature ထည့်ပေးထားတာပါ။ နောက် Version တွေမှာတော့ Youtube Video ရဲ့ ရှေ့က ကြော်ငြာ Video ကိုပါ Download ပြုလုပ်ပေးနိုင်တဲ့ Feature တွေ၊ Youtube Playlist တွေကို ပါ Download ပြုလုပ်နိုင်အောင် လုပ်နေပါတယ်။
ဒီ Program ကလေးက Python, C, C++ တို့နဲ့ ရေးသားထားတာမို့ စက်မှာ Microsoft Visual C++ Redistributable 2010 ကို တင်ထားဖို့ တော့လိုပါမယ်။ အကယ်လို့ တင်မထားဘူးဆိုရင်လဲ Program မှ လိုအပ်တဲ့ Library  တွေကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ Microsoft Visual C++ Redistributable 2010 ကို ထည့်ထားတော့ Library ပိုအဆင်ပြေပြေ Run နိုင်ပါလိမ့်မယ်။
Download ယူရာမှာ အသုံးပြုတဲ့ Method ကတော့ Metadata နည်းနဲ့ Jason နည်းကို အသုံးပြုထားလို့ နောက်ထပ် ပြန်လည် Download ပြုလုပ်ရာမှာ Resume အနေနဲ့ Download ပြုလုပ်ပေးနိုင်ပါတယ်။ အသုံးပြုထားတဲ့ Programming Language ကတော့ Python နဲ့ C++ တို့ကိုသုံးထားပြီး ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ Program ကလေးဖြစ်ပါတယ်။ မည်သည့် Virus, Malware, Spyware, Adware တွေတစ်ခုမှမပါဝင်ပါဘူး။ Free version မို့ မည်သူမဆို အခမဲ့ အသုံးပြုနိုင်သလို မိမိစိတ်ကြိုက် ပြန်လည်မျှဝေ အသုံးပြုလို့လဲ ရပါတယ်။ ဒီ Program ကလေးနဲ့ပါတ်သက်ပြီး လိုအပ်ချက်များ၊ ဝေဖန်အကြံပေးချက်များရှိရင် yawstar.2009@gmail.com ထံသို့ E-Mail ပို့နိုင်ပါတယ်။ အကယ်လို့ ဒီ Program ကလေးကို အသုံးပြုရတာ သင့်အတွက်အဆင်ပြေလို့ Program ရေးသားသူထံကို လှူတန်းငွေ ပို့လိုပါက 09-787564985 ထံသို့ WaveMoney မှတဆင့် ပို့ နိုင်ပါတယ်။
====================================================================
System Requirement For YawStar U-Tube Downloader
YawStar WinTop ကို မသုံးစွဲမီ သင့်ရဲ့ စက်မှာ အနည်းဆုံး ဒီ Spacification ရှိရဲလား စစ်ဆေးပါ။
.Operating System : Windows XP/ Vista/ 7/ 8/ 8.1/ 10
.Memory (RAM) : 512 MB of required.
.Hard Disk Space : 100 MB of free space required.
.Processor : Intel Pentium III or later.
.Library : Microsoft Visual C++ Redistributable 2010 (x86)
====================================================================
INFORMATION
Latest version : 1.5.1.14
Rleased Date : 20/November/2018
File Size : 30.22 MB
MD5 Checksum : 6FEED3B6CF79054188BD2571AF9D04EE
Package Type : Zip
Stable : YES
အသုံးပြုလိုသူများ အောက်ပါ link မှာ ဒေါင်းယူနိုင်ပါတယ်။
Media Fire >>
http://www.mediafire.com/file/n0h8w5u8dw69n5u/YawStar+U-Tube+Downloader_v1.5.1.14.zip



အကယ်၍ သင့်ရဲ့ စက်မှာ  Microsoft Visual C++ Redistributable 2010 (x86) မရှိသေးဘူးဆိုရင် ဒီ link မှာ သွားရောက် ဒေါင်းယူပြီး Install နိုင်ပါတယ်။

Saturday, December 15, 2018

 YawStar USB WriteProtector_v1.0

Computer မှာ virus ၀င်၍ သော်လည်းကောင်း ကလိတာများသွားလို့သော်လည်းကောင်း USB Stick သို့မဟုတ် Memory Card တွေ Write Protect ဖြစ်သွားတတ်ပါတယ်။ USB Stick (သို့) Memory Card မှ ဓါတ်ပုံ၊ ဗွီဒီယို အစရှိတာတွေကို Computer ထဲကို Copy  ကူးလို့ရပေမယ့် Computer ထဲ က သီချင်း တွေ ဓါတ်ပုံတွေကို တော့ USB Stick ထဲကို Copy ကူးလို့မရတော့ ပဲ Write Protect လို့ပြနေပါလိမ့်မယ်။ USB Stick ကို  Format လုပ်လဲ အလားတူ Message ပဲ ပြပါလိမ့်မယ်။ ဒီလိုဖြစ်ရင် အချို့လူတွေက Stick  ကဖြစ်တာဆိုပြီး Stick ကိုပဲ ပြင်ကြတယ်။ ဟုတ်ပါတယ် WriteProtect က Memory Device ကဖြစ်တာလဲရှိပါတယ်။ နောက်ပြီး Registry မှာ WriteProtect Value ၀င်နေတာလဲရှိပါတယ်။ Memory Device မှာဖြစ်နေတာ ဆိုရင်တော့ BOOTICE, TestDisk တို့ကိုသုံးပြီးတော့ Partition တွေပြန်ပိုင်းပြီး ပြန်ပြင်ရပါတယ်။ Registry မှာဖြစ်နေတာဆိုရင်တော့ Value ကို 0 ပြောင်းလိုက်ရုံပါပဲ။ ဒါပေမယ့် ခက်တာက Registry Editor မှာက Ctrl+S ကိုနှိပ်ပြီး Save လုပ်စရာမလိုဘူးဗျ၊ ပြီးတော့ လုပ်ပြီးသွားပြီဆိုလဲ Ctrl+Z ဆိုပြီး Undo လဲလုပ်လို့မရဘူး။ အသုံးပြုတဲ့ User က System က သုံးတဲ့ Key တစ်ခုခုကိုများ မှားပြီး ဖျက်လိုက်ရင်တော့ Windows  ပါကျသွားနိုင်ပါ တယ်။ ကိုယ်တိုင် Windows တင်တတ်ရင်တော့ပြဿနာမရှိပေမယ့် သာမန် User အနေနဲ့ ဆိုရင်တော့ ငွေကုန်ပေါက်ပါပဲ။ အဲဒီလိုမဖြစ်ရအောင်လို့ ကျွန်တော် YawStar USB WriteProtector ဆိုတဲ့ Software လေးကို ရေးထားပါတယ်။  Status: မှာ USB write protection ON လို့ပြထားရင် Computer ထဲက ဖိုင်တွေကို Memory Devices ထဲကို ကူးလို့မရပါဘူး။ USB write protection OFF လို့ပြထားမှသာ ကူးယူလို့ရနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုလိုသများ အောက်မှာ ဒေါင်းနိုင်ပါတယ်။






RAR Password:YawStar
YawStar USB WriteProtector_v10 Download (1.1 MB) >>>>>>
https://drive.google.com/file/d/0BzgCjjRj1N9TSmpQQ0FZemhBOTg/edit?usp=docslist_api

Thursday, August 16, 2018

AJ Phone 2 Mobile Shop ဆိုင်မှလှိုက်လှဲစွာကြိုဆိုပါ၏။


 ဖုန်းအမျိုးမျိုးရောင်းဝယ်ရေး နှင့် ဖုန်းပြုပြင်ရေး ဆိုင် { တကူ }





➱ ၀ယ်ယူအားပေးသော အသိမိတ်ဆွေများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🔚








မြိတ်မြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို နေ့ ည မရွေး ဖမ်းဆီးအရေးယူတော့မည်

မြိတ်မြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို နေ့ ည မရွေး ဖမ်းဆီးအရေးယူတော့မည်
===============
မြိတ်မြို့၌ ယခု သြဂုတ်လအတွင်း မြို့ပေါ်တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသော စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းသူများကို အဖွဲ့ပေါင်းစုံဖြင့် ပူးပေါင်း၍ သြဂုတ်လ ၂၀ ရက်မှ စတင်ကာ တင်းတင်း ကြပ်ကြပ် ဖမ်းဆီးအရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အခု မော်တော်ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြမှုကော်မတီကို တိုင်းအစိုးရရဲ့ လမ်းညွန်မှုနဲ့ ဖွဲ့စည်းလိုက်ပါပြီ။ ဖမ်းဆီးရေး အပိုင်းကိုတော့ အခုလ ၂၀ ရက်နေ့ထဲမှာ စဖမ်း ပါမယ်၊ ဖမ်းတဲ့အခါမှာလည်း အဖွဲ့ပေါင်းစုံပါလို့ အရင်လို့ မဟုတ်တော့ပါဘူး၊ ထိထိရောက်ရောက်ကို ဖမ်းမှာ ဖြစ်သလို၊ နေ့ ည မရွေး ဖမ်းဖို့ ရှိသလို လူထုအသွင်လှုပ်ရှားမှု အစီအစဉ်ဖြင့် ဖမ်းဆီးသွားမှာပါ ဖြစ်တယ်" ဟု စည်းကမ်းမဲ့ မော်တော် ဆိုင်ကယ်များအား ဖမ်းဆီးရေး မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် ဦးမြတ်ကိုကိုက ပြောသည်။
ဖမ်းဆီးခြင်း အရေးယူခံရမည့် မော်တော်ဆိုင်ကယ်များနှင့် ယာဉ်ပိုင်ရှင်များကို တရားရုံးသို့ ချက်ချင်း ပို့ဆောင်ပြီး၊ ဥပဒေအရ ထိထိ မိမိ အရေးယူသွားမည်ဖြစ်သည့်အပြင် မော်တော်ဆိုင်ကယ်အား ၁၅ ရက်တိတိ ထိန်းသိမ်းသွားမည်ကို ဟု ယင်းကော်မတီထံမှ သိရသည်။
မြိတ်မြို့ခံတစ်ဦးဖြစ်သူ ကိုမင်းမင်းက”ဦးထုပ်မဆောင်း စည်းကမ်းမဲ့ မောင်းတာကို ဖမ်းသင့်ပါတယ်၊ ထိထိရောက်ရောက် စစ်ဆေးပြီး၊ အရေးယူဖို့တော့ လိုပါတယ်၊ ဘယ်မှာပဲ ဖြစ်ဖြစ် မြိတ်မှာ နေ့စဉ် နီးပါး ယာဉ်တိုက်မှုတွေ များနေလို့ အခုလိုမျိုး အရေးယူတာ လက်ခံသင့်ပါတယ်”ဟု ပြောသည်။
မြိတ်မြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀% နှုန်းမှာ ဦးထုပ် မဆောင်းခြင်း၊ မှန်ကိုင်း မပါခြင်း၊ နံပါတ်ပြားများ မတပ်ဆင်ခြင်း၊ ယာဉ်မောင်း လိုင်စင် မရှိခြင်း၊ ပရမ်းပတာ မောင်းနင်းခြင်း၊ မီးနီမီးဝါ ဖြတ်မောင်းခြင်း၊ မြွေလိမ် မြွေကောက် မောင်းခြင်း၊ မြို့တွင်း ကီလို မီတာ ၆၀ ထက် ကျော်လွန်၍ မောင်းနင်းခြင်း၊ မူးယစ်ဆေးဝါး သောက်စား၍ မောင်းနင်းခြင်း၊ လမ်းသွယ်များ၊ ညာကပ် ဘယ်ကပ်၊ ဖြူ/ နီ ရပ် နေရာ လမ်းကြောင်းများတွင် စည်းကမ်းမဲ့ မောင်းနှင်သူ များကြောင်း ယင်း ကော်မတီထံမှ သိရသည်။
“ပြီးခဲ့တဲ့ အပတ်က ဂေါက်ကွင်း မီးပွိုင်မှာ စည်းကမ်း ဖောက်ပြီး၊ မီးနီ ဖြတ်မောင်းလို့ ၂၄ နှစ် အရွယ် ဘွဲ့ရ အမျိုးသမီးငယ် တစ်ဦး အသက်ဆုံးရှုံး လိုက်ရပါတယ်၊ သေကံစေ့လို့ အချိန်ကျလို့ပဲ ဖြစ်ဖြစ် ဥပဒေမဲ့ လုပ်ရပ်ကြောင့် ပြစ်မဲ့ ပြည်သူ တစ်ဦး အသက်ဆုံးရှုံး လိုက်ရတာ နှမျှောစရာ ကောင်းပါတယ်၊ ဥပဒေအရ အကာအကွယ် မပေးနိုင်သူတွေရဲ့ အပြစ်ကြောင့် မိသားစုအတွက်သာမက တိုင်းပြည်အတွက် လုပ်အားတန်ဖိုးပါ ဆုံးရှုံးရတယ်၊ ဒီလို မီးနီ ဖြတ်မောင်းသူကတော့ အပြစ်ပေးခံရလား မရဘူးလား ဆိုတာ မသိရဘူး၊ ကရာနီလမ်းဆုံမှာလည်း ယာဉ်ထိမ်းရဲ ရှိလျှက်နဲ့ ယာဉ်ကို ဖြတ်မောင်း သွားလာနေကြတာ ဥပဒေက အရ အရေးယူဖို့ အများကြီး လိုအပ်နေပါသေးတယ်၊ ဒါကြောင့် တိကျစွာ အရေးပေးဖို့ လိုတယ်”လို့ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်နေ ဦးသန်းလှစိုးက ပြောသည်။
ထိုအပြင် မြိတ်တွင် မော်တော် ဆိုင်ကယ်ဖြင့် ရပ်ကွက်လိုက် Taxi (ကယ်ရီ) ပြေးဆွဲခြင်း၊ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေသူ များလည်း ရှိရာ အများစုက လက်ရှိမှာ အသင်းအဖွဲ့များ မရှိခြင်း၊ ဦးထုပ်များကို ၁ လုံး ထက် ပို၍ ဆောင်ထားခြင်း မရှိခြင်း၊ ယာဉ်မောင်း လိုင်စင် မရှိသည့် အပြင် မှန်ကိုင်းများကို လည်း တပ်ဆင်ထားမှု အားနည်းနေကြောင်း မြို့ခံများထံမှ သိရသည်။
မြိတ်ကုန်တိုက်တွင် ဆိုင်ကယ် Taxi (ကယ်ရီ) ပြေးဆွဲနေသူ ကိုစိုးရှိန်က”ယာဉ်တိုက်မှုတွေ များလာလို့ ပြည်သူတွေကို ကွယ်ကာတဲ့ ဥပဒေ အရ ဖမ်းဆီးတာ လက်ခံလို့ ရပေမယ့် ကျွန်တော်တို့ တစ်နေ့ လုပ်၊ တစ်နေ့စား လုပ်နေတဲ့ ဆိုင်ကယ်သမားတွေ အခက်အခဲ အချို့ ဖြစ်သွားနိုင်ပါတယ်၊ သက်ဆိုင်ရာ လူကြီးတွေက ဒီတစ်ခုတည်းကို အပြစ်ပုံချပြီး၊ ဖမ်းဆီးမဲ့အစား မြို့ပေါ်မှာ အခု ၂ လုံး ၃ လုံး ချဲဂဏန်း ရောင်းသူတွေ ဘောလုံးပွဲ ဒိုင်တွေနှင့် လောင်းကစား ဒိုင်တွေကိုလည်း ပေါ်ပေါ် ထင်ထင် ရောင်းနေတာကို မျက်ကွယ် ပြုထားသလို ဖြစ်နေလို့ ဒါကိုလည်း ဖမ်းဆီးစေချင်တယ်”ဟု ပြောသည်။
မြိတ်မြို့တွင် မကြာမှီ ရက်ပိုင်းအတွင်း မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် မောင်းနင်း သူများအား လူထု လှုပ်ရှားမှု အသွင်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ ၀င်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးများ၊ ဌာနဆိုင်ရာနှင့် ပြည်သူတို့ ပူးပေါင်း ပါဝင်သော အဖွဲ့ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ အချက်အခြာ ကျသည့် နေရာ (၂၀) တို့တွင် တစ်ပတ်လျှင် ၂ ကြိမ် ပိတ်ဆို့ ဆောင်ရွက်သွားမည် ဖြစ်ပြီး နေ့/ ည မရွေး စစ်ဆေး ဆောင်ရွက် သွားမည်ဟု မြိတ်ခရိုင် အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ကိုကိုထံမှ သိရသည်။
အထက်ပါ စည်းကမ်းမဲ့ မော်တော် ဆိုင်ကယ်များအား ဖမ်းဆီး အရေးယူ ဆောင်ရွက် နိုင်ရန်အတွက် မြိတ်မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ကြီးကြပ် ကွပ်ကဲရန် မြို့နယ် အုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်းပင်ကော်မတီ၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၊ မြို့နယ် လမ်းဦးစီးဌာနနှင့် မြို့နယ် တရားသူကြီး၊ ယာဉ်ထိန်းရပ်တပ်ဖွဲ့ စသည့် စုစုပေါင်း အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။
မြိတ်မြို့မှာ ၂၀၁၆ ခုနှစ်မှ စ၍ မြို့တွင်း ကွန်ဂရက် လမ်းများနှင့် AC နိုင်လွန် ကတ္တရာ လမ်းများ ကောင်းမွန်လာပြီး၊ လူငယ်များ မော်တော် ဆိုင်ကယ်အား စည်းကမ်းမဲ့ မောင်းနင်း လာသည်ကို ပိုများခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်မှာ မြိတ်ခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်မှ ယာဉ်တိုက်မှုကြောင့် ခရိုင်းအတွင်း အမှုပေါင်း ၂၀၅ မှု၊ ထိခိုက် ဒဏ်ရာရ အမျိုးသား/ အမျိုးသမီး စုစုပေါင်း ၃၄၃ ဦးနှင့် သေဆုံးသူ ၇၃ ဦး ရှိကြောင်း သိရကာ၊ ယခု ၂၀၁၈ ခုနှစ် ဇန်နာဝါရီလမှ သြဂုတ်လ ၁၀ ရက်နေ့ အထိ စာရင်း အရ ခရိုင်းအတွင်း အမှုပေါင်း ၁၁၃ မှု၊ ဒဏ်ရာရ အမျိုးသား/ အမျိုးသမီး စုစုပေါင်း ၂၂၃ ဦးနှင့် သေဆုံးသူ ၄၆ ဦး အထိ ရှိလာကြောင်း အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။
၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ တနင်္သာရီတိုင်းအတွင်း ခရိုင် ၃ ခုတွင် မော်တော် ဆိုင်ကယ်စီးနင်းသည့် အလေ့အထများ ရှိသည့် မြို့များ ဖြစ်၍ သယ်ယူပို့ဆောင်ရေးယာဉ်များ သုံးစွဲနိုင်မှု အရ လူဦးရေ ၆၀ % နှုန်းသည်၊ ဆိုင်ကယ်ကို အသုံးပြုနေသည်။
===========
Credit...
Mizzima - News in Burmese