ဒီတစ်ခါ တင်ပြပေးမယ့် ဆားကစ်လေးကတော့ ဆားကစ်ပါတ်လမ်း(၁) ကို
အနည်းငယ်ထပ်ပြီး ချဲ့ထားတဲ့ ပါတ်လမ်းတစ်ခုပါ။ ဆားကစ်ပါတ်လမ်း(၁) ကို
အောင်မြင်စွာ တည်ဆောက်ထားပြီးတယ်ဆိုရင် ဆားကစ်ပါတ်လမ်း(၂) ကိုလဲ
အလွယ်တစ်ကူပဲ တည်ဆောက်နိုင်မှာပါ။ မီးသီးလေး နှစ်လုံးထဲမို့ အားမရဘူးဆိုတဲ့
သူငယ်ချင်းများ အောက်ကပုံအတိုင်း မီးသီးများများလေးနဲ့
ဆက်လက်တည်ဆောက်ကြည့်ပါခင်ဗျာ..................................
အောင်မြင်စွာ တည်ဆောက်နိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ။
Showing posts with label ဆားကစ်ပါတ်လမ်း. Show all posts

Wednesday, December 4, 2013
ဆားကစ်ပါတ်လမ်း (၁)
အီလက်ထရောနစ် အခြေခံပစ္စည်းလေးတွေရဲ့ အကြောင်းရာလေးတွေကို
လေ့လာပြီးပြီဆိုရင် အဲဒီ ပစ္စည်းလေးတွေ စုပေါင်းပြီး
အလုပ်လုပ်တဲ့ဆားကစ်ပါတ်လမ်းလေးတွေကို ဆက်လက် လေ့လာကြည့်ကြရအောင်ဗျာ....
ပထမဆုံးအနေနဲ့ နီးစပ်ရာ အီလက်ထရောနစ်ပစ္စည်းဆိုင်တွေမှာ လွယ်ကူစွာ ၀ယ်လို့ရတဲ့ ပစ္စည်းလေးတွေနဲ့ပဲ တည်ဆောက်ထားတဲ့ မီးသီးလေး နှစ်လုံးကို မှိတ်တုတ်မှိတ်တုတ် လင်းစေတဲ့ ပါတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါမယ်ဗျာ။ တည်ဆောက်ရတာလဲ လွယ်ကူတဲ့အတွက် လက်တွေ့ လိုက်ပါတည်ဆောက်ကြည့်ပါ။ပျော်စရာ ကောင်းပါတယ်။
ပါဝင်တဲ့ ပစ္စည်းတွေက
ရီစစ္စတာ = 470 Ohm နှစ်လုံး ၊ 10 K နှစ်လုံး။
ကွန်ဒင်ဆာ = 100 uf နှစ်လုံး
ထရန်စစ္စတာ = BC 547 နှစ်လုံး (C 945 နှင့် လွယ်ကူစွာ ၀ယ်ယူအစားထိုးနိုင်ပါတယ်။)
LED မီးသီး အနီတစ်လုံး အစိမ်းတစ်လုံး
9V ဓါတ်ခဲ တစ်လုံးနှင့် ခလုတ်တစ်ခုတို့ ဖြစ်ပါတယ်။
(အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များတွင် မိမိတို့စိတ်ကြိုက်ပါတ်လမ်းများ စမ်းသပ်တည်ဆောက်နိုင်ရင် Universal Circuit ( မျိုးစုံသုံး ပါတ်လမ်း) ကဒ်ပြားအလွတ်ကို လွယ်ကူစွာ ၀ယ်ယူနိုင်ပါတယ်။)
အထက်ပါ ပစ္စည်းများကို ၀ယ်ယူပီး ပုံမှာ ဆက်သွယ်ထားတဲ့အတိုင်း Universal Circuit ပေါ်မှာ ဆက်သွယ် တည်ဆောက်ကြည့်ပါ။
တည်ဆောက်အောင်မြင်ပြီး ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ.............................................။

Subscribe to:
Posts (Atom)