ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label နည်းပညာပိုင်းဆိုင်ရာ. Show all posts
Showing posts with label နည်းပညာပိုင်းဆိုင်ရာ. Show all posts

Tuesday, November 29, 2016

အိုင်တီလေ့လာနေသူတိုင်း သိထားသင့်သောအရာများ

အိုင်တီလေ့လာနေသူတိုင်း သိထားသင့်သောအရာများ
""""""""""""""""""""""""""""""""""""""""""""""""""""""""
၁။ GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။
၂။ CDMA ဆိုတာကတော့ Code Divison Multiple Access ဖြစ်ပါတယ်။
၃။ MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။
၎။ MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။
၅။ PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။
၆။ CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။
၇။ DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။
၈။ HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။
၉။ WML ဆိုတာကတော့ Wireless Markup Language ပဲ ဖြစ်ပါတယ်။
၁၀။ TCS ဆိုတာကတော့ Tata Consultancy Services ပဲ ဖြစ်ပါတယ်။
၁၁။ IP ဆိုတာကတော့ Internet Protocol ပဲ ဖြစ်ပါတယ်။
၁၂။ ISP ဆိုတာကတော့ Internet Service Provider ဖြစ်ပါတယ်။
၁၃။ TCP ဆိုတာကတော့ Transmission Control Protocol ဖြစ်ပါတယ်။
၁၄။ UPS ဆိုတာကတော့ Uninterruptible Power Supply ဖြစ်ပါတယ်။
၁၅။ WLAN ဆိုတာကတော့ Wireless Local Area Network ဖြစ်ပါတယ်။
၁၆။ HP ဆိုတာကတော့ Hewlett Packard ပဲ ဖြစ်ပါတယ်။
၁၇။ WAP ဆိုတာကတော့ Wireless Application Protocol ဖြစ်ပါတယ်။
၁၈။ VHF ဆိုတာကတော့ Very High Frequency ပဲ ဖြစ်ပါတယ်။
၁၉။ HSDPA ဆိုတာကတော့ High Speed Downlink Packet Access ဖြစ်ပါတယ်။
၂၀။ IBM ဆိုတာကတော့ International Business Machines ဖြစ်ပါတယ်။
၂၁။ APPLE ဆိုတာကတော့ Asian Passenger Payload Experiment ဖြစ်ပါတယ်။
၂၂။ SONY ဆိုတာကတော့ Sound Of New York ဖြစ်ပါတယ်။
၂၃။ DELL ဆိုတာကတော့ michael DELL ဖြစ်ပါတယ်။
၂၄။ HCL ဆိုတာကတော့ Hindustan Computer Limited ဖြစ်ပါတယ်။
၂၅။ GE ဆိုတာကတော့ General Electronics ပဲ ဖြစ်ပါတယ်။
၂၆။ INTEL ဆိုတာကတော့ Integrated Electronics ပဲ ဖြစ်ပါတယ်။
၂၇။ AMD ဆိုတာကတော့ Advance micro devices ပဲ ဖြစ်ပါတယ်။
၂၈။ GOOGLE ဆိုတာကတော့ Global Organisation Of Oriented Group Language of Earth ပဲ ဖြစ်ပါတယ်။
၂၉။ Google ကို တည်ထောင်ခဲ့ကြသူတွေကတော့ Larry Page နှင့် Sergey Brin တို့ ဖြစ်ပါတယ်။
၃၀။ Facebook ကို တည်ထောင်ခဲ့တဲ့ သူကတော့ Mark Zuckerberg ဖြစ်ပါတယ်။
၃၁။ Yahoo တည်ထောင်ခဲ့ကြသူတွေကတော့ David Filo နှင့် Jerry Yang တို့ ဖြစ်ပါတယ်။
၃၂။ Twitter တည်ထောင်ခဲ့ကြသူတွေကတော့ Jack Dorsey နှင့် Dick Costolo တို့ ဖြစ်ပါတယ်။
၃၃။ Internet ကို တည်ထောင်ခဲ့တဲ့သူကတော့ Tim Berners Lee ဖြစ်ပါတယ်။
၃၄။ Linkedin ကို တည်ထောင်ခဲ့ကြသူတွေကတော့ Reid Hoffman ၊ Allen Blue နှင့် Koonstantin Guericke တို့ ဖြစ်ပါတယ်။
၃၅။ Email ကို တည်ထောင်ခဲ့တဲ့သူကတော့ Shiva Ayyadurai ဖြစ်ပါတယ်။
၃၆။ Gtalk ကို တည်ထောင်ခဲ့တဲ့သူကတော့ Richard Wah kan ဖြစ်ပါတယ်။
၃၇။ Skype ကို တည်ထောင်ခဲ့ကြသူတွေကတော့ Niklas Zennstrom ၊ JanusFriis နှင့် Reid Hoffman တို့ ဖြစ်ပါတယ်။
၃၈။ Mozilla Firefox ကို တည်ထောင်ခဲ့ကြသူတွေကတော့ Dave Hyatt နှင့် Blake Ross တို့ ဖြစ်ပါတယ်။
၃၉။ Wikipedia ကို တည်ထောင်ခဲ့တဲ့သူကတော့ Jimmy Wales ဖြစ်ပါတယ်။
၄၀။ Youtube တည်ထောင်ခဲ့ကြသူတွေကတော့ Steve Chen ၊ Chad Hurley နှင့် Jawed Karim တို့ ဖြစ်ပါတယ်။
၄၁။SIM က Subscriber Identity Module
၄၂။USB က Universal Serial BUS ပါ
၄၃။ PIN က Personal Identification Number
ဖော်ပြပါ ရှင်းလင်းချက်များ အပြင် အခြားသော အရာများလည်း ကျန်ရှိပါသေးတယ်။ အဓိက အသုံးဝင်သော အရာများကိုသာ ရှင်းလင်းထားခြင်းသာ ဖြစ်ပါတယ်။
Credit: Original Aurthor
       
ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

Friday, October 21, 2016

MPT SIM Card Register ပြုလုပ်ပုံ







ပထမဆုံးဝင်လိုက်တာနဲ့ ဒီစာမျက်နှာမှာ အောက်ဆုံးက Sign up ကိုနှိပ်ပါ....
အဲ့မှာ ဖုန်းနံပါတ် password (နှစ်ခါ)ရေးပါ
ပြီးရင် အောက်ဆုံးလေးကွက်မြောက်က Verification Coad ဆိုတာလေးကို နှိပ်ပါ....
MPT က သင့် sim card ကို နံပါတ် ၆ လုံး sms ပို့ပါလိမ့်မယ်....
အဲ့ဒါလေးမှန်အောင်ရိုက်ထည့်ပြီး Register လုပ်လိုက်ပါ
ဒါဆိုရင် ဒီအဆင့်ပြီးပါပြီ.....




ဒုတိယအဆင့်က ဒီပုံပေါ်လာပြီး sign in ဝင်ရမှာပါ...
ဖုန်းနံပါတ် နဲ့ password ရိုက်ပြီးဝင်လိုက်ပါ....
 



တတိယအဆင့်မှာ ဒီပုံပေါ်လာရင် Edit Customer info ကို နှိပ်ပါ.... 


စတုတ္ထအဆင့် နာမည်နဲ့ မှတ်ပုံတင်အမှတ်ရေးပါ...
ပြီးရင် ok နှိပ်ပါ.....
 




နောက်ဆုံးအဆင့် မှာ သင့်ရဲ့ မှတ်ပုံတင်အရှေ့ဘက်ပုံကို upload လုပ်ပေးပြီး၊
အနောက်ဘက်ပုံကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရမှာပါ.....

သတိပြုစရာကတော့
မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ရင် အလင်းရောင်နည်းနည်းလျော့တဲ့ပုံ ဖြစ်ရပါမယ်....
HD Quality ဖုန်းကင်မရာတွေနဲ့ဆို မရပါဘူး....

နောက်တစ်ချက်က upload ကိုနှိပ်ရင် လိုင်းကောင်းတဲ့အချိန် မှာ လုပ်စေချင်တယ်....

အားလုံးပြီးရင် submit ကိုနှိပ်ပါ....
ပြီးပါပြီ....

Thursday, October 20, 2016

MEC Sim Card များမှတ်ပုံတင်နည်း

MEC Sim Card များမှတ်ပုံတင်နည်း
****************************************

1.MECTel CDMA 800MHz SIM Card များကိုမှတ်ပုံတင်ခြင်း (registration) ပြုလုပ်လိုသူများအနေဖြင့် ဖော်ပြပါ ဆိုင်လိပ်စာများတွင် MECTel CDMA 800MHz SIM Card ထည့်ထားသောမိုဘိုင်းဖုန်းနှင့် အမည်ပေါက်ပြုလုပ်မည့် မိုဘိုင်းဖုန်းကတ်ပိုင်ရှင်၏ အမည် ၊ အဘအမည် ၊ မွေးသက္ကရာဇ် (ရက်၊ လ ၊ ခုနှစ်) ၊ လူမျိုး / နိုင်ငံသား ၊ ကျား / မ ၊ နေရပ်လိပ်စာ နှင့်တကွ နိုင်ငံသားစိစစ်ရေး ကတ်(သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ကတ် တစ်ခုခု၏ မူရင်း ၊ မိတ္တူတို့ဖြင့်စာရင်းပေးသွင်း မှတ်ပုံတင်နိုင်ပြီး MECTel CDMA 800MHz SIM Card ပိုင်ရှင်ကိုယ်တိုင်မလာရောက်နိုင်သူများအနေဖြင့် ကိုယ်စားလူလွှတ်၍ လာရောက်ပြုလုပ်မည်ဆိုပါက MECTel CDMA 800MHz SIM Card ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းမိတ္တူ တို့နှင့်တကွ ကိုယ်စားလာရောက်ပြုလုပ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ တို့ပါရှိမှသာ မှတ်ပုံတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်းအသိပေးကြော်ငြာ အပ်ပါသည်။
ရန်ကုန်တိုင်း
Starmart nine mile showroom ၊ ၉မိုင် ၊ Ocean center ဘေး ၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်ြမို့။ ဖုန်း-၀၉၃၃၀၀၁၂၉၈
Mobile Customer Care အမှတ် ၁၂၅ ၊ ပန်းဆိုးတန်းအောက်လမ်း၊ ကြေးနန်းရုံးဘေး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း-၀၁၃၉၁၈၁၄၊ ၀၁-၃၉၁၈၁၅
S-Power- စ/၈ စမ်းချောင်းလမ်း ၊ ရှင်စောပုရပ်ကွက် ၊ ပဒုမ္မာဘောလုံးကွင်းအနောက်၊ စမ်းချောင်းမြို့နယ်။ဖုန်း ၀၉-၇၉၅၀၀၃၂၁၅
S-Power အမှတ် (၉၃) / ဘီ ၊ ၁၇ / ၁၈ ၊ ကျန်စစ်သားလမ်းမကြီး ၊ (၆)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်။ ဖုန်း ၀၉-၇၉၅၀၀၃၂၁၅
S-Power အမှတ် (၁၅) လှိုင်မြစ်လမ်း ၊ ပေါက်တောဝမီးပွိုင့်အနီး ၊ အင်းစိန်မြို့နယ်။ဖုန်း ၀၉-၇၃၂၁၁၄၀၈
နဝရတ်စတိုး အမှတ် (၁၆၇)၊(၁)ရပ်ကွက်၊ ၁၁ကွေ့၊ တောင်ငူလမ်း၊ လှိုင်သာယာမြို့နယ်။ ဖုန်း ၀၉-၉၇၄၀၁၁၁၂၂
ရတနာရွှေပြည်မိုဘိုင်း အမှတ်-၄၉၀-၅၀၀၊မြေညီထပ်၊၂ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်။ဖုန်း ၀၁-၃၈၀၅၇၀
Shwe Taik-အမှတ်(၂၉၅/၃၀၁)၊အနော်ရထာလမ်း၊ကုန်ဈေးတန်းလမ်းနှင့် (၂၇)လမ်းကြား၊ပန်းဘဲတန်းမြို့နယ်။၀၉-၇၉၀၁၄၄၅၀၉
မွန်ပြည်နယ်
ရုံးခွဲအမှတ်(၃၀)၊ပုလဲလမ်းနှင့်ရတနာလမ်းထောင့်၊မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင်။ ဖုန်း ၀၉-၇၉၆၃၉၄၉၃၀
ကိုမြသိန်း-မြို့မအလယ်လမ်း၊ကျိုက်ထိုမြို့။ ဖုန်း ၀၉-၇၉၆၃၉၄၉၃၀
ရခိုင်ပြည်နယ်
တိုင်းလုံးဟိန်းကုမ္ပဏီလီမိတက် အမှတ် (၁၅၁) ၊ ပန်းခြံလမ်း ၊ မောလိပ်ရပ်ကွက် ၊စစ်တွေမြို့နယ်။ ဖုန်း ၀၉-၂၆၄၂၈၉၆၂၈ ၊ ၀၉-၃၄၀၀၁၈၀၈၀
ရှမ်း(အရှေ့)
ဖြိုးသစ်(ကုန်စုံဆိုင်) နောင်ခမ်းရပ်ကွက်(၃)၊လေယာဉ်ကွင်းလမ်း၊ ကျိုင်းတုံမြို့နယ်။ဖုန်း ၀၉-၇၇၈၅၃၀၇၉၀၊ ၀၉-၅၂၅၂၃၀၁
ပွင့်စတိုး အမှတ်(၁)၊လေယာဉ်ကွင်းလမ်း၊ဝိန်းမရပ်ကွက်(၃)၊ ကျိုင်းတုံမြို့နယ်။ဖုန်း ၀၉-၄၉၀၃၁၀၅
ရန်ရှင်း(ကုန်စုံဆိုင်)အမှတ် (၁၁)ပြည်ထောင်စုလမ်း၊ ရန်ရှင်း(၂)မိုင်းကိုးအုပ်စု၊မိုင်းဖြတ်မြို့။ ဖုန်း ၀၉-၂၆၁၀၆၁၇၁၃
ဂဲနက်(စ်)ဖုန်းဆိုင် အမှတ်(၃/၄)ဗိုလ်ချုပ်လမ်း၊ မတာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။ဖုန်း ၀၉-၅၂၄၀၈၃၈
ဒေါ်သီတာအောင်-ဆေးရုံလမ်း၊မြို့မရပ်ကွက်၊ မိုင်းတုံမြို့။ ဖုန်း ၀၉-၄၂၈၂၂၅၄၉၁
ရှမ်း(တောင်)
New World အမှတ်(၂၄/၂၅)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်၊ တောင်ကြီး ။ ဖုန်း-၀၈၁-၂၁၂၅၅၃၈၊ ၀၈၁-၂၀၂၀၂၂၊၀၉-၃၁၈၄၅၅၅၅
Cinderella -လ/၉၂ ၊ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်လမ်းမတော်လမ်းထောင့် တောင်ကြီး။ ဖုန်း ၀၈၁-၂၀၀၁၈၈၊၀၈၁-၂၀၂၁၅၆
ရှမ်း(မြောက်)
ကျားခေါင်း -အမှတ် ၃၁၊ သိန္ဒီလမ်း၊၂ရပ်ကွက်၊လားရှိုးမြို့။ ဖုန်း ၀၈၂-၂၅၃၉၉၊၀၈၂-၂၆၅၉၉
နေပြည်တော်
Linn IT & Mobile Mart အမှတ် (၁၄/၅၈၅)၊(၄)လမ်း၊ ပေါင်းလောင်း(၁)၊ရွာကောက်ရပ်ကွက်၊ပျဉ်းမနား။ ဖုန်း ၀၆၇-၂၂၈၈၄
Linn IT & Mobile Mart အမှတ်(၁၁/၇)ဗိုလ်ချုပ်လမ်း၊ ရန်အောင်(၁)ရပ်ကွက်၊ ပျဉ်းမနား။ ဖုန်း ၀၆၇-၂၆၈၈၄
Linn IT & Mobile Mart အမှတ် (၁၁၇)၊သပြေကုန်းရပ်ကွက်၊ ဇဗ္ဗ္ဗူသီရိမြို့နယ်။ ဖုန်း ၀၆၇-၄၁၄၈၈၄
IT Spectrum & Mobile Mart ပ-၂၃၂၊မြို့မဈေးပွဲရုံတန်း၊ ဇဗ္ဗ္ဗူသီရိမြို့နယ်။ ဖုန်း ၀၆၇-၄၂၂၈၈၄
Manchester Mobile -ရန်ကုန်-မန္တလေးလမ်းဘေး၊ လယ်ဝေး ။ ဖုန်း ၀၉-၃၀၃၀၀၀၀၀
ပဲခူးတိုင်း
ဝင်းကမ္ဘာ ၁၇/ ၁၄၀ ၊ကုန်သည်လမ်း ၊တောင်ငူမြို့။ဖုန်း ၀၉-၅၁၉၄၄၅၄
ကောင်းစတိုး -ရန်ကုန်/ ပြည်လမ်း၊ အင်းမ-ရေပြာ Mobile Electronic center
လှိုင်း စတိုး- ရန်ကုန်/ ပြည်လမ်း၊ အင်းမ-ရေပြာ Mobile Electronic center
AEC စတိုး -၂၉၆/ဈေးလမ်းထောင့်၊ပြည်။
ပြုံးစတိုး -မီးပွိုင့် ထောင့် /သာယာဝတီမြို့။
စစ်ကိုင်းတိုင်း
ငုဝါ မိုဘိုင်း - ဈေးအရှေ့ဘက် ၊ ပန်းဘဲတန်းရပ် ၊ စစ်ကိုင်းမြို့။ ဖုန်း ၀၉-၇၈၅၁၄၇၇၀၈
မကွေးတိုင်း
ဟင်္သာညီနောင် မိုဘိုင်း - အမှတ်(၃)၊ ပြည်တော်သာလမ်း ၊မကွေးမြို့။ ဖုန်း ၀၉-၅၃၄၀၂၃၀
ဟင်္သာညီနောင် မိုဘိုင်း- မင်းဘူး-စကု လမ်းမကြီး၊ ကုလားကုန်းထိပ်၊ မင်းဘူးမြို့နယ်။ ဖုန်း၀၉-၅၃၄၀၂၃၀
ကရင်ပြည်နယ်
ရွှေဖုန်းဆည် အမှတ်(၂)/၁၄၊သစ္စာလမ်း၊ဘားအံမြို့။ဖုန်း ၀၉-၇၉၆၃၉၄၉၃၀
တနင်္သာရီတိုင်း
C4E Mobile အလယ်ကျွန်းရပ်၊ မြိတ်မြို့။၀၉-၄၀၁၅၂၅၅၅၃
မန္တလေးတိုင်း
Yee Shinn Mobile လမ်း ၈၀ ။ ၃၄လမ်း-၃၅လမ်း ကြား ၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ဖုန်း ၀၂-၃၀၈၃၂
Power Mobile Center လမ်း၃၀၊ ၇၂-၇၃လမ်းကြား၊ မန္တလေးမြို့။ ဖုန်း ၀၉-၄၃၃၁၀၀၀၀
Power Mobile Center လမ်း၃၅၊ ၇၃-၇၄လမ်းကြား၊ မန္တလေးမြို့။ ဖုန်း ၀၉-၄၃၃၃၀၀၀၀
Power Mobile Center ၁၂လမ်း၊ ၈၀-၈၁လမ်းကြား၊ မန္တလေးမြို့။ ဖုန်း ၀၉-၄၃၃၂၀၀၀၀
Power Mobile Center ၂၂လမ်းနှင့် ၈၂လမ်းထောင့်၊ မန္တလေးမြို့။ ဖုန်း ၀၉-၄၃၃၅၀၀၀၀
Power Mobile Center ၈၆လမ်း၊ ၂၆နှင့် ၂၇လမ်းကြား၊ ဈေးချို၊ မန္တလေးမြို့။ ဖုန်း ၀၉-၂၅၄၀၇၉၇၀၀
Power Mobile Center မနော်ဟရီလမ်း၊ ၆၀နှင့် ၆၁လမ်ကြား၊ မန္တလေးမြို့။ ဖုန်း ၀၉-၄၃၃၄၀၀၀၀
Power Mobile Center ၅၈လမ်းနှင့် အောင်ဆန်းလမ်းထောင့်။ ဖုန်း၀၉-၃၃၃၃၃၂၅၈
Mobile Mother ၄၉လမ်း၊မဉ္ဇူလမ်းနှင့် ကြို့လမ်းကြား။ ဖုန်း ၀၉-၄၄၀၄၉၉၉၉၆
Mobile Mother ၂၆လမ်း၊၇၆လမ်း နှင့် ၇၇လမ်းကြား၊ချမ်းအေးသာဇံ။ ဖုန်း ၀၂-၇၂၀၄၁၊ ၀၉-၅၁၀၅၅၄၈
Mobile Mother အမှတ် (၄)၊၆၂လမ်း၊မနောဟရီလမ်း နှင့် ခိုင်ရွှေဝါကြား။ ဖုန်း ၀၉-၇၉၁၄၄၄၂၁၃
Moon Star-3 ၅၆လမ်း၊ ဘုရင့်နောင်လမ်းနှင့် အောင်ဇေယျာလမ်းကြား။
ဖုန်း ၀၉-၇၉၇၇၄၄၅၅၇၊၀၉-၇၉၇၇၄၄၅၅၈
Ever Success အမှတ်(c - ၃ / ၇)၊၆၂လမ်း၊ ဇလပ်ဝါလမ်းထောင့် ၊ချမ်းမြသာစည်မြို့နယ်။ဖုန်း ၀၉-၄၂၂၄၄၅၅၀၀၊၀၉-၃၆၃၁၀၉၉၉
Horizon အမှတ်(၆)၊ဝိုင်အမ်ဘီအေလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့် ၊ ပြင်ဦးလွင်။ဖုန်း ၀၉-၂၅၉၉၉၅၁၉၉
Ko De De ပန်းထိန်တန်းရပ်၊မြို့မ(၄)၊မိတ္ထီလာ။ဖုန်း ၀၉-၃၃၀၀၀၀၆၂
Yee Shin Mobile လမ်း၈၀၊ ၃၃-၃၄ကြား။ ဖုန်း ၀၉-၇၃၅၁၈၈၈၈
ဧရာဝတီတိုင်း
စည်သူမိုဘိုင်း အမှတ်(၂၃၄)၊ဦးဘချိုလမ်းနှင့် (၁၂)လမ်းထောင့် ၊ မြောင်းမြမြို့။ ဖုန်း ၀၉-၄၂၂၅၁၄၃၁၁
Snow Mobile အမှတ်(၉၇)၊အနော်ရထာလမ်း၊အိမ်မဲမြို့။ဖုန်း ၀၄၂-၈၅၇၄၄
ကြည်တာ-စတိုး ၂ အမှတ်(၁၁၈)၊လမ်းမတော်လမ်းနှင့် သွန်းဘုရားလမ်းထောင့် ညောင်တုန်းမြို့။ ဖုန်း ၀၉-၃၁၆၉၇၅၅၅
Golden Star Mobile ဆေးရုံလမ်း၊ကျောင်းကုန်းမြို့။ဖုန်း ၀၉-၇၉၄၄၈၆၆၉၀
ဦးပင်ဟုန် အမှတ်(၁၃၇)၊အရှေ့လမ်းမတော်၊အမှတ်(၃)ရပ်ကွက်၊အသုတ်မြို့။
ဖုန်း ၀၉-၄၂၁၀၄၃၇၁၂
ရွှေနဂါးမိုဘိုင်း အမှတ်(၁၅)၊ရွှေတောင်လမ်း၊ငါးသိုင်းချောင်းမြို့။
ဖုန်း ၀၉-၇၉၄၄၉၉၀၀၅
ပိတောက်မိုဘိုင်း ပါမောက္ခဦးအေးမောင်လမ်း၊ရွှေဆိုင်းတန်းရှေ့ ၊ မြို့မဈေး၊ကျုံပျော်မြို့။ ဖုန်း ၀၉-၄၂၁၀၄၃၇၁
ကယားပြည်နယ်
Technoworld Mobile -အမှတ်(၁၀)၊ကန္တာရဝတီလမ်း၊မင်းစုရပ်၊ လွိုင်ကော်မြို့။ဖုန်း ၀၉-၇၉၀၁၈၄၉၅၃
အခက်အခဲရှိပါက 3456 Complaint Center သို့မဟုတ် 1212 Call Center သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
သုဝဏ္ဏနည်းပညာ

ဆင်းကဒ်အစုံမှတ်ပုံတင်မယ်


ဆင်းကဒ်အားလုံးတစ်ခုတည်းနဲ့မှတ်ပုံတင်လို့ရမယ့် ဆော့ဝဲလ်
******************************************************

Simcard အားလုံးကိုတစ်နေရာထဲမှာပဲ မှတ်ပုံတင်လို့ရမယ့် ဆော့ဝဲလ်လေးပါ
လိုချင်သူများဒေါင်းနိုင်ပါတယ်

Thx - Kaung Htut

သုဝဏ္ဏနည်းပညာ

Monday, March 7, 2016

1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း

အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကျယ်တစ်ဝင့် ရှင်းလင်း ထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။ ... 1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။ 2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။ 2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။ 3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ 4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။ -- Ref: Cisco Aung Kham (TSJ team) Type the rest of your post here.

Wednesday, March 2, 2016

ကမ္ဘာ့ အကောင်းဆုံးတီထွင်မှု ၁၀ ခု



၁။ World Wide Web
အင်္ဂလိပ် လူမျိုး အင်ဂျင်နီယာ Sir Tim Berners-Lee က ၁၉၉၀ မှာ တီထွင် ခဲ့ပါတယ်။
၂။ Computer
၁၉၄၁ ခုနှစ်မှာ Konrad Zuse ကတီထွင်ခဲ့ ပါတယ်။
၃။ Airplanes

၁၉၀၃ မှာ Wright Brothers ညီအကို နှစ်ယောက်က တီထွင်ခဲ့ ပါတယ်။
၄။ Light Bulb
၁၈၇၈ မှာ Thomas Edison ကတီထွင် ခဲ့ပါတယ်။
၅။ Phonograph
Sound recorder တစ်မျိုး ဖြစ်တဲ့ phonograph ကို ၁၈၇၇ မှာ Thomas Edison ကတီထွင်ခဲ့ ပါတယ်။
၆။ Telephone
၁၈၇၆ မှာ Scottish Engineer Alexander Graham Bell ကတီထွင် ခဲ့ပါတယ်။
၇။ Stream Engine
Thomas Newcomen က ၁၇၁၂ မှာ တီထွင် ခဲ့တာပါ။
၈။ Printing Press
Germany နိုင်ငံသား Johannes Gutenberg က ၁၄၃၉ မှာ တီထွင် ခဲ့ပါတယ်။
၉။ Compass
206 BC လောက်မှာ တရုတ် ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာ စတင် တီထွင် အသုံးပြု ခဲ့ပါတယ်။
၁၀။ Paper
စက္ကူ ကိုလည်း ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာပဲ တီထွင် ခဲ့တာပါ။
Post by   
Credit to Myanmar iCT News

CCNA EBook + Software ( မြန်မာလို )

CCNA အကြောင်းရေးထားတဲ့ မြန်မာလို PDF စာအုပ်များဖြစ်ပါတယ်..Chapter 1 To 9 အထိပါဝင်ပြီး တွဲဖက်လေ့လာရန်အတွက် Software လေးပါထည့်သွင်းပေးထားပါတယ်.. အလွန်ကိုတန်ဖိုးရှိလှတဲ့စာအုပ်ကောင်းလေးများလည်းဖြစ်ပါတယ်ခင်ဗျ...Download ရယူနိုင်ကြပါပြီခင်ဗျာ


Download => Miloshare / Solidfiles
Welcome To Myanmar IT Helper
www.mmithelper.com  
 
 
 
အဆင်ပြေပါစေ
 
 
ဒေါင်းနည်းလေးမသိရင် ဒီမှာ ကြည့်ပေးပါခင်ဗျား
 
 

Android ဖုန်း User များသတိပြုသင့်သော အချက် (၉) ချက်

ကျွန်တော့် android သက်တမ်း ကြုံသမျှ ဆောင်ရန်ရှောင်လေးတွေပါ။ စေတနာတစ်ခုတည်းနဲ့ မသိသေးသော android user ကိုကို မမ သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော့် အကြံပြုချက်လေးတွေသာ အသုံးတည့်သွားရင် ကျေနပ်ပါတယ်။ သူငယ်ချင်းတို့ရဲ့ ယူဆချက်လေးတွေကိုလည်း comment ပေးခဲ့ကြပါ။


1.    မိမိတို့ ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။ Gingerbread(2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting>application>development ထဲမှာ usb debugging ကို check box - On ထားပြီး ဖွင့်ထားရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင် Setting>Developer options ထဲမှာ usb debugging ကို check box-On ပြီ ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ အကြောင်းအမျိုးမျိုးကြောင့် firmware ကျသွားမယ်…ဒါမှမဟုတ် pattern/pin/password lock တစ်ခုခုကျသွားမယ်ဆိုရင်ပြသနာပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging ကိုဖွင့်ထားတဲ့ အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့အကြောင်းတစ်ခုဖြစ်လို့ လွယ်လွယ်ကူကူ ပြသနာကိုဖြေရှင်းနိုင်မှာပါ။

***stay your usb debugging always ON cause you can get detection your android with computer easily when you lost your firmware or security lock.

2.   မိမိဖုန်း ဘက်ထရီ ကို အမြဲတမ်း charging power 30% ထက်မနည်းထားပေးပါ။ ဖုန်းကို charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ charging loss ကြိမ်ဖန်များစွာဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။

***always make sure not to be under 30% of batter charging .

3.   မလိုအပ်တဲ့ launcher တွေသုံးခြင်းမှ ရှောင်ပါ။ တချို့တချို့ launcher တွေသုံးခြင်းဖြင့် ဖုန်းမှာ ပါတဲ့ မူရင်း launcher နဲ့ conflict ဖြစ်ပြီး error တွေတက်တတ်ပါတယ်။ တတ်နိုင်သမျှ android မှာပါတဲ့ default launcher ကို သုံးခြင်းက ပိုမိုကောင်းမွန်ပါတယ်။

***you should use your android default launcher.Sometimes, another launcher give u any conflict.

4.  Root လုပ်ထားတဲ့ android တွေ user တွေအတွက် cpu နဲ့ memory ကို over clock လုပ်တဲ့ software များကို သုံးခြင်းမှ ရှောင်ကြပါ။ မိမိရဲ့ android လေးအသက်ရှည်ဖို့ cpu နဲ့ memory ကို လိုအပ်တာထက်ပိုမခိုင်းပါနဲ့ ။ ကြာရင် android ဟာ လေးလံလာတတ်ပါတယ်။

***For root user, don't use any cpu and memory over clocking applications cause of decreasing ur android performance.

5.  အင်တာနက်, game နဲ့ application တွေကိုသုံးပြီးတိုင်း Android ကို cache တွေကို အမြဲ ရှင်းလင်းပေးပါ။ appcache cleaner လိုမျိုး android ရဲ့ cache ကို ရှင်းပေးတဲ့ android application လေးတွေ ရှိပါတယ်။ မိမိ android ကို သွက်လက်စေပါတယ်။

***always clean ur cache of android after using internet ,app and games.That will be better performance for ur android.

6. မှတ်မိသိလွယ်ပြီး လုံခြုံတဲ့ pattern/pin/password securit lock မျိုးကိုသာ ပေးပါ။ တစ်ခုရှိတာက ဒီလိုမျိုး security lock မျိုးပေးပြီးမှ security lock ကို မသိတဲ့ အခြားသူ တစ်ယောက်က အကြိမ်ကြိမ်အခါခါ မှားယွင်းပြီး ဖွင့်မိတာ မဖြစ်ပါစေနဲ့။ အကြိမ်ကြိမ်မှားယွင်းပြီး pattern/pin/password security lock ကိုဖွင့်မိရင် နောက်ဆုံး ကိုယ်လည်း ဖွင့်လို့ မရတော့ပါဘူး။

***safe and recognize ur security lock.

7.  မလိုအပ်သော application နဲ့ game တွေကို မိမိ android မှ ဖယ်ရှား(uninstall)ထားပါ။ Gingerbread(2.3.x)နဲ့ အောက်ပိုင်း version  တွေမှာ Setting>application>manage application ထဲသို့သွားပြီး မိမိမလိုချင်တာကို uninstall လုပ်လို့ ရပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x)တွေမှာ Setting>apps ထဲသို့သွားပြီး uninstall လုပ်လို့ရပါတယ်။

***remove applications and games u never used.

8. ဖြစ်နိုင်သမျှ stock rom(official rom) ကိုပဲ သုံးပါ။stock rom ဆိုတာ android device ထုတ်လိုက်တဲ့ company က အဲဒီ device အဲဒီ model အတွက် သီးသန့် ရေးထားတာပဲဖြစ်ပါတယ်။ custom rom(unofficial rom) ကို သုံးခြင်းမှ ရှောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ custom rom(unofficial rom) တွေဟာ user တွေ android developer တွေက ပြန်လည် ပြီး modifiy လုပ်ထားတာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိကောင်းရှိနေလို့ပါ။(တချို့ custom rom တင်ပြီးမှ camera မရ၊ sim card မသိတာတွေဖြစ်တတ်လို့ပါ)။ ဒါကြောင့် android user တွေအနေနဲ့ မိမိရဲ့ android လေး version မြင့်ရင်ပြီးရောဆိုပြီး stock rom နဲ့ custom rom ကိုမသေချာပဲ မတင်ပါနဲ့။ ဆိုင်မှာ သွားလုပ်တယ်ဆိုရင်လည်း stock rom လား custom rom သေချာမေးပါ။ မေးတဲ့ ပုံစံလေးတော့နည်းနည်းသတိထားနော်။တော်ကြာဖုန်းဆိုင်က service သမားက ငါ့ကိုဆရာလုပ်တယ်ဆိုပြီး မျက်မုန်းကျိုးနေဦးမယ်…ဟိဟိ။

***suggest u stock rom is more better than custom than.

9.   နောက်ဆုံးတစ်ခုပြောချင်တာကတော့ မိမိမှာရှိတဲ့ android device specification နိမ့် တာတွေမှာ game တွေများများဆော့တာပါ။ အဓိကက ဖုန်းတွေမှာပါ။ game များများဆော့တော့ဘာဖြစ်လဲ???touch ကိုထိခိုက်စေတယ်။ ဆော့တာကြာလာရင်၊ ဖုန်းသက်တမ်းရှည်လာရင် ဘက်ထရီက အရင်ကလောက် performance မကောင်းတော့ဘူး။ ပြောရရင်ဘက်ထရီ ကြာကြာမခံတတ်တော့ဘူး။ မဆော့နဲ့လို့ မပြောလိုပါဘူး။ ဖုန်းသုံးတဲ့လူအမျိုးမျိုးမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိတယ်။ entertainment and communication ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်က ပိုက်ဆံပေးဝယ်ထားတာပါ။တကယ် game ဆော့ချင်ရင် android tablet ကောင်းကောင်း လေးတစ်လုံး ၀ယ်ပြီး သုံးသင့်တယ်ထင်ပါတယ်။

***the last one, i think many games playing will decrease ur low specification android phone performance.

ကဲ…ကျွန်တော်ပြောသမျှ ကို android သုံးတဲ့ ကိုကို မမ သူငယ်ချင်းအားလုံး စေတနာတစ်ခုတည်းနဲ့ ရည်ရွယ်ပြီး ဒီပို့စ်ကို တင်ပေးတယ်လို့ နားလည်းစေချင်ပါတယ်။ ကျွန်တော့်အတွက် ဘာမှ မပါ ပါဘူး။
အားလုံးပဲအဆင်ပြေအောင်ကြိုးစားနိုင်ကြပါစေခင်ဗျာ။

Writing by : aungthetoo
 Ref : www.myanaungtharr.com

Saturday, November 7, 2015

ATM အီလက်ထရောနစ် နည်းပညာ ငွေထုတ်စက်အကြောင်း သိကောင်းစရာ (PDF)


အဆင်ပြေပါစေ

ခေတ်စနစ်ပြောင်းလဲလာခြင်းတွေနဲ့အတူ ATM အီလက်ထရောနစ်
နည်းပညာများကိုလည်းနေ့စဉ်ဘ၀ကြုံတွေနေကြလာပြီဖြစ်သလို
တိုးတက်ပြောင်းလဲလာပြီဖြစ်တဲ့နေ့သစ်တွေအတွက်လည်းဒီနည်းပညာမျာသည်
သိကိုသိထားရမယ့်အပိုင်းဖြစ်မယ်ထင်ပါတယ်။

အခုစာအုပ်လေးကို Myanmar Market Economy မှ
Share လုပ်ထားတာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ATM အီလက်ထရောနစ် နည်းပညာရဲ့ သမိုင်းကြောင်းနဲ့
အသုံးပြုနည်းများကိုရှင်းပြပေးထားတာလည်းဖြစ်ပါတယ်

ဗဟုသုတအဖြစ်လေ့လာချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ

Download Here

OR

Download Here

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Coolpad firmware တင်နည်း (မြန်မာလိုစာအုပ်)


Cooplad ဖုန်းတွေအတွက် Firmware တင်နည်းကို ဟိုအရင်လို
စာမျက်နှာဟောင်းတွေကို Evolution ကောင်းကောင်းလုပ်ပြီး
အလွယ်တကူတင်ယူနိုင်ပါပြီ။

ဒီပိုစ့်ကိုကျနော်ကိုယ်တိုင်ရေးသားထားခြင်းမဟုတ်ပါ
Aung Aung Payp (နည်းပညာ) ရဲ့ရေးသားဖေါ်ပြထားတဲ့
COOLPAD ရဲ့ .CPB firmware တွေကို CDS တွေ YGDP တွေနဲ့ 
အာရုံနောက် မခံပဲ လွယ်လွယ်လေး တင်မယ် ဆိုခေါင်းစဉ်ကို
ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။။

Coolpad Download Assistant Setup လေးပဲလိုတယ် 
CDS တွေ YGDPတွေမလို အရမ်းလွယ်တယ်
Firmware ရေးရန်အတွက် Coolpad Download Assistant Setup ကို
အောက်ကလင့်မှာအရင်ဒေါင်းလော့ရယူလိုက်ပါ။


Coolpad Download Assistant Setup ကိုအသုံးပြုပြီး
Coolpad Firmware အလွယ်တကူတင်နည်းကို
PDF လုပ်ပေးထားပါတယ်၊ အောက်ကလင့်မှာရယူပါ
OR
OR


Credit Aung Aung Payp (နည်းပညာ)


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

Friday, December 13, 2013

EasyApkDisassembleEasyApkDisassembler ကိုအသုံးပြုပြီး APK File များအား မြန်မာမှုပြုနည်း။

Android Application တွေကိုမြန်မာမှုပြုချင်သူများအတွက် အလွယ်ကူဆုံးအရိုးရှင်းဆုံးနည်းလမ်းလေးကို စာအုပ်လေးတစ်အုပ်အဖြစ် မျှဝေပေးလိုက်ပါတယ်ဗျာ။
ဒီ စာအုပ် လေးကတော့ ဘယ်သူ့မှာမှာမရှိသေးပါဘူးဗျာ။ မနေ့ညကမှ ကျွန်တော့်ဘော်ဒါကြီး ဆရာထက် ကကျွန်တော့်ရဲ့ဆိုဒ်မှာတင်ပေးပါလို့ပြောလို့ တင်ပေးလိုက်တာပါ။ ဆရာထက် ကိုယ်တိုင်ရေးသားထာတဲ့ အခုနည်းလမ်းလေးကို ကျွန်တော်လည်းလေ့လာကြည့်တာတော်တော်လးကို ရိုးရှင်းလွယ်ကူပါတယ်ဗျာ။ ၀ါသနာပါသူများအောက်က Link မှာဒေါင်းယူပြီးကလိနိုင်ပါတယ်ဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Saturday, December 7, 2013

၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ (၁၀) နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း Code များမှာ...

Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063,
 
တို့ဖြစ်ပါတယ်။

ယင်း 0100 Code နဲ့နိုင်ငံ Code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။ ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
 
Ref : Internet

Saturday, November 30, 2013

How to Fix IDM fake serial number Error ( IDM fake serial number ပြဿနာ ဖြေရှင်းနည်း - ဆော့ဝဲ မလို )

ခုနောက်ပိုင်း IDM မှာ Internet Download Manager has been registered with a fake Serial Number ဆိုပြီး Warning ခဏခဏ တက်ပါတယ်. ဘာ Patch နဲ့ပဲလုပ်လုပ် . ခဏပါပဲ. ပြန်တက်တက်လာတယ်..


ကျွန်တော်လုပ်တဲ့ နည်းကို မိတ်ဆွေကို ပြောပြပါမယ်..
1. Desktop ပေါ်က IDM Icon ကို ညာကလစ်ထောက်ပြီး Open File Location ကိုနှိပ်လိုက်ပါ..
2. အဲဒီထဲက IDMGrHlp.exe ကို ဖျက်ပစ်လိုက်ပါ..
ဒါဆို အဆင်ပြေပါပြီ.. Windows တက်ခါစမှာတော့ IDM Cannot find 1 file(s) that are necessary for browser and system intergration. Please reinstall IDM. ဆိုပြီး တက်လာပါတယ်.. ပိတ်ပစ်လိုက်ပါ.. စိတ်ချမ်းချမ်းသာသာ သုံးလို့ရပါပြီ..

--

To Disable IDM Fake Serial Number Error :
1. Right Click on IDM Icon in Desktop and choose Open File Location.
2. Delete IDMGrHlp.exe.
3. Done !
.. Close if '' IDM Cannot find 1 file(s) that are necessary for browser and system intergration. Please reinstall IDM '' warning.

Be OK !..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Memory Card ဖြုတ်လျှင်

သူငယ်ချင်းအားလုံးမင်္ဂလာပါ။ကျနော်တို့တွေအကြောင်းအမျိုးမျိုးကြောင့် Memory Card တွေကို
ဖြုတ်လိုက်တပ်လိုက်လုပ်ကြပါတယ်။ အမူမဲ့အမှတ်မဲ့ဖြုတ်လိုက်တာဆိုပေမယ့် အကြိမ်ရေများလာရင်
ကျနော်တို့ဖုန်းထဲက Iconsတွေက Androidပုံရုပ်လေးပြောင်းသွားတာကိုကြုံဖူးကြပါလိမ့်မယ်။ Uninstall
လုပ်မှဘဲအဆင်ပြေသွားတာပေါ့။ ဒါဆိုဒီလိုမျိုးမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။ အောက်ကအဆင့်
တိုင်းတာလုပ်ဆောင်သွားပါက အကြိမ်တစ်ထောင်ဖြုတ်လဲဘာမှမဖြစ်တော့ပါဘူး။
ပထမဆုံး Settingထဲသွားပါ။ ပြီးရင်Deviceထဲက Storage ကိုနှိပ်လိုက်ပါ။ ပုံကိုကြည့်လိုက်ပါ။

ဒါဆိုရင်ဘေးကအကွက်ထဲက Ext Cardကိုရှာပါ။ အဲဒီမှာ Unmount Storage ဆိုတာကိုတွေ့လိမ့်မယ်။
အောက်ကပုံလိုပေါ့ဗျာ။

ပီးရင်မြှားပြထားတာကိုနှိပ်လိုက်ပါ။ ဒါဆို Cancle နဲ့ OK ဆိုပြီးပေါ်လာလိမ့်မယ်။ အောက်ပုံကိုကြည့်လိုက်ပါ။



OKကိုနှိပ်လိုက်ပါ။ Unmountingဆိုပြီး သူ့ဘာသာလုပ်နေလိမ့်မယ်။ Mount SD Cardဖြစ်သွားရင်တော့
SD Card ကိုစိတ်ကြိုက်ဖြုတ်နိုင်ပါပြီခင်ဗျာ။
ဖုန်း Error ရန်မှကင်းဝေးကြပါစေ………

G-talk အများကြီးရအောင်ဖွင့်နည်း။

G-talk ကို အကောင့်သုံးလေးခု သုံးချင်ပါတယ် ဆိုရင်တော့ ဒီနည်းလေးကို စမ်းကြည့်ပေးပါနော် C-boxမှာ မေးထားလို့ပါ ကျန်တာကိုတော့ အကိုကြီးပေါက် ဖြေပေးလိမ့်မယ်နော်...ဟိဟိ
G-talk ကို R/C ထောက်ပြီး Properties ကို click ပေးပြီးတော့ အပေါ်ကပုံမှာ ပြထားပေးတဲ့နေရာမှာ
ရှိနေတဲ့ startmenu  စာကိုဖျတ်ပြီး nomutex လို့ရိုတ်ထဲ့ပေးလိုက်ပါ ok ပေးလိုက်ပေါ့နေား ကြိုက်သလောက်ဖွင့်ကြည့် 
အဆင်မပြေသွားလိမ့်မယ် ကျန်တာအကိုပေါက် ဖြေလိမ့်မယ်

                                                                                       ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Saturday, November 23, 2013

MRTV 4 အစီအစဉ်များအား အချိန်နှင့်တပြေးညီ Online မှာကြည်ရှု့နိုင်ပြီ


MRTV4 Free To Air
 
MRTV 4 အစီအစဉ်များအား အချိန်နှင့်တပြေးညီ Online မှာကြည့်
ရှုလိုပါက

www.mrtv4.tv

တွင်ကြည့်ရှုနိုင်ပါပြီ...
 
TechSpace Journal

မိမိရဲ့ Data တွေကို ဘယ်လို Backup လုပ်သင့်သလဲ?

 Computer ရဲ့ Hard Drive တွေဟာ တစ်ခါတစ်ရံမှာ ဘာ Warning Box မှ မပြဘဲနဲ့ Fail ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ရုတ်တရက် Fail ဖြစ်သွားတဲ့အခါ System ကြီးဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် Crush ဖြစ်သွားတဲ့ အခါတွေမှာ ကိုယ့်ရဲ့  Hard Disk ထဲမှာ သိမ်းထားတဲ့Data တွေဟာLost ဖြစ်သွားနိုင်ပါတယ်။ အဲဒီ Dataတွေဟာ ကိုယ့် အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက် အရမ်းအရေးကြီးတဲ့ VIP Data တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

အရင်တုန်းကဆိုရင်တော့ စာအုပ်ကြီးတွေနဲ့ တစ်ခါမှတ်၊ Computer မှာ တစ်ခါမှတ် အဲဒီလိုတွေ မှတ်ကြတာပေါ့။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပဲ Hard Disk က တစ်စုံတစ်ရာကြောင့် Crush ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ စာအုပ်တွေကရော ဥပမာဗျာ..မီးလောင်ပါပြီတဲ့၊ ရေကြီးပါပြီတဲ့.. အဲဒီလို ပြဿနာတွေ ဖြစ်လာရင် စာအုပ်တွေကို ဘယ်လိုသယ်မလဲ။ စာအုပ်တွေက အများကြီး၊ အလေးကြီး၊ ပြီးတော့ ကရိကထလည်း များသေးတယ်ဗျာ။ ဒါ့ကြောင့် ဒီပြဿနာတွေပြေ လည်စေဖို့ အတွက် နောက်ပိုင်းမှာ Backup System ကို Computer တွေမှာ စတင်အသုံးပြုလာကြတယ်။ 
Backupလုပ်တယ်ဆိုတာ အပိုပွားထားတာပဲဗျ။ Data တွေ၊ Information တွေကို အပိုထပ်ပွားထားတာမျိုးကို Backupလုပ်တယ်လို့ ခေါ်ပါတယ်။ အကယ်၍ Data တွေ၊ Fail ဖြစ်သွား ရင်တောင် အပိုပွားထားတာရှိတော့ စိတ်မပူရတော့ဘူးပေါ့ဗျာ။

ပြီးတော့ Backup လုပ်ရင် Removable Device တွေမှာပဲ လုပ်ရပါတယ်။ ဒါမှ အရေးရယ်၊ အကြောင်းရယ်ဖြစ်ရင်ရုတ်တရက် ကောက်ထည့်သွားလို့ရမှာပေါ့။ ဥပမာ- ကျွန်တော်က ကျွန်တော်ရဲ့ Hard Drive ထဲမှာ အရမ်းအရေးကြီးတဲ့Dataတွေကို ထည့်ထားတယ်ပေါ့ဗျာ။ ပြီးတော့ အဲဒီ VIP Data တွေကို CD တစ်ချပ်နဲ့လည်း Back Upလုပ်ထားသေးတယ်ဆိုပါတော့။ အဲဒီအချိန်မှာ ရုတ်တရက် မီးလောင်ပါပြီတဲ့၊ ကျွန်တော်ရဲ့ အရေးကြီး File တွေ၊ Dataတွေရှိတဲ့ Computer ကြီးကို ဘယ်လိုသယ်မလဲ။ သယ်လို့လည်း မရတော့ဘူးဆိုရင်ရော ဘယ်လိုလုပ်ကြမလဲစိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော့်မှာ VIP Data တွေကို Backup လုပ်ထားတဲ့ CD ရှိနေတာပဲ။ အဲဒါလေးအိတ်ထဲကောက်ထည့်ပြီး သွားရုံပဲပေါ့ဗျာ။ အဲဒါ Backup လုပ်ထားခြင်းရဲ့ ရည်ရွယ်ချက်လည်း ဖြစ်သလိုအကျိုးကျေးဇူးလည်း ဖြစ်ပါတယ်။

Where to Backup

CD or DVDသင့်အတွက် အရေးကြီးတဲ့ Data တွေ၊ VIP Information တွေကို Removeable Device အမျိုးအစားထဲမှာပါတဲ့ CD ၊ဒါမှမဟုတ် DVD တွေနဲ့ Back Up လုပ်ထားနိုင်ပါတယ်။ ဒီနည်းနဲ့ Back Up လုပ်မယ်ဆိုရင်တော့ Re-Writable CD/DVDတွေကို အသုံးပြုတာက ပိုကောင်းပါတယ်။ ဒါမှ သင့်အနေနဲ့ Back Up လုပ်တိုင်း CD/DVD အသစ်တွေကိုမလိုအပ်တော့ပါဘူးပေါ့ဗျာ။ နို့မို့ဆိုရင် Back Up တစ်ခါလုပ်တိုင်း၊ CD/DVD တစ်ခါဝယ်ရရင် ဘယ်လွယ်ပါ့မလဲဗျာ။ ဒါ့ကြောင့်Re-Writable CD/DVD တွေကို အသုံးပြုပြီး Back Up လုပ်တာက အကုန်အကျသက်သာပြီး၊ လွယ်ကူမှုရှိတဲ့နည်းလမ်းတစ်ခုပါပဲဗျာ။

Internal (or) External Hard Drive

အကယ်၍ သင့်ရဲ့ Computer မှာ Hard Drive နှစ်ခုရှိခဲ့မယ်ဆိုရင် 2nd Internal Hard Drive ပေါ်မှာ သင့်ရဲ့ Fileတွေကို Back Up လုပ်ထားနိုင်ပါတယ်။ အကယ်၍ သင့်မှာ Internal Hard Drive နှစ်ခုမရှိခဲ့ဘူးဆိုရင်လည်း Internal HardDrive တစ်လုံးထပ်ထည့်ရတာ လွယ်ပါတယ်။ သို့သော် ဘယ်တော့မှ Internal Hard Disk မှာ Backup မလုပ်ပါနဲ့။ Backup လုပ်တယ်ဆိုတာ Removable Media မှာပဲလုပ်ရတာ။ ဒါမှ အရေးအကြောင်းဆိုယူပြေးလို့ရမှာပေါ့။
  External Hard drive တွေကတော့ ဈေးနှုန်းချိုသာတဲ့အပြင် သုံးရတာလည်းလွယ်ကူပါတယ်။ ပြီးတော့ External Hard Drive အားလုံးနီးပါးလောက်ဟာ Plug and Play Format တွေချည်းပါပဲ။ ပြီးတော့ Back Up File တွေကို ပြုလုပ်ပေး၊ ထောက်ပံ့ပေးတဲ့ Software တွေလည်း ပါရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်သေသေချာချာ အာမခံနိုင်တာ တစ်ခုကတော့ ဒီနည်းလမ်းနဲ့လည်း Backup လုပ်ထားတာတွေကို သိမ်းထားနိုင်ပါတယ်။လွယ်ကူမှုလည်း ရှိသလို၊ ဈေးနှုန်းလည်း သက်သာပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကိုတော့ Computer Backupလုပ်ဖို့အတွက် သင့်တော်တဲ့ ဒုတိယဦးစားပေးနည်းလမ်းအဖြစ် ရွေးချယ်လိုက်ရပါတယ်။

 Zip Drive

နောက်ထပ် Back Up လုပ်လို့ရတဲ့ နေရာကတော့ Zip Drive ပါပဲ။ ဒါ့ကြောင့် Zip Drive ကို ၀ယ်ယူပြီး Computer ထဲမှာInstall လုပ်ထားရမှာပါ။ အဲ..ဒါပေမယ့် Zip Drive နဲ့ Tape တွေဟာ ဈေးအလွန်ကြီးပါတယ်။ ဒီနေ့ခေတ်မှာ လည်းအသုံးမပြုတော့ပါဘူး။ Tape ဆိုတာက ရစ်ရတယ်လေ။ အကောင်းဆုံးက တော့ DVD နှင့် External Hard Disk တွေပါပဲ။ သူတို့က USB နှင့် eSATA ပုံစံနှင့်ရနိုင်ပါတယ်။

How to Back Up

ဘယ်နေရာတွေမှာ၊ ဘယ်လို Drive တွေပေါ်မှာ Back Up လုပ်ရမလဲဆိုတာကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ဘယ်လို Back Up လုပ်ရမယ်ဆိုတာ ကို ပြောပြပါ့မယ်။ OK ဒါဆိုရင် စလိုက်ကြရအောင်ဗျာ။

Windows Backup Utility

Window Backup Utility ဆိုတာဟာ သင့်ရဲ့ အရေးကြီး Data တွေကို Backup ပြုလုပ်နေစဉ် တစ်လျောက်မှာဘာတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို Guide လုပ်ပေးမယ့် အရာဖြစ်ပါတယ်။
* အရင်ဆုံး Start ကို Click နှိပ်ပါ။ ပြီးရင် အဲဒီထဲက All Program ကို ရွေးပေးပါ။ ပြီးတဲ့အခါမှာ All Program ရဲ့အောက်က   Accessories ၊ Accessories ရဲ့အောက်က System Tools စသဖြင့် အဆင့်ဆင့်ရွေးသွားပါ။ ပြီးရင် SystemTools ထဲကBackup ပေါ်မှာ Click တစ်ချက်နှိပ် လိုက်ပါ။ ပြီးရင် First Screen ပေါ်က Next ပေါ်မှာ Clickထပ်နှိပ်လိုက်ပါဦး။

* အဲဒီလို လုပ်ပြီးပြီဆိုရင်တော့ “What you want to back up” ဆိုတဲ့ စာတန်းလေးကို ရွေးချယ်ပေးရပါမယ်။ ပြီးရင်”Everyone’s Document” ဒါမှမဟုတ် “What to back up” ဆိုတဲ့ စာတန်းလေးကို ထပ်ရွေးပေးလိုက်ပါဦးဗျာ။

* အားလုံးပြီးရင် Back Up လုပ်မယ့်နေရာ (Location) ကို ရွေးပေးပြီး Click တစ်ချက်နှိပ်လိုက်ရုံပါပဲ။
* ဒါဆိုရင်တော့ အဲဒီနောက်မှာ သင်ဟာ Summary Page တစ်ခုပေါ်ကို ရောက်သွားပါလိမ့်မယ်။ အဲဒီအခါကျရင်”Advanced” ဆိုတဲ့ Button ပေါ်မှာ Click တစ်ချက်နှိပ်ပေးလိုက်ပါနော်။ မှားပြီးတော့ “All information on thiscomputer”  ဆိုတဲ့ Button ကိုတော့ သွားမရွေးလိုက်ပါနဲ့နော်။ မှားလိမ့်မယ်။
* ပြီးတဲ့အခါ အဲဒီ Schedule တစ်လျောက်လုံးကို Set Up လုပ်နိုင်ပြီး Back Up Type ကိုလည်း Normal Back Up လို့ပေးခဲ့နိုင်ပါတယ်။ “Verify Data After Back Up” (သို့) “Disable Volume Shadow Copy” ဆိုတဲ့ Button တွေကိုရွေးချယ်စရာ မလိုပါဘူး။ တစ်နည်းအားဖြင့် ပြောရရင်တော့ Back Up လုပ်ထားတဲ့ Data တွေကို ပြန်စစ်စရာမလိုဘူးပေါ့ဗျာ။

Batch Files

အရေးကြီး File တွေ၊ Data တွေကို Back Up လုပ်နေတဲ့အခါမှာ Control လုပ်ပေးဖို့အတွက် ခွင့်ပြုထားတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အသုံးဝင်တဲ့ Batch File တစ်ခုကို ပြုလုပ်ချင်တယ်ဆိုရင်တော့ Start ထဲက Program ၊Program ထဲက Accessories နဲ့ Accessories ထဲက Notepad ဆိုပြီး အဆင့်ဆင့် ရွေးချယ်သွားပါ။ ပြီးရင်တော့ File ကိုသိမ်းတဲ့အခါမှာ “.bat” file ဆိုပြီး သိမ်းပေးပါ။ 
ဒီလောက်ဆိုရင် ရပါပြီ။ အဲ ပြီးတော့ Batch File ထဲမှာ Xcopy ကိုအသုံးပြုပြီး Harddrive တို့၊ Flash Drive တို့လို Location တွေရဲ့ တိကျတဲ့ Directories တွေကို Copy လုပ်နိုင်ပါသေးတယ်။ အကယ်၍ သင့်မှာ ပြည့်စုံကောင်းမွန်တဲ့ Batch File ရှိနေပြီဆိုရင်တော့ ControlPanel>Performance & Maintenence>Scheduled Tasks ဆိုပြီး အဆင့်ဆင့် လမ်းကြောင်းရွေးပြီး အစီအစဉ်ကျတော့အလုပ်တွေကို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
Source: MY DATA Game & Software CD/DVD

Monday, November 11, 2013

Network ပေါ်ကနေ Window တင်နည်းစာအုပ် (မြန်မာလို)


Network ပေါ်ကနေ Window တင်နည်းစာအုပ် (မြန်မာလို) တင်ပေးလိုက်ပါတယ်။ လန်းတယ်နော်...ကြိုက်ရင်ယူထားကြပါနော်။ လေ့လာလိုသူများ အောက်မှာယူသွားပါခင်ဗျာ။ အဆင်ပြေပါစေ....

ကျွန်တော်တင်သမျှပို့စ်များအား Facebook ပေါ်ကနေဖတ်ချင်လျှင်
ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ......