ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label Myanmar Font. Show all posts
Showing posts with label Myanmar Font. Show all posts
Tuesday, October 8, 2019
Unicode to Zawgyi (or) Zawgyi to Unicode Converter
<Zawgyi>
1. Text Converter
2. Filename Converter
3. MP3 Tag Converter
<Unicode>
ကွန်ပြူတာအတွက်ကတော့ Text Converter တင် မကဘဲ စုစုပေါင်း သုံးမျိုးပေါင်းပေးထားပါတယ်။
1. Text Converter
2. Filename Converter
3. MP3 Tag Converter
၁။ အတွက်ကတော့ ပြောဖို့ မလိုလောက်တော့ပါဘူး။ APK နဲ့ ခပ်ဆင်ဆင်ပါပဲ။ မပါတာဆိုလို့ Image ဖိုင် ပြောင်းတာပါပဲ။
၂။ Folder လိုက် ရွေးပြီး Folder ထဲမှာ ပါသမျှ file တွေကော folder တွေကော Zawgyi ကနေ Unicode အဖြစ် အကုန် ပြောင်းခိုင်းလို့ ရပါတယ်။ Auto detect ကို On ထားရင် ဇော်ဂျီလို့ ယူဆရတဲ့ ဖိုင်တွေပဲ ပြောင်းပါလိမ့်မယ်။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန် ပြောင်းပေးနိုင်တာမို့ အဆင့် ဘယ်နှဆင့် ဆင်းမလဲ ဆိုပြီး Level ရွေးပေးလို့ ရပါတယ်။ Level 2 ရွေးထားရင် လက်ရှိ ရွေးထားတဲ့ folder ရယ်။ သူ့အထဲက folder နဲ့ file တွေကိုပဲ ပြောင်းပေးပြီး အတွင်းထဲက folder ထဲကို ဆက်မဝင်တော့ပါဘူး။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန်ပြောင်းချင်ရင်တော့ Level 0 ရွေးပေးပါ။ နောက်ဆုံး ပြောင်းထားတဲ့ ဖိုင်မှန်သမျှကို Undo Redo လုပ်ခွင့် ပေးထားပါတယ်။
၃။ MP3er ကတော့ MP3 ထဲမှာ ထည့်ထားတဲ့ tag တွေကို ZG to Uni ပြောင်းပေးဖို့ပါ။ Add folder နဲ့ ကိုယ့်ရဲ့ Music folder ကို ထည့်လိုက်ရင် ရှိသမျှ သီချင်းတွေ စာရင်းလုပ်ပြပါ့မယ်။ Mouse နဲ့ စိတ်ကြိုက်ရွေးပြီး Convert လုပ်ရုံပါပဲ။ တစ်ပုဒ်ချင်းစီကိုလည်း ကလစ်နှိပ်ပြီး Tag တွေ ဝင်ပြင်လို့ ရပါသေးတယ်။ သတိထားမိတဲ့ အားနည်းချက်ကတော့ ဒီ Program နဲ့ ပြင်ထားတဲ့ MP3 ဖိုင်တွေကို Window Media Player နဲ့ ဖွင့်ရင် Tag တွေ မပေါ်တော့ပါဘူး။ တခြား Player နဲ့ဆိုရင် အဆင်ပြေပါတယ်။
ဒီ Program တွေက Java နဲ့ ရေးထားတာမို့ နည်းနည်းလေး နှေးပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ Java ထည့်မထားရင်လည်း အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နှစ်ဖိုင် တင်ပေးထားတာမှာ ပထမဖိုင်က Java ရှိမရှိ မသိတဲ့ သူတွေအတွက်ပါ။ ကိုယ့်စက်ထဲမှာ jre1.8+ ရှိမှန်း သိတဲ့သူကတော့ ဒုတိယဖိုင်ကို ဒေါင်းပါ။ Theory အရတော့ Java နဲ့ ရေးတာ ဖြစ်တဲ့အတွက် Mac ရော Linux မှာပါ သုံးလို့ ရရမှာပါ။ Windows သမား မဟုတ်တဲ့သူတွေက ဒုတိယဖိုင် (jar) ကို ဒေါင်းပြီး စမ်းကြည့်ပေးကြပါဦး။
PK_Converter (no Java)........
PK_Converter (jar)..........
Rabbit Zawgyi Unicode_v1.3.1
<Zawgyi>
<Unicode>
ဖုန်းအထဲမှာ Unicode ကနေ Zawgyi (သို့မဟုတ်) Zawgyi ကနေ Unicode ကိုအလိုအလျောက်ဘာသာပြန်ပေးမယ့်ဆော့ဝဲလ်လေးပါ၊
uniContact Converter_v1
<Zawgyi>
<Unicode>
ဖုန်းစာအုပ်အထဲမှာရှိတဲ့မှတ်ထားတဲ့အမည်တွေကို Unicode ကနေ Zawgyi (သို့မဟုတ်) Zawgyi ကနေ Unicode ကိုအလိုအလျောက်ပြောင်းပေးမယ့်ဆော့ဝဲလ်လေးပါ...
Saturday, November 9, 2013
Myanmar Fonts (400 in 1) နှင့် Foxit Reader Lasted Version 606.07
ဖိတ်စာကဒ်တွေ လိပ်စာကဒ်တွေမှာ အလှဆုံးဖောင့်လေးတွေ အမျိုးပေါင်း 400 ကျော်စုစည်းပြီးတင်ပေး
ထားပါတယ်။နေရာစုံမှာ အသုံးတည့်တဲ့ ဖောင့်တွေလို ဆိုရပါမယ်။ မဂ္ဂဇင်းစာအုပ်တွေ၊ ဂျာနယ်တွေမှာလည်း တော်တော် သုံးစွဲနေကြပါတယ်။
လူတိုင်းရဲ့ ကွန်ပျူတာတိုင်းမှာ ရှိသင့်သလို ကွန်ပျူတာတိုင်းမှာလည်း ရှိနေကြမှာပါ။
နောက်ထပ်တစ်ခု  Foxit Reader ပါ PDF ဖိုင်တွေကိုအကောင်းဆုံးဖတ်နိုင် ၊ ပြင်နိုင် ၊ ဒီဇိုင်းအမျိုးမျိုး
တွေပြန်လည်ရေးဆွဲပြင်နိုင်ဖို့အတွက် သူကလည်းမရှိမဖြစ်ပါပဲ။
လိုအပ်မယ်ဆိုရင်တော့ အောက်မှာဒေါင်းလိုက်ပါ.....
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Download Here !
or
Here !
Sunday, August 11, 2013
Myanmar Fonts အလှများ စုစည်းမှု
မြန်မာဖောင့်ဒီဇိုင်း မျိုးစုံကို ကျွန်တော်တင်ပေးလိုက်ပါတယ်ခင်ဗျာ
အဆင်ပြေရင်တော့အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
Burmese Fonts Download
Zawgyi Font and Keyboard Installation
Sunday, June 30, 2013
Myanmar Unicode - Myanmar 3 Font and Keyboard
အရင်က Myanmar Unicode - Myanmar 1, Myanmar 2 နဲ့ Myanmar 3 တွေကို အစိုးရဌာနတွေမှာသာ အသုံးပြုခဲ့ပါတယ်.. Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာပြီးတဲ့နောက် Google က မြန်မာ Unicode ကို အသုံးပြုလာခဲ့ပါတယ်. အစိုးရဌာနတွေရဲ့ Web Page တွေအားလုံးမှာလည်း Myanmar 3 Unicode ကိုပဲသုံးပါတယ်.. နောက် အစိုးရဌာနတွေရဲ့ ရုံးသုံးစာတွေအားလုံးကို Myanmar 3 ပဲ အသုံးပြုနေတာဖြစ်တဲ့အတွက် DTP သမားတွေ၊ စာစီစာရိုက်လုပ်ငန်းနဲ့ စီးပွားရေးလုပ်နေသူတွေ၊ အစိုးရဝန်ထမ်းတွေ ဟာ Myanmar 3 ကို သုံးလာရပါပြီ.. ဒါကြောင့် Myanmar 3 Font နဲ့ Keyboard မရှိသေးသူများအတွက် သီးသန့်တင်ပေးလိုက်ပါတယ်.. ဒီထဲမှာတော့ Font နဲ့ ကီးဘုတ်. .Net Frame လောက်ပဲထည့်ပေးထားတာပါ.. Myanmar 3 ခွေမှာပါတဲ့ဖိုင်အားလုံးကို ထည့်မထားပါဘူး.. အဲဒါအားလုံးဆို MB 300 ကျော်နေတာရယ်. သိပ်လည်း အသုံးမတည့်တာရယ်ကြောင့် ဖြုတ်ထားခဲ့ပါတယ်.. ကျွန်တော်တင်ပေးတာလောက်နဲ့ဆို အဆင်ပြေပါပြီ..
အဆင်ပြေပါစေ
မောင်ပေါက်
Saturday, December 8, 2012
ESE Myanmar Fonts Collection Installation Software
နေပြည်တော် ပျဉ်းမနား ESE Computer Centre က ထုတ်လုပ်တဲ့ Myanmar Fonts Collection Installation Software ဖြစ်ပါတယ်။ Software တွေကို Install လုပ်သလို Next နှိပ်သွားရုံနဲ့ ကွန်ပျူတာအတွက်လိုအပ် တဲ့ Fonts တွေကို Fonts Folder ထဲမှာ Install လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အသုံးလိုတဲ့ သူများသုံးနိုင်အောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်.. Download ယူနိုင်ပါပြီ။
Thursday, September 22, 2011
Gold Design Fonts Collection
ကျွန်တော်အခု ရွှေရောင်စာလုံးလေးတွေ တင်ပေးလိုက်ပါတယ်။Fonts အားလုံးပေါင်း 8000 ကျော်ရှိပါတယ်။
Designer တွေအတွက်ရော လိုချင်တဲ့သူတွေပါယူလို့ရအောင်တင်ပေးလိုက်ပါတယ်။ File format ကတော့
OTF နဲ့ TTF ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းလေးများသွားပါတယ်။ 313 MB ရှိပါတယ်။
အောက်မှာကျွန်တော် သုံးပိုင်းခွဲပြီး တင်ပေးထားပါတယ်။ 
ဒေါင်းရန်...
Tuesday, August 9, 2011
ဖုန်းတွင်းအသုံးပြု၇န် မြန်မာစာဖောင့်
 မြန်မာစာ ဖုန်းတွင်းသုံး၇န်အတွက်ပါ တ၇ုတ် ဖုန်းများ အိုင်ဖုန်း (i phones) များတွင်ထည့်သွင်း အသုံးပြု၍ ရမည်မဟုတ်ပါ  Sony ဖုန်းများနှင့် Nokia ဖုန်းများတွင်ကောင်းကောင်း အသုံးပြု၍ရပါသည် Sony ကတော့အကောင်းဆုံးပေါ့ ...
ဒေါင်းရန်... တကူ သားလေး
Sunday, April 3, 2011
IE Zawgyi Unicode
IE Zawgyi code သည်လွယ်ကူစွာ install လုပ်နိုင်ပါသည်...
အသုံးပြုကြည့်ပါအောက်က လင့်မှာ ဒေါင်းလို့ရပါတယ်ခင်ဗျား ....
Friday, April 1, 2011
မြန်မာfont Desing မျိုးစုံ
နေရာစုံမှာ အသုံးတည့်တဲ့ ဖောင့်တွေလို့ ဆိုရပါမယ်။ မဂ္ဂဇင်းစာအုပ်တွေ၊ ဂျာနယ်တွေမှာလည်း တော်တော် သုံးစွဲနေကြပါတယ်။ လူတိုင်းရဲ့ ကွန်ပျူတာတိုင်းမှာ ရှိသင့်သလို ကွန်ပျူတာတိုင်းမှာလည်း ရှိနေကြမှာပါ။ လိုရာမယ်ရ ဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတို့ လိုချင်ရင် Download ယူလိုက်ပါနော်...