ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label English Movies များ. Show all posts
Showing posts with label English Movies များ. Show all posts

Thursday, November 24, 2016

Batman v Superman: Dawn of Justice (2016) မြန်မာစာတမ်းထိုး




ဒီ Batman Vs Superman ဇာတ်ကားထဲမှာ Batman က အဓိကကျတဲ့အခန်းကပါနေတာမို့လို့ Batman ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားထဲမှာ Ben Affleck သရုပ်ဆောင်ထားတဲ့ Batman ရဲ့ အကြမ်းစားဝတ်စုံတွေနဲ့ တိုက်ခိုက်ပုံတွေက ပရိတ်သတ်ကို ကျေနပ်အားရစေမှာသေချာပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ Ben Affleck ရဲ့ Batman ကိုကြည့်ပြီးတာနဲ့ ပရိတ်သတ်တွေအနေနဲ့ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေမှာဖြစ်ပြီး Batman Solo Film ကိုတောင် Ben Affleck နဲ့ထပ်ကြည့်ချင်ကြမှာကြိမ်းသေတယ်လို့ ဆိုပါတယ်။
--- Wonder Woman ---
Wonder Woman အဖြစ် Gal Gadot သရုပ်ဆောင်မယ်ဆိုတာကြေညာလိုက်တုန်းက ပရိသတ်တွေအနေနဲ့ သူမနဲ့ Wonder Woman နဲ့က ဘယ်လိုမှမလိုက်ဖက်ဘူးလို့ ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်။ အဓိကကတော့ သူမရဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်နဲ့ Wonder Woman သရုပ်ဆောင်ဖို့အတွက် ဆွဲဆောင်မှုမရှိဘူးလို့ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲမှာ သူမသရုပ်ဆောင်တဲ့ အခန်းတွေကိုကြည့်လိုက်တာနဲ့ အရင်ကဝေဖန်ခဲ့တဲ့ အသံတွေကို တိတ်သွားစေနိုင်လောက်အောင် ကြည့်ရှုသူကိုဆွဲဆောင်စေနိုင်တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲက Batman ဟာ Ben Affleck အတွက်ဖန်တီးထားသလားလို့တောင် ထင်မှတ်ရသလို Wonder Woman ဟာလဲ Gal Gadot အတွက်ဖန်တီးထားတယ်လို့ ထင်ရလောက်အောင်ကို လိုက်ဖက်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ 2017 မှာပြမဲ့ Wonder Woman Movie ကိုကိုကြည့်ဖို့ စောင့်မှာသေချာပါတယ်။
--- DCEU Setup ---
Batman Vs Superman : Dawn Of Justice ဟာ Batman နဲ့ Superman တို့ Fight ကြတဲ့ဇာတ်ကားတင်မဟုတ်ပဲနဲ့ နောက်ထပ်လာမဲ့ DCEU (DC Extended Universe) အတွက် Foundation ချထားပြီး တံခါးဖွင့်ထားတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Easter Eggs တော်တော်များများနဲ့ နောက်ထပ်လာမဲ့ Justice League အတွက်ပါ ဇာတ်လမ်းခင်းထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကိုကြည့်လိုက်ရင်တော့ 2017 မှာလာမဲ့ Justice League Part 1 အတွက် အစပျိုးပြီးသားဖြစ်သွားမှာသေချာတယ်လို့ဆိုပါတယ်။
--- Beautiful Soundtrack ---
ဇာတ်ကားဘယ်လောက်ကောင်းကောင်း Soundtrack မကောင်းရင်ကြည့်ရတာ ရသမပြည့်ဝပါဘူး။ ဒီဇာတ်ကားထဲမှာတော့ Epic Scene တွေကို သူတို့နဲ့လိုက်ဖက်အောင် ခပ်ကြမ်းကြမ်းအလန်းစား Soundtrack တွေသုံးထားတာကြောင့် ကြည့်ရတာ အင်မတန်ရသပြည့်ဝတယ်လို့ဆိုပါတယ်။ တီးလုံးတွေဖန်တီးထားတဲ့ အနုပညာရှင်တွေကတော့ Hans Zimmer နဲ့ Junkie XL တို့ဖြစ်တာကြောင့် တကယ့်ဒိတ်ဒိတ်ကြဲ အသံဖန်တီးရှင်တွေရဲ့ Soundtrack တွေကိုခံစားနားဆင်နိုင်ဦးမှာဖြစ်ပါတယ်။ သူတို့ပြောတာကတော့ The Dark Knight Trilogy ထဲက Soundtrack တွေကို သဘောကျတယ်ဆိုရင် Batman Vs Superman ထဲမှာပါမဲ့ Soundtrack တွေကိုလဲ သဘောကျနှစ်ခြိုက်မှာသေချာပါတယ်လို့ဆိုထားပါတယ်။
--- Batman Vs Superman ---
ကျွန်တော်တို့ စောင့်မျှော်ခဲ့တဲ့ Batman နဲ့ Superman တို့ရဲ့အကြမ်းစား Fight ကြတဲ့ အခန်းတွေကလဲ ပရိတ်သတ်တွေကိုပါးစပ်အဟောင်းသားနဲ့ နှစ်ခြိုက်စေမှာဖြစ်ပါတယ်။ Trailer ထဲမှာပါတဲ့ Batman နဲ့ Superman တို့ ဖိုက်ကြတယ်ဆိုတာ တကယ့်ဇာတ်လမ်းထဲမှာ ဖိုက်တဲ့ အခန်းနဲ့ ယှဉ်လိုက်ရင်ဘာမှမပြောပလောက်ပါဘူးလို့ဆိုပါတယ်။ ဒီဇာတ်ကားကိုသွားကြည့်တဲ့အခါကြရင် ကျွန်တော့်ရဲ့ ဆိုလိုရင်းကို သဘောပေါက်မှာပါ။ Batman နဲ့ Superman တို့ Fight တဲ့အခန်းကြရင် မျက်တောင် တောင်မခတ်မိပါစေနဲ့။ မျက်တောင်ခတ်မိလိုက်ရင် ကောင်းခန်းတွေလွတ်သွားမှာစိုးလို့ လို့ဆိုပါတယ်။ ဒီဇာတ်ကားကိုစောင့်မျှော်နေကြတာလဲ အဲ့ဒီအခန်းကို အဓိကကြည့်ချင်ကြလို့မဟုတ်လား။

ဘယ်သူတွေဘာပဲပြောပြော ၊ Rating တွေဘယ်လောက်နည်းနည်းပါ။ ဒီလိုဇာတ်ကားမျိုးကတော့ သွားကြည့်သင့်တာအသေချာပါပဲ။ Budget $250 million အထိအသုံးပြုထားတဲ့ Batman Vs Superman ဇာတ်ကားဟာ ယခုအခါမှာ နိုင်ငံတကာ Box Office စာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး စုစုပေါင်းဝင်ငွေ $420 million အထိရရှိနေပြီဖြစ်ပါတယ်။
‌Credit Datshin flim2mm

ယခုအချိန်အထိရလဒ်ကောင်းတွေရရှိထားတဲ့ Batman Vs Superman : Dawn Of Justice ဟာ IMDB 7.1 အထိရရှိထားပြီး ပြသချိန် 2h:31mins ကြာမြင့်ပါတယ်။
Flim2mm ရဲ့ admin R!B ကဘာသာပြန်ပေးထားပါတယ်။ အောက်ကလခ့်မှာ 974 MB နဲ့ ဒေါင်းလုပ်ဆွဲနိုင်ပါပြီ။


Credit  Movies4mm


Download From Here 


Gods of Egypt (2016) မြန်မာစာတန်းထိုး


God of Egypt က Box Office မှာလည်း Deadpool ဇာတ်ကားရဲ့နောက်နံပါတ်နှစ်နေရာမှာ ရပ်တည်နေ တာပါ။ ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်တွေကတော့ Nikolaj Costerx Waldau, Brenton Thwatesc Chadwick Boseman, Elodie Yung, Courtney Eaton, Rufus Sewell, Gerard Butler နှင့် Geoffrey Rush တို့ ဖြစ်ပါတယ်။ ရှေးဟောင်းအီဂျစ်နတ်ဘုရားတွေရဲ့အကြောင်းကို ရုပ်ရှင်အထူးပြုလုပ်ချက်တွေဝေဝေဆာဆာနှင့် ပရိသတ် ကြီးအကြိုက်တွေ့ဦးမည့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ . . . .
နတ်ဘုရားတွေနှင့်လူတွေဟာ အတူရောနှောနေထိုင်လျက်ရှိကြပြီး သူတို့ ဟာ မြင့်မားသည့်အရပ်အမောင်း၊ ရွှေရောင် သွေးနှင့်တိရိစ္ဆာန်ပုံပြောင်းနိုင်သည့် အရည်အချင်းတွေရှိပါတယ်။ ဒီငြိမ်းချမ်းနေသည့်ကာလမှာ Osiris ဘုရင်ကြီးကသူရဲ့ သားံHorus ကိုနန်းမွေပေးပါတယ်။ ဒါပေမယ့် ဘိသိတ်ပွဲအခန်းအနားမှာ Osiris ကိုမနာလိုဖြစ်နေသည့်သူ့ရဲ့ညီ Set ကသတ်ကာ ထီးနန်းကိုလုပါတယ်။ သူအုပ်စိုးစဉ်ကာလမှာ သေဆုံးသွားသူတွေဟာ နောက်ဘဝကိုကူးဖို့အတွက် တန်ဖိုးကြီးကြီးပေးရမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ ဒီလိုနှင့် Set ကို Horus ကစိန်ခေါ်တိုက်ခိုက်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့ကာ Set က Horus ကိုသတ်ဖို့လုပ်ခဲ့ပေမယ့် Horus ရဲ့ချစ်သူ Hathor ကတောင်းပန်တာကြောင့် Horus ရဲ့စွမ်းအားတွေရဲ့အရင်းအမြစ်ဖြစ်သည့် မျက်လုံးနှစ်လုံးကိုဖောက်ထုတ်ကာသဲကန္တာရထဲသို့ မောင်းထုတ်ထားလိုက် ပါတယ်။သူတို့နှစ်ဦးတိုက်ခိုက်နေစဉ်မှာ သာမန်လူသားလယ်သမားတစ်ဦးဖြစ်သည့် Bek နှင့် သူ့ ရဲ့ ချစ်သူ Zaya တို့ဟာလည်း လူချင်းကွဲသွားခဲ့ရပါတော့တယ်။ တစ်နှစ်လောက်ကြာပြီးနောက်မှာတော့ Set က Hathor ကိုလက်ထပ် ထားခဲ့ပြီး သူ့ ရဲ့ အဖေ နေနတ်ဘုရား Ra အတွက်အထိမ်းအမှတ်ကျောက်တိုင်ကြီး တည်ဆောက်နေခဲ့တာပါ။ Bek က သူရဲ့ ချစ်သူ Zaya ကိုဒီဆောက်လုပ်ရေး အလုပ်သမတစ်ဦးအဖြစ်တွေ့ရှိခဲ့ကာ Set ကိုပြန်လည်နှိမ်နှင်းနိုင်ဖို Horus တစ်ယောက်တည်းကသာစွမ်းဆောင်နိုင်လိမ့်မည်ဟုယုံ ကြည်တာကြောင့် Horus ရဲ့မျက်လုံးကို ပြန်လည်ခိုးယူခဲ့ပါ တယ်။မျက်လုံးခိုးယူပြီးနောက် Bek နှင့် Zaya တို့ ပြန်လည်ထွက်ပြေးခဲ့ရာမှာ Zaya တစ်ယောက်ဒဏ်ရာအကြီး အကျယ်ရကာသေဆုံးသွားရပါတော့တယ်။ Bek ဟာ Horus ရှိသည့် နေရာသို့  သွားကာ Horus ရဲ့  မျက်လုံးကို ပြန်ပေးမည်ဖြစ်ကြောင်းနှင့် အလဲအလှယ်အနေနှင့်သူ့ရဲ့ ချစ်သူ Zaya ကိုပြန်လည်အသက်ရှင် အောင်လုပ်ပေးရမည် လို့ဆိုရာမှာတော့ . . .

ရုပ်ရှင်အညွှန်း-Find Myanmar.com

IMDB 5.6 ရရှိထားပြီး 2h:7mins ကြာပါတယ်။

935 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။

Credit -www.flim2mm.com

Download From Here 


The Legend of Tarzan.(2016) မြန်မာစာတန်းထိုး

ပရိတ်သက်တွေအတွက် 2016 ဇာတ်ကား အသစ်စက်စက်

တစ်ကားကို မြန်မာစာတန်းထိုးဖြင့် တင်ပေးလိုက်ပါပီ...ဒီကားကတော့

ယောမ အက်ရှင်ဇာတ်ကြမ်းတစ်ကားပါ ကြည့်တဲ့သူတိုင်ကို

ဆွဲဆောင်မှူအပြည့်ရှိစေမှာပါ...

အောက်ကလင့်ခ်မှာ ပုံမှန်အတိုင်း တင်ပေးထားပါသည်။

ကွာလတီ ကတော့ လက်ရှိ DVD ပဲထွက်ရှိပါသေးသည်။

ရုပ်သံ လုံးဝ ကြည်ကြောင် အာမခံပါသည်။
Ref: Danuphyu Thar Channel

  Download From Here
 လင်းစွယ်စုံ(နည်းပညာမျှဝေခြင်း)
http://www.linmss.org/
အဆင်ပြေကြပါစေ။