ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label 8 Repair Disc. Show all posts
Showing posts with label 8 Repair Disc. Show all posts

Monday, October 14, 2013

Window ကိုအသစ်အရင်အတိုင်းပြန်ဖြစ်အောင်လုပ်ဆောင်ပေးမယ့် Windows.Repair ( for PC )



အကြောင်းအမျိုးမျိုးကြောင့် Window ကျသွားလို့ စိတ်ညစ်နေတဲ့မိတ်ဆွေများအတွက်

Windows.Repair Update လေးပါ Windows Repair ဆိုတဲ့အတိုင်း Error တော်တော်များများ ရှင်းလင်းပေးတဲ့ဆောစ့်ဝဲလ်လေးပါ တကယ်အသုံးဝင်မယ့်ဆော့ဖ်ဝဲလေးနော်..
Window ကိုအသစ်နီးပါးအတိုင်းပြန်ဖြစ်အောင်လုပ်ဆောင်ပေးနိုင်တယ်လို့
ဆိုထားပါတယ်..ကဲ.လိုချင်ရင်တော့အောက်မှာဒေါင်းယူလိုက်ပါဗျာ..






အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Wednesday, April 24, 2013

Windows 7,8 Repair Disc ဖြင့် Windows ပြန်မတက်တဲ့ ပြဿနာများကိုရှင်းမယ်



ဒီကောင်လေးက ဝင်းဒိုး Boot ပြန်မတက်တာ Blue Screen Error တက်နေတာ ဝင်းဒိုး Restart ခဏခဏကျတာတွေအတွက်ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ကျွန်တော်ဖြစ်တဲ့ပြဿနာလေးကို ပြောပြချင်ပါတယ်။
     ကျွန်တော်လက်တော့တစ်လုံးကို အခြားနိုင်ငံတစ်ခုကနေမှာလိုက်ပါတယ်။Dell Inspiron 2nd generation Intel Core i7 အမျိုးအစားပါ။ Genuine Win7 Home Premium 64 Bit Service Pack1 နှင့်ပါ။ရောက်လာတော့
Partation တစ်ခုတည်းဖြစ်နေလို့  ထုံးစံအတိုင်း MyComputer > Manage ကနေ၀င်ပြီးတော့ Partation တွေခွဲပါတယ်။အရင်လည်းလုပ်နေကျပါ။ပြီး Restart ချလိုက်တဲ့အခါမှာတော့ Windows ပြန်တက်မလာတော့ဘဲနဲ့ 
BOOTMGR  is missing စာကြောင်းရယ် Press  Ctrl+Alt+Del to restart ဆိုတဲ့စာကြောင်းနဲ့  Screen မဲမဲကြီးကပေါ်လာပါတယ်။သူပြောသလို Restart လုပ်တာလည်းမရပါဘူး။တော်တော်စိတ်ညစ်သွားတာပါ။ကိုယ့်မှာရှိတဲ့ ဝင်းဒိုးနဲ့ ပြန်တင်ရင် ရပေမဲ့ သူ့ စက်ထဲမှာထည့်ပေးလိုက်တဲ့ Software လေးတွေကို သဘောကျနေလို့ ဝင်းဒိုးအသစ်လည်းပြန်မတင်ချင်တာနဲ့  အခြားစက်တစ်လုံးနဲ့ ဂူဂဲလ်ထဲမှာရိုက်ရှာပြီး အလားတူပြဿနာမျိုးတွေဖြေရှင်းထားတဲ့ ဗီဒီယိုဖိုင်တွေကို Youtube မှာကြည့်တော့ဒီ Windows 7 Repair Disc ဆိုတာလေးနဲ့ ဖြေရှင်းတာကိုတွေ့တာနဲ့  ဂူဂဲလ်မှာဘဲရှာဖွေဒေါင်းယူကာ CD အဖြစ် ရရှိလာတဲ့ ISO ဖိုင်လေးကို Burn ယူလိုက်ပါတယ်။ပြီးတော့ ပြဿနာဖြစ်နေတဲ့စက်ကို FirstBoot မှာ CD/DVD ပြောင်းလည်းပေးပြီး Repair CD ချပ်ကိုစက်ထဲထည့်ကာ Restart ချလိုက်ပါတယ်။ပြန်တက်အလာမှာ“Press any key to boot from CD or DVD”- ဆိုတော့ ကီးတစ်ခုခုနှိပ်ပေးလိုက်ပါတယ် ဝင်းဒိုတင်သလိုပါဘဲ Language တွေဘာတွေရွေးပေးပြီး Repair your Computer ကိုရွေးပေးကာ Next နဲ့ သွားပါတယ်။နောက်တစ်ခါ System Recovery Option မှာလည်း Next ဘဲဆက်ပေးလိုက်ပါတယ်။သူ့ လုပ်ငန်းစဉ်များပြီးသွားတာနဲ့ Finish ပေးလိုက်ယုံပါဘဲ။ Windows ကအရင်အကောင်းအတိုင်းပြန်တက်လာပါတော့တယ်။

     ကဲ ကျွန်တော်လိုပြဿနာကြုံသူများ မသိရှိသေးသူများ ဆောင်ထားလိုသူများအတွက် ဒီကောင်လေးကိုပြန်လည်ဝေငှလိုက်တာပါ။32 Bit အတွက်ကော 64 Bit အတွက်ကောတင်ပေးထားပါတယ်။အားလုံးအဆင်ပြေနိုင်
ကြပါစေ။ Windows 7 အမျိုးအစားအားလုံးကို Repair လုပ်ပေးနိုင်သလို Window 8 အတွက်ပါ တင်ပေးထားပါတယ် ။150 MB သာသာပမာဏရှိပါတယ်။
Credit to : http://soeeom.blogspot.com/
Click Here to Download