သင်္ကြန် အတက်နေ့က သင်္ကြန် နောက်ဆုံးနေ့လည်း ဖြစ်တာမို့ ရွှေရင်အေးလေးကို နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ လုပ်စားနိုင်အောင် တင်လိုက်ပါတယ်၊ စားသုံးသွားကြပါအုန်းနော်….
ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်
ကျောက်ကျောတွင် ပါဝင်သော ပစ္စည်းများ
၁။ ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး)
၂။ သကြား – ၂၅ကျပ်သား
၃။ အုန်းနို့(Coconut Cream) – ဘူးကြီး တ၀က်
ကျောက်ကျော ပြုလုပ်နည်း
၁။ ဒယ်အိုး အကြီး တစ်အိုးထဲသို့ ရေသန့်ဘူး တစ်ဘူး မျှ ရေများကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။
၂။ ပြီးမှ သကြား အားလုံးကို ဒယ်အိုးထဲထည့်ပြီး ပျောအောင် တည်ထားပါ။
၃။ ထို့နောက် ကျောက်ကျော ထုပ်ကို ရေအနည်းငယ် ရောမွှေပြီး ဒယ်အိုးထဲထည့်၍ ညောင်းစေးသည်အထိ မကြာမကြာရောမွှေပေးပါ။
၎။ ညောင်းစေးလာလျှင် အုန်းနို့များကို ထည့်ပြီး ရောမွှေလိုက်ပါ။
၅။ ပြီးလျှင် ကျောက်ကျောရည်များကို ဗန်းထဲသို့ လောင်းချပြီး အအေးခံထားပေးပါ။
မှတ်ချက်။ ။ ကျောက်ကျော ၂ထပ်လုပ်ချင်ပါက အုန်းနို့အထည့်ခင် ကျောက်ကျောရည် တ၀က်ကို ဗန်းထဲ အရင် လောင်းချလိုက်ပါ။ ပြီးမှ အုန်းနို့ထည့်ပြီး ကျန်ကျောက်ကျောရည် တ၀က်နဲ့ရောမွှေ၍ အပေါ်မှ ထပ်လောင်းချပေးလိုက်ရင် ရပါပြီး။
ရွှေရင်အေး တွင်ပါဝင်သောပစ္စည်းများ
၁။ မျော့ချောင်း – ၅ထုပ်
၂။ သာကူစေ့ (လုံးသေး) – ၁ထုပ်
၃။ ကောက်ညှင်းပေါင်း – ၁ထုပ်
၎။ ကျောက်ကျော
၅။ အုန်းနို့ရည် – နို့ဆီဘူး ၁ဘူး (သို့) အုန်းနို့ (Coconut Cream) – ဘူးသေးတ၀က်
၆။ သကြား – ၃၀ကျပ်သား
ရွေရင်အေး ပြုလုပ်နည်း
၁။ သကြားများကို ဒယ်ထဲ ရေအနည်းငယ်ထည့်ပြီး သကြား အရည်ပျော်သည်အထိ ကျိုပေးပါ။
၂။ အရင်ဆုံး မျော့ချောင်း များကို အိုးတစ်ခုထဲထည့်ပြီး ရေစိပ်ထားပေးပါ။
၃။ သာကူစေ့များကိုလည်း မကျိုခင် ရေစိပ်ထားပေးပြီး ဇကာပြန် ရေပြန်စစ်ထားပေးပါ။
၎။ ပြီးလျှင် သာကူ နှင့် မျော့ချောင်းများ ကျိုရန်အတွက် ဒယ်အိုးကြီးကြီး ၂အိုးထဲ ရေများများထည့်ပြီး မီးပြင်းပြင်းဖြင့် ရေဆူအောင် အထိတည်ထားပေးပါ။
၅။ ဒယ်အိုး တစ်အိုးထဲသို့ ရေပွက်ပွက်ဆူလာလျှင် မျော့ချောင်းများထည့်ပြီး ၈မိနစ်ခန့် မျော့ချောင်းများ ကျက်သည်အထိ မွှေပေးပါ။ ကျက်သွားလျှင် ဇကာဖြင့် ပြန်ဆယ်ထားပါ။
၆။ ဒယ်အိုး ၁အိုးထဲသို့ ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး ၄မိနစ်ခန့် အဆက်မပြတ်မွှေပေးပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။ ကျက်သွားလျှင် ဇကာဖြင့် ပြန်ဆယ်ထားပါ။
၇။ ပြီးနောက် ဒယ်အိုး ကြီး တစ်အိုးထဲ ဆယ်ထားသော မျှော့ချောင်းများ၊ သာကူစေ့များ၊ သကြားရည်၊ အုန်းနို့ရည် အားလုံးကို ရောထည့်မွှေလိုက်ပါ။
၈။ ရွှေရင်အေး စားရန် ပန်းကန်ထဲသို့ ရွှေရင်အေးနှင့် ကြိုက်နှစ်သက်ရာ
ပါမုန့်၊ ကောက်ညှင်းပေါင်း၊ ကျောက်ကျော ထည့်ပြီး စားသုံးနိုင်ပါပြီး….
PDF ဖြစ် ဒေါင်းရန်
No comments:
Post a Comment