ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, April 28, 2013

IDM နဲ့ ဒေါင်းလို့မရတဲ့ပြဿနာနဲ့ IDM ကိုအပြည့်အစုံဖြုတ်နည်း

sinner: ကျွန်တော့်စက်မှာ IDM တင်ထားတာ အခု သက်တမ်းကုန်သွားပြီ ဆိုပြီးပြောနေပါတယ် ဒါနဲ့ uninstall လုပ်ပြီးတော့ IDM အသစ်ပြန်တင်တာ ကိုလဲ လိုင်စင်ကုန်နေတယ်ပဲပြောနေပါတယ် ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာ ကူညီပါဦး



IDM ကိုဖြုတ်ပစ်ပြီး ပြန်တင်ရပါမယ်.. IDM ကိုဖြုတ်ရင် အပြီးအပြည့်အစုံဖြုတ်ဖို့လိုပါတယ်..
ကဲ IDM ကို ဖြုတ်နည်းအရင်ကြည့်ရအောင်..

1.ကွန်ပျူတာရဲ့ ညာဘက်အောက်ထောင့်က Tray ထဲမှာ IDM icon ကို ညာကလစ်ထောက်ပြီး exit ကိုနှိပ်ပါ..



2.Ctrl+Alt+Delete (or) Taskbar ကိုညာကလစ်ထောက်ပြီး Task Manager ကိုခေါ်ပါ.. အဲဒီထဲက IDMan.exe ကိုကလစ်တစ်ချက်ထောက်ပြီး End Process ကိုနှိပ်လိုက်ပါ..  



3. Start>Control Panel > Add or Remove Program ကို အဆင့်ဆင့်သွားပြီး Internet Download Manager ကိုရွေးကာ Change/Remove ကိုရွေးပါ.. ထပ်ပေါ်တာတဲ့ဘောက်မှာ Complete Uninstall ကိုရွေးပြီး Next ကိုနှိပ်ကာ အဆင့်အဆင့်ဖြုတ်လိုက်ပါ..


4. ပြီးရင် Browser တွေမှာ လိုက်ဖြုတ်ရပါအုံးမယ်.. Firefox သုံးတယ်ဆိုရင်တော့ အပေါ်က Tools > Add-ons ကိုနှိပ်ပါ.. ပေါ်လာတဲ့ဘောက်မှာ Extensions ကိုတစ်ချက်နှိပ်ပြီး IDM CC ဆိုတာရဲ့ဘေးက Uninstall ကိုနှိပ်ပါ..


5. အောက်မှာပေးထားတဲ့လင့်က ဆော့ဝဲကို ဒေါင်းပြီး စက်မှာ Install လုပ်လိုက်ပါ..
Download SpecialUninstaller

6.ပြီးရင် အဲဒီကောင်ကို Run လိုက်ပါ.. ပေါ်လာတဲ့ဘောက်ထဲမှာ Internet Download Manager ကိုရွေးပြီး ဆော့ဝဲရဲ့ညာဘက်အောက်ထောင့်နားက Run Uninstaller ဆိုတဲ့ ငွေရောင် Button ကိုနှိပ်လိုက်ပါ..

ကျန်တာတော့ မပြောတော့ဘူးဗျာ.. ပုံတွေကို ကြည့်ပြီးလုပ်လိုက်ရင် ရပါပြီ...
 

 ကဲအခုဆိုရင်တော့ IDM ဟာ ကိုယ့်စက်ထဲမှာ အမြစ်တောင်မကျန်တော့ပါဘူး.. ပြီးရင်တော့ CCleaner တို့လို ဆော့ဝဲနဲ့ စက်ကို သန့်ရှင်းရေးလေးဘာလေးလုပ်လိုက်.. ပြီးရင် Restart ချလိုက်.. ပြန်တက်လာတော့ IDM ကို ပြန်ပြီး Install လုပ်လိုက်.. ဒါဆိုရင်တော့ အပြည့်အ၀ အလုပ်လုပ်ပါပြီ.. မိတ်ဆွေအနေနဲ့ ဒါမှ အဆင်မပြေရင်တော့ ကိုယ်ဒေါင်းတဲ့ လင့်ရဲ့ Server ကြောင့်ပဲဖြစ်ပါလိမ့်မယ်..

အဆင်ပြေပါစေ..

No comments:

Post a Comment