ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, April 11, 2013

ပိုက်ဆံနဲ့ဝယ်ရတဲ့ Android ဖုန်းဆော့ဝဲတော်တော်များများကို free သုံးလို့ရအောင်လုပ်နည်း


အရင်တုန်းက ဆိုဒ်မှာ တင်ထားတာတော့ရှိပါတယ်။ အခုတင်ပေးမှာကတော့ version အသစ်ပဲဖြစ်ပါတယ်။
ပိုက်ဆံနဲ့ဝယ်ရတဲ့ Android ဆော့ဝဲတော်တော်များများကို free သုံးလို့ရအောင်လုပ်ပေးနိုင်တဲ့ဆော့ဝဲလေးတစ်ခုအကြောင်းကိုပြောပြမှာပါ။ free သုံးလို့ရအောင်လုပ်ပေးနိုင်ရုံတင်မဟုတ်ပါဘူး ။ တစ်ချို့ဆော့ဝဲတွေမှာ Google Ads လိုကြော်ငြာမျိုးတွေပါ ပါတယ်။အဲဒီလိုကြော်ငြာတွေကိုလည်း အခုပေးတဲ့ Lucky Patcher ဆော့ဝဲလေးသုံးပြီးဖြုတ်ပစ်နိုင်ပါတယ်။
License Verification တွေကိုဖယ်ပစ်နိုင်ခြင်း ၊ advertisement များကိုဖြုတ်ပေးနိုင်ခြင်းတို့ကြောင့် ဒီဆော့ဝဲလေးက ဖုန်းကလိချင်သူတွေ ၊ ဆော့ဝဲတွေကို free သုံးချင်သူတွေအတွက် ရှိထားသင့်တဲ့ဆော့ဝဲလေးပါ။
 ဒီဆော့ဝဲလေးကိုအသုံးပြုဖို့ မိမိဖုန်း/tablet ကို root လုပ်ထားဖို့တော့လိုပါလိမ့်မယ်။ root လုပ်မထားရင်တော့ ဒီဆော့ဝဲကိုအသုံးပြုလို့ရမှာမဟုတ်ပါဘူး။
     Lucky Patcher အားအသုံးပြုနည်း
-Lucky Patcher ဆော့ဝဲထဲသို့ဝင်ပါ။
-မိမိဖုန်း/Tablet တွင်သွင်းထားသော application list ပေါ်လာပါမည်။- License ဖြုတ်လိုသော app ပေါ်တွင် သုံးစက္ကန့်ခန့် long press ဖိထားပါ။ အောက်ပါအတိုင်းပေါ်လာပါမည်။-အထက်ပါပုံအတိုင်း မိမိပြုလုပ်လိုသော Custom Patch/ Remove License / Remove Ads စသည်ကိုရွေးချယ်ပေးလိုက်ရုံပါပဲ။
Note: တစ်ချို့ဆော့ဝဲတွေရဲ့ License Verification ကို အခုပေးထားတဲ့ Lucky Patcher version ကမဖြုတ်နိုင်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် Lucky Patcher က ဗားရှင်းအသစ်တွေအမြဲ update ထုတ်နေတာမို့ အဲဒီလိုမရခဲ့ရင် Lucky Patcher version အသစ်ထွက်ရင် အခုဗားရှင်းမှာ license ဖြုတ်မရတဲ့ဆော့ဝဲဟာ အဲဒီဗားရှင်းအသစ်မှာ အဆင်ပြေမှာဖြစ်ပါတယ်။
 အခု version က 2.8.6 ပါ ဖိုင်ဆိုဒ်က 1.66MB

No comments:

Post a Comment