
မိမိရောက်ရှိတဲ့နေရာတစ်ဝိုက်မှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းများရဲ့တည်နေရာ ၊ ဖုန်းနံပါတ် ၊ လိပ်စာတွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံကို Android ဖုန်းတစ်လုံးရှိရုံနဲ့သိရှိနိုင်ပါပြီ။
မြန်မာနိုင်ငံထဲက မြို့ကြီးသုံးမြို့ဖြစ်တဲ့ နေပြည်တော် ၊ ရန်ကုန် နဲ့ မန္တလေးမြို့တို့မှာ ဒီ app လေးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို ရွှေပြည်သုခ မှရေးသားထားခြင်းဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုဖို့အတွက် ဖုန်းမှာအင်တာနက်ဖွင့်ထားဖို့တော့လိုပါတယ်။ မိမိရဲ့တည်နေရာအနီးအနားမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက်ရှာဖွေကြည့်နိုင်သလို ။ တခြား မြို့နယ်တွေကိုလည်းရိုက်ထည့်ပြီး ကိုယ်ရှာချင်သလိုလည်းစိတ်ကြိုက်ရှာဖွေနိုင်ပါတယ်။ ဆော့ဝဲရဲ့လုပ်ဆောင်ပုံအသေးစိတ်ကိုအောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အောက်မှာ ရွှေပြည်သုခ application ကို download လုပ်ဖို့ link နှစ်ခုပေးထားပါတယ်။ တစ်ခုက မြန်မာစာဖောင့်သွင်းမထားတဲ့ ဖုန်းတွေအတွက်ဖြစ်ပြီး တစ်ခုကတော့ မြန်မာစာသွင်းထားပြီးဖုန်းတွေမှာသွင်းဖို့ပါ။ မိမိဖုန်းနဲ့ဆိုင်မယ့် application ဖိုင်ကိုရွေးချယ် download ရယူပါ။
ရွှေပြည်သုခ (English version) အားရယူရန်
ရွှေပြည်သုခ( Myanmar version) အားရယူရန်






No comments:
Post a Comment