ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, September 12, 2012

Android ဖုန်းရဲ့ File System/Root Directory ကိုကွန်ပျူတာထဲကနေ ၀င်ရောက်ကြည့်ရှုပြင်ဆင်ကြရအောင်။



Android ဖုန်းရဲ့ File System/Root Directory ကိုကွန်ပျူတာထဲကနေ ၀င်ရောက်ကြည့်ရှုပြင်ဆင်ကြရအောင်။ လိုအပ်တဲ့ tool ကတော့ Android Commander လို့ခေါ်တဲ့ tool လေးပဲဖြစ်ပါတယ်။ အောက်မှာရယူလိုက်ပါ။

Android Commander 0.7.9.11 အားရယူရန်

- download ရယူပြီးလျှင် Android Commander ဆော့ဝဲလေးကို ကွန်ပျူတာမှာ install လုပ်ပါ။
- Android ဖုန်းရဲ့ USB Debugging ကို Enable လုပ်ထားပါ။
- Android ဖုန်းရဲ့ file System ကြည့်ရှုဖို့အတွက် ဖုန်းကိုကွန်ပျူတာနဲ့ USB ကြိုးဖြင့်ချိတ်ဆက်ပါ။
- ပြီးလျှင် Android Commander ဆော့ဝဲလေးကိုဖွင့်ပါ။ Android file system ကိုကြည့်နိုင်ဖို့ Setting နှစ်ခုပါပါတယ်။
Wifi Mode နဲ့ Device Mode ပါ။ Wifi ကွန်ရက်ကိုအသုံးမပြုချင်သူများကတော့ ဒီအတိုင်း device mode နဲ့ပဲလုပ်ပါ။
- ဒါဆိုရင် Android ဖုန်းရဲ့ file system / root directory ကိုကွန်ပျူတာထဲမှာတင်ကြည့်ရှုပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။
root လုပ်ထားတဲ့ဖုန်းတွေဆိုရင် ကွန်ပျူတာထဲကနေ ဖုန်းရဲ့ system ဖိုင်တွေကို လှမ်းပြင်လို့ရမှာဖြစ်ပါတယ်။ root လုပ်မထားတဲ့ဖုန်းဆိုရင်တော့ ဖုန်းထဲက system ဖိုင်တွေကိုကြည့်ရှုလို့ရပြီး ၊ ဖုန်းထဲက system ဖိုင်တွေကို ကွန်ပျူတာထဲကိုလှမ်းယူထားရုံလောက်တော့ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment