ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Monday, September 21, 2020

Myanmar + English Typing Software

 



ျမန္မာ Typing ေလ့က်င့္ခ်င္လို႔ ဘယ္ Software သံုးရမလဲ ေမးထားတဲ႔သူမ်ားအတြက္ 
 
ျမန္မာ၊ အဂၤလိပ္ Typing ႏွစ္မ်ိဳးစလံုးကို လြယ္လြယ္ကူကူ နဲ႔ ေလ့က်င့္လို႔ရမယ့္ Software ေလးျဖစ္ပါတယ္။


MB အရမ္းနည္းတဲ႔အျပင္ Download ျပဳလုပ္ျပီးတာနဲ႔ Install လုပ္စရာမလိုပဲ

သံုးလို႔ရေတာ့ အခုမွ Computer စတင္ေလ့လာသူမ်ားအတြက္ အရမ္းကို အဆင္ေျပေစပါတယ္။


Software ေလးကိုေတာ့ ေအာက္တြင္ လြယ္ကူစြာ Download ျပဳလုပ္ႏိုင္ပါတယ္

Typing Software Free Download

Sunday, September 20, 2020

SpeedUp Typing

 


မြန်မာစာ စာရိုက်လေ့ကျင့်လိုသူတွေအတွက် SpeedUp Typing ဆောဖ့်ဝဲပါ။  သူ့က ဝင်းလက်ကွက်စနစ်ကို အခြေခံထားတာကြောင့် လက်ကွက်လေ့ကျင့်လိုသူတွေအတွက် အဆင်ပြေစေပါတယ်။  မြန်မာစာ ဖောင့်တွေ အကုန်လုံးက ကနဦး ဝင်းလက်ကွက်စနစ်ကိုပဲ အခြေခံခဲ့ကြရပါတယ်။  ဒါကြောင့် ကွန်ပျူတာ သင်တန်းတွေ မိမိဘာသာ လက်ကွက်လေ့ကျင့်လိုသူတွေ၊ ကလေးတွေအတွက် မြန်မာစာ လက်ကွက် လေ့ကျင့်စေချင်တဲ့ သူတွေအတွက် အဆင်ပြေပါတယ်။

အင်္ဂလိပ်စာ လက်ကွက်လေ့လာခဲ့ပြီးသားမရှိတဲ့သူတွေရယ်၊   ကွန်ပျူတာ သင်ဦးစ အလယ်တန်းကျောင်းသား ကလေးများအတွက် စာရိုက်ကျင့်ဖို့သင့်တော်ပါတယ်။  အင်္ဂလိပ်စာ  စာလုံးများ မည်သည့် စာလုံးကို မည်သည့် လက်ချောင်းဖြင့် ရိုက်ရမယ်ဆိုတာကို သင်ယူရသလိုပဲ။  မြန်မာ စာ ကကြီး ခခွေး စသည့် တည်နေရာတွေ  မည်သည့်လက်ချောင်းဖြင့် ရိုက်ရမယ်ဆိုတာတွေကို ညွှန်ပြပေးထားပါတယ်။  

တကယ့်ကို အစဦး ကွန်ပျူတာ သင်တာမှာ မြန်မာစာကနေစ စာရိုက်ကျင့်ရမယ့်သူတွေအတွက် ဘယ်လိုရိုက်ကျင့်ရမယ်ဆိုတာကိုလည်း Flash ဖိုင်ဖြင့် နမူနာ မူဗီလေးပါပါတယ်။  

ဒီမြန်မာစာ စာစီစာရိုက်လေ့ကျင့်တဲ့ ဆောဖ့်ဝဲလေးကို ကျွန်တော် ၂၀၀၄ ခုနှစ်တုန်းက VB6 နဲ့ ရေးခဲ့ပါတယ်။  လေ့ကျင့်ခန်း သရုပ်ပြမူဗီလေးရဲ့ နောက်ခံစကားပြောကိုတော့ မလဲလဲက ကူညီပေးထားပါတယ်။  ကိုအံထူးပိုင် နဲ့ မကဲကဲတို့ကလည်း အသက်ငယ်ငယ်နဲ့ ပန်းချီပုံလေးတွေကို ရေးဆွဲပေးခဲ့ကြပါတယ်။

အားလုံးကို သတိရစွာဖြင့် ကျေးဇူးအထူးပါ။  ဆောဖ့်ဝဲကို အခမဲ့ သုံးစွဲခွင့် ပြုပါတယ်။


 အောက်ဖော်ပြပါပုံကတော့ မြန်မာစာလက်ကွက်ကို စလေ့ကျင့်ရမယ့်သူတွေ ကြည့်ရမယ့် Flash ဖိုင်လေးပါ။


ဆောဖ့်ဝဲဒေါင်းလုပ် ရယူလိုပါက -

Mavis Beacon 20

 



ကွန်ပျူတာလက်ကွက် ရိုက်ကျင့်ဖို့ နှစ်ပေါင်းများစွာ မြန်မာပြည်ရဲ့ ကွန်ပျူတာ သင်တန်းတွေ သင်ကြားရေးစံနစ်မှာ ယနေ့ထိ အသုံးပြုနေဆဲ လက်ကွက်ကျင့်စနစ်ဖြစ်ပါတယ်။  Mavis Beacon လို့ လူသိများပါတယ်။ Mavis Beacon လက်ကွက်စံနစ်ဆောဖ့်ဝဲကို အသုံးပြုမယ်ဆိုရင် ၁၄ ရက်အတွင်း ကောင်းမွန်စွာ စာရိုက်နိုင်ပြီလို့လည်း အာမခံထားပါတယ်။  အင်္ဂလိပ်စာကို ပြောတာပါ။  သင်တန်းတွေမှာ ပုံမှန်အချိန် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပေးပြီး ရိုက်ကျင့်စေခဲ့နိုင်ရင် သင်တန်းသားတော်တော်များများဟာ အင်္ဂလိပ်စာ လက်ကွက်ကို ပိုင်ပိုင်နိုင်နိုင်ရိုက်ကျင့်နိုင်ပါတယ်။   ကလေး လူကြီး ဒီဆောဖ့်ဝဲကို ပဲ အသုံးပြု လေ့ကျင့်နိုင်ပါတယ်။  




Mavis Beacon 20 ကိုရယူလိုပါက - 

Tuesday, March 31, 2020

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်ကြောင်း မတ် ၃၀ ရက်တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ န အနေဖြင့် အထက်ပါ ကုန်စည်များ ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ကို ဤအမိန့်ကြော်ငြာစာထုတ်ပြန်လိုက်သည့်နေ့မှ စ၍ တားမြစ်လိုက်ကြောင်း သိရသည်။
၎င်းကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း တို့အား စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။ (Xinhua)
-----------------------------------------------
(Zawgyi Version)
COVID-19 ကာကြယ္၊ ထိန္းခု်ပ္၊ ကုသေရး ဆိုင္ရာ က်န္းမာေရးအေထာက္အကူျပုပစၥည္းမ်ား၊ ေဆးဝါးမ်ား၊ စားသံုးကုန္ပစၥည္းမ်ားအား အေရးၾကီးကုန္စည္မ်ားအျဖစ္ သတ္မွတ္
ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)
စီးပြားေရးနွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ၾကီးဌာန အေနျဖင့္ အေရးၾကီးကုန္စည္ နွင့္ ဝန္ေဆာင္မႈဥပေဒပုဒ္မ ၄ ပုဒ္မခဲြ (က) အရ COVID-19 ကာကြယ္၊ ထိန္းခု်ပ္၊ ကုသေရး ဆိုင္ရာ က်န္းမာေရးအေထာက္အကူျပုပစၥည္းမ်ား၊ ေဆးဝါးမ်ား၊ စားသံုးကုန္ပစၥည္းမ်ားအား အေရးၾကီးကုန္စည္မ်ားအျဖစ္ သတ္မွတ္လိုက္ေၾကာင္း မတ္ ၃၀ ရက္တြင္ အမိန့္ ေၾကာ္ျငာစာ ထုတ္ျပန္ခဲ့သည္။
စီးပြားေရး နွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ၾကီးဌာ န အေနျဖင့္ အထက္ပါ ကုန္စည္မ်ား ကို ေဈးကြက္အတြင္း ေဈးနႈန္းျမွင့္တင္ေရာင္းခ်ျခင္း၊ ေဈးနႈန္းျမွင့္တင္ျဖန့္ျဖူးျခင္း သို့မဟုတ္ ေဈးကစားရန္ ရည္ရြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္း ကို ဤအမိန့္ေၾကာ္ျငာစာထုတ္ျပန္လိုက္သည့္ေန့မွ စ၍ တားျမစ္လိုက္ေၾကာင္း သိရသည္။
၎ကုန္စည္မ်ားကို ေဈးကြက္အတြင္း ေဈးနႈန္းျမွင့္တင္ေရာင္းခ်ျခင္း၊ ေဈးနႈန္းျမွင့္တင္ျဖန့္ျဖူးျခင္း သို့မဟုတ္ ေဈးကစားရန္ ရည္ရြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္း တို့အား စိစစ္ေတြ့ရိွပါက အေရးၾကီးကုန္စည္ နွင့္ ဝန္ေဆာင္မႈ ဥပေဒ ပုဒ္မ ၅ အရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း အမိန့္ေၾကာ္ျငာစာတြင္ ပါရိွသည္။ (Xinhua)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)

COVID-19 ရောဂါပိုးတွေ့ရှိသူ Case-5 သေဆုံးမှုသည် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း၊COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် နာခေါင်းကင်ဆာများကြောင့် သေဆုံးဟု ထုတ်ပြန်
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
COVID-19 ရောဂါပိုးတွေ့ရှိထားသော အသက် ၆၉ နှစ်အရွယ်ရှိ အမျိုးသားသည် ယနေ့ မတ် ၃၁ ရက် နံနက် ၇နာရီ ၂၅ မိနစ်တွင် ဝေဘာဂီဆေးရုံ၌ အထူးကြပ်မတ်ဆောင်အတွင်း သေဆုံးသွားခဲ့ကြောင်းယင်းမှာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း ၊COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် နှာခေါင်းကင်ဆာရောဂါအား ဓါတ်ရောင်ခြည်ဖြင့် ဆေးကုမှုခံယူနေခြင်း တို့ကြောင့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းးအရ သိရသည်။
COVID-19 သည် အသက်အရွယ်ကြီးသူများ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါစသည့် နာတာရှည်ရောဂါအခံရှိသူများ၊ စတီးရွိုက်ဆေးရေရှည်သောက်သုံးနေရသူများနှင့် ခုခံအားကျဆင်းမှုရောဂါရှိသူများတွင် ရောဂါပြင်း ထန်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သို့ဖြစ်ပါ၍ အဆိုပါ (Case – 05) လူနာသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကင်ဆာ ရောဂါအခံရှိခြင်းနှင့် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ရသဖြင့် ခုခံအားကျ ဆင်းနေခြင်း အချက်များကြောင့် COVID-19 ပိုမိုပြင်းထန်ပြီး အသက်သေဆုံးရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အသက် (၆၉) နှစ်အရွယ် အမျိုးသားလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ပါမောက္ခသမားတော်ကြီးများ ပါဝင်သော အဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း လူနာ၏ အခြေအနေ မှာ မတ် ၃၁ ရက် နံနက်ပိုင်းတွင် ပိုမိုဆိုးရွားလာပြီး နံနက် (၇:၂၅) နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ယင်း သေဆုံးသူသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် အမျိုးသား (၁) ဦးသည် ၎င်းတွင် နှာခေါင်းကင်ဆာရောဂါရှိကြောင်းကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလတွင် ကျန်းမာရေးစစ်ဆေးသိရှိခဲ့ပြီး ၎င်းနှာခေါင်းကင်ဆာရောဂါအတွက် ဓာတ်ရောင် ခြည်ကုထုံး (radiation therapy) ကို ဩစတြေးလျနိုင်ငံ၌ မေလအထိခံယူခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ဩစတြေးလျနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် မတ်လ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းသည် မတ် ၁၈ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မတ် ၂၅ ရက်နေ့တွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရာ ၎င်းအား အထူးကြပ်မတ်ကုသဆောင် (ICU) တွင်ကုသမှုပေးခဲ့ပြီး ဓါတ်ခွဲနမူနာရယူကာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ မတ် ၂၆ ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသ တင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ COVID-19 ရောဂါဖြစ်ပွားသူများ၏ (၄၀) ရာခိုင်နှုန်းသည် သာမာန်မပြင်းထန်သော ရောဂါ လက္ခဏာများကိုလည်းကောင်း၊ (၄၀) ရာခိုင်နှုန်းသည် အလယ်အလတ်ပြင်းထန်သော ရောဂါ လက္ခဏာများကိုလည်းကောင်း၊ (၁၅) ရာခိုင်နှုန်းသည် ပြင်းထန်သော ရောဂါလက္ခဏာများ ကိုလည်းကောင်း၊ (၅) ရာခိုင်နှုန်းသာ အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါလက္ခဏာများကို လည်းကောင်း ခံစားရကြောင်း COVID-19 ဖြစ်ပွားသူ (၁၀၀) ဦးတွင် (၅) ဦးခန့်သည် သေဆုံးနိုင်ကြောင်း လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။(Xinhua)
-------------------------------------------
(Zawgyi Version)
COVID-19 ေရာဂါပိုးေတြ့ရိွသူ Case-5 ေသဆံုးမႈသည္ အသက္ရႉလမ္းေၾကာင္း ပိုးဝင္၍ ေသြးဆိပ္တက္ျခင္း၊COVID-19 ေၾကာင့္ ျဖစ္ပြားေသာ ျပင္းထန္အဆုတ္ေရာင္ေရာဂါနွင့္ နာေခါင္းကင္ဆာမ်ားေၾကာင့္ ေသဆံုးဟု ထုတ္ျပန္
ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)
COVID-19 ေရာဂါပိုးေတြ့ရိွထားေသာ အသက္ ၆၉ နွစ္အရြယ္ရိွ အမို်းသားသည္ ယေန့ မတ္ ၃၁ ရက္ နံနက္ ၇နာရီ ၂၅ မိနစ္တြင္ ေဝဘာဂီေဆးရံု၌ အထူးၾကပ္မတ္ေဆာင္အတြင္း ေသဆံုးသြားခဲ့ေၾကာင္းယင္းမွာ လတ္တေလာ ျပင္းထန္ အသက္ရႉလမ္းေၾကာင္း ပိုးဝင္၍ ေသြးဆိပ္တက္ျခင္း ၊COVID-19 ေၾကာင့္ ျဖစ္ပြားေသာ ျပင္းထန္အဆုတ္ေရာင္ေရာဂါနွင့္ နွာေခါင္းကင္ဆာေရာဂါအား ဓါတ္ေရာင္ျခည္ျဖင့္ ေဆးကုမႈခံယူေနျခင္း တို့ေၾကာင့္ ေသဆံုးခဲ့ေၾကာင္း က်န္းမာေရးနွင့္ အားကစားဝန္ၾကီးဌာနက ထုတ္ျပန္ေသာ သတင္းးအရ သိရသည္။
COVID-19 သည္ အသက္အရြယ္ၾကီးသူမ်ား၊ ကင္ဆာေရာဂါ၊ ဆီးခို်ေရာဂါ၊ ေသြးတိုး၊ နွလံုးေရာဂါ၊ အသည္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါစသည့္ နာတာရွည္ေရာဂါအခံရိွသူမ်ား၊ စတီးရိြုက္ေဆးေရရွည္ေသာက္သံုးေနရသူမ်ားနွင့္ ခုခံအားက်ဆင္းမႈေရာဂါရိွသူမ်ားတြင္ ေရာဂါျပင္း ထန္ျပီး အသက္ေသဆံုးသည္အထိ ျဖစ္ပြားနိုင္ေၾကာင္း သို့ျဖစ္ပါ၍ အဆိုပါ (Case – 05) လူနာသည္ အသက္အရြယ္ၾကီးရင့္ျခင္း၊ ကင္ဆာ ေရာဂါအခံရိွျခင္းနွင့္ ကင္ဆာေရာဂါအတြက္ ဓာတ္ေရာင္ျခည္ကုသမႈခံယူခဲ့ရသျဖင့္ ခုခံအားက် ဆင္းေနျခင္း အခ်က္မ်ားေၾကာင့္ COVID-19 ပိုမိုျပင္းထန္ျပီး အသက္ေသဆံုးရျခင္း ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ အသက္ (၆၉) နွစ္အရြယ္ အမို်းသားလူနာအား ေဝဘာဂီအထူးကုေဆးရံုၾကီးရိွ ပါေမာကၡသမားေတာ္ၾကီးမ်ား ပါဝင္ေသာ အဖဲြ့မွ ေဆးကုသမႈလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ေသာ္လည္း လူနာ၏ အေျခအေန မွာ မတ္ ၃၁ ရက္ နံနက္ပိုင္းတြင္ ပိုမိုဆိုးရြားလာျပီး နံနက္ (၇:၂၅) နာရီအခိ်န္တြင္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။
ယင္း ေသဆံုးသူသည္ ရန္ကုန္တိုင္းေဒသၾကီး၊ မဂၤလာေတာင္ညွြန့္ျမို့နယ္တြင္ ေနထိုင္ေသာ အသက္ (၆၉) နွစ္ အရြယ္ အမို်းသား (၁) ဦးသည္ ၎တြင္ နွာေခါင္းကင္ဆာေရာဂါရိွေၾကာင္းကို (၂၀၁၉) ခုနွစ္၊ ဇန္နဝါရီလတြင္ က်န္းမာေရးစစ္ေဆးသိရိွခဲ့ျပီး ၎နွာေခါင္းကင္ဆာေရာဂါအတြက္ ဓာတ္ေရာင္ ျခည္ကုထံုး (radiation therapy) ကို ဩစေၾတးလ်နိုင္ငံ၌ ေမလအထိခံယူခဲ့ေၾကာင္း၊ ၂၀၂၀ ခုနွစ္၊ မတ္လ (၁၀) ရက္ေန့တြင္ ဩစေၾတးလ်နိုင္ငံမွ စင္ကာပူနိုင္ငံသို့ ေလေၾကာင္းခရီးျဖင့္သြားေရာက္ခဲ့ျပီး ထိုမွတစ္ဆင့္ မတ္လ (၁၄) ရက္ေန့တြင္ ျမန္မာနိုင္ငံသို့ ေလေၾကာင္းခရီးျဖင့္ ျပန္လည္ေရာက္ရိွခဲ့ေၾကာင္း သိရသည္။
၎သည္ မတ္ ၁၈ရက္ေန့မွစ၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းနွင့္ လည္ေခ်ာင္းနာျခင္း ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ရန္ကုန္ျပည္သူ့ေဆးရံုၾကီးသို့ မတ္ ၂၅ ရက္ေန့တြင္ တက္ေရာက္ေဆးကုသမႈခံယူခဲ့ရာ ၎အား အထူးၾကပ္မတ္ကုသေဆာင္ (ICU) တြင္ကုသမႈေပးခဲ့ျပီး ဓါတ္ခဲြနမူနာရယူကာ အမို်းသား က်န္းမာေရးဓာတ္ခဲြမႈဆိုင္ရာဌာန (ရန္ကုန္) ၌ မတ္ ၂၆ ရက္ေန့တြင္ ဓာတ္ခဲြစစ္ေဆးခဲ့ရာတြင္ COVID-19 ေရာဂါပိုးေတြ့ရိွခဲ့ေၾကာင္းသ တင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ကမၻာ့က်န္းမာေရးအဖဲြ့၏ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါျဖစ္ပြားသူမ်ား၏ (၄၀) ရာခိုင္နႈန္းသည္ သာမာန္မျပင္းထန္ေသာ ေရာဂါ လကၡဏာမ်ားကိုလည္းေကာင္း၊ (၄၀) ရာခိုင္နႈန္းသည္ အလယ္အလတ္ျပင္းထန္ေသာ ေရာဂါ လကၡဏာမ်ားကိုလည္းေကာင္း၊ (၁၅) ရာခိုင္နႈန္းသည္ ျပင္းထန္ေသာ ေရာဂါလကၡဏာမ်ား ကိုလည္းေကာင္း၊ (၅) ရာခိုင္နႈန္းသာ အသက္အနၱရာယ္စိုးရိမ္ရေသာ ေရာဂါလကၡဏာမ်ားကို လည္းေကာင္း ခံစားရေၾကာင္း COVID-19 ျဖစ္ပြားသူ (၁၀၀) ဦးတြင္ (၅) ဦးခန့္သည္ ေသဆံုးနိုင္ေၾကာင္း လက္ရိွ ကမၻာ့က်န္းမာေရးအဖဲြ့၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။(Xinhua)

ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၃၁ ရက္(ဆင္ဟြာ)

မြန်မာတရုတ်အဖွဲ့အစည်းများက COVID-19 ရောဂါကာကွယ်ကုသရေး အတွက် နတ်မောက်မြို့ ပြည်သူ့ ဆေးရုံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း
ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)
COVID-19 ရောဂါကာကွယ်ကုသရေး အတွက် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နှင့် Golden City Charity Foundation တို့မှ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ယနေ့ မတ် ၃၁ ရက်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းက COVID-19 ရောဂါကာကွယ်ရေး အတွက် ငွေကျပ် ၁၃၀ သိန်း တန်ဖိုးရှိ Surgical Mask (၂၀,၀၀၀) ခု နှင့် Golden City Charity Foundation က COVID-19 ရောဂါ ကုသရေး အတွက် အသက်ရှူစက်(Oxygen Plant)တို့အား လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က နတ်မောက်မြို့ ပြည်သူ့ ဆေးရုံ၌ လိုအပ်သည့် ဆေးပစ္စည်းများကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း ၊ လာမည့်ရက်ပိုင်း တွင်လည်း ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးအတွက်လည်း COVID-19 ရောဂါ ကုသရေးနှင့် ပတ်သက်သော ဆေးပစ္စည်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နတ်မောက်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းစည်သူ ကိုယ်စား လှူဒါန်းမှုများအား လက်ခံရယူပေးခဲ့သည့် ဒေါက်တာမြတ်သန့်က “ဒီလိုအရမ်းလိုအပ်နေတဲ့အချိန်မှာ မိတ်ဆွေကောင်းအနေနဲ့ ကရုဏာကြီးကြီးမားမားနဲ့ လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
Golden City Charity Foundation ၏ Deputy Secretary General ဖြစ်သူ ဒေါ်အိခိုင်ဇင်ဝင်းမြင့်က “ဒီအသက်ရှူစက် လှူဒါန်းလိုက်ရခြင်းကြောင့် လူနာတွေအတွက် အဆင်ပြေသွားမယ်လို့ မျှော်လင့်မိပါတယ်။ တတ်နိုင်သရွေ့လိုအပ်နေတဲ့အခြားသောနေရာတွေကို မျှပြီးတော့ ဆက်လက်လှူဒါန်းသွားဖို့ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို အထောက်အကူပြုရန် တရုတ်နိုင်ငံ၏ ဖောင်ဒေးရှင်းများ ဖြစ်ကြသည့် ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ မတ် ၃၀ ရက်တွင် ဆေးဘက်ဆိုင်ရာ ပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။(Xinhua)
-----------------------------------------------
(Zawgyi Version)
ျမန္မာတရုတ္အဖဲြ့အစည္းမ်ားက COVID-19 ေရာဂါကာကြယ္ကုသေရး အတြက္ နတ္ေမာက္ျမို့ ျပည္သူ့ ေဆးရံုသို့ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား လႉဒါန္း
ရန္ကုန္ ၊ မတ္ ၃၁ ရက္(ဆင္ဟြာ)
COVID-19 ေရာဂါကာကြယ္ကုသေရး အတြက္ ျမန္မာတရုတ္ပူးေပါင္းဆက္ဆံေရး ဗဟိုအသင္း နွင့္ Golden City Charity Foundation တို့မွ မေကြးတိုင္းေဒသၾကီး နတ္ေမာက္ျမို့ ျပည္သူ့ေဆးရံု(ခ)ျမန္မာတရုတ္ခ်စ္ၾကည္ေရး ေဆးရံု(၀၀၂)သို့ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားအား ယေန့ မတ္ ၃၁ ရက္တြင္ ေပးအပ္ လႉဒါန္းခဲ့ေၾကာင္း သိရသည္။
နတ္ေမာက္ျမို့ ျပည္သူ့ေဆးရံု(ခ)ျမန္မာတရုတ္ခ်စ္ၾကည္ေရး ေဆးရံု(၀၀၂)သို့ ျမန္မာတရုတ္ပူးေပါင္းဆက္ဆံေရး ဗဟိုအသင္းက COVID-19 ေရာဂါကာကြယ္ေရး အတြက္ ေငြက်ပ္ ၁၃၀ သိန္း တန္ဖိုးရိွ Surgical Mask (၂၀,၀၀၀) ခု နွင့္ Golden City Charity Foundation က COVID-19 ေရာဂါ ကုသေရး အတြက္ အသက္ရႉစက္(Oxygen Plant)တို့အား လႉဒါန္းေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ျမန္မာနိုင္ငံဆိုင္ရာ တရုတ္ျပည္သူ့သမၼတနိုင္ငံ သံအမတ္ၾကီး မစၥတာ ခ်န္းဟိုင္က နတ္ေမာက္ျမို့ ျပည္သူ့ ေဆးရံု၌ လိုအပ္သည့္ ေဆးပစၥည္းမ်ားကို ဆက္လက္ လႉဒါန္းသြားမည္ ျဖစ္ေၾကာင္း ၊ လာမည့္ရက္ပိုင္း တြင္လည္း ရန္ကုန္ျမို့ရိွ ေဒၚခင္ၾကည္ အမို်းသမီးေဆးရံုၾကီးအတြက္လည္း COVID-19 ေရာဂါ ကုသေရးနွင့္ ပတ္သက္ေသာ ေဆးပစၥည္းမ်ားကို လႉဒါန္းသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
နတ္ေမာက္ျမို့ျပည္သူ့ေဆးရံုအုပ္ၾကီး ေဒါက္တာဝင္းစည္သူ ကိုယ္စား လႉဒါန္းမႈမ်ားအား လက္ခံရယူေပးခဲ့သည့္ ေဒါက္တာျမတ္သန့္က “ဒီလိုအရမ္းလိုအပ္ေနတဲ့အခိ်န္မွာ မိတ္ေဆြေကာင္းအေနနဲ့ ကရုဏာၾကီးၾကီးမားမားနဲ့ လႉဒါန္းေပးတာ ေက်းဇူးတင္ပါတယ္။”ဟု ဆင္ဟြာသို့ ေျပာၾကားခဲ့သည္။
Golden City Charity Foundation ၏ Deputy Secretary General ျဖစ္သူ ေဒၚအိခိုင္ဇင္ဝင္းျမင့္က “ဒီအသက္ရႉစက္ လႉဒါန္းလိုက္ရျခင္းေၾကာင့္ လူနာေတြအတြက္ အဆင္ေျပသြားမယ္လို့ ေမွ်ာ္လင့္မိပါတယ္။ တတ္နိုင္သေရြ့လိုအပ္ေနတဲ့အျခားေသာေနရာေတြကို မွ်ျပီးေတာ့ ဆက္လက္လႉဒါန္းသြားဖို့ရိွပါတယ္။”ဟု ေျပာၾကားခဲ့သည္။
ျမန္မာနိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းကို အေထာက္အကူျပုရန္ တရုတ္နိုင္ငံ၏ ေဖာင္ေဒးရွင္းမ်ား ျဖစ္ၾကသည့္ ဂ်က္မား(Jack Ma) နွင့္ အလီဘာဘာ(Alibaba) ေဖာင္ေဒးရွင္းတို့မွ မတ္ ၃၀ ရက္တြင္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားလႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။(Xinhua)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)

မောင်တောမြို့နယ်၌ ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ၂ဦးသေ ၊ ၃ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မတ် ၃၀ရက် နံနက်ပိုင်းက ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာနေ ဒိုင်းနက်လူမျိုး ရွာသား ၁၂ ဦးသည် ယင်းနေ့နံနက် ၈ နာရီခန့်တွင် အမဲလိုက်ရန် ခမောင်းဆိပ်ကျေးရွာမှ မော်တော်ဆိုင်ကယ်လေးစီးဖြင့် ထွက်ခွာခဲ့ရာ ခမောင်းဆိပ်-အောင်ဇူကားလမ်းဘေး၌ မော်တော်ဆိုင်ကယ်များကိုရပ်တန့်၍ လမ်းလျှောက်သွားစဉ် လှိုင်သီချောင်း တံတားနှင့် ပေ ၂၀ ခန့်အကွာသို့အရောက်၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရွာသားနှစ်ဦးသေဆုံးပြီး သုံးဦးမိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းမိုင်းထိလူနာများသည် ခမောင်းဆိပ်ကျေးရွာရှိ နယ်မြေခံတပ်သို့ရောက်ရှိလာရာ တပ်မတော်သားများက လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားသောနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် အကျယ် ၁၀ ပေ၊ အနက် ၈ ပေခန့်ရှိ ကျင်းတစ်ကျင်း၊ အရှည်ပေ ၅၀ ခန့်ရှိ ဝိုင်ယာ ကြိုး တစ်ချောင်း၊ တံတားအောက်မှ ကျည်ခွံ သုံးခု၊ ကျည်တစ်တောင့်နှင့် မီးလောင်ထားသော ဆိုင်ကယ် လေးစီး တို့ကို တွေ့ရှိရပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)
-----------------------------------
(Zawgyi Version)
ေမာင္ေတာၿမိဳ႕နယ္၌ ဆြဲမိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ ၂ဦးေသ ၊ ၃ဦး ဒဏ္ရာရရွိ
ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)
ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၌ မတ္ ၃၀ရက္ နံနက္ပိုင္းက ဆြဲမိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး ေသဆုံးကာ သုံးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။
ေမာင္ေတာၿမိဳ႕နယ္၊ ခေမာင္းဆိပ္ေက်း႐ြာႏွင့္ မဂၤလာၫြန႔္ေက်း႐ြာေန ဒိုင္းနက္လူမ်ိဳး ႐ြာသား ၁၂ ဦးသည္ ယင္းေန႔နံနက္ ၈ နာရီခန႔္တြင္ အမဲလိုက္ရန္ ခေမာင္းဆိပ္ေက်း႐ြာမွ ေမာ္ေတာ္ဆိုင္ကယ္ေလးစီးျဖင့္ ထြက္ခြာခဲ့ရာ ခေမာင္းဆိပ္-ေအာင္ဇူကားလမ္းေဘး၌ ေမာ္ေတာ္ဆိုင္ကယ္မ်ားကိုရပ္တန႔္၍ လမ္းေလွ်ာက္သြားစဥ္ လႈိင္သီေခ်ာင္း တံတားႏွင့္ ေပ ၂၀ ခန႔္အကြာသို႔အေရာက္၌ မိုင္းတစ္လုံးေပါက္ကြဲခဲ့သျဖင့္ ႐ြာသားႏွစ္ဦးေသဆုံးၿပီး သုံးဦးမိုင္းစ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္သည္။
၎မိုင္းထိလူနာမ်ားသည္ ခေမာင္းဆိပ္ေက်း႐ြာရွိ နယ္ေျမခံတပ္သို႔ေရာက္ရွိလာရာ တပ္မေတာ္သားမ်ားက လိုအပ္ သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးၿပီး ေမာင္ေတာၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။
မိုင္းေပါက္ကြဲမႈျဖစ္ပြားေသာေနရာ တစ္ဝိုက္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွာေဖြစစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ေပါက္ကြဲမႈေၾကာင့္ အက်ယ္ ၁၀ ေပ၊ အနက္ ၈ ေပခန႔္ရွိ က်င္းတစ္က်င္း၊ အရွည္ေပ ၅၀ ခန႔္ရွိ ဝိုင္ယာ ႀကိဳး တစ္ေခ်ာင္း၊ တံတားေအာက္မွ က်ည္ခြံ သုံးခု၊ က်ည္တစ္ေတာင့္ႏွင့္ မီးေလာင္ထားေသာ ဆိုင္ကယ္ ေလးစီး တို႔ကို ေတြ႕ရွိရၿပီး နယ္ေျမလုံၿခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။(Xinhua)
ပုံစာ- မောင်တောမြို့အဝင် ဆိုင်းဘုတ်အားတွေ့ရစဉ်( အင်တာနက်)