ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၃၀ ရက္(ဆင္ဟြာ)

နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများ ဧပြီ ၁၅ ရက် နောက်ပိုင်းမှပြန်လည်ဝင်ရောက်ကြရန် ပန်ကြား
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)
နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီ ၁၅ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြရန် ပန်ကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူ များအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ် ဆောင်ရွက်နေဆဲဖြစ်သဖြင့် ထိုကဲ့သို့ ပန်ကြားခြင်း ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မတ် ၂၃ ရက်တွင် မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ခဲ့သည့် အသက်(၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးသည် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိနေထိုင်ခဲ့ပြီး မတ် ၂၉ ရက် ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
အဆိုပါအခြေအနေအရ နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေကြောင်း ပန်ကြားချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအားလုံးကို မိမိတို့၏ နေရပ်ဌာနေများသို့ တိုက်ရိုက်ပြန်ခွင့် ပြုတော့မည်မဟုတ်ဘဲ နိုင်ငံတော်အစိုးရမှ စီစဉ်ပေးထားသော သတ်မှတ်နေရာများတွင်သာ ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူကြရ မည်ဖြစ်ကြောင်း ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)
--------------------------------------
(Zawgyi Version)
နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ဝင္ေရာက္ လာမည့္သူမ်ား ဧၿပီ ၁၅ ရက္ ေနာက္ပိုင္းမွျပန္လည္ဝင္ေရာက္ၾကရန္ ပန္ၾကား
ရန္ကုန္ ၊ မတ္ ၃၀ ရက္(ဆင္ဟြာ)
နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ဝင္ေရာက္ လာမည့္သူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ေနာက္ထပ္ ရက္သတၱ(၂) ပတ္ခန႔္ ေစာင့္ဆိုင္းၿပီး ဧၿပီ ၁၅ ရက္ ေနာက္ပိုင္းမွသာ ျပန္လည္ဝင္ေရာက္ၾကရန္ ပန္ၾကားခ်က္အား ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ယေန႔ ထုတ္ျပန္ခဲ့သည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေနာက္ထပ္ဝင္ေရာက္လာမည့္သူ မ်ားအတြက္ ထိန္းခ်ဳပ္ကန႔္သတ္ေစာင့္ၾကည့္မႈ (Quarantine) ျပဳလုပ္ရန္ ေနရာထိုင္ခင္းမ်ား ထပ္မံတိုးခ်ဲ႕စီစဥ္ ေဆာင္႐ြက္ေနဆဲျဖစ္သျဖင့္ ထိုကဲ့သို႔ ပန္ၾကားျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္မႈတြင္ ေဖာ္ျပထားသည္။
ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ မတ္ ၂၃ ရက္တြင္ ျမဝတီနယ္စပ္ဂိတ္မွတစ္ဆင့္ ဝင္ေရာက္ခဲ့သည့္ အသက္(၄၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသား တစ္ဦးသည္ မဂၤလာဒုံၿမိဳ႕နယ္သို႔ ေရာက္ရွိေနထိုင္ခဲ့ၿပီး မတ္ ၂၉ ရက္ ဓါတ္ခြဲနမူနာအေျဖအရ COVID-19 ေရာဂါပိုးရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း ထုတ္ျပန္မႈတြင္ ေဖာ္ျပထားသည္။
အဆိုပါအေျခအေနအရ နယ္စပ္ဂိတ္မ်ားမွ အစုလိုက္အၿပဳံလိုက္ ျပန္လည္ ဝင္ေရာက္လာသူ အခ်င္းခ်င္းၾကားတြင္လည္းေကာင္း၊ ျပည္တြင္းတြင္ ေနထိုင္သူမ်ားထံသို႔လည္းေကာင္း ေရာဂါကူးစက္ျပန႔္ပြားၿပီး ကပ္ေရာဂါႀကီး ျဖစ္ပြားရန္ အလားအလာ အလြန္မ်ားျပားေနေၾကာင္း ပန္ၾကားခ်က္တြင္ ေဖာ္ျပထားသည္။
သို႔ျဖစ္၍ နယ္စပ္ဂိတ္မ်ားမွ ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္ လာသူမ်ားအားလုံးကို မိမိတို႔၏ ေနရပ္ဌာေနမ်ားသို႔ တိုက္႐ိုက္ျပန္ခြင့္ ျပဳေတာ့မည္မဟုတ္ဘဲ ႏိုင္ငံေတာ္အစိုးရမွ စီစဥ္ေပးထားေသာ သတ္မွတ္ေနရာမ်ားတြင္သာ ထိန္းခ်ဳပ္ ကန႔္သတ္ ေစာင့္ၾကည့္မႈ (Quarantine) ျပဳလုပ္ျခင္းကို (၁၄) ရက္ မျဖစ္မေန ခံယူၾကရ မည္ျဖစ္ေၾကာင္း ပန္ၾကားခ်က္ ထုတ္ျပန္ခဲ့သည္။ (Xinhua)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၃၀ ရက္ (ဆင္ဟြာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ ၄ ဦးတွင်ထပ်မံတွေ့ရှိ၊ ရောဂါပိုးရှိသူ ၁၄ ဦးထိရှိလာ
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ ၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၁၄ ဦးထိရှိလာခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ မတ် ၃၀ ရက် ည ၇ နာရီခွဲအချိန်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား မတ် ၂၈ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး မတ် ၂၉ရက်တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူ (Case-11)၊ (Case-12) နှင့် Case-13) (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိကြောင်း သိရသည်။
ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး မတ် ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ကြောင်း၊ မတ် ၂၇ ရက် ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းသည် မတ် ၂၈ ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (Case-14) လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ မတ် ၃၀ရက် ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
-------------------------------
(Zawgyi Version)
ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုးရွိသူ ၄ ဦးတြင္ထပ္မံေတြ႕ရွိ၊ ေရာဂါပိုးရွိသူ ၁၄ ဦးထိရွိလာ
ရန္ကုန္၊ မတ္ ၃၀ ရက္ (ဆင္ဟြာ)
ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုးရွိသူ ၄ ဦး ထပ္မံစစ္ေဆးေတြ႕ရွိခဲ့သျဖင့္ ေရာဂါပိုးရွိသူ စုစုေပါင္း ၁၄ ဦးထိရွိလာခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ ယေန႔ မတ္ ၃၀ ရက္ ည ၇ နာရီခြဲအခ်ိန္တြင္ ထုတ္ျပန္ေသာ သတင္းအရ သိရသည္။
COVID-19 ေရာဂါဓာတ္ခြဲအတည္ျပဳလူနာ (Case-08) (ဧည့္လမ္းၫႊန္) ၏ ေရာဂါျဖစ္ပြားမႈ ရာဇဝင္စစ္ေဆးခ်က္အရ ၎ဧည့္လမ္းၫႊန္လုပ္ငန္း ေဆာင္႐ြက္ခဲ့သည့္ ျပင္သစ္ႏိုင္ငံသား ခရီးသြား ဧည့္သည္ (၄)ဦးအား မတ္ ၂၈ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕ရွိ ဟိုတယ္ တစ္ခုတြင္ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္း ေဆာင္႐ြက္ခဲ့ၿပီး မတ္ ၂၉ရက္တြင္ ဓာတ္ခြဲနမူနာရယူစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ အဆိုပါ (၄)ဦး အနက္ (၃)ဦး (Case-11)၊ (Case-12) ႏွင့္ Case-13) တို႔တြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိ ခဲ့သျဖင့္ ၎တို႔ (၃)ဦးအား ေဝဘာဂီအထူးကုေဆး႐ုံသို႔ လႊဲေျပာင္းကုသမႈခံယူလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ ေရာဂါပိုးေတြ႕ရွိသူ (Case-11)၊ (Case-12) ႏွင့္ Case-13) (၃)ဦးတြင္ လက္ရွိအေျခအေနအရ ေရာဂါလကၡဏာတစ္စုံတစ္ရာ မေတြ႕ရွိေၾကာင္း သိရသည္။
ေရာဂါပိုးဓာတ္ခြဲအတည္ျပဳလူနာ (Case-14) သည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္ တြင္ ေနထိုင္ေသာ အသက္ (၂၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္ၿပီး မတ္ ၂၅ ရက္တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိခဲ့ကာ တာခ်ီလိတ္ ၿမိဳ႕တြင္ (၂)ညတာတည္းခိုေနထိုင္ခဲ့ေၾကာင္း၊ မတ္ ၂၇ ရက္ ညေနတြင္ တာခ်ီလိတ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေလေၾကာင္းျဖင့္ေရာက္ရွိခဲ့ၿပီး အဆိုပါေန႔ ညေနပိုင္းတြင္ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္ျဖင့္ မႏၲေလးၿမိဳ႕မွ ေက်ာက္မဲၿမိဳ႕သို႔ ေရာက္ရွိခဲ့ေၾကာင္း၊ ၎သည္ မတ္ ၂၈ ရက္ေန႔တြင္ အလြန္အမင္း အန္ျခင္း၊ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ားခံစားခဲ့ရသျဖင့္ ျပည္သူ႔ေဆး႐ုံ၊ ေက်ာက္မဲၿမိဳ႕သို႔ ညပိုင္းတြင္ လာေရာက္ျပသခဲ့ၿပီး ေစာင့္ၾကည့္လူနာအျဖစ္ သီးသန႔္ထားရွိ၍ ေဆးကု သမႈခံယူကာ ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ (Case-14) လူနာ၏ လတ္တေလာ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာ သျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာ တားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ မတ္ ၃၀ရက္ ညေန (၅:၁၅) နာရီတြင္ ထုတ္ျပန္ေသာ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံတြင္ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ လူနာ(၅၅)ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆးခဲ့ရာ လူနာ (၄) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာ (၅၁) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ (Xinhua)

ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ) / ေပက်င္း၊ မတ္ ၃၀ ရက္(ဆင္ဟြာ)

လုပ်ငန်းတာဝန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်စဉ်ကာလ သမ္မတရှီကျင့်ဖိန်၏ အထူးစီမံမှုများ
ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၉ ရက်တွင် ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ကျိုးဆန်းဆိပ်ကမ်းနှင့် စက်မှုဥယျာဉ်သို့ သွားရောက်ကြည့်ရှုလေ့လာကာ လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းတာဝန်များပြန်လည်ဆောင်ရွက်ခြင်းသည် အလုပ်အကိုင်များတည်ငြိမ်စေရန်ဖြစ်သလို ကုန်ထုတ်လုပ်မှုများ ပြန်လည်လည်ပတ်ခြင်းသည် စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်ခြင်း ဖြစ်သည်။
လုပ်ငန်းတာဝန်များနှင့်ကုန်ထုတ်လုပ်မှုများ စနစ်တကျ ပြန်လည်လည်ပတ်ဆောင်ရွက်ခြင်းသည် ကပ်ရောဂါကူးစက်မှုကို ကောင်းမွန်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို ဖော်ဆောင်ခြင်း၏ အရေးကြီးတာဝန်ဖြစ်ပြီး ရောဂါကပ်ဘေး၏ ဂယက်ရိုက်ခတ်မှုကို လျှော့ချသည့် အဓိကအရေးကြီးသော ဆောင်ရွက်မှုလည်း ဖြစ်ရာ ရောဂါကာကွယ်ထိန်းချုပ်မှုနှင့်လုပ်ငန်းပြန်လည်လည်ပတ်မှုနှစ်ခုအား မည်သို့ ကောင်းမွန်အောင် ဆောင်ရွက်ရမည်မှာ သမ္မတရှီ၏ အထူးအလေးထားသည့် ကိစ္စရပ်ဖြစ်သည်။
ကပ်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုကို အဓိက အခြေခံ၍ တရုတ်နိုင်ငံ၏ ဗဟိုစီးပွားရေးလုပ်ငန်းများ၊ အစိုးရပိုင်လုပ်ငန်းများ အစရှိသည့် လုပ်ငန်းအသီးသီးကို ကဏ္ဍခွဲကာ လုပ်ငန်းတာဝန်များနှင့် ကုန်ထုတ်လုပ်မှုများကို စနစ်တကျ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။
ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အခြေအနေပေါ်တွင် မူတည်၍ အဓိက ရောဂါဖြစ်ပွားခြင်း မဟုတ်သည့် နေရာဒေသများမှ အလုပ်အကိုင်များ၊ကုန်ထုတ်လုပ်မှုလုပ်ငန်းများ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည် လည်ပတ်ခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရောဂါ ကာကွယ်ထိန်းချုပ်မှုများအား တိုးမြှင့်ဆောင်ရွက်မှုကို အခြေခံ၍ ရောဂါဖြစ်ပွားရာ ဒေသ ၊ ဖြစ်ပွားမှုအခြေအနေနှင့် အမျိုးအစား၊ အချိန်အခါကို ခွဲ၍ လုပ်ငန်းတာဝန်များနှင့် ကုန်ထုတ်လုပ်မှုများ စနစ်တကျ လည်ပတ်ရန် ရှီကပြောကြားခဲ့ကြောင်း သိရသည်။
လည်ပတ်လှုပ်ရှားနေသည့် လူမှုစီးပွားစနစ်ကို ရေရှည် ရပ်တန့်၍မရနိုင်ပါကြောင်း ၊ ကပ်ရောဂါဖြစ်ပွားသည့် ကာလများအတွင်း သမ္မတရှီကျင့်ဖိန်သည် ရောဂါဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ သွားရောက်လေ့လာကြည့်ရှုခဲ့သလို အစည်းအဝေးများကျင်းပခဲ့ရာ ကပ်ရောဂါဖြစ်ပွားသည့်အခြေအနေနှင့်ဒေသခွဲ၍ လုပ်ငန်းများ စနစ်တကျပြန်လည် လည်ပတ်ရန် အလေးထား ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် သမ္မတရှီကျင့်ဖိန်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း အစည်းအဝေးကို တက်ရောက်၍ မိန့်ခွန်းစကား ပြောကြားရာ၌လည်း လုပ်ငန်းတာဝန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ပြန်လည် လည်ပတ်ရန် ညွှန်ကြားချက် ၈ ရပ်ကို ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ပြောကြားရာတွင် ရောဂါဖြစ်ပွားသည့် အခြေအနေနှင့်ဒေသခွဲ၍ တိကျစွာ အလုပ်အကိုင်၊ လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် ၊ မက်ခရို မူဝါဒ ညှိနှိုင်းမှုကို တိုးမြှင့်ရန် ၊ အလုပ်အကိုင်တည်ငြိမ်မှုရှိအောင် ဘက်စုံ အားဖြည့် ဆောင်ရွက်ရန် ၊ ဆင်းရဲနွမ်းပါးမှုလွတ်ကင်းရေး တာဝန်ကို ပြီးဆုံးအောင် ခိုင်မာစွာဆောင်ရွက်ရန် ၊ လုပ်ငန်းတာဝန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လည်ပတ်အောင် တွန်းအားပေး ဆောင်ရွက်ရန် ၊ နွေဦးကာလ လယ်ယာကဏ္ဍထုတ်လုပ်မှုလုပ်ငန်းများ မလစ်ဟင်းအောင် ဆောင်ရွက်ရန် ၊ ပြည်သူများ၏စားဝတ်နေရေး အခြေခံအာမခံမှုရှိစေအောင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြည်ပကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။ (Xinhua)
------------------------------------
(Zawgyi Version)
လုပ္ငန္းတာဝန္ႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ျပန္လည္လည္ပတ္စဥ္ကာလ သမၼတရွီက်င့္ဖိန္၏ အထူးစီမံမႈမ်ား
ေပက်င္း၊ မတ္ ၃၀ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ အေထြေထြအတြင္းေရးမႉးခ်ဳပ္ သမၼတ ရွီက်င့္ဖိန္သည္ မတ္ ၂၉ ရက္တြင္ က်ဲ႕က်န္းျပည္နယ္ နင္းေပါၿမိဳ႕က်ိဳးဆန္းဆိပ္ကမ္းႏွင့္ စက္မႈဥယ်ာဥ္သို႔ သြားေရာက္ၾကည့္ရႈေလ့လာကာ လိုအပ္သည္မ်ားကို ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။
လုပ္ငန္းတာဝန္မ်ားျပန္လည္ေဆာင္႐ြက္ျခင္းသည္ အလုပ္အကိုင္မ်ားတည္ၿငိမ္ေစရန္ျဖစ္သလို ကုန္ထုတ္လုပ္မႈမ်ား ျပန္လည္လည္ပတ္ျခင္းသည္ စီးပြားေရးတည္ၿငိမ္ေအာင္ ေဆာင္႐ြက္ျခင္း ျဖစ္သည္။
လုပ္ငန္းတာဝန္မ်ားႏွင့္ကုန္ထုတ္လုပ္မႈမ်ား စနစ္တက် ျပန္လည္လည္ပတ္ေဆာင္႐ြက္ျခင္းသည္ ကပ္ေရာဂါကူးစက္မႈကို ေကာင္းမြန္စြာ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးႏွင့္ လူမႈစီးပြားဖြံ႕ၿဖိဳးေရးကို ေဖာ္ေဆာင္ျခင္း၏ အေရးႀကီးတာဝန္ျဖစ္ၿပီး ေရာဂါကပ္ေဘး၏ ဂယက္႐ိုက္ခတ္မႈကို ေလွ်ာ့ခ်သည့္ အဓိကအေရးႀကီးေသာ ေဆာင္႐ြက္မႈလည္း ျဖစ္ရာ ေရာဂါကာကြယ္ထိန္းခ်ဳပ္မႈႏွင့္လုပ္ငန္းျပန္လည္လည္ပတ္မႈႏွစ္ခုအား မည္သို႔ ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ရမည္မွာ သမၼတရွီ၏ အထူးအေလးထားသည့္ ကိစၥရပ္ျဖစ္သည္။
ကပ္ေရာဂါ ကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္မႈကို အဓိက အေျခခံ၍ တ႐ုတ္ႏိုင္ငံ၏ ဗဟိုစီးပြားေရးလုပ္ငန္းမ်ား၊ အစိုးရပိုင္လုပ္ငန္းမ်ား အစရွိသည့္ လုပ္ငန္းအသီးသီးကို က႑ခြဲကာ လုပ္ငန္းတာဝန္မ်ားႏွင့္ ကုန္ထုတ္လုပ္မႈမ်ားကို စနစ္တက် ျပန္လည္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သမၼတ ရွီက ဆိုသည္။
ကပ္ေရာဂါ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္သည့္အေျခအေနေပၚတြင္ မူတည္၍ အဓိက ေရာဂါျဖစ္ပြားျခင္း မဟုတ္သည့္ ေနရာေဒသမ်ားမွ အလုပ္အကိုင္မ်ား၊ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို ျပန္လည္ လည္ပတ္ျခင္း ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
ေရာဂါ ကာကြယ္ထိန္းခ်ဳပ္မႈမ်ားအား တိုးျမႇင့္ေဆာင္႐ြက္မႈကို အေျခခံ၍ ေရာဂါျဖစ္ပြားရာ ေဒသ ၊ ျဖစ္ပြားမႈအေျခအေနႏွင့္ အမ်ိဳးအစား၊ အခ်ိန္အခါကို ခြဲ၍ လုပ္ငန္းတာဝန္မ်ားႏွင့္ ကုန္ထုတ္လုပ္မႈမ်ား စနစ္တက် လည္ပတ္ရန္ ရွီကေျပာၾကားခဲ့ေၾကာင္း သိရသည္။
လည္ပတ္လႈပ္ရွားေနသည့္ လူမႈစီးပြားစနစ္ကို ေရရွည္ ရပ္တန႔္၍မရႏိုင္ပါေၾကာင္း ၊ ကပ္ေရာဂါျဖစ္ပြားသည့္ ကာလမ်ားအတြင္း သမၼတရွီက်င့္ဖိန္သည္ ေရာဂါျဖစ္ပြားရာေနရာသို႔ အႀကိမ္ေပါင္းမ်ားစြာ သြားေရာက္ေလ့လာၾကည့္ရႈခဲ့သလို အစည္းအေဝးမ်ားက်င္းပခဲ့ရာ ကပ္ေရာဂါျဖစ္ပြားသည့္အေျခအေနႏွင့္ေဒသခြဲ၍ လုပ္ငန္းမ်ား စနစ္တက်ျပန္လည္ လည္ပတ္ရန္ အေလးထား ေျပာၾကားခဲ့သည္။
ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ သမၼတရွီက်င့္ဖိန္သည္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ လုပ္ငန္း အစည္းအေဝးကို တက္ေရာက္၍ မိန႔္ခြန္းစကား ေျပာၾကားရာ၌လည္း လုပ္ငန္းတာဝန္ႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား စနစ္တက် ျပန္လည္ လည္ပတ္ရန္ ၫႊန္ၾကားခ်က္ ၈ ရပ္ကို ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေျပာၾကားရာတြင္ ေရာဂါျဖစ္ပြားသည့္ အေျခအေနႏွင့္ေဒသခြဲ၍ တိက်စြာ အလုပ္အကိုင္၊ လုပ္ငန္းမ်ား ျပန္လည္ လည္ပတ္ရန္ ၊ မက္ခ႐ို မူဝါဒ ညႇိႏႈိင္းမႈကို တိုးျမႇင့္ရန္ ၊ အလုပ္အကိုင္တည္ၿငိမ္မႈရွိေအာင္ ဘက္စုံ အားျဖည့္ ေဆာင္႐ြက္ရန္ ၊ ဆင္းရဲႏြမ္းပါးမႈလြတ္ကင္းေရး တာဝန္ကို ၿပီးဆုံးေအာင္ ခိုင္မာစြာေဆာင္႐ြက္ရန္ ၊ လုပ္ငန္းတာဝန္ႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ျပန္လည္ေဆာင္႐ြက္လည္ပတ္ေအာင္ တြန္းအားေပး ေဆာင္႐ြက္ရန္ ၊ ေႏြဦးကာလ လယ္ယာက႑ထုတ္လုပ္မႈလုပ္ငန္းမ်ား မလစ္ဟင္းေအာင္ ေဆာင္႐ြက္ရန္ ၊ ျပည္သူမ်ား၏စားဝတ္ေနေရး အေျခခံအာမခံမႈရွိေစေအာင္ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္၊ ျပည္ပကုန္သြယ္ေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈကို တည္ၿငိမ္ေအာင္ ေဆာင္႐ြက္ရန္ လမ္းၫႊန္မႈေပးခဲ့ေၾကာင္း သိရသည္။ (Xinhua)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၃၀ ရက္(ဆင္ဟြာ)

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ကုသရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီရန် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင် အဖွဲ့ လာရောက်မည်
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး ၊ ကုသရေး လုပ်ငန်းများ နှင့် ရောဂါရှာဖွေရေး လုပ်ငန်းများတွင် ပါဝင် ဝိုင်းဝန်း ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ယနေ့ မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
“တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့မကြာမီ ဧပြီလဆန်းပိုင်း မှာ COVID-19 တိုက်ဖျက်ရေးနဲ့ ကုသရေး လုပ်ငန်းများနဲ့ ရောဂါရှာဖွေရေး လုပ်ငန်းများမှာ ပါဝင်ဝိုင်းဝန်း ကူညီ ဆောင်ရွက် သွားဖို့ အတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ယူနန်ပြည်နယ်မှ ကျန်းမာရေး နှင့် ပတ်သက်သည့် အဖွဲ့တစ်ဖွဲ့သည် ဧပြီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ၁၄ ရက်ကြာ နေထိုင်ပြီး မြန်မာနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များနှင့် အတူ လုပ်ငန်းများ လုပ်ကိုင်ပြီး COVID-19 နှင့် ပတ်သတ်သော ရောဂါ အတွေ့အကြုံများကို ဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံ အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ မြန်မာနိုင်ငံသို့ ဆေးကုသပစ္စည်းများကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်ပြီး သံရုံးအနေဖြင့်လည်း တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် Medical Team နှင့် ပတ်သက်၍လည်း သံရုံး အနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် အနီးကပ် ညှိနှိုင်းဆွေးနွေးလျက် ရှိနေပြီး ယင်းအဖွဲ့အား မြန်မာနိုင်ငံသို့ အမြန်ဆုံး ရောက်ရှိရန် တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က “ဒီအဖွဲ့မှာ ကူးစက်ရောဂါ ဆိုင်ရာ ရောဂါကာကွယ်တဲ့ ကာကွယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ပညာရှင်တွေလဲ ပါသလို ၊ COVID-19 ဓာတ်ခွဲအတည်ပြုပြီးသား ရောဂါလူနာများကို ကုသတဲ့ အဖွဲ့လဲ ပါပါတယ်။ ကျွန်တော်တို့ နိုင်ငံကို လာမယ့် ဆေးဘက်ဆိုင်ရာ အဖွဲ့ထဲမှာ တရုတ်တိုင်းရင်းဆေးပညာ ကျွမ်းကျင်တဲ့ ပညာရှင်ပါလာပြီးတော့ တရုတ်တိုင်းရင်းဆေးများလဲ သယ်လာမယ်လို့ သိရပါတယ်။ ရောဂါကို ရှာဖွေကုသနိုင်တဲ့ ဓာတ်ခွဲ ပညာရှင်များလဲ ပါလာမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၄ ရက်တိတိ နေထိုင်ပြီးတော့ မြန်မာပညာရှင်များနဲ့ အတွေ့အကြုံ ဖလှယ်တဲ့ ကိစ္စတွေ ဆောင်ရွက်မယ်။ သင်တန်းပေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပြီးတော့ ဓာတ်ခွဲအဖွဲ့အနေနဲ့ တစ်နေ့ လူအယောက် ၂၀၀ ကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနိုင်တဲ့ ဓာတ်ခွဲခန်းလဲ ပါလာမှာ ဖြစ်ပါတယ်။”ဟု စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ပြောကြားခဲ့သည်။
အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံ၌ COVID-19 နဲ့ ပတ်သက်ပြီး ဓာတ်ခွဲ အတည်ပြုပေးနေသည့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းနှင့် ပူးတွဲ၍ အတူတကွ COVID-19 ရောဂါကို ရှာဖွေနိုင်သည့် ဓာတ်ခွဲလုပ်ငန်းများကိုလည်း ပူးတွဲ ဆောင်ရွက်ရန် အစီအစဉ်များ လုပ်ထားကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများအား မတ် ၁၇ ရက်တွင် ပထမ အသုတ် လူဦးရေ ၂,၀၁၆ ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယ အသုတ် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅,၀၀၀ ၊ N95 နှာခေါင်းစည်း ၅,၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့အား မတ် ၂၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၊ ထို့အတူ မြန်မာဘက်၏ အခက်အခဲ နှင့် လိုအပ်ချက် အပေါ် မူတည်ပြီး တရုတ်ဘက်က မြန်မာနိုင်ငံကို အပူချိန်တိုင်း ကိရိယာများ ပို့ဆောင်ရန် စီစဉ်နေပြီး အမြန်ဆုံး လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------------------
(Zawgyi Version)
ျမန္မာႏိုင္ငံ COVID-19 ေရာဂါ တိုက္ဖ်က္ကုသေရး လုပ္ငန္းမ်ားတြင္ ဝိုင္းဝန္းကူညီရန္ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္ ပညာရွင္ အဖြဲ႕ လာေရာက္မည္
ရန္ကုန္ ၊ မတ္ ၃၀ ရက္(ဆင္ဟြာ)
ျမန္မာႏိုင္ငံ COVID-19 ေရာဂါ တိုက္ဖ်က္ေရး ၊ ကုသေရး လုပ္ငန္းမ်ား ႏွင့္ ေရာဂါရွာေဖြေရး လုပ္ငန္းမ်ားတြင္ ပါဝင္ ဝိုင္းဝန္း ကူညီေဆာင္႐ြက္ရန္ တ႐ုတ္ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ ျမန္မာႏိုင္ငံသို႔ လာေရာက္မည္ ျဖစ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ၊ ဝန္ႀကီး႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ယေန႔ မတ္ ၃၀ ရက္တြင္ ေျပာၾကားခဲ့သည္။
“တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံက ကြၽမ္းက်င္တဲ့ ပညာရွင္ေတြ ပါဝင္တဲ့ အဖြဲ႕တစ္ဖြဲ႕မၾကာမီ ဧၿပီလဆန္းပိုင္း မွာ COVID-19 တိုက္ဖ်က္ေရးနဲ႔ ကုသေရး လုပ္ငန္းမ်ားနဲ႔ ေရာဂါရွာေဖြေရး လုပ္ငန္းမ်ားမွာ ပါဝင္ဝိုင္းဝန္း ကူညီ ေဆာင္႐ြက္ သြားဖို႔ အတြက္ စီစဥ္ထားၿပီး ျဖစ္ပါတယ္။”ဟု ၎က ေျပာၾကားခဲ့သည္။
တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ ၊ ယူနန္ျပည္နယ္မွ က်န္းမာေရး ႏွင့္ ပတ္သက္သည့္ အဖြဲ႕တစ္ဖြဲ႕သည္ ဧၿပီလဆန္းပိုင္းတြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္ကာ ၁၄ ရက္ၾကာ ေနထိုင္ၿပီး ျမန္မာႏိုင္ငံရွိ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ အတူ လုပ္ငန္းမ်ား လုပ္ကိုင္ၿပီး COVID-19 ႏွင့္ ပတ္သတ္ေသာ ေရာဂါ အေတြ႕အႀကဳံမ်ားကို ဖလွယ္ၾကမည္ ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူသမၼတ ႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္က တ႐ုတ္ႏိုင္ငံ အစိုးရ ႏွင့္ ပုဂၢလိက က႑တို႔မွ ျမန္မာႏိုင္ငံသို႔ ေဆးကုသပစၥည္းမ်ားကို ဆက္လက္ လႉဒါန္းသြားမည္ ျဖစ္ၿပီး သံ႐ုံးအေနျဖင့္လည္း တြန္းအားေပးသြားမည္ ျဖစ္ေၾကာင္း ၊ တ႐ုတ္ Medical Team ႏွင့္ ပတ္သက္၍လည္း သံ႐ုံး အေနျဖင့္ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ႏွင့္ အနီးကပ္ ညႇိႏႈိင္းေဆြးေႏြးလ်က္ ရွိေနၿပီး ယင္းအဖြဲ႕အား ျမန္မာႏိုင္ငံသို႔ အျမန္ဆုံး ေရာက္ရွိရန္ တြန္းအားေပးေနေၾကာင္း ေျပာၾကားခဲ့သည္။
က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ၊ ဝန္ႀကီး႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က “ဒီအဖြဲ႕မွာ ကူးစက္ေရာဂါ ဆိုင္ရာ ေရာဂါကာကြယ္တဲ့ ကာကြယ္ေရး လုပ္ငန္းေတြကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္တဲ့ ပညာရွင္ေတြလဲ ပါသလို ၊ COVID-19 ဓာတ္ခြဲအတည္ျပဳၿပီးသား ေရာဂါလူနာမ်ားကို ကုသတဲ့ အဖြဲ႕လဲ ပါပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံကို လာမယ့္ ေဆးဘက္ဆိုင္ရာ အဖြဲ႕ထဲမွာ တ႐ုတ္တိုင္းရင္းေဆးပညာ ကြၽမ္းက်င္တဲ့ ပညာရွင္ပါလာၿပီးေတာ့ တ႐ုတ္တိုင္းရင္းေဆးမ်ားလဲ သယ္လာမယ္လို႔ သိရပါတယ္။ ေရာဂါကို ရွာေဖြကုသႏိုင္တဲ့ ဓာတ္ခြဲ ပညာရွင္မ်ားလဲ ပါလာမွာ ျဖစ္ပါတယ္။ ဒီအဖြဲ႕ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ၁၄ ရက္တိတိ ေနထိုင္ၿပီးေတာ့ ျမန္မာပညာရွင္မ်ားနဲ႔ အေတြ႕အႀကဳံ ဖလွယ္တဲ့ ကိစၥေတြ ေဆာင္႐ြက္မယ္။ သင္တန္းေပးျခင္း လုပ္ငန္းေတြကို ေဆာင္႐ြက္ၿပီးေတာ့ ဓာတ္ခြဲအဖြဲ႕အေနနဲ႔ တစ္ေန႔ လူအေယာက္ ၂၀၀ ကို COVID-19 ေရာဂါ ရွိ/မရွိ စစ္ေဆးေပးႏိုင္တဲ့ ဓာတ္ခြဲခန္းလဲ ပါလာမွာ ျဖစ္ပါတယ္။”ဟု စီစဥ္ေဆာင္႐ြက္ထားမႈ အေျခအေနမ်ားကို ေျပာၾကားခဲ့သည္။
အဆိုပါ အဖြဲ႕သည္ ျမန္မာႏိုင္ငံ၌ COVID-19 နဲ႔ ပတ္သက္ၿပီး ဓာတ္ခြဲ အတည္ျပဳေပးေနသည့္ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲခန္းႏွင့္ ပူးတြဲ၍ အတူတကြ COVID-19 ေရာဂါကို ရွာေဖြႏိုင္သည့္ ဓာတ္ခြဲလုပ္ငန္းမ်ားကိုလည္း ပူးတြဲ ေဆာင္႐ြက္ရန္ အစီအစဥ္မ်ား လုပ္ထားေၾကာင္းလည္း သိရသည္။
တ႐ုတ္ႏိုင္ငံအစိုးရမွ ျမန္မာႏိုင္ငံအစိုးရထံသို႔ COVID-19 ေရာဂါတိုက္ဖ်က္ေရး ပစၥည္းမ်ားအား မတ္ ၁၇ ရက္တြင္ ပထမ အသုတ္ လူဦးေရ ၂,၀၁၆ ဦးစာ COVID-19 ဗိုင္းရပ္စ္ပိုး ဓာတ္ခြဲစစ္ေဆးကိရိယာမ်ား ေထာက္ပံ့ေပးအပ္ခဲ့ၿပီး ဒုတိယ အသုတ္ တစ္ကိုယ္ရည္သုံး ေရာဂါကာကြယ္ေရးဝတ္စုံ (PPE) ၅,၀၀၀ ၊ N95 ႏွာေခါင္းစည္း ၅,၀၀၀ ႏွင့္ တစ္ခါသုံးႏွာေခါင္းစည္း ၂ သိန္းတို႔အား မတ္ ၂၆ ရက္တြင္ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း ၊ ထို႔အတူ ျမန္မာဘက္၏ အခက္အခဲ ႏွင့္ လိုအပ္ခ်က္ အေပၚ မူတည္ၿပီး တ႐ုတ္ဘက္က ျမန္မာႏိုင္ငံကို အပူခ်ိန္တိုင္း ကိရိယာမ်ား ပို႔ေဆာင္ရန္ စီစဥ္ေနၿပီး အျမန္ဆုံး လႊဲေပးမည္ ျဖစ္ေၾကာင္း သိရသည္။ (Xinhua)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၃၀ ရက္(ဆင္ဟြာ)

တရုတ်နိုင်ငံ ဖောင်ဒေးရှင်းများမှ မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်း
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဖောင်ဒေးရှင်းများ ဖြစ်ကြသည့် ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို အထောက်အကူပြုရန် အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ယနေ့ မတ် ၃၀ ရက်တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ N95 နှာခေါင်းစည်း(Mask) တစ်သိန်း ၊ ဓာတ်ခွဲစစ်ဆေးကိရိယာ(Detection Kits) ၂၈,၈၀၀ လွှဲပြောင်းပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံမှူးကြီး ဒေါ်နွဲ့ကလျာ(Ms. Li Xiaoyan)က “တရုတ်ကုမ္ပဏီ တွေကလည်း ပြင်းပြတဲ့ လူမှုရေး တာဝန်ခံမှု ၊ တာဝန်ယူမှု စိတ်ဓာတ်နဲ့ မြန်မာပြည်သူပြည်သားများ အပေါ် နက်နဲတဲ့ ပေါက်ဖော် ချစ်ကြည်ရေးကို ဖော်ပြထားပါတယ်။”ဟု ပေးအပ်လှူဒါန်းသည့် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အတူ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အေးအတူပူအမျှ အသိုက်အဝန်း ဖြစ်ကြောင်း ၊ အနာဂတ်တွင် တရုတ်ဘက်မှ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်ပြီး မြန်မာဘက်နှင့် ဆက်လက် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံ မျှဝေခြင်း ၊ ဆေးပစ္စည်းများ လှူဒါန်းခြင်း ၊ ပညာရှင် အဖွဲ့ စေလွှတ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို ပိုမို ထိရောက်ကောင်းမွန်စွာ အားပေးဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က “အခုချိန်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ် ထိန်းချုပ်ကုသ တိုက်ဖျက်ရေး လုပ်ငန်းမှာ မရှိမဖြစ် လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေနဲ့ ရောဂါရှာဖွေရေး ပစ္စည်းတွေကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ လှူဒါန်းပေးတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအား မြန်မာပြည်သူတွေကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်စား ပြောကြားအပ်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများအား မတ် ၁၇ ရက်တွင် ပထမ အသုတ် လူဦးရေ ၂,၀၁၆ ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယ အသုတ် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅,၀၀၀ ၊ N95 နှာခေါင်းစည်း ၅,၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့အား မတ် ၂၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၊ ထို့အတူ မြန်မာဘက်၏ အခက်အခဲ နှင့် လိုအပ်ချက် အပေါ် မူတည်ပြီး တရုတ်ဘက်က မြန်မာနိုင်ငံကို အပူချိန်တိုင်း ကိရိယာများ ပို့ဆောင်ရန် စီစဉ်နေပြီး အမြန်ဆုံး လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
----------------------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံ ေဖာင္ေဒးရွင္းမ်ားမွ ျမန္မာႏိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းမ်ား အတြက္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား ေပးအပ္လႉဒါန္း
ရန္ကုန္ ၊ မတ္ ၃၀ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ၏ ေဖာင္ေဒးရွင္းမ်ား ျဖစ္ၾကသည့္ ဂ်က္မား(Jack Ma) ႏွင့္ အလီဘာဘာ(Alibaba) ေဖာင္ေဒးရွင္းတို႔မွ ျမန္မာႏိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းကို အေထာက္အကူျပဳရန္ အတြက္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား ယေန႔ မတ္ ၃၀ ရက္တြင္ လႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသို႔ ဂ်က္မား(Jack Ma) ႏွင့္ အလီဘာဘာ(Alibaba) ေဖာင္ေဒးရွင္းတို႔မွ N95 ႏွာေခါင္းစည္း(Mask) တစ္သိန္း ၊ ဓာတ္ခြဲစစ္ေဆးကိရိယာ(Detection Kits) ၂၈,၈၀၀ လႊဲေျပာင္းေပးအပ္ လႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ သံမႉးႀကီး ေဒၚႏြဲ႕ကလ်ာ(Ms. Li Xiaoyan)က “တ႐ုတ္ကုမၸဏီ ေတြကလည္း ျပင္းျပတဲ့ လူမႈေရး တာဝန္ခံမႈ ၊ တာဝန္ယူမႈ စိတ္ဓာတ္နဲ႔ ျမန္မာျပည္သူျပည္သားမ်ား အေပၚ နက္နဲတဲ့ ေပါက္ေဖာ္ ခ်စ္ၾကည္ေရးကို ေဖာ္ျပထားပါတယ္။”ဟု ေပးအပ္လႉဒါန္းသည့္ အခမ္းအနားတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။
ထို႔အတူ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံသည္ ေအးအတူပူအမွ် အသိုက္အဝန္း ျဖစ္ေၾကာင္း ၊ အနာဂတ္တြင္ တ႐ုတ္ဘက္မွ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ႏွင့္ ပတ္သက္ၿပီး ျမန္မာဘက္ႏွင့္ ဆက္လက္ လက္တြဲပူးေပါင္းေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး ေရာဂါတိုက္ဖ်က္ေရး အေတြ႕အႀကဳံ မွ်ေဝျခင္း ၊ ေဆးပစၥည္းမ်ား လႉဒါန္းျခင္း ၊ ပညာရွင္ အဖြဲ႕ ေစလႊတ္ျခင္းျဖင့္ ျမန္မာႏိုင္ငံ၏ COVID-19 ေရာဂါ တိုက္ဖ်က္ေရး လုပ္ငန္းကို ပိုမို ထိေရာက္ေကာင္းမြန္စြာ အားေပးေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း ၎က ထည့္သြင္း ေျပာၾကားခဲ့သည္။
က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ၊ ဝန္ႀကီး႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က “အခုခ်ိန္မွာ တစ္ကမာၻလုံးကို ၿခိမ္းေျခာက္ေနေသာ ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ကုသ တိုက္ဖ်က္ေရး လုပ္ငန္းမွာ မရွိမျဖစ္ လိုအပ္တဲ့ ကာကြယ္ေရး ပစၥည္းေတြနဲ႔ ေရာဂါရွာေဖြေရး ပစၥည္းေတြကို ေစတနာ သဒၶါတရား ထက္သန္စြာနဲ႔ လႉဒါန္းေပးတဲ့ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအား ျမန္မာျပည္သူေတြကိုယ္စား လႈိက္လွဲစြာ ေက်းဇူးတင္ရွိပါေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး ကိုယ္စား ေျပာၾကားအပ္ပါတယ္။”ဟု ထည့္သြင္း ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံအစိုးရမွ ျမန္မာႏိုင္ငံအစိုးရထံသို႔ COVID-19 ေရာဂါတိုက္ဖ်က္ေရး ပစၥည္းမ်ားအား မတ္ ၁၇ ရက္တြင္ ပထမ အသုတ္ လူဦးေရ ၂,၀၁၆ ဦးစာ COVID-19 ဗိုင္းရပ္စ္ပိုး ဓာတ္ခြဲစစ္ေဆးကိရိယာမ်ား ေထာက္ပံ့ေပးအပ္ခဲ့ၿပီး ဒုတိယ အသုတ္ တစ္ကိုယ္ရည္သုံး ေရာဂါကာကြယ္ေရးဝတ္စုံ (PPE) ၅,၀၀၀ ၊ N95 ႏွာေခါင္းစည္း ၅,၀၀၀ ႏွင့္ တစ္ခါသုံးႏွာေခါင္းစည္း ၂ သိန္းတို႔အား မတ္ ၂၆ ရက္တြင္ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း ၊ ထို႔အတူ ျမန္မာဘက္၏ အခက္အခဲ ႏွင့္ လိုအပ္ခ်က္ အေပၚ မူတည္ၿပီး တ႐ုတ္ဘက္က ျမန္မာႏိုင္ငံကို အပူခ်ိန္တိုင္း ကိရိယာမ်ား ပို႔ေဆာင္ရန္ စီစဥ္ေနၿပီး အျမန္ဆုံး လႊဲေပးမည္ ျဖစ္ေၾကာင္း သိရသည္။ (Xinhua)

ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ) / ေပက်င္း၊ မတ္ ၃၀ ရက္(ဆင္ဟြာ)

တရုတ်နိုင်ငံ၌ မတ် ၂၉ ရက်တွင် အသစ်ထပ်တိုးလူနာ ၃၁ ဦး အနက် ၃၀ ဦးမှာ ပြည်ပမှ ဝင်ရောက်သူများဖြစ်
ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်နယ်နှင့်ဒေသ ၃၁ ခုနှင့် ရှင်းကျန်း ထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့တို့၏ ပေးပို့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၌ မတ် ၂၉ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအချိန်အတွင်း COVID-19 ရောဂါ အသစ်ထပ်တိုး အတည်ပြုလူနာ ၃၁ ဦးရှိရာ ၎င်းတို့အနက် ပြည်ပမှ ဝင်ရောက်လာသူ ၃၀ ဦး ၊ ပြည်တွင်းတွင် ရောဂါဖြစ်ပွားသူ ၁ ဦး(ကန်းစုပြည်နယ်)ရှိပြီး သေဆုံးသူ ၄ ဦး(ဟူပေပြည်နယ်)၊ ပြည်ပမှ ဝင်ရောက်လာသူ အသစ်ထပ်တိုး သံသယလူနာ ၁၇ ဦး ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်မှတစ်ဆင့် သိရှိရသည်။
ထို့နေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၃၂၂ ဦး၊ အနီးကပ် ကျန်းမာရေးစောင့်ကြပ်ရာမှ စိတ်ချရသူ ၁,၅၇၅ ဦး ၊ ရောဂါ ပြင်းထန်ရာမှ သက်သာလာသူ ၁၀၉ ဦး ရှိကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၆၃၀ ဦး ၊ သံသယလူနာ ၁၆၅ ဦး ရှိကြောင်းသိရသည်။
ပြည်ပမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာသူ အတည်ပြုလူနာ စုစုပေါင်း ၇၂၃ ဦး ရှိခဲ့ရာ ကုသပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၉၃ ဦးရှိပြီး သေဆုံးသူ မရှိကြောင်း သိရသည်။ 
 
မတ် ၂၉ ရက် ၂၄:၀၀ နာရီအချိန်အထိ တရုတ်နိုင်ငံတွင် ရောဂါပြင်းထန်သူ ၆၃၃ ဦးအပါအဝင် စုစုပေါင်းအတည်ပြုလူနာ ၂,၃၉၆ ဦးရှိပြီး သံသယလူနာ ၁၆၈ ဦး ရှိကြောင်း သိရသည်။ ကပ်ရောဂါဖြစ်ပွားရာကာလအတွင်း စုစုပေါင်း အတည်ပြုလူနာ ၈၁,၄၇၀ဦးရှိရာ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၇၅,၇၇၀ ဦး ၊ သေဆုံးသူ ၃,၃၀၄ ဦး ၊ အနီးကပ် ကျန်းမာရေး စောင့်ကြည့်သူစုစုပေါင်း ၇၀၄,၁၉၀ ဦး၊ အနီးကပ်ကျန်းမာရေး စောင့်ကြည့်လျက်ရှိသူ ၁၉,၂၃၅ ဦး ရှိခဲ့သည်။
တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအိုနှင့်ထိုင်ဝမ်ဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၉၇၇ ဦးရှိရာ ဟောင်ကောင်တွင် ၆၄၁ ဦး (ဆေးရုံဆင်းခွင့်ရသူ ၁၁၈ ဦး ၊ သေဆုံးသူ ၄ ဦး)၊ မကာအိုတွင် ၃၈ ဦး(ဆေးရုံဆင်းခွင့်ရသူ ၁၀ ဦး)၊ ထိုင်ဝမ်တွင် ၂၉၈ ဦး(ဆေးရုံဆင်းခွင့်ရသူ ၃၉ ဦး၊ သေဆုံးသူ ၃ဦး)အသီးသီးရှိကြောင်း သိရသည်။ (Xinhua)
-------------------------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံ၌ မတ္ ၂၉ ရက္တြင္ အသစ္ထပ္တိုးလူနာ ၃၁ ဦး အနက္ ၃၀ ဦးမွာ ျပည္ပမွ ဝင္ေရာက္သူမ်ားျဖစ္
ေပက်င္း၊ မတ္ ၃၀ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ ျပည္နယ္ႏွင့္ေဒသ ၃၁ ခုႏွင့္ ရွင္းက်န္း ထုတ္လုပ္မႈႏွင့္တည္ေဆာက္ေရးတပ္ဖြဲ႕တို႔၏ ေပးပို႔သည့္ အခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံ၌ မတ္ ၂၉ ရက္ ၀၀:၀၀ နာရီမွ ၂၄:၀၀ နာရီအခ်ိန္အတြင္း COVID-19 ေရာဂါ အသစ္ထပ္တိုး အတည္ျပဳလူနာ ၃၁ ဦးရွိရာ ၎တို႔အနက္ ျပည္ပမွ ဝင္ေရာက္လာသူ ၃၀ ဦး ၊ ျပည္တြင္းတြင္ ေရာဂါျဖစ္ပြားသူ ၁ ဦး(ကန္းစုျပည္နယ္)ရွိၿပီး ေသဆုံးသူ ၄ ဦး(ဟူေပျပည္နယ္)၊ ျပည္ပမွ ဝင္ေရာက္လာသူ အသစ္ထပ္တိုး သံသယလူနာ ၁၇ ဦး ရွိေၾကာင္း တ႐ုတ္ႏိုင္ငံ အမ်ိဳးသား က်န္းမာေရးေကာ္မရွင္မွတစ္ဆင့္ သိရွိရသည္။
ထို႔ေန႔တြင္ ေရာဂါသက္သာေပ်ာက္ကင္း၍ ေဆး႐ုံဆင္းခြင့္ရသူ ၃၂၂ ဦး၊ အနီးကပ္ က်န္းမာေရးေစာင့္ၾကပ္ရာမွ စိတ္ခ်ရသူ ၁,၅၇၅ ဦး ၊ ေရာဂါ ျပင္းထန္ရာမွ သက္သာလာသူ ၁၀၉ ဦး ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ျပည္ပမွ တ႐ုတ္ႏိုင္ငံသို႔ ဝင္ေရာက္လာေသာ COVID-19 ေရာဂါ အတည္ျပဳလူနာ စုစုေပါင္း ၆၃၀ ဦး ၊ သံသယလူနာ ၁၆၅ ဦး ရွိေၾကာင္းသိရသည္။
ျပည္ပမွ တ႐ုတ္ႏိုင္ငံသို႔ ဝင္ေရာက္လာသူ အတည္ျပဳလူနာ စုစုေပါင္း ၇၂၃ ဦး ရွိခဲ့ရာ ကုသေပ်ာက္ကင္း၍ ေဆး႐ုံဆင္းခြင့္ရသူ စုစုေပါင္း ၉၃ ဦးရွိၿပီး ေသဆုံးသူ မရွိေၾကာင္း သိရသည္။ 
 
မတ္ ၂၉ ရက္ ၂၄:၀၀ နာရီအခ်ိန္အထိ တ႐ုတ္ႏိုင္ငံတြင္ ေရာဂါျပင္းထန္သူ ၆၃၃ ဦးအပါအဝင္ စုစုေပါင္းအတည္ျပဳလူနာ ၂,၃၉၆ ဦးရွိၿပီး သံသယလူနာ ၁၆၈ ဦး ရွိေၾကာင္း သိရသည္။ ကပ္ေရာဂါျဖစ္ပြားရာကာလအတြင္း စုစုေပါင္း အတည္ျပဳလူနာ ၈၁,၄၇၀ဦးရွိရာ ေဆး႐ုံဆင္းခြင့္ရသူ စုစုေပါင္း ၇၅,၇၇၀ ဦး ၊ ေသဆုံးသူ ၃,၃၀၄ ဦး ၊ အနီးကပ္ က်န္းမာေရး ေစာင့္ၾကည့္သူစုစုေပါင္း ၇၀၄,၁၉၀ ဦး၊ အနီးကပ္က်န္းမာေရး ေစာင့္ၾကည့္လ်က္ရွိသူ ၁၉,၂၃၅ ဦး ရွိခဲ့သည္။
တ႐ုတ္ႏိုင္ငံ ေဟာင္ေကာင္၊ မကာအိုႏွင့္ထိုင္ဝမ္ေဒသမ်ားတြင္ အတည္ျပဳလူနာ စုစုေပါင္း ၉၇၇ ဦးရွိရာ ေဟာင္ေကာင္တြင္ ၆၄၁ ဦး (ေဆး႐ုံဆင္းခြင့္ရသူ ၁၁၈ ဦး ၊ ေသဆုံးသူ ၄ ဦး)၊ မကာအိုတြင္ ၃၈ ဦး(ေဆး႐ုံဆင္းခြင့္ရသူ ၁၀ ဦး)၊ ထိုင္ဝမ္တြင္ ၂၉၈ ဦး(ေဆး႐ုံဆင္းခြင့္ရသူ ၃၉ ဦး၊ ေသဆုံးသူ ၃ဦး)အသီးသီးရွိေၾကာင္း သိရသည္။ (Xinhua)

ရန်ကုန်၊မတ် ၃၀ ရက် (ဆင်ဟွာ) / ရန္ကုန္၊မတ္ ၃၀ ရက္ (ဆင္ဟြာ)

COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဗူးများနှစ်ဆ တိုးမြှင့်ထုတ်လုပ်
ရန်ကုန်၊မတ် ၃၀ ရက် (ဆင်ဟွာ)
COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဗူးများယခင်ထုတ်လုပ်မှုထက် နှစ်ဆ တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကမှထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ စက်ရုံမှအရက်ပြန်ကို လိုသလောက်ရောင်းချပေးလျက်ရှိပြီး လက်သန့်ဆေးရည်များကို တစ်ဦးတစ်ယောက်တည်းကအများအပြားဝယ်ယူမှုကြောင့် တစ်ဦး တစ်ဗူးနှုန်းဖြင့်သာ ရောင်းချပေးနေကြောင်း၊ ဈေးနှုန်းများကိုလည်းစက်ရုံဈေးအတိုင်းသာ ရောင်းချပေးနေကြောင်း သိရသည်။
ဆေးဝါးစက်ရုံ(အင်းစိန်)ဘီပီအိုင်မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့်
အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို
50 mL ၊ 500 mL ၊ 4 Liters ဗူးများဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန်ဆေးဗူးများကို100 mL ၊ 500 mL ဗူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်းCOVID-19 ရောဂါကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် လက်သန့်ဆေးရည်နှင့်
အရက်ပြန်များသည် ဈေးနှုန်းမြင့်တက်ကာ ပစ္စည်းများပြတ်လပ်လျက်ရှိနေကြောင်း ဆေးအရောင်းဆိုင်များထံမှ
သိရသည်။(Xinhua)
-------------------------------------
(Zawgyi Version)
COVID-19ေရာဂါကာကြယ္ေရးအတြက္ ေဆးဝါးစက္႐ုံ(အင္းစိန္) BPI မွ လက္သန႔္ေဆးရည္ႏွင့္ အရက္ျပန္ေဆးဗူးမ်ားႏွစ္ဆ တိုးျမႇင့္ထုတ္လုပ္
ရန္ကုန္၊မတ္ ၃၀ ရက္ (ဆင္ဟြာ)
COVID-19ေရာဂါကာကြယ္ေရးအတြက္ ေဆးဝါးစက္႐ုံ(အင္းစိန္) BPI မွ လက္သန႔္ေဆးရည္ႏွင့္ အရက္ျပန္ေဆးဗူးမ်ားယခင္ထုတ္လုပ္မႈထက္ ႏွစ္ဆ တိုးျမႇင့္ထုတ္လုပ္လ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနကမွထုတ္ျပန္ေသာ သတင္းအရ သိရသည္။
အဆိုပါ စက္႐ုံမွအရက္ျပန္ကို လိုသေလာက္ေရာင္းခ်ေပးလ်က္ရွိၿပီး လက္သန႔္ေဆးရည္မ်ားကို တစ္ဦးတစ္ေယာက္တည္းကအမ်ားအျပားဝယ္ယူမႈေၾကာင့္ တစ္ဦး တစ္ဗူးႏႈန္းျဖင့္သာ ေရာင္းခ်ေပးေနေၾကာင္း၊ ေဈးႏႈန္းမ်ားကိုလည္းစက္႐ုံေဈးအတိုင္းသာ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။
ေဆးဝါးစက္႐ုံ(အင္းစိန္)ဘီပီအိုင္မွ ေဆးျပား၊ ေဆးမႈန႔္၊ ေဆးရည္၊ လိမ္းေဆး၊ ထိုးေဆး၊ ေသြးေၾကာသြင္းေဆးရည္၊ ကာကြယ္ကုသေဆးႏွင့္
အဆိပ္ေျဖေဆးမ်ား၊ စုစုေပါင္း ေဆးအမ်ိဳးအစား ၁၈၀ ေက်ာ္ကို ထုတ္လုပ္ေပးလ်က္ရွိၿပီး လက္သန႔္ေဆးရည္ကို
50 mL ၊ 500 mL ၊ 4 Liters ဗူးမ်ားျဖင့္ ထုတ္လုပ္လ်က္ရွိၿပီး အရက္ျပန္ေဆးဗူးမ်ားကို100 mL ၊ 500 mL ဗူးမ်ားျဖင့္ ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိ ေဈးကြက္အတြင္းCOVID-19 ေရာဂါကာကြယ္ႏိုင္ရန္အတြက္ ျပည္တြင္း၊ ျပည္ပမွ ထုတ္လုပ္သည့္ လက္သန႔္ေဆးရည္ႏွင့္
အရက္ျပန္မ်ားသည္ ေဈးႏႈန္းျမင့္တက္ကာ ပစၥည္းမ်ားျပတ္လပ္လ်က္ရွိေနေၾကာင္း ေဆးအေရာင္းဆိုင္မ်ားထံမွ
သိရသည္။(Xinhua)