ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

နိုင်ငံ့ဝန်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလ သွားလာရေး အဆင်ပြေစေရန် နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးမည်
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း သွားလာရေး အဆင်ပြေစေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်ခုကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါခရီးစဉ်တွင် MAN/Volvo Express Bus အမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန်(အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၅,၀၀၀ ဖြင့်လည်းကောင်း၊ Hyundai City Bus အမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၁,၀၀၀ ဖြင့် လည်း ကောင်း စုစုပေါင်း ယာဉ် ၁၀ စီး လူ ၄၀၀ အတွက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဉ်စီးခနှင့် လက်မှတ် များကို ဧပြီ ၂ ရက်မှ ၆ ရက်အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော် မြို့မဈေး က.ပ.ရ (ဂိတ်)တွင် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
နေပြည်တော်မှ ရန်ကုန်သို့ စတင်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၉ ရက် ညနေ ၆ နာရီဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၁၉ ရက် ညနေ ၆ နာရီဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် မော်တော်ယာဉ်စီးနင်း ခွင့်လက်မှတ်ရောင်းချပေးနိုင်မည့် အရေအတွက် ထက် ခရီးသွားဝန်ထမ်း ပိုမိုများပြားနေ ပါက ဝန်ကြီးဌာနအလိုက် အချိုးချကန့်သတ် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။
အဆိုပါ ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ပြေးဆွဲ ပေးသည့် နိုင်ငံ့ဝန်ထမ်းများအတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း မောင်းနှင်၍ ရန်ကုန်ဘူတာ ကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယ လမ်းကြောင်းအဖြစ် အမှတ် (၃) လမ်းမကြီးမှ မောင်းနှင်၍ အောင်မင်္ဂလာ အဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းတို့မှတစ်ဆင့် ရန်ကုန် ဘူတာကြီးတွင် ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)
------------------------------
(Zawgyi Version)
ႏိုင္ငံ့ဝန္ထမ္းမ်ား သၾကၤန္ ႐ုံးပိတ္ရက္ကာလ သြားလာေရး အဆင္ေျပေစရန္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ကို ေမာ္ေတာ္ယာဥ္ႀကီး မ်ားျဖင့္ ေျပးဆြဲေပးမည္
ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
ေနျပည္ေတာ္ရွိ ႐ုံးဌာနအသီးသီးတြင္ တာဝန္ ထမ္းေဆာင္လ်က္ရွိေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား သၾကၤန္ ႐ုံးပိတ္ရက္ကာလအတြင္း သြားလာေရး အဆင္ေျပေစရန္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနေအာက္ရွိ ေနျပည္ေတာ္ ကုန္းလမ္း ပို႔ေဆာင္ေရးဌာန၏ အစီအစဥ္ျဖင့္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္တစ္ခုကို ေမာ္ေတာ္ယာဥ္ႀကီး မ်ားျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန က မတ္ ၂၅ ရက္တြင္ သတင္းေဖာ္ျပခဲ့သည္။
အဆိုပါခရီးစဥ္တြင္ MAN/Volvo Express Bus အမ်ိဳးအစား ငါးစီး၊ ခုံ ၂၀၀ ျဖင့္ ေနျပည္ေတာ္-ရန္ကုန္(အသြား/အျပန္) ယာဥ္စီးခ ေငြက်ပ္ ၁၅,၀၀၀ ျဖင့္လည္းေကာင္း၊ Hyundai City Bus အမ်ိဳးအစား ငါးစီး၊ ခုံ ၂၀၀ ျဖင့္ ေနျပည္ေတာ္-ရန္ကုန္ (အသြား/အျပန္) ယာဥ္စီးခ ေငြက်ပ္ ၁၁,၀၀၀ ျဖင့္ လည္း ေကာင္း စုစုေပါင္း ယာဥ္ ၁၀ စီး လူ ၄၀၀ အတြက္ ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ယာဥ္စီးခႏွင့္ လက္မွတ္ မ်ားကို ဧၿပီ ၂ ရက္မွ ၆ ရက္အထိ နံနက္ ၇ နာရီမွ ညေန ၆ နာရီအတြင္း ေနျပည္ေတာ္ ၿမိဳ႕မေဈး က.ပ.ရ (ဂိတ္)တြင္ ေရာင္းခ်ေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။
ေနျပည္ေတာ္မွ ရန္ကုန္သို႔ စတင္ထြက္ရွိ မည့္ေန႔မွာ ဧၿပီ ၉ ရက္ ညေန ၆ နာရီျဖစ္ၿပီး ရန္ကုန္မွ ေနျပည္ေတာ္သို႔ ျပန္လည္ထြက္ရွိ မည့္ေန႔မွာ ဧၿပီ ၁၉ ရက္ ညေန ၆ နာရီျဖစ္ေၾကာင္း သိရသည္။
အဆိုပါခရီးစဥ္တြင္ ေမာ္ေတာ္ယာဥ္စီးနင္း ခြင့္လက္မွတ္ေရာင္းခ်ေပးႏိုင္မည့္ အေရအတြက္ ထက္ ခရီးသြားဝန္ထမ္း ပိုမိုမ်ားျပားေန ပါက ဝန္ႀကီးဌာနအလိုက္ အခ်ိဳးခ်ကန႔္သတ္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရ သည္။
အဆိုပါ ကုန္းလမ္းပို႔ေဆာင္ေရးဌာနမွ ေျပးဆြဲ ေပးသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္ကို ေထာက္ၾကန႔္လမ္းဆုံမွ ျပည္လမ္းအတိုင္း ေမာင္းႏွင္၍ ရန္ကုန္ဘူတာ ႀကီးတြင္ ခရီးစဥ္ၿပီးဆုံးမည္ျဖစ္ၿပီး ဒုတိယ လမ္းေၾကာင္းအျဖစ္ အမွတ္ (၃) လမ္းမႀကီးမွ ေမာင္းႏွင္၍ ေအာင္မဂၤလာ အေဝးေျပးဂိတ္၊ ေျမာက္ဥကၠလာပအဝိုင္း၊ တံတားေလးလမ္းဆုံ၊ ကမာၻေအးဘုရားလမ္းတို႔မွတစ္ဆင့္ ရန္ကုန္ ဘူတာႀကီးတြင္ ခရီးစဥ္ အဆုံးသတ္မည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ သတင္းထုတ္ျပန္ခ်က္ထဲ တြင္ပါရွိသည္။ (Xinhua)

တိုကျို၊ မတ် ၂၅ ရက် (ဆင်ဟွာ) / တိုက်ိဳ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

တိုကျို အိုလံပစ်အားကစားပွဲတော်ကို အချိန်တစ်နှစ် ရွှေ့ဆိုင်းရန် ဂျပန်နိုင်ငံနှင့် IOC သဘောတူ
တိုကျို၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ် (Thomas Bach) တို့က တိုကျိုအိုလံပစ်အားကစားပွဲတော်အား ၂၀၂၁ ခုနှစ် နွေရာသီထက် နောက်မကျဘဲ ကျင်းပရန် ပြိုင်ပွဲရွှေ့ဆိုင်းမှုအား သဘောတူခဲ့ကြောင်း သိရသည်။
ဘတ်ချ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် အိုလံပစ်အားကစားပွဲများနှင့် မသန်စွမ်း အိုလံပစ်အားကစားပွဲများကို ၂၀၂၁ ခုနှစ်တွင် ပြောင်းလဲကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ် အာဘေးက သတင်းထောက်များအား ပြောခဲ့သည်။
“အိုလံပစ်အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်းဖို့ မစ္စတာဘတ်ချ်ကို ကျွန်တော် အဆိုပြုခဲ့ပါတယ်။ သူကလည်း ၁၀၀ ရာခိုင်နှုန်း သဘောတူပါတယ်” ဟု အာဘေးက ဆိုသည်။
IOC ကလည်း တိုကျိုအိုလံပစ်အားကစားပွဲတော် ရွှေ့ဆိုင်းရေးအတွက် ဆွေးနွေးရန် အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်ဖွယ်ရှိကြောင်း အာဘေးက ပြောခဲ့သည်။
တိုကျို အုပ်ချုပ်ရေးမှူး ယူရီကို ကိုအီခဲ (Yuriko Koike) ကလည်း အိုလံပစ်အားကစားပွဲအား ၂၀၂၁ ခုနှစ် နွေရာသီတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ၂၀၂၀ တိုကျိုအိုလံပစ်ဟူ၍ပင် ဆက်လက်ခေါ်ဆိုသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Zawgyi Version)
တိုက်ိဳ အိုလံပစ္အားကစားပြဲေတာ္ကို အခ်ိန္တစ္ႏွစ္ ေ႐ႊ႕ဆိုင္းရန္ ဂ်ပန္ႏိုင္ငံႏွင့္ IOC သေဘာတူ
တိုက်ိဳ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး (Shinzo Abe) ႏွင့္ ႏိုင္ငံတကာ အိုလံပစ္ေကာ္မတီ (IOC) ဥကၠ႒ ေသာမတ္စ္ ဘတ္ခ်္ (Thomas Bach) တို႔က တိုက်ိဳအိုလံပစ္အားကစားပြဲေတာ္အား ၂၀၂၁ ခုႏွစ္ ေႏြရာသီထက္ ေနာက္မက်ဘဲ က်င္းပရန္ ၿပိဳင္ပြဲေ႐ႊ႕ဆိုင္းမႈအား သေဘာတူခဲ့ေၾကာင္း သိရသည္။
ဘတ္ခ်္ႏွင့္ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေျပာဆိုၿပီးေနာက္ အိုလံပစ္အားကစားပြဲမ်ားႏွင့္ မသန္စြမ္း အိုလံပစ္အားကစားပြဲမ်ားကို ၂၀၂၁ ခုႏွစ္တြင္ ေျပာင္းလဲက်င္းပရန္ သေဘာတူညီမႈရရွိခဲ့ေၾကာင္း ဂ်ပန္ ဝန္ႀကီးခ်ဳပ္ အာေဘးက သတင္းေထာက္မ်ားအား ေျပာခဲ့သည္။
“အိုလံပစ္အားကစားပြဲေတာ္ကို တစ္ႏွစ္ေ႐ႊ႕ဆိုင္းဖို႔ မစၥတာဘတ္ခ်္ကို ကြၽန္ေတာ္ အဆိုျပဳခဲ့ပါတယ္။ သူကလည္း ၁၀၀ ရာခိုင္ႏႈန္း သေဘာတူပါတယ္” ဟု အာေဘးက ဆိုသည္။
IOC ကလည္း တိုက်ိဳအိုလံပစ္အားကစားပြဲေတာ္ ေ႐ႊ႕ဆိုင္းေရးအတြက္ ေဆြးေႏြးရန္ အထူးအစည္းအေဝးတစ္ရပ္ ျပဳလုပ္ဖြယ္ရွိေၾကာင္း အာေဘးက ေျပာခဲ့သည္။
တိုက်ိဳ အုပ္ခ်ဳပ္ေရးမႉး ယူရီကို ကိုအီခဲ (Yuriko Koike) ကလည္း အိုလံပစ္အားကစားပြဲအား ၂၀၂၁ ခုႏွစ္ ေႏြရာသီတြင္ က်င္းပမည္ျဖစ္ေၾကာင္းႏွင့္ ၂၀၂၀ တိုက်ိဳအိုလံပစ္ဟူ၍ပင္ ဆက္လက္ေခၚဆိုသြားမည္ျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားခဲ့သည္။ (Xinhua)

နေပြည်တော်၊ မတ် ၂၅ ရက်(ဆင်ဟွာ) / ေနျပည္ေတာ္၊ မတ္ ၂၅ ရက္(ဆင္ဟြာ)

COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေး လွှတ်တော် ကိုယ်စားလှယ်များ ကျရာ ကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဟုဆို
နေပြည်တော်၊ မတ် ၂၅ ရက်(ဆင်ဟွာ)
COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းတွင် မိမိတို့ ပြည်သူလူထုအပေါ် အဆိုပါ ရောဂါ၏ အကျိုးသက် ရောက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကျရာ ကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမည် ဟုပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ယခုအခါ မိမိတို့ နိုင်ငံဟာ ပြည်တွင်းပြည်ပ ပြသနာများစွာနဲ့ ရင်ဆိုင်နေရတဲ့ အချိန်အခါ သမယမှာ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID – 19 ကို ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ် ကြေညာထားတဲ့ ကာလနဲ့လည်း ကြုံတွေ့နေရပါတယ်။
မိမိတို့နိုင်ငံအနေနဲ့လည်း COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။ မိမိတို့ ပြည်သူတွေ အပေါ် ဒီရောဂါရဲ့ အကျိုးသက် ရောက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များကလည်း ကျရာ ကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်”ဟု ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပြီးဆုံးချိန်တွင် ၎င်းက ပြောကြားခဲ့သည်။
(၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကာလအတွင်း အစည်းအဝေး ကျင်းပရက် ၁၃ ရက် ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း ၉၇ ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၇၅၇ ခု မေးမြန်း ဖြေကြား ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဝမ်းနည်းကြောင်း အဆို တစ်ခု အပါအဝင် အဆို ခြောက်ခု တင်သွင်းခဲ့ပြီး မှတ်တမ်းတင် အဆိုတစ်ခုနှင့် ဆက်လက် ဆွေးနွေးရန် ကျန် အဆို ငါးခုတို့ ဖြစ် ကြောင်း၊ ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၂၂ ခုရှိပြီး ခုနစ်ခုကို အတည်ပြုနိုင်ခဲ့ကာ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၅ ခု ကျန်ရှိကြောင်း၊ သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များ အနေ ဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စုံစမ်း မေးမြန်းမှု ၄၃ ခု ပြန်ကြားပေးခြင်း၊ သုတေ သန စာတမ်းတို ၁၂ စောင်ကို ဖြန့်ဝေနိုင်ခဲ့ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်ဖို့ မိမိတို့အားလုံးက ဘက်စုံ ကဏ္ဍစုံမှာ စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ကြဖို့ အဓိက ကျကြောင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မ သုံးဖြာ ဖြစ်တဲ့ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေ ပြုရေး အာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲပြီး အချင်းချင်း အပြန် အလှန် ထိန်းညှိ၍ ညီညွတ်မျှတစွာ ဆောင်ရွက်ရေးဟာ အရေးကြီးလှကြောင်း၊ ဥပဒေပြုရေး ကဏ္ဍ မှာလည်း ပြည်သူ့ အကျိုးစီးပွားကို အကျိုးပြုနိုင်သည့် ဥပဒေများ ရေးဆွဲ ပြဌာန်းရေးနှင့် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ဥပဒေတွေကိုလည်း ခေတ်နဲ့ လျော်ညီအောင် ပြုပြင် ပြောင်းလဲသွား ကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်၊ နိုင်ငံတော် တစ်ဝှမ်းလုံး၌ တည်သည် ဟူ၍ နိုင်ငံတော် အခြေခံ မူများမှာ ပြဌာန်းထားပြီး ဖြစ်ကြောင်း။
ပြည်သူ့ အသံနှင့် ပြည်သူ့ဆန္ဒ ထင်ဟပ်စေဖို့ ဆောင်ရွက်ကြရာမှာ တိုင်းရင်းသား ပြည်သူအားလုံး အေးအတူ ပူအမျှ ဥ မကွဲ သိုက်မပျက် စည်းလုံး ညီညွတ်စွာ နေထိုင်နိုင်ဖို့ စိတ်ရင်းစေတနာမှန်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားကြဖို့ တိုက်တွန်းပါကြောင်း၊ ပြည်သူသာလျှင် အဓိက ဆိုသည့်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID – 19 နှင့် ပတ်သက်သော ရောဂါ ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်များကို နိုင်ငံ တစ်ဝှမ်းလုံး လိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းပါကြောင်းလည်း လွှတ်တော် ဥက္ကဌက ပြောကြား ခဲ့သည်။(Xinhua)
--------------------------------------
(Zawgyi Version)
COVID – 19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား က်ရာ က႑မွ မလြဲမေသြ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးရမည္ ဟုဆို
ေနျပည္ေတာ္၊ မတ္ ၂၅ ရက္(ဆင္ဟြာ)
COVID – 19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး လုပ္ငန္းတြင္ မိမိတို႔ ျပည္သူလူထုအေပၚ အဆိုပါ ေရာဂါ၏ အက်ိဳးသက္ ေရာက္မႈ အနည္းဆုံး ျဖစ္ေစေရးအတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အေနျဖင့္ က်ရာ က႑မွ မလြဲမေသြ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးၾကရမည္ ဟုျပည္သူ႔ လႊတ္ေတာ္ ဥကၠဌ ဦးတီခြန္ျမတ္က ယေန႔ လႊတ္ေတာ္အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။
“ယခုအခါ မိမိတို႔ ႏိုင္ငံဟာ ျပည္တြင္းျပည္ပ ျပသနာမ်ားစြာနဲ႔ ရင္ဆိုင္ေနရတဲ့ အခ်ိန္အခါ သမယမွာ ကမာၻအႏွံ႔ ကူးစက္ျပန္႔ပြားေနတဲ့ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ COVID – 19 ကို ကမာၻလုံး ဆိုင္ရာ ကပ္ေရာဂါ အျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕က သတ္မွတ္ ေၾကညာထားတဲ့ ကာလနဲ႔လည္း ႀကဳံေတြ႕ေနရပါတယ္။ မိမိတို႔ႏိုင္ငံအေနနဲ႔လည္း COVID – 19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသား အဆင့္ ဗဟိုေကာ္မတီကို ဖြဲ႕စည္းၿပီး ေရာဂါ ကာကြယ္ေရး လုပ္ငန္းစဥ္ အဆင့္ဆင့္ကို အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ မိမိတို႔ ျပည္သူေတြ အေပၚ ဒီေရာဂါရဲ႕ အက်ိဳးသက္ ေရာက္မႈ အနည္းဆုံး ျဖစ္ေစေရးအတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကလည္း က်ရာ က႑မွ မလြဲမေသြ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးၾကရမွာ ျဖစ္ပါတယ္”ဟု ဒုတိယ အႀကိမ္ ျပည္သူ႔ လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္ အစည္းအေဝး ၿပီးဆုံးခ်ိန္တြင္ ၎က ေျပာၾကားခဲ့သည္။
(၁၅)ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး ကာလအတြင္း အစည္းအေဝး က်င္းပရက္ ၁၃ ရက္ ရွိခဲ့ၿပီး ၾကယ္ပြင့္ျပ ေမးခြန္း ၉၇ ခု ေမးျမန္း ေျဖၾကားျခင္း၊ ၾကယ္ပြင့္မျပ ေမးခြန္း ၇၅၇ ခု ေမးျမန္း ေျဖၾကား ျခင္းမ်ား ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ ဝမ္းနည္းေၾကာင္း အဆို တစ္ခု အပါအဝင္ အဆို ေျခာက္ခု တင္သြင္းခဲ့ၿပီး မွတ္တမ္းတင္ အဆိုတစ္ခုႏွင့္ ဆက္လက္ ေဆြးေႏြးရန္ က်န္ အဆို ငါးခုတို႔ ျဖစ္ ေၾကာင္း၊ ေဆာင္႐ြက္ခဲ့သည့္ ဥပေဒၾကမ္း ၂၂ ခုရွိၿပီး ခုနစ္ခုကို အတည္ျပဳႏိုင္ခဲ့ကာ ဆက္လက္ ေဆာင္႐ြက္ရန္ ဥပေဒၾကမ္း ၁၅ ခု က်န္ရွိေၾကာင္း၊ သုေတသနဆိုင္ရာ ေဆာင္႐ြက္ခ်က္မ်ား အေန ျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ တစ္ဦးခ်င္း စုံစမ္း ေမးျမန္းမႈ ၄၃ ခု ျပန္ၾကားေပးျခင္း၊ သုေတ သန စာတမ္းတို ၁၂ ေစာင္ကို ျဖန္႔ေဝႏိုင္ခဲ့ေၾကာင္း၊ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာၿပီး ေခတ္မီ ဖြံ႕ၿဖိဳး တိုးတက္ဖို႔ မိမိတို႔အားလုံးက ဘက္စုံ က႑စုံမွာ စည္းလုံး ညီၫြတ္စြာ ေဆာင္႐ြက္ၾကဖို႔ အဓိက က်ေၾကာင္း၊ ႏိုင္ငံေတာ္ အခ်ဳပ္အျခာ အာဏာ၏ ခက္မ သုံးျဖာ ျဖစ္တဲ့ အုပ္ခ်ဳပ္ေရး အာဏာ၊ ဥပေဒ ျပဳေရး အာဏာနဲ႔ တရားစီရင္ေရး အာဏာတို႔ကို တတ္ႏိုင္သမွ် ပိုင္းျခား သုံးစြဲၿပီး အခ်င္းခ်င္း အျပန္ အလွန္ ထိန္းညႇိ၍ ညီၫြတ္မွ်တစြာ ေဆာင္႐ြက္ေရးဟာ အေရးႀကီးလွေၾကာင္း၊ ဥပေဒျပဳေရး က႑ မွာလည္း ျပည္သူ႔ အက်ိဳးစီးပြားကို အက်ိဳးျပဳႏိုင္သည့္ ဥပေဒမ်ား ေရးဆြဲ ျပဌာန္းေရးႏွင့္ ျပင္ဆင္သင့္ ျပင္ဆင္ထိုက္သည့္ ဥပေဒေတြကိုလည္း ေခတ္နဲ႔ ေလ်ာ္ညီေအာင္ ျပဳျပင္ ေျပာင္းလဲသြား ၾကရမွာ ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာ အာဏာသည္ ႏိုင္ငံသားမ်ားထံမွ ဆင္းသက္သည္၊ ႏိုင္ငံေတာ္ တစ္ဝွမ္းလုံး၌ တည္သည္ ဟူ၍ ႏိုင္ငံေတာ္ အေျခခံ မူမ်ားမွာ ျပဌာန္းထားၿပီး ျဖစ္ေၾကာင္း။
ျပည္သူ႔ အသံႏွင့္ ျပည္သူ႔ဆႏၵ ထင္ဟပ္ေစဖို႔ ေဆာင္႐ြက္ၾကရာမွာ တိုင္းရင္းသား ျပည္သူအားလုံး ေအးအတူ ပူအမွ် ဥ မကြဲ သိုက္မပ်က္ စည္းလုံး ညီၫြတ္စြာ ေနထိုင္ႏိုင္ဖို႔ စိတ္ရင္းေစတနာမွန္ျဖင့္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးကို တည္ေဆာက္သြားၾကဖို႔ တိုက္တြန္းပါေၾကာင္း၊ ျပည္သူသာလွ်င္ အဓိက ဆိုသည့္အတိုင္း သက္ဆိုင္ရာ ဝန္ႀကီးဌာနက ထုတ္ျပန္ထားေသာ COVID – 19 ႏွင့္ ပတ္သက္ေသာ ေရာဂါ ကာကြယ္ေရး ဆိုင္ရာ က်န္းမာေရးပညာေပး အခ်က္အလက္မ်ားကို ႏိုင္ငံ တစ္ဝွမ္းလုံး လိုက္နာ ေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းပါေၾကာင္းလည္း လႊတ္ေတာ္ ဥကၠဌက ေျပာၾကား ခဲ့သည္။(Xinhua)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ဆင်စခန်းများအားလုံး ယနေ့ မှ စ၍ ယာယီပိတ်မည်
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာသစ်လုပ်ငန်းမှဖွင့်လှစ်ထားရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်အခြေ ပြုခရီး သွားလုပ်ငန်းများ ၊ ဆင်စခန်းများအားလုံး ယနေ့ နံနက်ပိုင်းမှစတင်ကာ ခေတ္တရပ်နားပိတ်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) အဆုတ် ရောင်ကူးစက်ရောဂါပျံ့ပွားမှုမရှိစေရေးကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၁)ခုစလုံးခေတ္တရပ် နားပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်စခန်းများအားလုံး ခရီးသွားဧည့် သည်ဝင်ရောက်မှု ခေတ္တပိတ်ထားမည်ဖြစ်သော်လည်း ဆင်စခန်းဝန်ထမ်းများ၊လုပ်ငန်းတာဝန်များဝတ္တရားများ ပုံမှန်မပြတ်ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)
-------------------------------------
(Zawgyi Version)
တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အသီးသီးရွိ ဆင္စခန္းမ်ားအားလုံး ယေန႔ မွ စ၍ ယာယီပိတ္မည္
ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ျမန္မာသစ္လုပ္ငန္းမွဖြင့္လွစ္ထားရွိေသာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးတြင္ဖြင့္လွစ္ထားရွိသည့္ ဆင္အေျခ ျပဳခရီး သြားလုပ္ငန္းမ်ား ၊ ဆင္စခန္းမ်ားအားလုံး ယေန႔ နံနက္ပိုင္းမွစတင္ကာ ေခတၱရပ္နားပိတ္ထားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ မတ္ ၂၅ ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔ကမာၻေပၚတြင္ျဖစ္ပြားေနေသာ Coronavirus Disease 2019 (COVID-19) အဆုတ္ ေရာင္ကူးစက္ေရာဂါပ်ံ႕ပြားမႈမရွိေစေရးႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ျမန္မာႏိုင္ငံ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ဖြင့္လွစ္ထားသည့္ ဆင္စခန္း(၂၁)ခုစလုံးေခတၱရပ္ နားပိတ္ထားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဆင္စခန္းမ်ားအားလုံး ခရီးသြားဧည့္ သည္ဝင္ေရာက္မႈ ေခတၱပိတ္ထားမည္ျဖစ္ေသာ္လည္း ဆင္စခန္းဝန္ထမ္းမ်ား၊လုပ္ငန္းတာဝန္မ်ားဝတၱရားမ်ား ပုံမွန္မျပတ္ဆက္လက္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ (Xinhua)

အန်ကာရာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) / အန္ကာရာ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

COVID-19 ဖြစ်ပွားမှုများကြားမှ ပြည်ပရောက် ကျောင်းသား ၂,၀၀၀ ကျော်ကို တူရကီနိုင်ငံ ပြန်လည်ခေါ်ဆောင်
အန်ကာရာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)
COVID-19 ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ လေကြောင်းလိုင်းများ ဆိုင်းငံ့ခဲ့ပြီးနောက် မတ် ၂၅ ရက်အစောပိုင်းတွင် ပြည်ပရောက် တူရကီကျောင်းသား ၂,၇၂၁ ဦးကို အဆုံးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း တူရကီ ဒုတိယ သမ္မတ ဖူအက် အို့ခ်တေး (Fuot Oktay) က ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းသားများသည် တူရကီသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များ ဆိုင်းငံ့မှုကြောင့် ဗြိတိန်၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ ပိုလန်၊အီတလီ၊ အီဂျစ်နှင့် ဆိုက်ပရပ်စ် နိုင်ငံများ၌ သောင်တင်နေပြီး နေရပ်သို့ ပြန်လိုကြသူများဖြစ်ကြောင်း အို့ခ်တေးက တွစ်တာပေါ်တွင် ရေးသားထားသည်။
၎င်းတို့အား တူရကီနိုင်ငံ ဆမ်ဆွန်နှင့် ဆာကာရာ ပြည်နယ်များရှိ အဆောင်များ၌ ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းသည်။
တူရကီနိုင်ငံသည် ပြီးခဲ့သည့်ရက်သတ္တပတ်က နိုင်ငံ ၇ နိုင်ငံမှ ကျောင်းသား ၃,၃၅၈ ဦးအား ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cansoglu က ပြောခဲ့သည်။ တူရကီနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ၁,၈၇၂ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး မတ် ၂၄ ရက်အထိ သေဆုံးသူ ၄၄ ဦးရှိကြောင်း သိရသည်။ (Xinhua)
------------------------------------
(Zawgyi Version)
COVID-19 ျဖစ္ပြားမႈမ်ားၾကားမွ ျပည္ပေရာက္ ေက်ာင္းသား ၂,၀၀၀ ေက်ာ္ကို တူရကီႏိုင္ငံ ျပန္လည္ေခၚေဆာင္
အန္ကာရာ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
COVID-19 ျဖစ္ပြားေနသျဖင့္ သက္ဆိုင္ရာႏိုင္ငံမ်ား၏ ေလေၾကာင္းလိုင္းမ်ား ဆိုင္းငံ့ခဲ့ၿပီးေနာက္ မတ္ ၂၅ ရက္အေစာပိုင္းတြင္ ျပည္ပေရာက္ တူရကီေက်ာင္းသား ၂,၇၂၁ ဦးကို အဆုံးသတ္ေခၚယူႏိုင္ခဲ့ေၾကာင္း တူရကီ ဒုတိယ သမၼတ ဖူအက္ အို႔ခ္ေတး (Fuot Oktay) က ေျပာၾကားခဲ့သည္။
အဆိုပါ ေက်ာင္းသားမ်ားသည္ တူရကီသို႔ ပ်ံသန္းမည့္ ေလေၾကာင္းခရီးစဥ္မ်ား ဆိုင္းငံ့မႈေၾကာင့္ ၿဗိတိန္၊ အိုင္ယာလန္၊ ဆြစ္ဇာလန္၊ ပိုလန္၊အီတလီ၊ အီဂ်စ္ႏွင့္ ဆိုက္ပရပ္စ္ ႏိုင္ငံမ်ား၌ ေသာင္တင္ေနၿပီး ေနရပ္သို႔ ျပန္လိုၾကသူမ်ားျဖစ္ေၾကာင္း အို႔ခ္ေတးက တြစ္တာေပၚတြင္ ေရးသားထားသည္။
၎တို႔အား တူရကီႏိုင္ငံ ဆမ္ဆြန္ႏွင့္ ဆာကာရာ ျပည္နယ္မ်ားရွိ အေဆာင္မ်ား၌ ၁၄ ရက္ၾကာ အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္းသည္။
တူရကီႏိုင္ငံသည္ ၿပီးခဲ့သည့္ရက္သတၱပတ္က ႏိုင္ငံ ၇ ႏိုင္ငံမွ ေက်ာင္းသား ၃,၃၅၈ ဦးအား ျပန္လည္ေခၚေဆာင္ခဲ့ေၾကာင္း တူရကီ ႏိုင္ငံျခားေရးဝန္ႀကီး Mevlut Cansoglu က ေျပာခဲ့သည္။ တူရကီႏိုင္ငံတြင္ COVID-19 ျဖစ္ပြားသူ ၁,၈၇၂ ဦးရွိေၾကာင္း အတည္ျပဳခဲ့ၿပီး မတ္ ၂၄ ရက္အထိ ေသဆုံးသူ ၄၄ ဦးရွိေၾကာင္း သိရသည္။ (Xinhua)

ကွာလာလမ်ပူး ၊ မတ် ၂၅ ရက်(ဆင်ဟွာ) / ကြာလာလမ္ပူး ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)

မလေးရှားနိုင်ငံ၌ COVID-19 ထိန်းချုပ်ရန် ဘက်ပေါင်းစုံတင်းကြပ်မှုများ တိုးမြင့်ဆောင်ရွက်
ကွာလာလမ်ပူး ၊ မတ် ၂၅ ရက်(ဆင်ဟွာ)
မလေးရှားနိုင်ငံ၌ COVID-19 ထိန်းချုပ်ရေးကြိုးပမ်းမှုတစ်ခုအနေဖြင့် ဧပြီ ၁၄ ရက် အထိ ရက်သတ္တပတ် နှစ်ပတ်တာ ဘက်ပေါင်းစုံတင်းကြပ်မှုဆောင်ရွက်သွားရန် ပြည်သူများ လှုပ်ရှားသွားလာမှုကန့်သတ်ချက်ကို တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယီဒင်ယာစင်က မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် မူယီဒင်က နိုင်ငံအတွင်း ယနေ့ မတ် ၂၅ရက် ညနေပိုင်းအထိ နောက်ထပ်ကူးစက်လူနာ ၁၇၂ ဦးတိုးမြင့်လာသဖြင့် နိုင်ငံအတွင်း COVID-19 ကူးစက်ခံထားရသူ စုစုပေါင်း ၁,၇၉၆ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း နှင့် သေဆုံးသူ ၁၇ ဦးထိ ရှိလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လှုပ်ရှားသွားလာမှု ကန့်သတ်ချက်အမိန့်ထုတ်ပြန်ရခြင်းမှာ ကူးစက်ရောဂါပြန့်နှံ့မှုကို အောင်မြင်စွာထိန်းချုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မလေးရှားနိုင်ငံသည် မတ် ၁၈ ရက်မှ စတင်ကာ ကျောင်းများ ၊ ဈေးဆိုင်များ ပိတ်ထားခြင်းအပါအဝင် လှုပ်ရှားသွားလာမှု ကန့်သတ်ချက်ကို လုပ်ဆောင်ခဲ့ပြီး ခရီးသွားလာခွင့် ပိတ်ပင်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
COVID-19 ထိန်းချုပ်ရေးအတွက် ကြိုးပမ်းမှုတစ်ခုအနေဖြင့် ပြည်သူများအနေဖြင့် နေအိမ်၌ နေထိုင်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ လှုပ်ရှားသွားလာမှုကန့်သတ်ချက်သည် မူလက မတ် ၃၁ ရက်တွင် ပြီးဆုံးရန် သတ်မှတ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 လူနာများအတွက် နိုင်ငံတစ်ဝန်းရှိ ဆေးရုံ ၃၄ ရုံတွင် ကုတင်ပေါင်း ၃,၅၀၀ ကျော်ပြင်ဆင်ထားကြောင်း ၊ လက်ရှိတွင် အဆိုပါကုတင်များ၏ ၃၄ ရာခိုင်နှုန်းမှာ လူနာများ နေရာယူထားပြီးဖြစ်ကြောင်း မူယီဒင်က ဆိုသည်။
ပြည်သူများအတွက် အစားအစာအလုံအလောက်ရှိကြောင်း ၊ ထိတ်ထိတ်ပျာပျာဈေးဝယ်ခြင်းများမပြုလုပ်ကြရန် နှင့် ငြိမ်ငြိမ်သက်သက်နေထိုင်ကြရန် တိုက်တွန်းပါကြောင်း မူယီဒင် ကဆိုသည်။
“ အေးဆေးနေကြပါ၊ မထိတ်လန့်ကြပါနဲ့။ လှုပ်ရှားသွားလာမှု ကန့်သတ်ချက် တိုးမြှင့်လိုက်ပေမယ့် အစားအသောက် မလုံလောက်မှာ ခင်ဗျားတို့ စိုးရိမ်ပူပန်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်တယ် ၊ လူတိုင်းအတွက် အစားအသောက် အလုံအလောက်ရှိတယ်ဆိုတာကို ကျွန်တော်အာမခံပါတယ်” ဟု ၎င်းကဆိုသည်။ (Xinhua)
-----------------------
(Zawgyi Version)
မေလးရွားႏိုင္ငံ၌ COVID-19 ထိန္းခ်ဳပ္ရန္ ဘက္ေပါင္းစုံတင္းၾကပ္မႈမ်ား တိုးျမင့္ေဆာင္႐ြက္
ကြာလာလမ္ပူး ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)
မေလးရွားႏိုင္ငံ၌ COVID-19 ထိန္းခ်ဳပ္ေရးႀကိဳးပမ္းမႈတစ္ခုအေနျဖင့္ ဧၿပီ ၁၄ ရက္ အထိ ရက္သတၱပတ္ ႏွစ္ပတ္တာ ဘက္ေပါင္းစုံတင္းၾကပ္မႈေဆာင္႐ြက္သြားရန္ ျပည္သူမ်ား လႈပ္ရွားသြားလာမႈကန႔္သတ္ခ်က္ကို တိုးျမင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ မူယီဒင္ယာစင္က မတ္ ၂၅ ရက္တြင္ ေၾကညာခဲ့သည္။
႐ုပ္ျမင္သံၾကားမွတစ္ဆင့္ မိန႔္ခြန္းေျပာၾကားရာတြင္ မူယီဒင္က ႏိုင္ငံအတြင္း ယေန႔ မတ္ ၂၅ရက္ ညေနပိုင္းအထိ ေနာက္ထပ္ကူးစက္လူနာ ၁၇၂ ဦးတိုးျမင့္လာသျဖင့္ ႏိုင္ငံအတြင္း COVID-19 ကူးစက္ခံထားရသူ စုစုေပါင္း ၁,၇၉၆ ဦးထိ ရွိသြားၿပီးျဖစ္ေၾကာင္း ႏွင့္ ေသဆုံးသူ ၁၇ ဦးထိ ရွိလာေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
လႈပ္ရွားသြားလာမႈ ကန႔္သတ္ခ်က္အမိန႔္ထုတ္ျပန္ရျခင္းမွာ ကူးစက္ေရာဂါျပန႔္ႏွံ႔မႈကို ေအာင္ျမင္စြာထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ျဖစ္ေၾကာင္း ၎က ဆိုသည္။ မေလးရွားႏိုင္ငံသည္ မတ္ ၁၈ ရက္မွ စတင္ကာ ေက်ာင္းမ်ား ၊ ေဈးဆိုင္မ်ား ပိတ္ထားျခင္းအပါအဝင္ လႈပ္ရွားသြားလာမႈ ကန႔္သတ္ခ်က္ကို လုပ္ေဆာင္ခဲ့ၿပီး ခရီးသြားလာခြင့္ ပိတ္ပင္မႈမ်ားလည္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
COVID-19 ထိန္းခ်ဳပ္ေရးအတြက္ ႀကိဳးပမ္းမႈတစ္ခုအေနျဖင့္ ျပည္သူမ်ားအေနျဖင့္ ေနအိမ္၌ ေနထိုင္ၾကရန္လည္း ၎က တိုက္တြန္းခဲ့သည္။ လႈပ္ရွားသြားလာမႈကန႔္သတ္ခ်က္သည္ မူလက မတ္ ၃၁ ရက္တြင္ ၿပီးဆုံးရန္ သတ္မွတ္ခဲ့သည္။
က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ COVID-19 လူနာမ်ားအတြက္ ႏိုင္ငံတစ္ဝန္းရွိ ေဆး႐ုံ ၃၄ ႐ုံတြင္ ကုတင္ေပါင္း ၃,၅၀၀ ေက်ာ္ျပင္ဆင္ထားေၾကာင္း ၊ လက္ရွိတြင္ အဆိုပါကုတင္မ်ား၏ ၃၄ ရာခိုင္ႏႈန္းမွာ လူနာမ်ား ေနရာယူထားၿပီးျဖစ္ေၾကာင္း မူယီဒင္က ဆိုသည္။
ျပည္သူမ်ားအတြက္ အစားအစာအလုံအေလာက္ရွိေၾကာင္း ၊ ထိတ္ထိတ္ပ်ာပ်ာေဈးဝယ္ျခင္းမ်ားမျပဳလုပ္ၾကရန္ ႏွင့္ ၿငိမ္ၿငိမ္သက္သက္ေနထိုင္ၾကရန္ တိုက္တြန္းပါေၾကာင္း မူယီဒင္ ကဆိုသည္။
“ ေအးေဆးေနၾကပါ၊ မထိတ္လန႔္ၾကပါနဲ႔။ လႈပ္ရွားသြားလာမႈ ကန႔္သတ္ခ်က္ တိုးျမႇင့္လိုက္ေပမယ့္ အစားအေသာက္ မလုံေလာက္မွာ ခင္ဗ်ားတို႔ စိုးရိမ္ပူပန္စရာမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ လုံလုံေလာက္ေလာက္ေထာက္ပံ့ေပးႏိုင္တယ္ ၊ လူတိုင္းအတြက္ အစားအေသာက္ အလုံအေလာက္ရွိတယ္ဆိုတာကို ကြၽန္ေတာ္အာမခံပါတယ္” ဟု ၎ကဆိုသည္။ (Xinhua)

ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ဒါကာ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရန်အတွက် အများပြည်သူဆိုင်ရာ သယ်ယူပို့ရေးအား တင်းကျပ်လိုက်သဖြင့် နေရပ်ပြန်သူများဖြင့် ပြည့်ကျပ်နေ
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း မတ် ၂၆ ရက်မှ ဧပြီ ၄ ရက်အထိ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား တင်းကြပ်ရန် အစိုးရက ကြေညာလိုက်ပြီးနောက် နေရပ်ပြန်သူများဖြင့် အလွန်ပြည့်ကျပ်နေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မတ် ၂၄ ရက်က COVID-19 ကြောင့် လေးဦးမြောက် လူသေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး ရောဂါအတည်ပြုလူနာ ခြောက်ဦးရှိခဲ့ကာ လက်ရှိတွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၉ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့သည်။ (Xinhua)
………………………………………………
(Zawgyi Version)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕တြင္ COVID-19 ျဖစ္ပြားမႈ ထိန္းခ်ဳပ္ရန္အတြက္ အမ်ားျပည္သူဆိုင္ရာ သယ္ယူပို႔ေရးအား တင္းက်ပ္လိုက္သျဖင့္ ေနရပ္ျပန္သူမ်ားျဖင့္ ျပည့္က်ပ္ေန
ဒါကာ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၿမိဳ႕ေတာ္ ဒါကာတြင္ COVID-19 ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ရန္ ႏိုင္ငံတစ္ဝန္း မတ္ ၂၆ ရက္မွ ဧၿပီ ၄ ရက္အထိ အမ်ားျပည္သူဆိုင္ရာ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအား တင္းၾကပ္ရန္ အစိုးရက ေၾကညာလိုက္ၿပီးေနာက္ ေနရပ္ျပန္သူမ်ားျဖင့္ အလြန္ျပည့္က်ပ္ေနေၾကာင္း သိရသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း မတ္ ၂၄ ရက္က COVID-19 ေၾကာင့္ ေလးဦးေျမာက္ လူေသဆုံးမႈျဖစ္ေပၚခဲ့ၿပီး ေရာဂါအတည္ျပဳလူနာ ေျခာက္ဦးရွိခဲ့ကာ လက္ရွိတြင္ ေရာဂါျဖစ္ပြားသူ စုစုေပါင္း ၃၉ ဦးအထိ ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ အစိုးရက ေၾကညာခဲ့သည္။ (Xinhua)