ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ေပက်င္း၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

အိန္ဒိယနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက ကူညီရန်အသင့်ရှိဟု နိုင်ငံခြားရေးဝန်ကြီးပြော
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံတွင် COVID-19 ထိန်းချုပ်ရေးအတွက် အတွေ့အကြုံမျှဝေရန်နှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်း မတ် ၂၄ ရက်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အက်စ်. ဂျိုင်ရှန်ကာ (S. Jaishankar) နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ဝမ်က တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအရေအတွက် မြင့်တက်နေသည့်အတွက် အမှန်တကယ် ကိုယ်ချင်းစာမိပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ ရောဂါထိန်းချုပ်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် တိုးတက်မှုများ ရရှိခဲ့သည့်အတွက် ဂုဏ်ယူကြောင်း၊ အိန္ဒိယ ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုကို မှန်ကန်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သလို ဖြစ်နိုင်သမျှမြန်မြန် ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
လူဦးရေ တစ်ဘီလီယံကျော်ရှိသည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးတို့သည် COVID-19 တိုက်ဖျက်ရေးအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံနှင့်အတူ နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပူးတွဲကာကွယ်ရေးအတွက် နိုင်ငံစုံပါဝင်မှုမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအား ဆေးဘက်အထောက်အကူပြုပစ္စည်းများ ကူညီခဲ့သည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံတွင် ကူးစက်ရောဂါ ထိန်းချုပ်ရေး ကြိုးပမ်းမှုများ၌ ပြောင်မြောက်သော ရလဒ်များ ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်းနှင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများမှ လေ့လာရန်အသင့်ရှိကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက ပြောခဲ့သည်။ (Xinhua)
………………………………………………
(Zawgyi Version)
အိႏၵိယႏိုင္ငံတြင္ COVID-19 တိုက္ဖ်က္ေရးအတြက္ တ႐ုတ္ႏိုင္ငံက ကူညီရန္အသင့္ရွိဟု ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
ေပက်င္း၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ရိသည္ အိႏၵိယႏိုင္ငံတြင္ COVID-19 ထိန္းခ်ဳပ္ေရးအတြက္ အေတြ႕အႀကဳံမွ်ေဝရန္ႏွင့္ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးအတြက္ ကူညီရန္ အသင့္ရွိေၾကာင္း မတ္ ၂၄ ရက္က ေျပာၾကားခဲ့သည္။
အိႏၵိယႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး အက္စ္. ဂ်ိဳင္ရွန္ကာ (S. Jaishankar) ႏွင့္ တယ္လီဖုန္းျဖင့္ ဆက္သြယ္ေျပာၾကားစဥ္ ဝမ္က တ႐ုတ္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံတြင္ COVID-19 ျဖစ္ပြားမႈအေရအတြက္ ျမင့္တက္ေနသည့္အတြက္ အမွန္တကယ္ ကိုယ္ခ်င္းစာမိပါေၾကာင္း ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံ၏ ေရာဂါထိန္းခ်ဳပ္မႈဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈမ်ားႏွင့္ တိုးတက္မႈမ်ား ရရွိခဲ့သည့္အတြက္ ဂုဏ္ယူေၾကာင္း၊ အိႏၵိယ ျပည္သူမ်ားအေနျဖင့္ ေရာဂါကူးစက္မႈကို မွန္ကန္စြာ ေျဖရွင္းႏိုင္မည္ဟု ယုံၾကည္သလို ျဖစ္ႏိုင္သမွ်ျမန္ျမန္ ေက်ာ္လႊားသြားႏိုင္မည္ျဖစ္ေၾကာင္း ဝမ္က ျဖည့္စြက္ေျပာၾကားခဲ့သည္။
လူဦးေရ တစ္ဘီလီယံေက်ာ္ရွိသည့္ တ႐ုတ္ႏွင့္ အိႏၵိယ ႏွစ္ႏိုင္ငံလုံးတို႔သည္ COVID-19 တိုက္ဖ်က္ေရးအတြက္ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ ဆက္လက္ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံက အိႏၵိယႏိုင္ငံႏွင့္အတူ ႏိုင္ငံတကာ စည္းလုံးညီၫြတ္မႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ တြန္းအားေပးေရးႏွင့္ ကမာၻလုံးဆိုင္ရာ ျပည္သူ႔က်န္းမာေရး ပူးတြဲကာကြယ္ေရးအတြက္ ႏိုင္ငံစုံပါဝင္မႈမူေဘာင္အတြင္း ပူးေပါင္းေဆာင္႐ြက္မႈ ခိုင္မာရန္ ဆႏၵရွိေၾကာင္း ေျပာၾကားခဲ့သည္။
အိႏၵိယႏိုင္ငံအား ေဆးဘက္အေထာက္အကူျပဳပစၥည္းမ်ား ကူညီခဲ့သည့္အတြက္ တ႐ုတ္ႏိုင္ငံကို ေက်းဇူးတင္ေၾကာင္း၊ အိႏၵိယႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံတြင္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းမႈမ်ား၌ ေျပာင္ေျမာက္ေသာ ရလဒ္မ်ား ရရွိခဲ့ျခင္းအေပၚ ဂုဏ္ယူေၾကာင္းႏွင့္ တ႐ုတ္ႏိုင္ငံ၏ အေတြ႕အႀကဳံမ်ားမွ ေလ့လာရန္အသင့္ရွိေၾကာင္း အိႏၵိယႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳင္ရွန္ကာက ေျပာခဲ့သည္။ (Xinhua)

ဘန်ကောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) / ဘန္ေကာက္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)

ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ရထားစီးခရီးသည်များအားလုံး နှာခေါင်းစည်း ဝတ်ဆင်ရန် အမိန့်ထုတ်
ဘန်ကောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ ယနေ့ မတ် ၂၅ ရက်မှ စတင်၍ မိုးပျံရထား နှင့် မြေအောက်ရထားများ အပါအဝင် ရထားစီးနင်းသူ ခရီးသည်အားလုံးအနေဖြင့် နှာခေါင်းစည်း(Masks)များ ဝတ်ဆင်ရန် လိုအပ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန website မှ သိရသည်။
နှာခေါင်းစည်း လိုအပ်သူများအတွက် ရထားဘူတာရုံ ဝင်ပေါက်များ၌ ဝယ်ယူရရှိနိုင်ကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအစီအမံသည် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ COVID-19 ရောဂါ ကူးစက်မှု ကာကွယ်တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ လိုက်နာခြင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနကဆိုသည်။
သို့သော် ရထားစီးခရီးသည်များအနေဖြင့် ရထားပေါ်တွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ မနေကြရန် နှင့် ဘူတာရုံ ဝင်ပေါက်များတွင် ကိုယ်ပူချိန်တိုင်းတာမှုကို ခံယူကြရန် လိုအပ်ကြောင်းသိရသည်။ ယင်းအစီအမံသည် ထိုင်းနိုင်ငံအတွင်းရှိ ရထားပို့ဆောင်ရေးဝန်ဆောင်မှုအားလုံးနှင့်အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြု ဖြစ်ပွားသူ လူနာသစ် ၁၀၇ ဦး ရှိပြီး ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၃၄ ဦး အထိ ရှိလာခဲ့ကြောင် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
လက်ရှိတွင် COVID-19 ရောဂါ ဆေးကုသမှုခံယူနေသူ လူနာပေါင်း ၈၆၀ ဦးရှိပြီး ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၀ ဦး နှင့် သေဆုံးသူ လေးဦးရှိကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)
-----------------------------------------
(Zawgyi Version)
ထိုင္းႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ရထားစီးခရီးသည္မ်ားအားလုံး ႏွာေခါင္းစည္း ဝတ္ဆင္ရန္ အမိန႔္ထုတ္
ဘန္ေကာက္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)
ထိုင္းႏိုင္ငံ၌ ယေန႔ မတ္ ၂၅ ရက္မွ စတင္၍ မိုးပ်ံရထား ႏွင့္ ေျမေအာက္ရထားမ်ား အပါအဝင္ ရထားစီးနင္းသူ ခရီးသည္အားလုံးအေနျဖင့္ ႏွာေခါင္းစည္း(Masks)မ်ား ဝတ္ဆင္ရန္ လိုအပ္ေၾကာင္း ထိုင္းသယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာန website မွ သိရသည္။
ႏွာေခါင္းစည္း လိုအပ္သူမ်ားအတြက္ ရထားဘူတာ႐ုံ ဝင္ေပါက္မ်ား၌ ဝယ္ယူရရွိႏိုင္ေၾကာင္းလည္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယင္းအစီအမံသည္ ျပည္သူ႔က်န္းမာေရး ဝန္ႀကီးဌာန၏ COVID-19 ေရာဂါ ကူးစက္မႈ ကာကြယ္တားဆီးေရး လမ္းၫႊန္ခ်က္ႏွင့္အညီ လိုက္နာျခင္းေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးဝန္ႀကီးဌာနကဆိုသည္။
သို႔ေသာ္ ရထားစီးခရီးသည္မ်ားအေနျဖင့္ ရထားေပၚတြင္ တစ္ဦးႏွင့္တစ္ဦး နီးကပ္စြာ မေနၾကရန္ ႏွင့္ ဘူတာ႐ုံ ဝင္ေပါက္မ်ားတြင္ ကိုယ္ပူခ်ိန္တိုင္းတာမႈကို ခံယူၾကရန္ လိုအပ္ေၾကာင္းသိရသည္။ ယင္းအစီအမံသည္ ထိုင္းႏိုင္ငံအတြင္းရွိ ရထားပို႔ေဆာင္ေရးဝန္ေဆာင္မႈအားလုံးႏွင့္အက်ဳံးဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ၌ COVID-19 ေရာဂါ အတည္ျပဳ ျဖစ္ပြားသူ လူနာသစ္ ၁၀၇ ဦး ရွိၿပီး ေရာဂါ ျဖစ္ပြားသူ စုစုေပါင္း ၉၃၄ ဦး အထိ ရွိလာခဲ့ေၾကာင္ ျပည္သူ႔က်န္းမာေရး ဝန္ႀကီးဌာနက မတ္ ၂၅ ရက္တြင္ ေၾကညာခဲ့သည္။
လက္ရွိတြင္ COVID-19 ေရာဂါ ေဆးကုသမႈခံယူေနသူ လူနာေပါင္း ၈၆၀ ဦးရွိၿပီး ေရာဂါ သက္သာေပ်ာက္ကင္း၍ ေဆး႐ုံမွ ဆင္းခြင့္ရသူ ၇၀ ဦး ႏွင့္ ေသဆုံးသူ ေလးဦးရွိေၾကာင္း ဝန္ႀကီးဌာနထံမွ သိရသည္။(Xinhua)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရာဇဝတ်မှု နှင့် တရားမ မှုခင်းများ ကြားနာရန် ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
COVID-19 အား ကာကွယ်ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၃၀.၃.၂၀ မှ ၃၀.၄.၂၀ ရက်အတွင်း ရက်သတ္တ ၃ ပတ်ကြိုတင်ကြေညာထားသော ရာဇဝတ်မှု နှင့် တရားမ မှုခင်းများ ကြားနာရန် ကိစ္စရပ်အား ဆိုင်းငံ့လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က မတ် ၂၄ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရုံးထိုင်ပြန်လည်ကြားနာမည့်ရက်များအား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထဲတွင်ပါရှိသည်။
မတ် ၂၅ ရက် နှင့် ၂၆ ရက်များ အတွက် ထုတ်ပြန်ထားသည့် ရာဇဝတ်မှုခင်းများ၊ တရားမမှုခင်းများ နှင့် စပ်လျဉ်း၍ ကြားနာမည့် ကိစ္စအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ၏ ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)
-------------------------------
(Unicode Version)
ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ ရာဇဝတ္မႈ ႏွင့္ တရားမ မႈခင္းမ်ား ၾကားနာရန္ ဆိုင္းငံ့ေၾကာင္း အသိေပးေၾကညာခ်က္ထုတ္ျပန္
ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
COVID-19 အား ကာကြယ္ထိန္းခ်ဳပ္ရန္ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္တြင္ ၃၀.၃.၂၀ မွ ၃၀.၄.၂၀ ရက္အတြင္း ရက္သတၱ ၃ ပတ္ႀကိဳတင္ေၾကညာထားေသာ ရာဇဝတ္မႈ ႏွင့္ တရားမ မႈခင္းမ်ား ၾကားနာရန္ ကိစၥရပ္အား ဆိုင္းငံ့လိုက္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္က မတ္ ၂၄ ရက္တြင္ အသိေပးေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။
႐ုံးထိုင္ျပန္လည္ၾကားနာမည့္ရက္မ်ားအား ထပ္မံေၾကညာသြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာခ်က္ ထဲတြင္ပါရွိသည္။
မတ္ ၂၅ ရက္ ႏွင့္ ၂၆ ရက္မ်ား အတြက္ ထုတ္ျပန္ထားသည့္ ရာဇဝတ္မႈခင္းမ်ား၊ တရားမမႈခင္းမ်ား ႏွင့္ စပ္လ်ဥ္း၍ ၾကားနာမည့္ ကိစၥအား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္ ၏ ေၾကညာခ်က္ထဲတြင္ ပါရွိသည္။ (Xinhua)

ရှင်းကျန်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ရွင္းက်န္း၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

ရှင်းကျန်း‌ဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျောင်းသား ၄.၄ သန်း ကျောင်းပြန်တက်
ရှင်းကျန်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မတ် ၂၃ ရက်တွင် ကျောင်းပေါင်း ၅,၀၀၀ ကျော်ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားပေါင်း ၄.၄ သန်းခန့် ကျောင်းပြန်တက်နေကြပြီဖြစ်ကြောင်း သိရသည်။ ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံတွင် COVID-19 ရိုက်ခတ်ခံရမှုများကို ကျော်ဖြတ်ပြီးနောက် ပထမဆုံး ကျောင်းများ အားလုံးပြန်လည်ဖွင့်လှစ်သည့် ဒေသဖြစ်ကြောင်း သိရသည်။ (Xinhua)
-------------------------
(Zawgyi Version)
ရွင္းက်န္း‌ေဝဂါကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ေက်ာင္းသား ၄.၄ သန္း ေက်ာင္းျပန္တက္
ရွင္းက်န္း၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း ရွင္းက်န္းေဝဂါကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၌ COVID-19 ကပ္ေရာဂါ ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ မတ္ ၂၃ ရက္တြင္ ေက်ာင္းေပါင္း ၅,၀၀၀ ေက်ာ္ကို ျပန္လည္ဖြင့္လွစ္ခဲ့ရာ ေက်ာင္းသားေပါင္း ၄.၄ သန္းခန႔္ ေက်ာင္းျပန္တက္ေနၾကၿပီျဖစ္ေၾကာင္း သိရသည္။ ရွင္းက်န္းေဒသသည္ တ႐ုတ္ႏိုင္ငံတြင္ COVID-19 ႐ိုက္ခတ္ခံရမႈမ်ားကို ေက်ာ္ျဖတ္ၿပီးေနာက္ ပထမဆုံး ေက်ာင္းမ်ား အားလုံးျပန္လည္ဖြင့္လွစ္သည့္ ေဒသျဖစ္ေၾကာင္း သိရသည္။ (Xinhua)


Friday, February 7, 2020

ခ်မ္းေျမ႕ေမာင္ခ်ဳိ-Eleven

<Unicode>
01.King
02.သင့်အတွက်မနက်ဖြန်
03.သူ့ကိုအချစ်ဆုံးပဲ
05.ဒဏ္ဍာရီ
05.မြတ်မြတ်နိုးနိုး
06.Loser
07.ရွာသာရွာပါမိုး
08.ချစ်သောမောမြေ
09.ရေတစ်လှည့်မီးတစ်လှည့်
10.ထွက်သွားတော့
11.မောင်နားလည်ပေးပါ
<Zawgyi>
01.King
02.သင့္အတြက္မနက္ျဖန္
03.သူ့ကိုအခ်စ္ဆုံးပဲ
05.ဒ႑ာရီ
05.ျမတ္ျမတ္ႏိုးႏိုး
06.Loser
07.ရြာသာရြာပါမိုး
08.ခ်စ္ေသာေမာေျမ
09.ေရတစ္လွည့္မီးတစ္လွည့္
10.ထြက္သြားေတာ့
11.ေမာင္နားလည္ေပးပါ
မူရင္း Enjoy Music With Me မွကူးယူေဖာ္ျပသည္။

Soe Nandar Kyaw-2020 မွာတမ္း

<Unicode>
1. I Can't Fly (ft Min Htet)
2. 2020 မှာတမ်း (ft Min Htet)
3. မာယာတွေနဲ့လူ
4. အားမနာပါနဲ့
5. ကူလီကူမာ (ft Zay Ye)
6. မလိုအပ်ဘူး
<Zawgyi>
1. I Can't Fly (ft Min Htet)
2. 2020 မွာတမ္း (ft Min Htet)
3. မာယာေတြနဲ႔လူ
4. အားမနာပါနဲ႔
5. ကူလီကူမာ (ft Zay Ye)
6. မလိုအပ္ဘူး
မူရင္း Enjoy Music With Me မွကူးယူေဖာ္ျပသည္။

Lar Dint Htar Yi-ေမာင္အဆင္ေျပရဲ႕လား

<Unicode>
1. အနမ်းလေးနဲ့ဆီးကြိုမယ်
2. မောင်အဆင်ပြေရဲ့လား (New Version)
3. နင်မရှိလို့မဖြစ်တဲ့ငါ
4. အချစ်မရှိတဲ့ဘဝ
5. မင်းမရှိတဲ့နောက်
6. သမီးကြိုးစားနေပါတယ်
<Zawgyi>
1. အနမ္းေလးနဲ႔ဆီးႀကိဳမယ္
2. ေမာင္အဆင္ေျပရဲ႕လား (New Version)
3. နင္မရွိလို႔မျဖစ္တဲ့ငါ
4. အခ်စ္မရွိတဲ့ဘဝ
5. မင္းမရွိတဲ့ေနာက္
6. သမီးႀကိဳးစားေနပါတယ္
မူရင္း Enjoy Music With Me မွကူးယူေဖာ္ျပသည္။