ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, December 4, 2013

Resistor ( ရီစစ္စတာ ) - အပိုင်း (၄)

ရီစစ္စတာများကို တန်းဆက် ဆက်သွယ်ခြင်း ( Series )

ရီစစ္စတာများကို ခုခံမူတန်ဖိုး တူညီသည်ဖြစ်စေ မတူညီသည်ဖြစ်စေ အရေအတွက် အကန့်
အသတ်မရှိ ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်သော ရီစစ္စတာများရဲ့ ခုခံမူတန်ဖိုးများ အားလုံးကို ပေါင်း
ပေးရပါမယ်။ အပူဒဏ် ခံနိုင်မူ့ Watt ကိုတော့ ဆက်သွယ်ထားသောရီစစ္စတာများထဲမှ Watt တန်ဖိုး အနည်းဆုံး ရီစစ္စတာရဲ့ Watt ကို ယူရပါမယ်။
R1 = 10 Ohm , R2 = 10 Ohm , R3 = 10 Ohm
စုစုပေါင်း တန်ဖိုး = 10 + 10 + 10
                     = 30 Ohm

ဒီလောက်ဆို တန်းဆက် ဆက်သွယ်ထားသော ရီစစ္စတာတွေရဲ့ တန်ဖိုးကို သိနိုင်မယ်ထင်ပါတယ်ဗျာ....

 ရီစစ္စတာများကို ပြိုင်ဆက် ဆက်သွယ်ခြင်း ( Parallel )

ရီစစ္စတာများကို တန်းဆက် ဆက်သွယ်နိုင်သကဲ့သို့ ပြိုင်ဆက်လည်း ဆက်သွယ်နိုင်ပါတယ်ဗျာ။
ခုခံမူတန်ဖိုးတူညီသော ရီစစ္စတာများ ပြိုင်ဆက် ဆက်သွယ်ခြင်း နဲ့
ခုခံမူ့တန်ဖိုးမတူညီသော ရီစစ္စတာများ ပြိုင်ဆက် ဆက်သွယ်ခြင်း လို့ နှစ်မျိုး ရှိပါတယ်။

ခုခံမူတန်ဖိုး တူညီသော ရီစစ္စတာများကို ပြိုင်ဆက်ဆက်သွယ်ပါက စုစုပေါင်း တန်ဖိုးကို သိလိုတယ်ဆိုရင်
ဆက်သွယ်ထားသော ရီစစ္စတာတစ်လုံးရဲ့ ခုခံမူတန်ဖိုးကို ဆက်သွယ်သော ရီစစ္စတာအရေအတွက်နဲ့ စားပေးရပါမယ်။Watt ကိုတော့ ရီစစ္စတာအားလုံးရဲ့ Watt ပမာဏကို ပေါင်းပေးရပါတယ်။
R1 = 30 Ohm(1 W), R2 = 30 Ohm(1 W), R3 = 30 Ohm (1 W)
စုစုပေါင်းတန်ဖိုး = 30/3 ( 1+1+1 W)
                    = 10 Ohm 3 Watt

ခုခံမူ့တန်ဖိုး မတူညီသော ရီစစ္စတာများကို ပြိုင်ဆက်ဆက်သွယ်ပါက စုစုပေါင်းတန်ဖိုးကို သိလိုတယ်ဆိုရင်
ဘုံဆခွဲကိန်းနည်းဖြင့် အဖြေထုတ်ပါတယ်။

R1 = 1 Ohm, R2 = 2 Ohm, R3 = 3 Ohm
စုစုပေါင်းတန်ဖိုး = 1/1 + 1/2 + 1/3
                    = 6/6 + 3/6 + 2/6
                    = 11/6
                    = 1.83 Ohm ( သီအိုရီအရ ဖြစ်ပြီး လက်တွေ့တွင် ခုခံမူ့အနည်းဆုံး ရီစစ္စတာမှ လျပ်စီးကို ဦးစွာ စီးဆင်းစေပါတယ်။)

ကဲ...အခုဆိုရီစစ္စတာတွေကိုတန်းဆက်ဆက်သွယ်ခြင်းနဲ့ပြိုင်ဆက်ဆက်သွယ်ခြင်းကို ကောင်းစွာသိသွားပြီလို့ ထင်မြင်မိပါတယ်ဗျာ....။

Resistor ( ရီစစ္စတာ) - အပိုင်း ( ၃ )

ယခုနောက်ပိုင်း ခေတ်မီအီလက်ထရောနစ် ပစ္စည်းများတွင် ရီစစ္စတာများကို သေးငယ်သော
အရွယ်အစားဖြင့် ပုံနှိပ်သော နည်းပညာကို အသုံးပြုလာကြပါတယ်။ ၄င်း ရီစစ္စတာများရဲ့
ခုခံမူ တန်ဖိုးကိုလဲ အရောင်များဖြင့် မဟုတ်တော့ပဲ ဂဏန်းများ၊ အက္ခရာများဖြင့် ပြောင်းလဲ
ရေးသားလာကြပါတယ်။ အရောင်လိုင်း ရီစစ္စတာများကဲ့သို့ပင် ဂဏန်းများကို သုံးလုံးဖြင့်
လည်းကောင်း။ ဂဏန်း လေးလုံးဖြင့်သော်လည်းကောင်း ရေးသားဖော်ပြထားပါတယ်။

ဂဏန်း သုံးလုံးဖြင့် ဖော်ပြသော ရီစစ္စတာ တန်ဖိုးတွက်နည်း

ပထမဆုံး(ရှေ့ဆုံး) ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယ ဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 101 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမ ဂဏန်းရဲ့ နောက်မှာဆိုတော့ 10 ပေါ့ဗျာ )
တတိယ ဂဏန်း = 1 ( သုည အရေတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 100 ပေါ့ )
ဒါဆို (101) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးက 100 Ohm လို့ အဖြေထွက်တာပေါ့ဗျာ။
အရောင်လိုင်းတွေနဲ့ထက်တောင် ပိုလွယ်သေးတယ်။

ဂဏန်း လေးလုံးဖြင့် ဖော်ပြထားသော ရီစစ္စတာ တန်ဖိုးတွက်နည်း

ပထမဆုံး(ရှေ့ဆုံး)ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို ခုခံမူတန်ဖိုး တတိယဂဏန်းအဖြစ် ယူပါ။
စတုထ္တဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 1001 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမဂဏန်းရဲ့ နောက်မှာဆိုတော့ 10 )
တတိယ ဂဏန်း = 0 ( ဒုတိယ ဂဏန်းရဲ့ နောက်မှာဆိုတော့ 100 )
စတုထ္တ ဂဏန်း = 1 ( သုည အရေအတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 1000 ပေါ့။)
ဒါဆို ( 1001 ) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူတန်ဖိုးက 1000 Ohm လို့ အဖြေထွက်ပါတယ်။
    1000 Ohm ဆိုတော့ 1 K Ohm ပေါ့။
(ခုခံမူတန်ဖိုးများ 1000 မှ 1000 ကျော်လျင် ကီလိုအုမ်း ဖွဲ့ရပါမယ်။)

ဒီလောက်ဆိုရင် ဂဏန်းတွေနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို ခုခံမူတန်ဖိုး တွက်နိုင်လိမ့်မယ် ထင်ပါတယ်။

Resistor ( ရီစစ္စတာ) - အပိုင်း ၂

အရောင်လိုင်း ငါးလိုင်းဖော်ပြထားသော ရီစစ္စတာများ

အရောင်လိုင်း ငါးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာတွေရဲ့ တန်ဖိုးကို တွက်ဖို့ အောက်ပါအတိုင်း အရောင်လိုင်းတွေကို သတ်မှတ်လိုက်ပါ။
တွက်နည်းကတော့ အရောင်လိုင်း လေးလိုင်း ရီစစ္စတာ တွက်နည်းနဲ့ အနည်းငယ်သာ ကွာခြားပါတယ်။
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း တတိယ ဂဏန်းအဖြစ်ယူပါ။
စတုထ္တလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရောအတွက် ယူပါ။
ပဉ္စမလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

(ညို) (နက်) (နက်) (ညို) (ရွှေ) ဆိုတဲ့ အရောင်လိုင်း ငါးလိုင်းနဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်
ပထမ အရောင် (ညို) = ၁
ဒုတိယ အရောင် (နက်) = ၀ <ဒုတိယဂဏန်း ဆိုတော့ ၁၀ >
တတိယအရောင် (နက်) = ၀ <တတိယဂဏန်း ဆိုတော့ ၁၀၀ >
စတုထ္တအရောင် (ညို) = ၁ <သုညအရေအတွက် ဖြည့်ဆိုတော့ ၁၀၀၀ >
အရောင်လိုင်း လေးလိုင်းကို တွက်လို့ ရလာတဲ့အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူတန်ဖိုးပါ။ ပဉ္စမအရောင်လိုင်းက အမှားရာခိုင်နှုန်းပါ။

(ညို) (နက်)(နက်)(ညို) = 1000 Ohm ပါ။ လွယ်တယ်မို့လားဗျ။

ရီစစ္စတာများရဲ့ ခုခံမူတန်ဖိုးများကို အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်ကြပါတယ်။
ခုခံမူတန်ဖိုး ၁၀၀၀ မှ ၁၀၀၀ ကျော်လျှင် ကီလိုအုမ်း (K) ပြောင်းရပါတယ်။
ခုခံမူတန်ဖိုးကို ၁၀၀၀ ဖြင့် စားလျှင် ကီလိုအုမ်းရပါတယ်။
ဥပမာ။ ။ 1000 Ohm = 1 K Ohm ပေါ့ဗျာ။

ခုခံမူတန်ဖိုး ၁၀၀၀ ၀၀၀ မှ ၁၀၀၀ ၀၀၀ ကျော်လျှင် မဂ္ဂါအုမ်း (M) ပြောင်းရပါတယ်။
ခုခံမူတန်ဖိုးကို ၁၀၀၀ ၀၀၀ ဖြင့် စားလျှင် မဂ္ဂါအုမ်းရပါတယ်။
ဥပမာ။ ။ 1000 000 Ohm = 1 M Ohm ပေါ့။

အလားတူပဲ ခုခံမူတန်ဖိုး ကီလိုအုမ်း (K) တစ်ထောင်မှ တစ်ထောင်ကျော်လျှင် မဂ္ဂါအုမ်း(M) ပြောင်းရပါတယ်။
ဥပမာ။ ။ 1000 K Ohm= 1 M Ohm ပေါ့ဗျာ။

ဒီလောက်ဆိုရင် အရောင်လိုင်းများနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို အောင်မြင်စွာ တွက်ချက်ပီး တန်ဖိုးတွေကို သိရှိနိုင်ကြပါတယ်ခင်ဗျာ.....။

Resistor ( ရီစစ္စတာ )

Resistor ဆိုသည်မှာ AC \ DC လျပ်စီးကြောင်းများနဲ့ Signal လို့ ခေါ်တဲ့ အချက်ပြလှိုင်းများကို မူလစွမ်းအင်မှ လျော့နည်းသွားအောင် လျော့ချ ခုခံပေးသော ပစ္စည်းဖြစ်ပါတယ်။ လျော့ချခုခံနိုင်မူ တန်ဖိုးကို Ohm ဖြင့် သတ်မှတ်ပီး အပူဒဏ်ခံနိုင်မူကို Watt ဖြင့် သတ်မှတ်ပါတယ်။

Resistor တစ်လုံးရဲ့ ခုခံနိုင်မူကို Resistor ရဲ့ ကိုယ်ထည်ပေါ်မှာ အရောင်လိုင်းများဖြင့်လည်းကောင်း၊
Code ဂဏန်းများဖြင့်လည်းကောင်း ဖော်ပြထားပါတယ်။ အဆိုပါ အရောင်လိုင်းများ၊ Code ဂဏန်းများ
ရဲ့ တန်ဖိုးများကို သိထားမယ်ဆိုရင်တော့ အဆိုပါ Resistor ရဲ့ ခုခံမူတန်ဖိုးကို သိနိုင်မှာ ဖြစ်ပါတယ်။

အရောင်လိုင်းများဖြင့် ဖော်ပြထားသော ရီစစ္စတာများ

ရီစစ္စတာများရဲ့ တန်ဖိုးကို ကိုယ်ထည်ပေါ်မှာ အရောင်လိုင်း ၄ လိုင်း၊ ၅ လိုင်းဖြင့် ဖော်ပြထားတတ်ပါတယ်။
ဖော်ပြထားတဲ့ အရောင်တွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အနက်ရောင်    = ဝ
အညိုရောင်     = ၁
အနီရောင်       = ၂
လိမ္မော်ရောင်   = ၃
အ၀ါရောင်      = ၎
အစိမ်းရောင်    = ၅
အပြာရောင်     = ၆
ခရမ်းရောင်     = ၇
မီးခိုးရောင်      = ၈
အဖြူရောင်     = ၉
ရွှေရောင်       = ဒသမ တစ်နေရာ ဖြတ်ရန် ( အမှား ၅ % )
ငွေရောင်       = ဒသမ နှစ်နေရာ ဖြတ်ရန်(အမှား၁၀%)
ဟု အရောင်တစ်ရောင်ချင်းစီမှာ တန်ဖိုးသတ်မှတ်ချက် တစ်ခု သတ်မှတ်ထားပါတယ်။

ရီစစ္စတာရဲ့ ကိုယ်ထည်ပေါ်မှာ ဖော်ပြထားတဲ့ အရောင်လိုင်းတွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေကို သိရှိပီးပီဆိုတော့ ရီစစ္စတာတစ်လုံးရဲ့ ခုခံမူတန်ဖိုးကို တွက်ကြည့်ကြရအောင်ဗျာ။ အရောင်လိုင်း လေးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာကို အရင်တွက်ပြပါ့မယ်။
ပထမဆုံး ရီစစ္စတာရဲ့ အရောင်လိုင်းတွေကို အောက်မှာပြထားတဲ့အတိုင်း သတ်မှတ်လိုက်ပါ.......
အဲဒီလို သတ်မှတ်ပီးသွားပီဆိုရင် အောက်က တွက်နည်းလေးအတိုင်း အစားထိုးတွက်ကြည့်ရအောင်........
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရေအတွက်ဖြည့်ပါ။
စတုထ္တလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

အခုပုံမှာပြထားတဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်....(ညို) (နက်) (ညို) ပေါ့ဗျာ...
ပထမလိုင်းအရောင် (အညိုရောင်) = ၁
ပထမ ဂဏန်းအဖြစ် ယူပါဆိုတော့ (၁) ပေါ့ဗျာ...စပီနော်..
ဒုတိယလိုင်း အရောင် ( အနက်ရောင်) = ဝ
ဒုတိယ ဂဏန်းအဖြစ်ယူပါဆိုတော့ ပထမဂဏန်းရဲ့ နောက်ပေါ့ဗျာ..( ၁၀ ) ပေါ့
တတိယလိုင်း အရောင် ( အညိုရောင် ) = ၁
တန်ဖိုးအတိုင်း သုည အရောအတွက်ဖြည့်ပါဆိုတော့.. တန်ဖိုးက (၁) ဆိုတော့ သုညတစ်လုံးပေါ့။
(၁၀) ကို သုည တစ်လုံး ထပ်ဖြည့်လိုက်တော့ ( ၁၀၀ ) ပေါ့ဗျာ..။

အရောင်လိုင်းသုံးလိုင်းကို တွက်လိုက်လို့ ရလာတဲ့ အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးပါ။ခုခံမူတန်ဖိုးကို
Ohm နဲ့ သတ်မှတ်တယ်ဆိုတော့ အပေါ်မှာ တွက်ပြလိုက်တဲ့ ရီစစ္စတာရဲရ ခုခံမူ တန်ဖိုးက 100 Ohm
လို့ အဖြေထွက်ပါတယ်ဗျာ။

ညို နက် ညို = 100 Ohm ပေါ့။
စတုထ္တလိုင်းက အမှားရာခိုင်နှုန်းပါ။ အပေါ်မှာက ရွှေရောင်ဆိုတော့ အမှား ၅% ပေါ့။

ညို နက် ညို ရွှေ = 100 Ohm 5% လို့ အဖြေထွက်လာပါတယ်။ လွယ်တယ်မို့လားဗျ ။

Analog meter ဖြင့် Resistor တိုင်းနည်း အပိုင်း (၁)..

1.Ohm တိုင်းရာတွင် လို့သာညွှန်းထားတာပါ ပြည့်စုံအောင်ရေးဖို့ရာ မလွယ်ပါဘူး ပထမဆုံးအနေနဲ့ Resistor အကြာင်းလေးအရင် တတ်နိုင်သလောက်ရှင်းပြပါမယ်
၁.Resistor ဆိုသည်မှာ AC \ DC လျပ်စီးကြောင်းများနဲ့ Signal လို့ ခေါ်တဲ့ အချက်ပြလှိုင်းများကို မူလစွမ်းအင်မှ လျော့နည်းသွားအောင် လျော့ချ ခုခံပေးသော ပစ္စည်းဖြစ်ပါတယ်။ လျော့ချခုခံနိုင်မူ တန်ဖိုးကို Ohm ဖြင့် သတ်မှတ်ပီး အပူဒဏ်ခံနိုင်မူကို Watt ဖြင့် သတ်မှတ်ပါတယ်။ Resistor ဆိုသည်မှာ ခုခံမှု့။ခုခံမှုဆိုသည်မှာ ၀င်လာသောလျှပ်စီးကို ohm တန်ဖိုးအနည်းအများလိုက် ခုခံ ထားနိုင်သော ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ohm တန်ဖိုးနည်းလျင် ခုခံမှုနည်း၍ ohm တန်ဖိုးများလျင် ခုခံမှုများပါတယ်။
Resistor AC နှင့် DCကတော့ဖြတ်သန်းနိုင်သော်လည်း Volt ကို လျှော့ပေးနိုင်သော အစွမ်းမရှိပါ Ampere ကိုသာ လျှော့ချပေးနိုင်ပါတယ် ..  (အပေါင်း အနုတ် မရှိပါ)

Resistor တစ်လုံးရဲ့ ခုခံနိုင်မူကို Resistor ရဲ့ ကိုယ်ထည်ပေါ်မှာ အရောင်လိုင်းများဖြင့်လည်းကောင်း၊
Code ဂဏန်းများဖြင့်လည်းကောင်း ဖော်ပြထားပါတယ် မပြရင်လည်း ဆားကစ်မှာ တနည်းနည်းနဲ့ပြလေ့ရှိပါတယ် အဆိုပါ အရောင်လိုင်းများ၊ Code ဂဏန်းများ
ရဲ့ တန်ဖိုးများကို သိထားမယ်ဆိုရင်တော့ အဆိုပါ Resistor ရဲ့ ခုခံမူတန်ဖိုးကို သိနိုင်မှာ ဖြစ်ပါတယ်။

အရောင်လိုင်းများဖြင့် ဖော်ပြထားသော ရီစစ္စတာများ

ရီစစ္စတာများရဲ့ တန်ဖိုးကို ကိုယ်ထည်ပေါ်မှာ အရောင်လိုင်း ၄ လိုင်း၊ ၅ လိုင်းဖြင့် ဖော်ပြထားတတ်ပါတယ်။
ဖော်ပြထားတဲ့ အရောင်တွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အနက်ရောင်    = ဝ
အညိုရောင်     = ၁
အနီရောင်       = ၂
လိမ္မော်ရောင်   = ၃
အ၀ါရောင်      = ၎
အစိမ်းရောင်    = ၅
အပြာရောင်     = ၆
ခရမ်းရောင်     = ၇
မီးခိုးရောင်      = ၈
အဖြူရောင်     = ၉
ရွှေရောင်       = ဒသမ တစ်နေရာ ဖြတ်ရန် ( အမှား ၅ % )
ငွေရောင်       = ဒသမ နှစ်နေရာ ဖြတ်ရန်(အမှား၁၀%)
ဟု အရောင်တစ်ရောင်ချင်းစီမှာ တန်ဖိုးသတ်မှတ်ချက် တစ်ခု သတ်မှတ်ထားပါတယ်။(အတို=နက်.ညို.နီ.မော်.၀ါ.စိမ်း.ပြာ.ရမ်း.ခိုး.ဖြူ)

ရီစစ္စတာရဲ့ ကိုယ်ထည်ပေါ်မှာ ဖော်ပြထားတဲ့ အရောင်လိုင်းတွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေကို သိရှိပီးပီဆိုတော့ ရီစစ္စတာတစ်လုံးရဲ့ ခုခံမူတန်ဖိုးကို တွက်ကြည့်ကြရအောင်ဗျာ။ အရောင်လိုင်း လေးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာကို အရင်တွက်ပြပါ့မယ်။
ပထမဆုံး ရီစစ္စတာရဲ့ အရောင်လိုင်းတွေကို အောက်မှာပြထားတဲ့အတိုင်း သတ်မှတ်လိုက်ပါ.......

အဲဒီလို သတ်မှတ်ပီးသွားပီဆိုရင် အောက်က တွက်နည်းလေးအတိုင်း အစားထိုးတွက်ကြည့်ရအောင်........
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရေအတွက်ဖြည့်ပါ။
စတုထ္တလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

အခုပုံမှာပြထားတဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်....(ညို) (နက်) (ညို) ပေါ့ဗျာ...
ပထမလိုင်းအရောင် (အညိုရောင်) = ၁
ပထမ ဂဏန်းအဖြစ် ယူပါဆိုတော့ (၁) ပေါ့ဗျာ...စပီနော်..
ဒုတိယလိုင်း အရောင် ( အနက်ရောင်) = ဝ
ဒုတိယ ဂဏန်းအဖြစ်ယူပါဆိုတော့ ပထမဂဏန်းရဲ့ နောက်ပေါ့ဗျာ..( ၁၀ ) ပေါ့
တတိယလိုင်း အရောင် ( အညိုရောင် ) = ၁
တန်ဖိုးအတိုင်း သုည အရောအတွက်ဖြည့်ပါဆိုတော့.. တန်ဖိုးက (၁) ဆိုတော့ သုညတစ်လုံးပေါ့။
(၁၀) ကို သုည တစ်လုံး ထပ်ဖြည့်လိုက်တော့ ( ၁၀၀ ) ပေါ့ဗျာ..။

အရောင်လိုင်းသုံးလိုင်းကို တွက်လိုက်လို့ ရလာတဲ့ အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးပါ။ခုခံမူတန်ဖိုးကို
Ohm နဲ့ သတ်မှတ်တယ်ဆိုတော့ အပေါ်မှာ တွက်ပြလိုက်တဲ့ ရီစစ္စတာရဲရ ခုခံမူ တန်ဖိုးက 100 Ohm
လို့ အဖြေထွက်ပါတယ်ဗျာ။

ညို နက် ညို = 100 Ohm ပေါ့။
စတုထ္တလိုင်းက အမှားရာခိုင်နှုန်းပါ။ အပေါ်မှာက ရွှေရောင်ဆိုတော့ အမှား ၅% ပေါ့။

ညို နက် ညို ရွှေ = 100 Ohm 5% လို့ အဖြေထွက်လာပါတယ်။ လွယ်တယ်မို့လားဗျ ။ 
2.ယခုနောက်ပိုင်း ခေတ်မီအီလက်ထရောနစ် ပစ္စည်းများတွင် ရီစစ္စတာများကို သေးငယ်သော
အရွယ်အစားဖြင့် ပုံနှိပ်သော နည်းပညာကို အသုံးပြုလာကြပါတယ်။ ၄င်း ရီစစ္စတာများရဲ့
ခုခံမူ တန်ဖိုးကိုလဲ အရောင်များဖြင့် မဟုတ်တော့ပဲ ဂဏန်းများ၊ အက္ခရာများဖြင့် ပြောင်းလဲ
ရေးသားလာကြပါတယ်။ အရောင်လိုင်း ရီစစ္စတာများကဲ့သို့ပင် ဂဏန်းများကို သုံးလုံးဖြင့်
လည်းကောင်း။ ဂဏန်း လေးလုံးဖြင့်သော်လည်းကောင်း ရေးသားဖော်ပြထားပါတယ်။

ဂဏန်း သုံးလုံးဖြင့် ဖော်ပြသော ရီစစ္စတာ တန်ဖိုးတွက်နည်း
ပထမဆုံး(ရှေ့ဆုံး) ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယ ဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 101 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမ ဂဏန်းရဲ့ နောက်မှာဆိုတော့ 10 ပေါ့ဗျာ )
တတိယ ဂဏန်း = 1 ( သုည အရေတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 100 ပေါ့ )
ဒါဆို (101) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးက 100 Ohm လို့ အဖြေထွက်တာပေါ့ဗျာ။
အရောင်လိုင်းတွေနဲ့ထက်တောင် ပိုလွယ်သေးတယ်။

ဂဏန်း လေးလုံးဖြင့် ဖော်ပြထားသော ရီစစ္စတာ တန်ဖိုးတွက်နည်း

ပထမဆုံး(ရှေ့ဆုံး)ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို ခုခံမူတန်ဖိုး တတိယဂဏန်းအဖြစ် ယူပါ။
စတုထ္တဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 1001 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမဂဏန်းရဲ့ နောက်မှာဆိုတော့ 10 )
တတိယ ဂဏန်း = 0 ( ဒုတိယ ဂဏန်းရဲ့ နောက်မှာဆိုတော့ 100 )
စတုထ္တ ဂဏန်း = 1 ( သုည အရေအတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 1000 ပေါ့။)
ဒါဆို ( 1001 ) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူတန်ဖိုးက 1000 Ohm လို့ အဖြေထွက်ပါတယ်။
    1000 Ohm ဆိုတော့ 1 K Ohm ပေါ့။
(ခုခံမူတန်ဖိုးများ 1000 မှ 1000 ကျော်လျင် ကီလိုအုမ်း ဖွဲ့ရပါမယ်။)

ဒီလောက်ဆိုရင် ဂဏန်းတွေနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို ခုခံမူတန်ဖိုး
တွက်နိုင်လိမ့်မယ်ထင်ပါတယ် နံပါတ်မပါတဲ့ power resistor လေးတွေကိုတော့ circuit symbol  မှာဘဲ ကြည့်ပြီးသိနိုင်မှာပါ။

 4.resistor တွေကို တိုင်းတဲ့အခါ မှာ circuits ထဲမှာတိုင်းရင် အမှန်ပြဖို့ရာမလွယ်ပါဘူး (အသုံးပြုတဲ့အပေါ်မူတည်ပြီး တချို့နေရာမှာတော့ မှန်းချေတော့ရတတ်ပါတယ်)ဖြုတ်တိုင်း မှသာ သေချာ တာပါ  ခုနောက်ပိုင်း resistor တွေက ပိုတောင်လွယ်လာပါတယ်(ဂဏန်းနဲ့ပြတာကိုး) အခုအသုံးအများဆုံး(phone) Resistor တိုင်းနည်းသိသလောက်ကလေးတင်ပြပေးပါ့မယ်ဗျာ

122 နံပါတ်ပါတဲ့ ဖုန်း ထဲမှာပါတဲ့ resistorလေးကိုတိုင်းကြည့်ရအောင်  
ပထမဆုံး(ရှေ့ဆုံး) ဂဏန်းကို ခုခံမူ့တန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယ ဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို သုည(၀) အရေအတွက် ယူပါ။
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 2 ( ပထမဂဏန်းရဲ့ နောက်မှာဆိုတော့ 2)
တတိယ ဂဏန်း = 2( ဒုတိယ ဂဏန်းရဲ့ နောက်မှာဆိုတော့ သုညနှစ်လုံး 00 )
ဒီတော့ 1200 (1200 ohm)ပေါ့
1200 ohm ဆိုတော့ selector ကို (×1 )ထားမလား (×10) ထားမလား (×100)ထားမလား(×1k)ထားမလား(×10K) ထားမလား
(×1)ဆိုတာ 1. ohm တိုင်းလျှင်ကြည့်ရန် မှာ 1 နဲ့ မြောက် တာပါ / (×10)ဆိုတာ 1. ohm တိုင်းရန်ကြည့်လျှင်မှာ 10 နဲ့ မြောက်တာပါ ….
1,2,3,5,10,20,30,50,100,200(ohm တိုင်းရန် မျှားနေရာမှာ)
ဒီတော့ (1) နဲ့ထားတိုင်းမယ်ဆိုရင်အဆုံး 200(ရှိတာက 1200ohm ဆိုတော့) ဘဲ ပြထားတာဆိုတော့ မပြနိုင်ဘူးပေါ့  ပြရင်လည်း 10 ရှော့ ပြနေမှာပေါ့ (တိုင်းလို့မရဘူးပေါ့)
(×100)နဲ့ တိုင်းထားတိုင်းမယ်ဆိုရင်
200 မှာ 2000(2k) ပြတော့ တိုင်းလို့ရပြီပေါ့  1200 ohm (1.2k)ရှိတဲ့ resistor ကိုတိုင်းချင်ရင် (×100)နဲ့ ထားတိုင်း ရင် 10 နဲ့ 20 ကြားမှာ ပြရမှာပေါ့ တိတိကျကျနီးပါးဆိုရင် 10 နဲ့ 20 ကြားမှာ သေချာ တွက်ကြည့်လိုက်ပါဗျာ
5.နောက်တခုတိုင်းကြည့်ပါ့မယ် 2.2 K (2200 ohm)ရှိတဲ့ resistor လေးပါ.
 meter ရဲ့ အပ်ါဆုံးတန်းမှာ 20 ကျော်(20 နဲ့ 30 ကြား)မှာ ပြရမှာပါ selector ကို ×100 မှာ ထားတိုင်းရမှာပါ selector က ×100 မှာထားတော့ အပ်ါဆုံးတန်းကို 100 နဲ့ မြှောက်ထားတာပေါ့
ဒီတော့ 1 ဆို 100 ohm , 2ဆို 200ohm , 20 ဆိုတော့ 2000 ohm (သို့) 2k ပေါ့
တိုင်းကြည့်လိုက်ရင် 2200 ohm & 2.2k  

အားလုံးအဆင်ပြေကြပါစေ အမှားပါရင်ခွင့်လွတ်ပါ ...pdf file ဖြင့် down ခြင်သူများ...

Monday, December 2, 2013

လူပျိုလှည့်တေး – Bunny Phyoe [ CD ]

Phyoe 2
Bunny Phyoe 1
လူပျိုလှည့်တေး – Bunny Phyoe [ CD ] တစ်ပုဒ်ချင်း Download ရန်(Mediafire)
လူပျိုလှည့်တေး – Bunny Phyoe [ CD ] Zip FIle [ Mediafire Link ]
လူပျိုလှည့်တေး – Bunny Phyoe [ CD ] Zip FIle [ Uploadingit.com/ ]

ဖုန်အချင်းချင်း Data ကူးရာမှာ မြန်ဆန်လွယ်ကူတဲ့- Zapya.v1.8.3 APK (Latest Version)

http://screenshots.softonic.cn/cn/scrn/6655000/6655918/image-05-546x535.jpg
Zapya ကိုတော့ Android User တော်တော်များများသိကြမှာပါ။ အသုံလည်းများကြပါတယ်။ အခုနောက်ပိုင်း ဖုန်းတစ်လုံးနဲ့တစ်လုံး ဖိုင်တွေကို ပို့ရင်တောင်မှာ Zapya ရှိလားဆိုတဲ့အသံတွေကြားနေရတယ်။ Zapya နဲ့ မပို့ရင် ၊ Zapya မရှိရင်ဘဲ ခေတ်မမှီသလိုလိုဘာလိုနဲ့ဗျာ။ အသုံးပြုရတာလည်းလွယ်ပါတယ်။ အဓိကလူသုံး များကြတာကတော့ File Size ကြီးတဲ့ Data တွေကိုတောင် Bluetooth ထက်အဆပေါင်းများစွာလျှင်မြန်စွာ ကူးယူနိုင်လို့ပါဘဲ။ အများအားဖြင့် Bluetooth မပါတဲ့ တရုပ်ကလာတဲ့ Tablet တွေမှာဆိုရင် Zapya ကအသုံး တည့်စေပါတယ်။ အခုလည်းနောက်ဆုံးထွက် Version လေးထွက်လာတာနဲ့ Zapya ချစ်သူများအတွက် အဆင်ပြေပြေသုံးနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။