ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, May 5, 2013

Objectdock Plus v2.0 Full for WinXP/7/8

header
Objectdock ကတော့ Desktop ပေါ်မှာ အလှဆင်တဲ့ အရာလေးပါ။ Software တွေရဲ့ Shortcut လေတွေကို Dock ပေါ်မှာ တန်းစီ တင်ထားလို့ရပါတယ်။ ပုံစံလေးကတော့ Apple Macbook မှာသုံးတဲ့ ပုံစံအတိုင်းပါပဲ။ ဒီမှာကတော့ စိတ်ကြိုက် background ကိုပြောင်းလို့ရတဲ့အပြင် Full version ဖြစ်တဲ့ အတွက် ကိုယ်လိုအပ်သလောက် Dock တွေအများကြီးထားလို့ရတာမျိုးထက် နောက်ထပ် function ပေါင်းများစွာ ပါဝင်ပါသေးတယ်။

Download-from-MMAS-300x82

Software Installation Steps

အရေးကြီးဆုံးက Antivirus software ရှိရင် လုံးဝ ပိတ်ထားဖို့ပါ။ မဟုတ်ရင် Keygen ဖိုင်းလေး ပျက်သွားမယ်ဆိုရင် နောက်တစ်ခေါက် ထပ်ဒေါင်းနေရမှာ စိုးလို့ပါ။
Bitdefender Antivirus သုံးထားတဲ့ စက်ကတော့ Safemode နဲ့ပဲ ကွန်ပျူတာကို တက်ပီး crack လုပ်တဲ့ အဆင့်ကို လုပ်ပါ။
  1. Zip ဖိုင်ကို ဖြည်ပီး Objectdock Plus ဆိုတဲ့ Software ကို အရင် install လုပ်ပါ။ ဒါက ပုံမှန်အတိုင်းပါပဲ။
  2. Install လုပ်ပီးလို့ Objectdock ကို run လိုက်မိရင်လည်း Activate လုပ်ခိုင်းတဲ့ box ပေါ်လာရင် ပြန်ပိတ်လိုက်ပါ။
  3. Zip file ထဲက Keygen ကို double click နှိပ်ပီး patch ကိုနှိပ်လိုက်ပါ။
  4. ဒါလေးပါပဲ၊ ရပါပြီ။
  5. Objectdock ကို ပထမအကြိမ် run ဖို့အတွက် Startmenu> All Program ထဲက Stardock ဖိုဒါကနေတဆင့် run လိုက်ပါ။
  6. ပြင်တာဆင်တာကတော့ ကိုယ့်စိတ်ကြိုက်သာ ကလိကြပါ။
  7. တကယ် ဒါပါပဲ ;)

ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ (၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့)



ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ

၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့
ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။ 
Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။
“Trusted Contacts” ဆိုတာ ဒီလိုပါ။
၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။
ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။
ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်းကြုံခဲ့ရပါတယ်။
ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီဘလော့http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။
“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။

Saturday, May 4, 2013

7-Data Recovery Suite 2.0.0 Multilanguage-Silent

7-Data Recovery Suite 2.0.0 Multilanguage-Silent
ဒီဆော့ဝဲ လေးကတော့ မိမိ ကွန်ပြုတာ ထဲကနေ စိတ်ဆိုးမာန်ဆိုးနဲ့

Shift + Delete ကို နှိပ်ပြီးတော့ဖျက်လိုက်တဲ့ ဖိုင်တွေ ဆော့ဝဲ တွေ Data တွေကို

အလွယ်ကူဆုံးပြန်ယူပေးနိုင်ပါမယ် နောက်ပြီး video တွေ သီချင်းတွေ ကိုလည်းပြန်လည်

ရှာဖွေပေးနိုင်ပါမယ် partitions တခု့လုံးကိုဖျက်လိုက်လို့ format ချလိုက်လို့ ပြန်ရှာခြင်တယ်

ဆိုရင်တောင် သူငယ်ချင်းတို့ကို စိတ်ပူစရာမလိုအောင် ဒီကောင်လေးက ပြန်လည်ရယူပေးပါလိမ့်မယ်

software လေးကတော့ ဘာကီးမှ ထည့်စရာမလိုပါဘူး ခင်ဗျ

အသေးစိတ်ကို အောက်မှာဆက်လက်လေ့လာပြီးတော့ အသုံးပြု့ချင်တယ်ဆိုရင် အောက်မှာ 

ဒေါင်းသွားလိုက်ပါ





Complete and capable data recovery software for rescuing files under almost any conditions including: accidentally deleted files; damaged or formatted hard drive; lost/deleted partition; photo or video lost from local drive, memory card, or camera; file lost from mobile phones, etc.

Accidentally Deleted Files Recovery

Designed for the recovery of accidently deleted data and files. Using advanced scanning technology and directory restructuring algorithm, 7-Data Recovery Suite can assist you to recover deleted data and files emptied from Recycle Bin and files deleted by using SHIFT+DELETE key, etc.

Complete Recovery from Local & External Drive

The most powerful file recovery ability for recovering data from damaged or formatted hard drive or the hard drive is inaccessible for unknown reason. In other words, as long as the partition exists, you can use this data recovery module to recover data from the partition or external storage devices like memory stick, memory card and flash drive, of whatever happened to cause the data loss.

Recover Data from Lost and Deleted Partitions

Recover data from lost or deleted partitions. This is the most common data lost reason. And also, this data recovery module could help you to recover your data when hard drive crashed, MBR corrupted, disk repartitioned (fdisk) and partition be overwritten when you use data backup software to restore the disk image.

Recovery Photo, Image, Video and Audio

7-Data Recovery Suite provides an exclusive media recovery option that allows you to recover lost image, audio, and video files from hard drives, USB drives, SD cards, Camera, and other memory cards. It runs a full hard drive scan to safely recover images and media files in any event of accidental photo deletion, virus infection, or disk formatting.

Mobile Phone Recovery on Windows

Mobile phones process and store huge amount of data on daily basis. However, many times the memory card of the mobile phone gets corrupt, inaccessible leading to vital data loss. 7-Data Recovery Suite can recover deleted data/photos/videos from the inaccessible or formatted memory card of your mobile phones.

Memory Card Recovery

For memory card used by digital camera or mobile phone, 7-Data Recovery Suite can effectively recover lost, deleted, corrupted or formatted photos and video files from various memory cards types including SD Card, MicroSD, SDHC, CF (Compact Flash) Card, xD Picture Card, Memory Stick and more.

Frozen Keyboard Pro v0.5.2 (New Update)

Frozen Keyboard Pro
Frozen Keyboard Pro ကို Android ဖုန်း / Tablet အသုံးပြုသူတိုင်း သိကြမှာပါ....Frozen Keyboard Pro v0.5.2 လေး Update ထွက်လာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်... ကိုသီဟအေးကျော် ရဲ့ ကြိုးစား အားထုတ်မှု့လေးပါ...Play Store ကနေ ဒေါင်းယူနိုင်သလို... Play Store က ဒေါင်းရတာ အဆင်မပြေသူတွေအတွက်လည်း အဆင်ပြေအောင် ပြန်တင်ပေးလိုက်ပါတယ်... အားလုံးအဆင်ပြောပါစေ....
   


Click Here to Download From Play Store
 
Click Here to Download From Zippyshare
 

Samsung Glaxy S2,3 နဲ့ Note 2 အချို့ကို Root နိုင်တဲ့ ExynosAbuse-v1.40.apk


ExynosAbuse-v1.40.apk နဲ့ Root နိုင်တဲ့ Glaxy တွေကတော့-
  • Samsung Galaxy S2 GT-I9100
  • Samsung Galaxy S3 GT-I9300
  • Samsung Galaxy S3 LTE GT-I9305
  • Samsung Galaxy Note GT-N7000
  • Samsung Galaxy Note 2 GT-N7100
  • Samsung Galaxy Note 2 LTE GT-N7105
  • AT&T Galaxy Note 2 SGH-I317
  • Verizon Galaxy Note 2 SCH-I605 both locked and unlocked bootloaders work
  • Samsung Galaxy Camera EK-GC100
  • Samsung Galaxy Tab Plus GT-P6210
  • Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020
တွေပဲဖြစ်ပါတယ်...

အဆင်ပြေပါစေ..

Download Links:

PC Cleaner Pro 2013 v.10.11 Full Version


ဒီ Software လေးကတော့ ကွန်ပျူတာ သုံးရတာ လေးတယ် နှေးတယ်ဆိုတဲ့ သူငယ်ချင်းများအတွက်ပါ.... ကွန်ပျူတာကို မြန်ဆန်သွက်လက်လာအောင် ဆောင်ရွက်ပေးရုံတင်မကပဲ Virus,Spyware တွေကို ရှာဖွေရှင်းပေးခြင်း , အင်တာနက် ကွန်နက်ရှင်းကို Speed Up ပေးခြင်း , Registry ကို ရှင်းလင်းပေးခြင်း စ,တာတွေကိုပါ လုပ်ဆောင်ပေးမှာပါ...။

PC Cleaner Pro 2013 v.10.11 is one of  the best utility software  for cleaning and optimizing your Windows PC s  . PC Cleaner Protects your online privacy high, safeguard your data and make your PC more faster . PC Cleaner finds and removes all common junk and unwanted files from your computer and laptops in no time. 

Features:

Registry Cleaner
Increase Your PC’s Performance
Boost Your PC’s Speed
Certified Virus + Spyware Protection
Security Defense
Clean Your System
Privacy Protection
Internet Optimizer
System Optimizer
Memory Optimizer






Click Here to Download PC Cleaner Setup
Click Here to Download Key Only
 

Facebook က Video တွေကို IDM နဲ့ ဒေါင်းမရရင်.... ဒီ Add On လေးနဲ့ အလွယ်တကူ ဒေါင်းယူနိုင်ပါတယ်...

Facebook က Video တွေကို IDM နဲ့ဒေါင်းမရဘူးပြောလာလို့  ကျနော်လေ့လာမိသလောက် ဘာဆော့ဖ်ဝဲလ် မှ မသုံးပဲ ဒေါင်းယူလို့ရတဲ့ နည်းလမ်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်...
လူသုံးများတဲ့ Firefox Browser မှာ Add On လေးတစ်ခု Add ပေးလိုက်ရုံပါပဲ....အရမ်းလွယ်တဲ့ နည်းလေးပါ... Facebook က Video တွေတင် မဟုတ်ပါဘူး.... အင်တာနက် Web Page တွေပေါ်က Video မှန်သမျှကို ဒီ Add On လေးနဲ့ အလွယ်တကူ ဒေါင်းယူနိုင်မှာပါ...
ပထမဆုံး Add On လေးကို ဒီနေရာကို နှိပ်ပြီး Install Now ကတဆင့် ညွှန်ကြားတဲ့ အတိုင်း Add ပေးလိုက်ပါ... ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ (သို့) Firefox ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ....။
ဒါဆိုရင် မိမိ ဒေါင်းယူချင်တဲ့ Facebook က Video တစ်ခုကို ဖွင့်လိုက်ပါ...။ အောက်ကပုံထဲကအတိုင်း Download Flash & Video ဆိုတဲ့ Down Arrow လေးကို နှိပ်ပါ ...
(Youtube မှာဆိုရင်တော့ မိမိ ကြိုက်နှစ်သက်တဲ့ Format ကိုရွေးပြီး ဒေါင်းယူနိုင်ပါတယ်)
ပြီးရင် မိမိ သိမ်းထားမဲ့ နေရာကို ရွေးပေးလိုက်ပါ ...
 ကျန်တာ သူဘာသာသူ ဆက်လုပ်သွားမှာပါ.... အဆင်ပြေကြပါစေ....