ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Saturday, January 26, 2013

ကွန်ပျူတာမှာ DVD Drive မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ..

မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
DVD drive မကောင်းတော့ဘူးဆိုတာ သိသာထင်ရှားစေသောအချက်များမှာ 
၁။DVD drive ကို BIOS မှလုံးဝမသိရှိတော့ခြင်း..drive မှ cd disc ကိုဖတ်လျင်အရမ်း လေးလံနေခြင်း..
၂။သက်တမ်းကြာလာ၍ read/write speed ကျဆင်းခြင်း..
၃။drive ကို my computer တွင်တွေ့ သော်လည်းဖွင့်လို့ မရခြင်း..
၎။drive မှ cd ထည့်သည့် tray မှာပြန်ထွက်မလာတော့ခြင်း..
၅။ခွေထည့်ပြီးခနအတွင်းသာဖတ်ပြီးနောက် ဆက်မဖတ်နိုင်တော့ခြင်း....
၆။Rewriteable တွေမှာ write လုပ်လို့ မရတော့ခြင်း....
၇။drive မှ ဆူညံသံကျယ်လောင်စွာထွက်ခြင်း...
၈။ disc တစ်ခုကိုဖတ်သည့်အခါ အတင်းရုန်းပြီးဖတ်နေရခြင်း စသော အချက်များမှာ dvd drive မကောင်း တော့သောလက္ခဏာများဖြစ်ပါတယ်…တစ်ခါတစ်ရံမှာ virus ကြောင့်လည်း drive ကမဖတ်နိုင်တာ ဖြစ်တတ်ပါတယ်…

ဒီလိုဖြစ်လာရင် ဘာလုပ်မလဲ..

၁။ကွန်ပျူတာမှာ dvd drive မပေါ်ဘူးဆိုရင် dvd ကိုပေးတဲ့ molex or SATA ပါဝါကြိုးတပ်ထားသလားကြည့်လိုက်ပါ..ပြီးရင် data cable ကြိုးတပ်ထားသလားကြည့်ပါ.. နှစ်ခုစလုံးသေချာတပ်ထားပါလျက်နဲ့  bios မှာမပေါ်ဘူးဆိုရင် drive ကို bios ကတောင်မသိတော့ရင် drive ပျက်ဖို့ များပါတယ်..ပိုသေချာသွားအောင် အခြားစက်တစ်လုံးမှာသွားရောက်တပ်ဆင်ကြည့်ပါ..
၂။သက်တမ်းကြာလို့  read speed ကျဆင်းရခြင်း မှာ dvd drive electric motor မကောင်းတော့တာ ဖြစ်နိုင်သလို lens မှာ မကောင်းတာလဲဖြစ်နိုင်ပါတယ် အများအားဖြင့် အထဲက lens ကို cleaning kid နဲ့ သန့် စင်လိုက်ရင်နဂိုအနေအထားတိုင်းပြန်လည်ကောင်းမွန်တတ်ပါတယ်..
၃။Drive ကို my computer မှာတွေ့ ပေမဲ့ လို့ ဖွင့်လို့ မရခြင်းမှာ drive အားအသုံးပြုခွင့် Permission ပိတ်ထားခြင်းဖြစ်နိုင်ပါတယ်..ဒါကြောင့် permission ကို ဖွင့်ပေးလိုက်လျင်ရနိုင်ပါတယ်.. နောက်တစ်ချက် ဖြစ်နိုင်တာက my computer မှာတွေ့ တော့တွေ့ တယ်..ဒါပေမဲ့ခွေထည့်ပြီးတော့ ဖတ်ကိုမဖတ်ဘူး သူ့ ကို click နိုပ်လိုက်ရင်လည်း loading အကြာကြီးလည်နေတာမျိုးတွေ့ ရတတ်ပါတယ်..အဲဒါ drive မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်..တပ်ထားတဲ့ drive က cd rom ဖြစ်ပြီး ထည့်တဲ့ခွေက dvd disc ဖြစ်နေရင်လည်း ဖတ်မှာမဟုတ် ဘူးနော်..
၎။Drive မှ ခွေထည့်ပြီး eject ပေးသော်လည်း ပြန်ထွက်မလာခြင်းမှာ mechanically အရ ပျက်စီးနေတတ် ပါတယ် tray ကိုပြန်လည်တွန်းထုတ်ပေးမည့် မော်တာ အလုပ်မလုပ်နိုင်ခြင်းဖြစ်နိုင်ပါတယ်.. ဒါဆိုရင် dvd drive မျက်နှာပြင်မှာ အပေါက်သေးသေးလေးတစ်ခုရှိပါတယ် သူ့ ကို paper clip လေးနဲ့ ထိုးလိုက်ပါ..drive ပြန်ထွက်လာပါလိမ့်မယ် အောက်ကပုံအတိုင်းဖြစ်ပါတယ်..mechanical အရတပ်ဆင်မှုလွဲတာဆိုရင် drive ကိုဖွင့်ပြီး အံကျအောင်သေချာပြန်လည်တတ်ဆင်ပေးပါက ပြန်ကောင်းသွားနိုင်ပါတယ်..



၅။အချို့  drive များမှာ ခွေထည့်ပြီးခဏအတွင်းသာဖတ်ပြီးနောက်ပိုင်းဆက်မဖတ်နိုင်တော့တာမျိုးကြုံတွေ့ ရတတ်ပါတယ်..ဥပမာ cd disc ခွေထဲက ဖိုင်တစ်ခုကိုဖတ်လိုက်တယ် နောက်ဖိုင်တွေကိုထပ်ဖွင့်တယ် ထပ်ဖွင့်လိုက်တဲ့ဖိုင်တွေကို မဖတ်နိုင်တော့ဘူး..ဒါဆိုရင် drive မကောင်းတော့တာဖြစ်ပါတယ်..
၆။DVD Rewriteable တွေမှာဆိုရင် rewrite လုပ်မပေးနိုင်တော့ဘူး ဒါကတော့ firmware နဲ့ ဆိုင်ပါတယ် firmware ကြောင်သွားရင်ဖြစ်တတ်ပါတယ် ဒါကြောင့်အဲလိုဖြစ်ခဲ့မယ်ဆိုရင် drive ကအလုပ်တော့ လုပ်နေ ပါဦး မယ် သို့ သော်လည်း rewrite လုပ်တဲ့အခါ အဆင်ပြေတော့မှာမဟုတ်ပါဘူး..
၇။Drive ထဲကို cd disc ထည့်လိုက်တာနဲ့  အသံမှာ ပုံမှန်အသံထက် ဆူညံစွာ ထွက်နေခြင်း (သို့ )တရစပ် ထွက်နေခြင်း မှာ ကောင်းသောလက္ခဏာ မဟုတ်ပေ ဒါကြောင့် drive ကို cleaning ပြန်လုပ်ခြင်းအားဖြင့်  ဤပြဿနာကိုပြေလည်သွားစေနိုင်ပါတယ်..
၈။disc ကို ဖတ်တော့ဖတ်တယ် အတင်းရုန်းပြီးဖတ်နေရတယ် ဖိုင်ကိုဖွင့်လိုက်တယ် လေးငါး ဆယ်စက္ကန့် ကြာမှဖတ်နိင်တယ်..တစ်ခါတစ်လေကျ ဖတ်ပြီး တခါတရံကျတော့မဖတ်တော့ဘူးဆိုရင် drive ကကြောင်သွားတာဖြစ်နိုင်တယ်..my computer ထဲမှာ dvd drive ကိုမတွေ့ ရင် device manager မှာဝင်စစ်ကြည့်ပါဦး dvd ကို enable ပေးထားသလားလို့  ..device manager ထဲမှာ disable ပေးထားတာမျိုးဆိုရင် dvd drive ကို My computer ထဲမှာ တွေ့ ရမှာမဟုတ်ပါဘူး…အကယ်၍ IDE cable ကြိုးတစ်ချောင်းတည်းမှာ Hard disk ရော CD Rom ရောတပ်ဆင်မယ်ဆိုရင် master /slave ခွဲပေးရပါမယ်..
အထက်ကဆွေးနွေးခဲ့တာတွေ အားလုံးက drive ဘက်ကပဲဖြစ်နိုင်တာတွေကို ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်.. မိမိစက်မှာတော့ အထက်ကလိုပြဿနာမျိုးတွေဖြစ်ပြီး အခြားစက်တစ်လုံးမှာတော့ အကောင်းပကတိအတိုင်း အလုပ်လုပ်တယ်ဆိုရင် drive ရဲ့ power ကြိုးဒေတာကြိုးတို့ ကို ..ပြောင်းလဲတပ်ဆင်ကြည့်ပါ..ထိုနောက် IDE cable ဆိုလျင်လဲ data cable ကို port ပြောင်းတပ်ကြည့်ပါ..SATA port ကိုလည်းထိုနည်းလည်းကောင်းပါပဲ motherboard က port တွေကိုပြောင်းတတ်ကြည့်ပါ..ရံဖန်ရံခါ port တစ်ခုမှာ အလုပ်မလုပ်ပေမဲ့ နောက် port တစ်ခုနဲ့ အဆင်ပြေသွားတာကိုလည်းကြုံရတတ်ပါတယ်..
ROM မကောင်းတော့ရင်ပဲဖြစ်ဖြစ် ရေးတဲ့ ဖတ်တဲ့ နှုန်းအားကျဆင်းလာရင်ပဲဖြစ်ဖြစ် windows တင်တဲ့အခါမှာ (သို့) disc တွေကို ခွေကူးရာမှာ အရမ်းကြာတတ်ပါတယ်..ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက် ငါ့ကွန်ပျူတာက windows တင်တာမြန်တယ် ခဏလေးတွင်းပြီးသွားတယ်ဆိုတာ drive ကောင်းတာမကောင်းတာနဲ့ သက်ဆိုင်ပြီး drive speed အနှေးအမြန်ပေါ်မူတည်ပြီး ကွာသွားခြင်း ဖြစ်ပါ တယ်..
ကိုစံငြိမ်း
                                                      Credit:မြန်မာမိသားစု ဖိုရမ် 

ဖိုင်တွေ ချုံ့ခြင်ရင် ဒါလေးသုံး File Sizer v1.4.2

 


File Sizer v1.4.2 Portable Free Download


မိမိ ရဲ့ဖိုင်တွေ သီချင်းတွေ ဓါတ်ပုံတွေ ကိုသူငယ်ချင်းတယောက်ယောက် ဆီပြန်ရှယ်ချင်လို့
ဆိုဒ်ကကြီးနေတော့ အခက်တွေ့တက်ပါတယ်
အဲဒါမျိုးမဖြစ်အောင် ဒီကောင်လေးကဘယ်လောက်ကြီးတဲ့ဆိုဒ်ဖြစ်ဖြစ် ချုံ့ပေးနိုင်ပါတယ်
ဥပမာ မိမိပေးချင်တဲ့ video က 5GB လောက်ရှိမယ် ဆိုရင်သူ က 1GB လောက်ထိရောက်အောင်
ချုံ့ပေးနိုင်ပါတယ်

သူရဲ့မူရင်းဆိုဒ်မှာလဲလေ့လာနိုင်ပါတယ်


ဒေါင်းရန်

ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာ စာအုပ် မြန်မာလို


ဆရာသန်းထိုက် (ရွှေရိပ်)ရဲ့..ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာမြန်မာလို စာအုပ်လေးတင်ပေးလိုက်ပါတယ်..အရင်ကလည်း  ကွန်ပျူတာရောဂါများနှင့်ကာကွယ်ဆေး စာအုပ်ထွက်ထားဖူးပါတယ်...အခုတစ်အုပ်ကတော့ အသစ်ပါ..မရှိ
သေးသူများ Download ရယူနိုင်ပါပြီ..

Download=>Solidfiles / Mediafire

Friday, January 25, 2013

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask

ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask
အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။
ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ သို့ပေမ့် မဝေးတော့ပါဘူး။ လေစွမ်းအင်သုံး လျှပ်စစ် ပန်ကာတာဝါတိုင်ကြီးများ ကိုပဲ ပြန်လည်အခြေခံထားတာ ဖြစ်ပါတယ်။ ဒီမှာတော့ မျက်နှာဖုံး အစွပ်ထဲ မှာပဲ လိုအပ်တဲ့ ပစ္စည်းများကို ရှုံပြီး ထည့်ရုံပဲ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ထွက်ရှိလာနိုင်မယ့် Gadget တစ်ခုဖြစ်ပြီး Android OS များအတွက်ပါ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

How To Repair Memory Card (Memory Card တွေကို Cumputer ကမဖတ်ရင်/မသိရင်)

format corrupted memory card


Memory Card တွေကို Cumputer ကမဖတ်တော့ရင်/မသိရင် ဒီ Software လေးနဲ့ Repair လုပ်ပေးနိုင်ပါတယ်....:)


MultiMediaCards (MMCs) used for mobile phones are prone to memory corruption errors due to improper usage or mishandling. However these problems can often be solved with a simple reformat of your MMC.

MMC Medic is a free desktop application that reformats your corrupted MMC so that you can use it again. Do take note though that reformatting your MMC deletes all of its contents.
repair your MMC, put it in a card reader and insert it in your computer. Then run MMC Medic and enter the capacity of your MMC and the drive letter where you placed your card reader. You can also input your MMC’s volume label. Once you are set, click “Format MMC“ to start repairing it.
MMC Medic is a great tool that can help people with lots of mobile devices while removing the hassle of corrupted external storage.
Click Here to Download

စုချစ်ဇော် - ဂျိမ်းစ်ဘွန်း CD



 Su Chit Zaw/
01 ဂျိမ်းစ်ဘွန်း – စုချစ်ဇော် @ MAMC.mp3 4.2Mb
02 ဝိုင်းကြီးပတ်ပတ် (Version 2) – စုချစ်ဇော် @ MAMC.mp3 4.1Mb
03 အမှတ်တရမိုး – စုချစ်ဇော် @ MAMC.mp3 3.3Mb
04 ချစ်တယ် – စုချစ်ဇော် ၊ လွှမ်းပိုင် @ MAMC.mp3 3.1Mb
05 တီတီတာတာ – စုချစ်ဇော် @ MAMC.mp3 3.5Mb
06 အခန်းဆက်အလွမ်းများ – စုချစ်ဇော် @ MAMC.mp3 3.2Mb
07 ချိုမိုင်မိုင် – စုချစ်ဇော် @ MAMC.mp3 3.8Mb
08 နတ်ရေးတယ့်ဖူးစာ – စုချစ်ဇော် ၊ MHL @ MAMC.mp3 3.2Mb
09 တိတ်တိတ်လေးလွမ်းနေမယ် – စုချစ်ဇော် @ MAMC.mp3 2.5Mb
10 စိတ္တဇနေ့နဲ့ည – စုချစ်ဇော် @ MAMC.mp3 3.4Mb
11 အိမ်မပြန်ချင်တော့ဘူး – စုချစ်ဇော် @ MAMC.mp3 3.2Mb
12 နောက်ဆုံးရဲ့နောက်ဆုံးတွဲ – စုချစ်ဇော် @ MAMC.mp3 3.8Mb
13 မပတ်သက်တော့ပါ – စုချစ်ဇော် @ MAMC.mp3 3.3Mb
14 ဝန်ခံပါတယ် – စုချစ်ဇော် @ MAMC.mp3 3.1Mb
15 ဂေါက်ကြီး – စုချစ်ဇော် @ MAMC.mp3 2.6Mb
16 လမ်းခွဲမျက်ရည် – စုချစ်ဇော် @ MAMC.mp3 4.1Mb
17 ဝိုင်းကြီးပတ်ပတ် – စုချစ်ဇော် @ MAMC.mp3 3.9Mb

ခင်စုစုနိုင် - ချစ်မြဲအတိုင်းချစ်မယ် [ CD + Lyric ]



 
 
ချစ်မြဲအတိုင်းချစ်မယ်-ခင်စုစုနိုင် [ CD ] Streaming Player & One Click Download Links [ MAMC ]
 
ချစ်မြဲအတိုင်းချစ်မယ်-ခင်စုစုနိုင် [ CD ] Mediafire Download Link
 
ချစ်မြဲအတိုင်းချစ်မယ်-ခင်စုစုနိုင် [ Lyric ] Mediafire Download Link