မြန်မာစာ စာရိုက်လေ့ကျင့်လိုသူတွေအတွက် SpeedUp Typing ဆောဖ့်ဝဲပါ။ သူ့က
ဝင်းလက်ကွက်စနစ်ကို အခြေခံထားတာကြောင့် လက်ကွက်လေ့ကျင့်လိုသူတွေအတွက်
အဆင်ပြေစေပါတယ်။ မြန်မာစာ ဖောင့်တွေ အကုန်လုံးက ကနဦး ဝင်းလက်ကွက်စနစ်ကိုပဲ
အခြေခံခဲ့ကြရပါတယ်။ ဒါကြောင့် ကွန်ပျူတာ သင်တန်းတွေ မိမိဘာသာ
လက်ကွက်လေ့ကျင့်လိုသူတွေ၊ ကလေးတွေအတွက် မြန်မာစာ လက်ကွက် လေ့ကျင့်စေချင်တဲ့
သူတွေအတွက် အဆင်ပြေပါတယ်။
အင်္ဂလိပ်စာ လက်ကွက်လေ့လာခဲ့ပြီးသားမရှိတဲ့သူတွေရယ်၊ ကွန်ပျူတာ သင်ဦးစ
အလယ်တန်းကျောင်းသား ကလေးများအတွက် စာရိုက်ကျင့်ဖို့သင့်တော်ပါတယ်။
အင်္ဂလိပ်စာ စာလုံးများ မည်သည့် စာလုံးကို မည်သည့် လက်ချောင်းဖြင့်
ရိုက်ရမယ်ဆိုတာကို သင်ယူရသလိုပဲ။ မြန်မာ စာ ကကြီး ခခွေး စသည့် တည်နေရာတွေ
မည်သည့်လက်ချောင်းဖြင့် ရိုက်ရမယ်ဆိုတာတွေကို ညွှန်ပြပေးထားပါတယ်။
တကယ့်ကို အစဦး ကွန်ပျူတာ သင်တာမှာ မြန်မာစာကနေစ
စာရိုက်ကျင့်ရမယ့်သူတွေအတွက် ဘယ်လိုရိုက်ကျင့်ရမယ်ဆိုတာကိုလည်း Flash
ဖိုင်ဖြင့် နမူနာ မူဗီလေးပါပါတယ်။
ဒီမြန်မာစာ စာစီစာရိုက်လေ့ကျင့်တဲ့ ဆောဖ့်ဝဲလေးကို ကျွန်တော် ၂၀၀၄
ခုနှစ်တုန်းက VB6 နဲ့ ရေးခဲ့ပါတယ်။ လေ့ကျင့်ခန်း သရုပ်ပြမူဗီလေးရဲ့
နောက်ခံစကားပြောကိုတော့ မလဲလဲက ကူညီပေးထားပါတယ်။ ကိုအံထူးပိုင် နဲ့
မကဲကဲတို့ကလည်း အသက်ငယ်ငယ်နဲ့ ပန်းချီပုံလေးတွေကို ရေးဆွဲပေးခဲ့ကြပါတယ်။
အားလုံးကို သတိရစွာဖြင့် ကျေးဇူးအထူးပါ။ ဆောဖ့်ဝဲကို အခမဲ့ သုံးစွဲခွင့် ပြုပါတယ်။
အောက်ဖော်ပြပါပုံကတော့ မြန်မာစာလက်ကွက်ကို စလေ့ကျင့်ရမယ့်သူတွေ ကြည့်ရမယ့် Flash ဖိုင်လေးပါ။
ဆောဖ့်ဝဲဒေါင်းလုပ် ရယူလိုပါက -
No comments:
Post a Comment