ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, May 4, 2017

ရဲမေနှစ်ဦးစီးလာသော ဆိုင်ကယ်နှင့် ၁ဝ ဘီးယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာမှ ရဲမေနှစ်ဦးသေဆုံး


နေပြည်တော် မေ ၎

နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် မေ ၄ ရက် ညနေ ၄ နာရီခွဲခန့်က ရေဆင်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင် အမှတ် (၂၅၄/၇)တွင် ရဲမေနှစ်ဦး စီးလာသော ဆိုင်ကယ်နှင့် ၁ဝ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ရဲမေနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥတ္တရခရိုင်တရားရုံးထုတ်တာဝန်ပြီးဆုံး၍ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ဇေယျာသီရိမြို့နယ် ရွှေတွင်းကုန်း မြို့မရဲစခန်းသို့ ပြန်လာသော ရဲတပ်သား မိုးပွင့်ဖြူ မောင်းနှင်ပြီး ၄င်းနောက်မှ ရဲတပ်သားခင်သီရိလှိုင် လိုက်ပါလာသော ၅ဝယ/----- CZI-125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်နှင့် တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်း ကိုညွန့်ဝင်း(၄၆)နှစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေဥက္ကံရပ်ကွက်နေသူ မောင်းနှင်လာသည့် 6B/---- Nissan UD ၁၀ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ရဲတပ်သား မိုးပွင့်ဖြူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ရဲတပ်သား ခင်သီရိလှိုင်မှာ နေပြည်တော် ခုတင် (၁ဝဝဝ)ဆေးရုံသို့ အရောက်တွင် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

(ရွှေဆူး)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

No comments:

Post a Comment