ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Monday, January 21, 2013

မြန်မာ GSM ဖုန်းများ ပြည်ပသယ်ဆောင်ခွင့် ရလျှင် နိုင်ငံတစ်ရာကျော်အထိ သုံးနိုင်မည်



မြန်မာဖုန်းများ နိုင်ငံတကာ သယ်ယူပြောဆိုခွင့် ရရှိပါက နိုင်ငံပါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခင်က မြန်မာဂျီဖုန်းများ နိုင်ငံတကာ သယ်ဆောင် အသုံးပြုခွင့်ကို အာဆီယံ + ၃ နိုင်ငံများ၌သာ အသုံးပြုနိုင်မည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။ “အာဆီယံအပြင် ဥရောပ နိုင်ငံတွေကိုပါ Roaming ရရှိဖို့ ကမ်းလှမ်းထားပါတယ်။ ကမ်းလှမ်းထားတဲ့ နိုင်ငံတွေနဲ့အခု ညှိနှိုင်း ဆွေးနွေးနေတာ မပြတ်သေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ လက်ရှိတွင် မြန်မာဂျီဖုန်းများ အာဆီယံနှင့် ဥရောပနိုင်ငံများ သယ်ဆောင် အသုံးပြုခွင့် Out bound Roaming မရရှိသေးသော်လည်း အဆိုပါ နိုင်ငံအချို့မှ ဖုန်းများမှာမူ မြန်မာနိုင်ငံတွင် Inbound Roaming သယ်ဆောင် သုံးစွဲခွင့် ပေးထားကြောင်း သိရသည်။
“မြန်မာဖုန်းတွေကတော့ နိုင်ငံတကာ သယ်ဆောင်ဖို့အတွက် ဆီးဂိမ်းကျင်းပမယ့်ရက် မတိုင်ခင် ရရှိမှာပါ။ ဒီ့အတွက် စမ်းသပ်မှုတွေ ပြုလုပ်ထား ပြီးသွားပါပြီ။ ငွေကြေးညှိနှိုင်းမှုတွေ ကျန်နေသေးတဲ့အတွက် မရရှိသေးတာပါ”ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတကာ Roaming စနစ် ရရှိရန်အတွက် ပြည်ပမိုဘိုင်း အော်ပရေတာများ ဖိတ်ခေါ်ထားရာ အာရှနိုင်ငံများအဖြစ် ဥရောပနိုင်ငံများပါ ကမ်းလှမ်းမှုများ ရှိနေကြောင်း ဆက်သွယ်ရေးမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မြန်မာဖုန်း နိုင်ငံတကာ Roaming သယ်ဆောင် အသုံးပြုခွင့်ကို ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သော်လည်း Inbound Roaming စနစ်သာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်နိုင်ခဲ့သည်။ Outbound Roaming စနစ်ကိုမူ ယနေ့အချိန်အထိ မည်သည့် နိုင်ငံကိုမျှ ရရှိခြင်း မရှိသေးပေ။

No comments:

Post a Comment