ခေါင်းစဉ်အတိုင်းပဲ... ဖွင့်ချင်တဲ့ software ကို shortcut လုပ်ပြီးတော့ လွယ်လွယ်ဖွင့်ချင်တယ် ဆိုရင်တော့ ပထမဆုံး မိမိလုပ်ချင်တဲ့ software ကို Right ကလင့်နဲ့ Properties ကို ရွေးပေးလိုက်ပါ ...
ပုံလေးကို ကြည့်ပါဦး .......
အဲသလိုရွေးပြီးရင်တော့ Properties box တက်လာလိမ့်မယ် ... Shortcut ခေါင်းစဉ်ရဲ့အောက်မှာ Shortcut key ကိုတွေ့တယ် မဟုတ်လား ... အဲဒီမှာ မလုပ်ထားသေးရင်တော့ None ဆိုလို့ပဲရှိနေလိမ့်မယ် .... ပြောင်းလိုက်မှာပေါ့ဗျာ ။ ပြောင်းတယ်ဆိုတာ ...Ctrl,Alt,Shift, တစ်မျိုးမျိုးကို နိပ်လိုက်ရုံနဲ့ Ctrl+Alt+က အဆင်သင့်ရှိနေလိမ့်မယ် အဲ့ဒီခါကျရင် မိမိကြိုက်တဲ့ အင်္ဂလိပ်စကားလုံး တစ်လုံးလုံးကို ရွေးလိုက်ပါ ။ ခု ကျွန်တော် ဖွင့်နေတာ က CClener လေ အဲဒါကြောင့် C လို့ပဲ ရိုက်လိုက်တယ် .....ဒါမှမှတ်မိမှာကိုး အများကြီးလုပ်ထားတော့ ဆောပ်ဝဲလ်ကို မှတ်မိလွယ်အောင်....
အပုံလေးကိုကြည့်ပါဦး ...
ကဲ ပြောပြခဲ့တာကို နားလည်မယ် ထင်ပါတယ် ... မသိသေးတဲ့လူတွေ အတွက်ပဲနော် ... ဒီလိုမျိုးရေးထားတာတောင် မင်းပြောမှလား ပြောတဲ့လူတောင်ရှိသေးတယ် ... ဝမ်းနည်းသလား မမေးနဲ့ စာတောရေးချင်စိတ် မရှိတော့ဘူး ... မသိတဲ့ လူက ပိုများမယ်လို့ ထင်ပါတယ် ... ဒါကြောင့် အားတင်းပြီး ဆက်ရေးနေတာ ... အဲ... လုပ်ပြီးပြီဆိုရင်တော့ စောနက Shortcut key ကို ပြန်နိပ်ကြည့်လိုက်ပါ... Ctrl+Alt+C ...ပေါ့ ကျွန်တော်က....အဲသလိုမျိုး CClenaer က ဖွင့်လာပါလိမ့်မယ် ....
No comments:
Post a Comment