ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, April 3, 2013

ကွန်ပျူတာမှာ Motherboard မကောင်းဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ..



မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
motherboard ကကွန်ပျူတာတစ်ခုလုံးမှာ အရေးကြီးဆုံး အစိတ်ပိုင်း တစ်ခုလို့ ပြောလို့ ရပါတယ်..သူ နဲ့ ဆက်စပ်လုပ်ဆောင်တဲ့ Component တွေက ကောင်းမွန်မှသာလျင် အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်..ဆိုကြပါစို့ RAM စိုက်တဲ့ slot က မကောင်းတော့ဘူး..ဒါမှမဟုတ်ရင် nothbridge southbridge super I/O တစ်ခုခုချို့ ယွင်းခဲ့မယ်ဆိုရင် အလုပ်လုပ်ရာတွင်အဆင်မပြေတော့ပါ..restart ခနခနကျမယ် heat ထွက်လာမယ် heat ထွက်လာတာနဲ့  အမျှသတ်မှတ်ထားတဲ့ အပူချိန်ကျော်ရင် cut off လုပ်မယ် restart ကျမယ်..အဲမှာတင်လည်နေမယ် ပေါ့ဗျာ..ဆက်သုံးနေရင် တခြားcomponent တွေပါထိခိုက်နိုင်ပါတယ်…မားသားဘုတ် မကောင်းတော့လို့ သုံးမ၇တော့တဲ့ အခြေနေတွေဖြစ်ရတဲ့ အကြောင်း ရင်းတွေထဲမှာ အောက်က devices တွေကြောင့်ဖြစ်နိုင်တယ်…
1.CPU
2.RAM
3.VGA
4.ROMBIOS
5.NORTHBRIDGE
6SOUTHBRIDGE
7.ENVIROMENT
8.MAINBOARD COMPONENTS…
1.CPU
ဝင်းဒိုးတက်မလာဘူး..CPU ကြောင့်လို့ သံသယရှိခဲ့ ရင် မိမိ CPU နဲ့ အမျိုးစားတူ socket အမျိုးစားတူတဲ့ cpu ကိုတပ်ဆင်…ထိုကဲ့ သို့ တပ်ဆင်ထားသော်လည်း ၀င်းဒိုးတက်မလာ… များသောအားဖြင့် socket အလုပ်မလုပ်တော့ရင် processor ကို cut off လုပ်လိုက်ပါတယ် .…မိမိ CPU ကိုလည်း အခြားအမျိုးအစားတူ မားသားဘုတ်မှာစမ်းလို့ မှအဆင်ပြေတယ်ဆိုရင် socket အလုပ်မလုပ်တာသေချာ..socket အလုပ်မလုပ်မှတော့ ကျန်တဲ အစိတ်ပိုင်း ကောင်းသော်လည်း motherboard ကိုအသုံးပြုမရလို့ motherboard ပျက်တယ်လို့ ယူဆလို့ ရပါတယ်…
2.RAM
RAM တွေကိုဖြုတ်ပြီးလှဲလှယ်စမ်းသပ်ကြည့်ပါ ..မိမိလှဲလှယ်လိုက်တဲ့ RAM ကလည်းကောင်းမွန်စွာလုပ်ဆောင်နေဖို့ လိုပါတယ်..ဘာလို့ လဲဆိုတော့ မိမိ လဲလှယ်လိုက်တဲ့ RAM ကကောင်းမကောင်းသိမထားရင် RAM ကောင်းပါရက်နဲ့ motherboard မကောင်းတော့ဘူးလို့ မှတ်ချက်ချလွဲသွားမှာ ဖြစ်ပါတယ်..ဒါကြောင့်RAMကောင်းဖို့ လိုပါတယ်..မိမိRAM ကိုလည်းတစ်ခြားစက်မှာစမ်းသပ်ပြီးပြီ..သူများရဲ့ RAMကို လည်းမိမိဆီမှာစမ်းသပ်ပြီးပြီ ဒါလည်းဝင်းဒိုးကတက်မလာ..bios အချက်ပေးတဲ့ beep အသံကတော့ကြားရမှာပါ..အချက်ပေးသံကြားနေရပေမဲ့ RAM ကြောင့်ဖြစ်တယ်ဆိုတာခန့် မှန်းရလို့ ရပါပီ..သို့ သော်လည်း RAM slot မကောင်းတော့ဘူး အလုပ်မလုပ်တဲ့ အတွက်ကြောင့် အသုံးပြုလို့ မရနိုင်တော့ပါ..ဘာကြောင့်လဲဆိုတော့RAM ကလည်း motherboard မှာမရှိမဖြစ်လိုအပ်နေလို့ ပါပဲ..
3.VGA
VGAလည်းRAM နည်းတူပါပဲ..bios မှ beep သံတွေထုတ်ပေးသော်လည်း အလုပ်မလုပ်လျင် သုံးလို့ မရတော့ပါ..အဖြစ်နည်းပါတယ်..ဘာလို့ လဲဆိုတော့ built in ကအလုပ်မလုပ်ရင်တောင် onboard ထပ်စိုက်ပြီး အသုံးပြုရင်၇နေပါဦးမယ်..on board ထပ်စိုက်သော်လည်း ယခင်ကကဲ့သို့ beep သံတွေထုတ်ပေးနေပြီးဘာမှ ပေါ်မလာဘူးဆိုရင်..motherboard သုံးမရတော့ပါ..ကျန်တဲ့ စိတ်ပိုင်းတွေကောင်းပေမဲ့ လို့ user ကမော်နီတာကိုမြင်ရဦးမှဖြစ်တာကိုး.. VGA ရဲ့ သွေးကြောတွေကုန်ပြီဆိုမှတော့ motherboard ပျက်ပြီပေါ့..တကယ်လို့ အဲလိုဖြစ်ခဲ့တဲ့လူရှိရင်လည်းအင်မတန်ကံဆိုးတဲ့ လူလို့ ပြောရမှာပဲ….
4.ROMBIOS
ROMBIOS ကတော့တော်ရုံတန်ရုံမပျက်ပါ..ဒီမှာmotherboard ပျက်မပျက်အကြောင်းကိုပဲဆွေးနွေးတာဖြစ်တဲ့အတွက် ဘက်ထရီအကြောင်းထည့်မေ၇းတော့ပါဘူး..bios ကြောင့်ပျက်တာမရှိဘူးလားလို့ မေးရင် ရှိတယ်လို့ ဖြေရမှာပဲ..ဘာလို့ လဲဆိုတော့သာဓကတွေရှိတာကိုဗျ..bios ပျက်ရင် motherboard ပျက်ပါတယ်..system နဲ့ ပတ်သက်တဲ့ အချက်လက်တွေ hardware device တွေ ၇ဲ့ ကောင်းမကောင်းကိုစစ်ဆေးပေးပြီးသူကresult ထုတ်ပေးရပါတယ်..အဲဒီအဆင့်မှာတင် bios ကအလုပ်မလုပ်တော့ဘူးဆိုရင် အဆင်မပြေနိုင်တော့..ေ၇ှ့ ဆက်သွားမည်လည်းမဟုတ်ပါ..တစ်နည်းအားဖြင့် boot လုပ်မည်မဟုတ်တော့ပါ..bios chip လေးတွေက Motherboard ပေါ်မှာအသေတတ်ဆင်ထားတာပါ..သူက firmware ဖြစ်ပါတယ်..bios ကို upgrade လုပ်တယ်အခါမျိုးမှာသူနဲ့ အမျိုးအစားချင်းမတူတဲ့ ..software ကိုသွင်းမိတာတို့  bios upgrade လုပ်နေစဉ် မီးပျက်သွားတာတို့ ဖြစ်ခဲ့မယ်ဆိုရင်bios program တွေ ကမောက်ကမဖြစ်သွားပြီးကြောင်သွားနိုင်ပါတယ်..ထိုကဲ့သို့ bios ကြောင့်ဖြစ်ခဲ့ရင်လည်းမတတ်နိုင်ပါ..motherboard ပျက်တယ်လို့ ယူဆပါတယ်..
5.North bridge
CPU နဲ့  RAM ကြားမှာသူက controller အဖြစ်နဲ့ အလုပ်လုပ်ပါတယ်…mcc လို့ လဲခေါ်ကြပါတယ်..north bridge ပူလာပြီး restart ခနခနကျလို့  motherboard ၀ယ်လဲလိုက်ရတဲ့ အကြောင်းကျနော်ေ၇းခဲ့ဖူးပါတယ်..
6.South bridge 
South bridge ကလည်းထိုနည်းတူပါပဲ..အဓိကကတော့အပူကြောင့်လို့ ပြောရမှာပဲ..ဒါပေမဲ့ electronic devices နဲ့  heat တွေက မတည့် အတူနေ ကြတဲ့သူတွေလေ..ဒါကြောင့် motherboard ကိုင်တော့မယ်ဆိုရင်Heat သတိထားရပါတယ်..လူခန်ဓာကိုယ်ကထွက်တဲ့ ESD ကလည်းကြောက်ဖို့ ကောင်းတယ်..ဘာမဟုတ်တာလေးနဲ့ sorth bridge ကိုထိမိပြီးအပူလောင်သွားတာ သူကအလုပ်တော့လုပ်တယ် short ဖြစ်ထားတဲ့ဒဏ်ကြောင့် အပူချိန်လွန်ကဲလာတာနဲ့ အမျှ processor ကနေ restart (သို့ ) shut down လုပ်လိုက်ပါတယ်..ဒီတော့စဉ်းစားကြည်လေ..ခနခန restart (သို့ ) shut down ကျနေတာစိတ်ညစ်ခံသုံးမလား..အသစ်ဝယ်လဲမလား..ဒါဆိုရင်လည်း motherboard သုံးမရတဲ့ အချက်တစ်ချက်ဖြစ်တဲ့ အတွက်ပျက်ပီလို့ ယူဆရပါတယ်…
7.ENVIROMENT
သဘာဝပတ်ဝန်းကျင်စိုထိမ်းမှု့ေ၇ငွေ့  ဖုန်မှုန့်  တွေဝင်ထွက်များမှုကြောင့် အဓီက support လုပ်ပေးမဲ့ နေရာတွေကိုသွားပြီးအဲဒီဖုန်မှုန့် တွေေ၇ငွေ့ တွေက နေရာယူလိုက်ရင်လဲဖြစ်တတ်ပါတယ်…ကြားဖူးသလားတော့ မသိဘူး motherboard ကိုမီးကင်လိုက်တာ ပြန်ကောင်းသွားတယ်လို့ တော့မှတ်သားခဲ့ဖူးတယ်..တရားသေ မားသားဘုတ် ပျက်တယ်လို့ ယူဆလို့ မရတဲ့အထဲမှာenviroment အခြေနေကိုပါထည့်စဉ်းစားဖို့ လိုအပ်ပါတယ်..motherboard အလုပ်မလုပ်တော့ဘူးဆိုရင် ထည့်စဉ်းစားစရာအချက်ကလေးတစ်ချက်ပေါ့..
8.Mainboard components
Motherboard ပေါ်မှာကြည့်လိုက်ရင် တပ်ဆင်ထားတဲ့  electronic component တွေက စက်ရုံမှာကတည်းက Quality တွေကို သေသေချာချာ စစ်ဆေးပြီးဈေးကွက်ကိုတင်သွင်းတယ်ဆိုပေမဲ့ အပျက်အစီးအနည်းနဲ့ အများတော့ရှိမှာပါ..capacitor ခေါင်းလေတွေ ရဲ့ ထိပ်တွေကသာမန်မဟုတ်ပဲ အပူကြောင့်ဖောင်းပွနေတာမျိုး နည်းနည်းမျှအမှားယွင်းမခံပါ ..short ဖြစ်ပြီး capacitor ခေါင်းပွင့်သွားတာမျိုးကြုံခဲ့မယ်ဆိုရင်..သူ့ကိုပြန်ပြီးတော့ capacitor ကိုလဲလှယ်လို့ မရနိုင်တော့တဲ့ အနေထားမျိုးတွေ့ ရပါတယ်..transitor တို့  resistor စသဖြင့်ပေါ့.သာမှန် electronic circuit ဘုတ်တစ်ခုမှာ Component တစ်ခုမကောင်းလို့ ဖြုတ်လဲလို့ ရပေမဲ့  motherboard လို ဟာမျိုးကျတော့မလွယ်ပါဘူး..သူက …ပတ်လမ်းတွေကို စက်နဲ့ ရိုက်ထားတာ transistor resistor capacitor တွေကို လည်းစက်တွေနဲ့ ရိုက်နိုပ်ထည့်ထားတာဖြစ်တဲ့ အတွက်..ဖြုတ်မယ်ဆိုရင်တောင် component ရဲ့ ဘေးမှာရှိနေတဲ ပတ်လမ်းတွေကို ထိခိုင်သွားနိုင်ပါတယ် ..မာသားဘုတ်ကိုအနီးကပ်ကိုင်တွယ်ကြည့်ရှု့ လျင်သိနိုင်ပါတယ်…
ကျနော်အပေါ်မှာေ၇းခဲ့သမျှတွေဟာ ..ဖြစ်နိုင်ခြေရှိတာတွေကိုသာလျင်ဆွေးနွေးပြထားတာဖြစ်ပါတယ်..လိုအပ်ချက်တွေရှိနေဦးမှာပါ ..ကျနော်လည်း
Technician မဟုတ်တော့သိသမျှလေးကို ဝေမျှဆွေးနွေးခြင်းသာဖြစ်ပါတယ်…အဆင်ပြေပါစေခင်ဗျာ..

VGA card ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ..

မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....

VGA card ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ..
စက်တစ်လုံးမှာ Video graphic array (VGA) card ဘာကြောင့်ပျက်ရသလဲ ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ. VGA ပျက်လို့ ရှိရင်ကော ဘာတွေဖြစ်နိုင်မလဲ.. ဆိုတာဆွေးနွေးနွေးကြည့်ရအောင်………
VGA card ပျက်ရသည့်အကြောင်းရင်းများ…
VGA ကဒ်ပျက်ရတဲ့အကြောင်းရင်းမှာအများအားဖြင့် VGA processor heat တက်ပြီး အလွန်ပူပြင်းလာကာ ထိုအပူကို မထိန်းနိုင်တော့ပဲလောင် ကျွမ်းသွား တာ ဖြစ်ပါတယ်.. ဒါဆိုဘာကြောင့် heat တွေအရမ်း တက်နေ ရတာလဲ..နေ့ ရောညပါ အမြဲတမ်း graphic နဲ့ ပတ်သက်တဲ့ ဂိမ်းတွေ application တွေကို အနားမပေးပဲ သုံးနေမယ်ဆိုရင် graphic processor overheat ဖြစ်လာမယ်..အရမ်းပူလာမယ် ဒီအပူကို စွန့် ထုတ်ပေးဖို့  VGA ကဒ်မှာ ပါတဲ့  processor ပေါ်မှာ ပန်ကာ သို့ မဟုတ် heat sink ပါရှိပါတယ်..အဲဒီပန်ကာ heat sink တွေမကောင်းရင် လည်ပတ်နှုန်း မမှန်တော့ပဲကျဆင်းသွားရင်လည်း VGA processor heat တက်တာပါပဲ ..အများအားဖြင့် heat ကြောင့်ပျက်တာများပါ တယ်… electronic ပစ္စည်းတွေက အပူနဲ့ မကင်းပါ သူတို့  တွေက မတည့်အတူနေကြတဲ့သူ တွေဖြစ်တယ်.. VGA card မှာပါတဲ့ component တွေ capacitor တွေ transistor တွေပျက်စီးရင်လည်း VGA card အသုံးပြု၍မရ တော့ ပါ..သို့ သော်လည်းထို component တွေ က ဖြစ်ခဲပါတယ်..quality ညံ့ ရင်တော့ ပျက်တတ်တယ်…capacitor တွေရဲ့ ထိပ်တွေဖောင်းလာစုလာတာမျိုးတွေ ဖြစ်လာမယ်.. အဲလိုစူ ဖောင်း ထွက်နေရင် အခြေ အနေမကောင်း တော့ဘူး ဆက်သုံးနေရင် ခနအတွင်း ပျက်မှာသေချာတယ်……..VGA built in တွေကပျက်ခဲတယ်.. အကယ် ၍ များ built in မပါတဲ့  motherboard တွေမှာဆိုရင် on board ဖြစ်တဲ့  VGA slot မှာစိုက်ရပါ တယ်..ဒီနေရာ မှာ VGA slot က ကောင်းမွန်ဖို့ လည်းလိုပါတယ်..VGA slot မကောင်း ရင်လည်း VGA card ကအလုပ်မ လုပ်ပါ ဘူး ဒါဆိုရင် built in မပါတဲ့ motherboard မှာ VGA slot ကလည်းမကောင်းဘူးဆိုရင်တော့ motherboard အသစ်ပဲ ၀ယ်ဖို့ ၇ှိတော့တယ် ဘာလို့ လဲဆိုတော့ VGA card ကmotherboard တစ်ခုမှာ တစ်ကဒ်ပဲ ပါလို့ ဖြစ် ပါတယ်...VGA card ကိုခဏခဏအဖြုတ်အတပ် များလွန်း ရင် လည်း card ရဲ့ အောက်ခြေက ရွေရောင်ကျေး သွားလေးတွေပွန်းပဲ့ ပြီးတော့ တစ်နေနေရာကသာ မမိပဲ လွတ်နေမယ်ဆိုရင်လည်း VGA ပျက်နိုင်တယ်…
VGA card မကောင်းဘူးဆိုရင် ဘာတွေပြလာမလဲ..
အဲလို over heat ဖြစ်ပြီး VGA card ကလောင်သွားလို့ ပဲဖြစ်ဖြစ် card မှာရှိတဲ့  component တွေမကောင်းလို့  ပဲ ဖြစ်ဖြစ် VGA card က ချို့ ယွင်းပြီဆိုရင်…..
1.monitor screen မှာ color တွေ ကွက်တိကွက်ကြား ဖြစ်ပေါ်ခြင်း 
2.color တွေ ထပ်နေခြင်း..color တွေမမှန်တော့ခြင်း.. 
3.screen ရဲ့ ထောင့်မှာ cusor မှိတ်တုတ်မှိတ်တုတ်သာပြခြင်း(သို့ )လုံးဝ ဘာမှတက်မလာပဲ 
ငြိမ်သက်နေခြင်း..
4.video card failure message ပြခြင်း 
5.motherboard မှ beep sound (တီ ...တီတီ )ဆိုပြီး beep သံထုတ်ပေးခြင်း
စတာတွေကိုပြပါတယ်….
VGA card ကိုဘယ်လိုစစ်မလဲ..
ပထမဆုံး မော်နီတာ ပါဝါကြိုးတပ်ထားသလားကြည့်ရမယ် power ကြိုးလဲ တပ်ထားတယ်..on လည်း on ထားတယ်(မော်နီတာ မှာLED မီးသီးအ၀ါရောင် လေး လင်းနေရဲ့ လားကြည့်ပါ)…ဟုတ်ပြီမော်နီတာ power on ထားသော်လည်း လုံးဝတက်မလာ ..မော်နီတာ data cable ကြိုးတွေကိုတပ်ဆင်ထားသလားစစ်ရမယ် ဒီနေ ရာမှာ မော်နီတာရဲ့ cable connector လေးတွေမှာပါတဲ့ pin လေးတွေဟာကြိုးနေ ကွေးနေလို့ မရပါဘူး အဲဒီ pin တွေကြိုးနေကွေးနေရင်လည်း မော်နီတာမှာ အထက်ကပြတဲ့  error တွေပြတတ်ပါတယ်… ကြိုးကိုစစ်တဲ့အခါ VGA မှာ ကြိုးနှစ်မျိုးနဲ့လာလေ့ရှိတယ် 15 pin 3 rows (အပြာရောင် female connector ) နဲ့  DVI connector တို့ ဖြစ်တယ် ဟိုးအရင် ကဒ်အဟောင်းတွေမှာတော့ 15 pin 3 rows တွေပဲပါတတ် ပါ တယ်..card မှာ မော်နီတာကလာတဲ့ကြိုးကို ထိထိမိမိ တပ်ဆင်ထားရဲ့ လား သေချာစစ်ပါ..ခုလိုစစ်တဲ့အခါမှာ ကျနော်တို့ က မော်နီတာ data cable ကြိုးကိုဖြုတ်လိုက်တပ်လိုက်လုပ်နေတော့ ကြာပါတယ်ကွာ အသာ လေး တေ့ ထား လိုက်မယ် မိမိက VGA ကို ခဏစမ်းတာပဲဆိုပြီး VGA connector ကို motherboard မှာ အဖြစ်တပ် ထား တာမျိုးရှောင်ပါ..မိမိရဲ့ စိတ်ထဲမှာ connector ကိုသေသေချာချာတပ်ထားပြီးပြီလို့  confidence ရှိအောင်လို့  ပါ…ဒါမှတခြားဖြစ်နိုင်စရာကို စိတ်ချလက်ချစဉ်းစာနိုင်မှာဖြစ်ပါတယ် နို့ မိုဆို နှစ်ခါ ပင်ပန်းပါ လိမ့် မယ်.. 
အစားထိုးစမ်းသပ်ခြင်း
မိမိစက်မှာ power on လိုက်ကြိုးတွေ သေချာစစ်လိုက် card တွေသေချာအံကျအောင်စိုက်ထားသလား ကြည့်လိုက်နဲ့ အမျိုးမျိုးစမ်းသပ်သော်လည်း မော်နီတာမှာ အထက်ကဆွေးနွေးတဲ့ ၅ ချက်ထဲကလို ဖြစ်နေ တုန်းပဲ ဆိုရင် အခြားစက်မှာ စမ်းသပ်ဖို့ လိုလာပါပြီ..VGA card ကတော့ ဘယ် motherboard မဆိုတပ်ဆင် လို့ ရ ပါတယ်..ဒါမှလည်း စီးပွားရေးလုပ်တဲ့  company တွေအဆင်ပြေမှာပေါ့..သူ့ တို့ ရဲ့  card ကို motherboard မှာ Compactible ဖြစ်အောင်လုပ်ထား တယ် ..အိုကေဒါဆို မိမိ VGA card ကို တခြားစက်မှာ စိုက်ကြည့်မယ်.. မိမိသွားစမ်းသပ်မဲ့ စက်က အားလုံးကောင်းနေဖို့ လိုပါတယ် ပုံမှန်အကောင်းပကတိ သုံးနေ တဲ့ကွန်ပျူတာတစ်လုံးပေါ့ဗျာ.. VGA card ကိုစိုက်ဖို့ အတွက် စက်ဖုံးဖွင့်ရမှဖြစ်ပါတယ် ကြိုပြောပါရစေ ကွန်ပျူတာ casing အဖုံးဖွင့်ပြီးအထဲက device တွေကို ဖြုတ်တပ်လုပ်တော့မယ်ဆိုရင် ကွန်ပျူတာ ကိုပိတ် ပါ(shut down ချပါ).. power supply နောက်မှာရှိတဲ့ on/off ခလုတ်ကိုလည်း ပိတ်ပါ ..နံရံကလာတဲ့ power supply အ၀င်ကြိုးကိုဖြုတ်ထားပါ…ဒီလို power ကြိုးတွေဖြုတ်ထားတာတောင်မှ အထဲမှာ 5V ၀င်နေသေး တယ်တဲ့  ဘယ်ကနေ၀င်နေတာတုန်း power supply ကလာတဲ့  power distributer ဖြစ်တဲ့ 20/24 pin ATX connector ရဲ့ pin no 9 မှာ ၀င်နေတယ်..သူက expansion slot တွေကို power ပေးတယ်..ဒါဆိုရင် expansion slot မှာလာစိုက်ထားတဲ့  card တွေကို ထိမိကိုင်မိရင် ဓါတ်လိုက်တာကို ခံစားမိမှာဖြစ် တယ် (အနည်းငယ် တော့ကျဉ်ခနဲဖြစ် မှာပေါ့) ..ဒီတော့ ဒီ ATX power connector ကိုပါ motherboard ကနေဖြူတ်ထားလိုက်တော့ အန္တရယ်ကင်းကင်းနဲ့လုပ်နိုင်တာပေါ့…အထဲကပစ္စည်းတွေကို ကိုင်တော့မှာဖြစ် တဲ့အတွက် စက်အဖုံးသံပြားလေးမှာ လေးငါးစက္ကန့် လောက် လက်ကိုပွတ်ပေးလိုက်ပါဦး electro static ကို discharge လုပ်လိုက် တာ ဖြစ်တယ်… ATX power connector ကိုဖြုတ်ပြီးပြီဆိုရင် မိမိရဲ့ card ကို တပ်လို့  ရပါပြီ..သေချာစိုက်ပါ..ထိမိအောင်စိုက်ပါ..ပြီးတာနဲ့  monitor cable ကြိုး တပ်ပါ..power supply ကြိုးတွေ တပ်ပါ..တပ်ပြီးရင် power supply on/off ခလုတ်ကို on ပါ..တစ်ချို့ power supply တွေကတော့ on/off ခလုတ် မပါ ဘူး ..ပြီးမှ ကွန်ပျူတာ power ကို ဖွင့်လိုက်ပါ..မော်နီတာကို စောင့်ကြည့်လိုက် ..ပုံမှန်အတိုင်း တက် သွားပြီး အလုပ်လုပ်နေတယ် ကောင်းတယ်ဆိုရင်တော့ မိမိ VGA card မှာ ပြဿနာမရှိဘူး..ဒါဆိုရင် မိမိရဲ့  စက်မှာpower နဲ့ cable တွေကို ပြန်စစ်ပါ..အဲသလိုမဟုတ်ပဲနဲ့  မိမိ card တပ်ဆင်ပြီးသော်ငြားလည်း ယခင်ကစက်မှာ တပ်ဆင်ထားသကဲ့ သို့  အထက်က (၅)ချက်ထဲကအတိုင်း ဖြစ်နေမယ်ဆိုရင် VGA card ပျက်ပြီလို့ သတ်မှတ်နိုင်ပါတယ်..VGA card ပျက်ပြီဆိုရင် card ရဲ့  processor fan ကိုဖြုတ်ပြီး fan နဲ့  processor ကြားထဲမှာ thermal compound (ကော်စေး) လေးပြန်သုတ်ပေးပြီး စမ်းကြည့်လိုက် ပါ.. အဆင်ပြေ သွားတတ်ပါ တယ်..ကော်စေးထည့်သော်လည်းနဂိုအတိုင်းဖြစ်နေဦးမယ်ဆိုရင်တော့ VGA card အသစ်လဲဖို့  လိုအပ်ပြီဖြစ်ပါတယ်..

CPU (Microprocessor) ပျက်ရင်ဘယ်လိုသိနိုင်မလဲ..

မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
CPU (Microprocessor) ပျက်ရင်ဘယ်လိုသိနိုင်မလဲ
တကယ်တော့ processor တစ်လုံးပျက်ဖို့ ဆိုတာ အင်မတန်မှ ဖြစ်ခဲတဲ့  ကိစ္စပါ..ပျက်တာမရှိဘူး လား ဆိုရင်တော့ ရှိတာပေါ့ဗျာ..ရာခိုင်နှုန်းနည်းပါးတယ်လို့ ဆိုလိုချင်တာပါ..ကွန်ပျူတာ တစ်ခုလုံးရဲ့  ဦးနှောက် ဟုတင်စားခေါ်ဝေါ်သည့် cpu ဘာကြောာင့်ပျက်ရသလဲ ပျက်လျင်ဘယ်လိုသိနိုင်မလဲ ဆိုတာ လေ့လာ ရအောင်………..
CPU ပျက်နိုင်သည့်အကြောင်းများ
1.cpu over heat
2.cpu pin
3.cpu fan
4.cpu heat sink
5.ESD
6.Enviroment စသောအကြောင့်များကြောင့် cpu ပျက်နိုင်သည်..
1.cpu over heat
CPU over heat ဖြစ်ရခြင်းမှာ cpu ကိုပေးသော power က ငြိမ်သက်မှုမရှိပဲသာမှန်ပေးရမည့် ဗို့  အား ထက်ပိုပေးနေခြင်းကြောင့် cpu ဗို့ အားအရမ်းတက်လာပြီး လောင်သွားနိုင်သည်..ရုတ်တစ်ရက် ဆောင့်တက်လိုက်သော့  Load ကိုမခံနိုင်သောကြောင့်လည်းဖြစ်နိုင်သည်..ကျနော်တို့  cpu တပ်ဆင်ရင် သူ့ အပေါ်ကနေ heat sink ကိုတပ်ဆင်ပေးရပါတယ်..heat sink ဆိုတာ cpu ကနေထွက်လာတဲ့ အပူတွေကို ကူးပြောင်းရယူပြီး အပူတွေပြန့် ထွက်သွားအောင်လုပ်ပေးတဲ့ အရာ ပါပဲ အဲဒီ heat sink ကိုမှအပေါ်ကနေ fan တပ်ပြီး heat sink ကအပူတွေကို အပြင်ကိုဖယ်ထုတ်တာပါ..ဒီအလုပ်လုပ်ပုံကိုကြည့်ခြင်းအားဖြင့် cpu ကနေ ထွက် လာတဲ့ အပူကို heat sink ကယူရပါတယ်..ဒီမှာ cpu ကနေ ထွက်တဲ့ အပူကိုသာ heat sink ကယူမပေးနိုင်ဘူးဆိုရင် cpu chip လေးက အပူလွန်ကဲပြီး လောင် သွားနိုင်တယ်..ဘယ်လိုအခြေနေမှာဖြစ်လဲဆိုတော့ တပ်ထားတဲ့ heat sink က လှုပ်နေတဲ့အခါမျိုး..cpu နဲ့ heat sink ကြားမှာထိကပ်မနေပဲ ကွာဟနေတဲ့ အခါ မျိုးတွေမှာဖြစ်နိုင်ပါတယ်..ဒါကြောင့် heat sink ကိုတပ်ဆင်တဲ့အခါမှာ heat sink ကိုလှုပ်မနေအောင် သေချာတပ်ဆင်ပေးဖို့ လိုအပ်ပါတယ်..ဒါက heat sink ပေါ့လေ..နောက် over heat ဖြစ်စေနိုင်တဲ့ တစ်ချက်က fan ပေါ့.. heat sink အပေါ်မှာတပ်ထားတဲ့  fan မလည်တော့ဘူး ဆိုရင် heat sink လည်းသူတတ်နိုင် သမျှပဲအပူကိုထိန်းထားနိုင်မယ်..ဒီထက် ပိုပူလာရင် မတတ်နိုင် တော့တဲ့အတွက် cpu မှာ အရမ်းပူလာပါတော့တယ်..ဒါက fan မလည်တော့တဲ့အတွက်ကြောင့် ဖြစ်ရ တဲ့အချက်ပါ..ဒါကြောင့် cpu fan လည် ခြင်းမလည်ခြင်းကလည်း cpu သက်တမ်းကို စောင့်ရှောက် မှု မှာအရေးပါနေပါတယ်..cpu fan ကလက်နဲ့ အသာ လေးတောက်ကြည့်ရင် သွက်သွက်လက်လက် နေ သင့်ပါတယ်..ဒီလိုမဟုတ်ပဲလည်ပတ်နှုန်း တအားနှေးနေမယ် ဒါမှမဟုတ်လုံးဝမလည်တော့ရင် cpu fan ၀ယ်လဲ ပေးသင့်ပါပြီ..
2.cpu pin
Cpu pin အကြောင်းဘာလို့ ရေးရလဲဆိုတော့ ကွန်ပျူတာ maintainence လုပ်တဲ့အခါမှာ သော်လည်းကောင်း cpu အသစ်တစ်လုံးကို ဆင်တဲ့အခါမှာသော် လည်းကောင်း ဖြစ်တတ်တဲ့အရာ တစ်ခုဖြစ်ပါတယ်.. ကွန်ပျူတာ maintainence လုပ်လို့ cpu ကို motherboard socket အတွင်းမှ ဖြုတ်ယူသည့်အခါ သတိထားယူရပါတယ်..cpu မှာ Pin လေးတွေပါရှိပါတယ် အဲဒီ pin တွေက ကွေးကောက်သွားခြင်း ကျိုးသွားခြင်းမဖြစ်အောင် ဖြုတ်ရပါတယ်..အကယ်၍ pin များကွေးခြင်း ကျိုးခြင်းဖြစ်ပါက cpu ကပုံမှန်အတိုင်းအလုပ်မလုပ်နိုင်ပဲ restart ဖြစ်ခြင်း shut down ဖြစ်ခြင်း တွေကွန်ပျူတာမှာဖြစ်လာနိုင်ပါတယ်..
3.cpu fan
CPU fan လည်ခြင်းမလည်ခြင်းက cpu သက်တမ်းကို စောင့်ရှောက်ပါတယ်..မိမိကွန်ပျူတာမှာ cpu fan ဟာ သာမှန်ကွန်ပျူတာပါဝါပိတ်ထားတဲ့အချိန်မှာ fan လေးကိုလက်နဲ့ အသာလေးလည့်ကြည့်ရင် မြန်မြန်သွက်သွက်လေးလည်နေရပါမယ်..နှေးလွန်းခြင်း ဖုန်တွေ ရေငွေ့ တွေစိုထိန်းမှုကြောင့် fan မလည်နိုင်ခြင်း cpu fan wire ကြိုးက cpu fan နဲ့ သွားညှိနေခြင်းများဖြစ်တတ်သည်…cpu fan ကြိုးကိုတပ်ဆင်တဲ့အခါမှာ fan ရဲ့ အရွက်တွေနဲ့လွတ်လွတ် ကင်းကင်းတပ်ဆင် ပေး ပါ..ကြိုးနဲ့ fan အရွက် တွေညှိပြီး fan မလည်နိုင်တော့ပဲ cpu shutdown ဖြစ်ဖူးတဲ့ သာဓက တွေလည်းရှိပါတယ်.. cpu fan တွေမှာ တစ်မိနစ် လည်ပတ် နှနုးဘယ်လောက်ရှိရမယ်ဆိုတာသတ်မှတ်ထားပါတယ် အဲဒီသတ်မှတ်ထားတာထက်နှေးသွား၇င် သို့ တည်းမဟုတ် လုံးဝမလည်တော့ ရင် cpu fan ၀ယ်လဲ လိုက်ပါ..နို့ မဟုတ်ပဲ cpu fan ၀ယ်မလဲပါက cpu ပျက်စီးဖို့ အခွင့်အလမ်းနီး ပါတယ်….. ကျနော်ကြုံဖူးတယ် သူငယ်ချင်းတစ်ယောက်ဆီမှာပါပဲ ကွန်ပျူတာသွား ဆင်စဉ်ကပေါ့ စက်ဆင်တာက သူငယ်ချင်းရဲ့ စက်..သူ့ အခန်းဘေးက ညီလေးတစ်ယောက်ကလည်း သူ့ ကွန်ပျူတာ restart ခဏခဏ ကျနေလို့ ကြည့်ပေးပါဦး ဆိုပြီးလာခေါ်တော့ သွားကြည့်လိုက်တော့ cpu fan မလည် ပါဘူး..သူပြောတာတော့ power on ပြီးလို့  လက်နဲ့အသာလေးတို့ ပေးလိုက်မှလည်တာ ခနနေ ရပ်သွားတယ်တဲ့ ..အဲလိုလေးလုပ်လာတာ နှစ်လသုံးလလောက်ရှိပြီလို့ ပြောတယ်..cpu fan မှာ ကြည့်လိုက်တော့ ဖုန်တွေနဲ့ အလိမ်းလိမ်းပေါ့လေ..ဒါနဲ့  cpu fan ကိုဖြုတ်လိုက်ပြီး ဖုန်လေး ဘာလေး ခါလိုက်ပြီး fan ကိုလက်နဲ့ လည့်ကြည့်တာ မနည်းကိုလည့် နေရတယ်ဗျ.. သူ့ cpu fan မော်တာက လုံးဝကိုမလည်တော့တာ မော်တာမကောင်းတော့တာပေါ့ဗျာ.. ဒါနဲ့ သူ့ ကို cpu fan ကိုအမြန် ဆုံး ၀ယ်ဖို့ အကြံပြုပေးလိုက်တယ်..တစ်ရက်နှစ်ရက်လောက်နေတော့ကောင်းသွားပြီတဲ့  fan ၀ယ်လဲ လိုက်ပြီ restart လည်းမကျတော့ဘူးလို့ ပြောတယ်..ဒါကြောင့် cpu fan ကလည်း အရေးပါ တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်…
4.cpu heat sink
CPU heat sink က cpu ကိုတပ်ဆင်တဲ့အခါမှာ အံကျအောင်စိုက်ပေးရပါမယ်..ပြီးတော့ heat sink ကိုလှုပ်မနေအောင် တပ်ဆင်ပေးရပါတယ် ဟနေလို့ မရပါဘူး cpu နဲ့  heat sink ကြား ဟနေရင် cpuရဲ့ အပူတွေက heat sink ကိုမရောက်နိုင်ပါဘူး..ဒါကြောင့် cpu heat sink ကိုသေချာလေး တပ်ဆင်ပေးရပါတယ်…
5.ESD
လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ computer electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ်ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီးမှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့  heat နဲ့ ထိတွေလိုက်ရင်မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါ တယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့..အခုလဲ cpu အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် cpu ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့သူတွေ ဆိုရင်သိပါလိမ့်မယ်.. cpu အောက်ခြေ မှာရှိတဲ့  pin လေးတွေကို လက်နဲ့  မထိ မကိုင် မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ..အောက်ကပုံလေးတွင်cpu ကိုင်တွယ်ပုံကိုကြည့်နိုင်ပါတယ် သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့  သူတွေဆိုရင် ပိုသတိထားရမယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်...စောနကပြောတဲ့ခန္ဓာကိုယ်ကထွက်တဲ့  static charge က cpu ရဲ့ pin ကမှတဆင့် အထဲက chip ပြားလေးတွေကို shock တိုက်ပေးသလိုဖြစ်သွားရင် လောင်သွားနိုင်ပါတယ်..အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး..ဒါဆိုရင် ESD ကြောင့် cpu ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..cpu ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာ မှာ ပြုလုပ်ပါ..
CPU ကိုင်တွယ်ပုံ
6.Enviroment
Enviroment ဆိုတဲ့အခြေအနေမှာ ထိမိခိုက်မိ၍ပျက်စီးခြင်း ရေ မီး တစ်ခုခုကြောင့်ပျက်စီးခြင်း နဲ့အတူ cpu တစ်လုံးပျက်စီးစေဖို့ အကြောင်းရင်းများ အားလုံး ပါဝင်ပါတယ်..cpu မကောင်းတော့ရင် ဖြစ်တတ်သောလက္ခဏာ မှာ restart ခဏဏ ကျခြင်း shutdown ဖြစ်ချင်း စက် ဖွင့် ပြီး နာရီဝက်လောက်နေရင် freeze (စက်ဝပ်သွားခြင်း)စသည်တို့ ဖြစ်တတ်သည်..အထက်မှဆွေးနွေးချက်များထဲမှ cpu problem ဖြစ်ပေါ်လာပါက cpu fan နဲ့  heat sink တို့ ကို စစ်ဆေး ပေးကြည့်ပါ..စစ်ဆေးပြီးသည့်တိုင် cpu က problem ဖြစ်နေလျင် အမျိုးအစားတူ socket တူ cpu ကိုအစားထိုးလဲလှယ်ခြင်း မိမိ cpu ကိုအခြားအမျိုးအစားတူ motherboard socket မှာတပ်ဆင် ကြည့်ပါ..တခြား motherboard မှာ တော့ မိမိ cpu ကအကောင်းပကတိအတိုင်းအလုပ်လုပ်နေလျင် မိမိစက်မှ cpu ကြောင့်မဟုတ်ပဲ တခြားအစိတ်အပိုင်းများကြောင့်ဖြစ်နိုင်သည်..အမျိုးအစားတူ motherboard socket မှာစမ်းသပ်တပ်ဆင်ကြည့်သော်လည်း ယခင် မိမိစက်မှာ တပ်ဆင်သကဲ့ သို့  problem ဖြစ်နေလျင် မိမိ cpu မကောင်းတော့တာ လို့  မှတ်ယူနိုင်ပါတယ်..ထိုအခါမှသာလျင် cpu အသစ် အစားထိုးလဲလှယ်ခြင်း (သို့ ) service ဆိုင်သို့ ပြုပြင်စေခြင်း များလုပ်ဆောင်နိုင်ပါတယ်..တကယ်တော့ cpu ပျက်တယ်ဆိုတာ ဖြစ်ခဲသော အရာဖြစ်ပါတယ်..ပုံမှန် cpu တစ်လုံးရဲ့ သက်တမ်းက ဆိုင်ကနေပြီးတော့ 2 နှစ်အာမခံ သုံးနှစ်အာမခံ သက်တမ်းပေးလိုက်ပေမဲ့  စနစ်တကျအသုံးပြုပါက ၁၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်နိုင်ပါတယ်..

Hard Disk ပျက်ရင်ဘယ်လိုသိနိုင်မလဲ (သို့ ) Hard Disk ပျက်ရသည့်အကြောင်းများ...

မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....

Hard Disk ပျက်ရင်ဘယ်လိုသိနိုင်မလဲ (သို့ ) Hard Disk ပျက်ရသည့်အကြောင်းများ...
Hard disk ပျက်ရသည့်အကြောင်းများ
Hard disk ပျက်ရသည့်အကြောင်းဆွေးနွေးကြည့်ရအောင်...
Hard disk ပျက်ရခြင်းအကြောင်းရင်းများမှာအောက်ပါအကြောင်းများကြောင့်ဖြစ်နိုင်သည်

1.Firmware Corruption / Damage to the firmware zone
2.Electronic Failure
3.Mechanical Failure
4.Logical Corruption
1.Firmware Corruption / Damage to the firmware zone
Hard disk မှာ firm ware chip လေးပါရှိတယ် အဲဒီ firm ware chip လေးအတွင်းမှာ hard disk နဲ့ ပက်သက်တဲ့ information တွေထည့်ထားတယ် ..cylinder head sector ဘယ်လောက်ပါတယ် rpm ဘယ်လောက်နဲ့လုပ်တယ်ဆိုတာထည့်သွင်းထားပေးတယ်..ဒါကို firm ware zone လို့ လည်းခေါ်တယ်..အဲဒီလိုပါရှိလို့ သာ bios က hard disk information တွေကိုသွားဖတ်နိုင်တယ်..auto detect လုပ်လိုက်တာနဲ့ information တွေကိုသိနိုင်ပါပြီ..ဒီလို firm ware ပျက်စီးသွားရင် bios က မဖတ်နိုင်တော့ပါဘူး ဒါမှမဟုတ် hard disk firm ware က information တွေကို bios ကိုမပို့ ပေးနိုင်တော့ပါဘူး..ဒါကို firm ware corruption လို့ ခေါ်တယ်…ဒါကြောင့် hard disk ပျက်စီးနိုင်တဲ့ အချက်မှာ hard disk firmware ပါဝင်ပါတယ်..

2.Electronic Failure
Electronic failure က logic board လို့ ခေါ်တဲ့ hard diskအောက်ခြေမှာ ပါရှိတဲ့  controller board နဲ့ ဆက်စပ်နေပါတယ်..ရုတ်တရက် မီးအားမြင့်တက်တဲ့ အခါမျိုးမှာ controller board က over load မခံနိုင်တော့ပဲ လောင်သွားနိုင်ပါတယ် အဲဒီအခါမှာ bios ကို detect မလုပ်နိုင်တော့ပါဘူး..bios က hard disk ကိုမသိရင် ဘာမှဆက်လုပ်လို့ မရပါဘူး..

3. Mechanical Failure
Hard disk ကိုလွတ်ကျလို့ ပဲဖြစ်စေ ထိခိုက်မိလို့ ပဲဖြစ်စေ သို့ မဟုတ် hard disk အတွင်းပိုင်းမှ component တစ်ခုခု ချို့ ယွင်းပါက hard disk ပျက်စီးနိုင်သည်..

4. Logical Errors
Hard disk အတွင်း မှာရှိတဲ့ platter ပြားမှာ cylinder head sector တွေနဲ့ ဖွဲ့ စည်းထားပါတယ် အဲဒီ cylinder head sector တွေ ပျက်စီးသွားရင် bad sector တွေဖြစ်သွားရင် ဒေတာတွေရေးမှတ်လို့ မရတော့ပါဘူး hard disk ကို detect မိနေသော်လည်း (hard disk ကို bios မှတွေ့ ရှိနေခြင်း) operating system ကောင်းမွန်စွာအလုပ်မလုပ်ခြင်း ၊ OS တင်လို့ မရခြင်း ၊ OS တင်လို့ ရသောလည်း စက် hang ခြင်းစသောအကြောင်းရာဖြစ်နိုင်သည် ကျနော်သူငယ်ချင်းတစ်ယောက်တွင် master boot record area ပျက်စီးသွားခြင်းကြောင့် OS တင်လို့ မရတော့ပါ..ထိုကဲ့ သို့ ဖြစ်ခြင်းကို logic error ဟုခေါ်သည်..ဒါဟာ hard disk ကိုပျက်စီးစေနိုင်သောအကြောင်းတရားများဖြစ်ပါတယ်…

Hard disk ပျက်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ..
bios မှာ detect မမိတော့ဘူး hard disk ကိုမပေါ်တော့တာ..ဒေတာတွေသိမ်းလို့ မရတော့ဘူး…operating system ကောင်းကောင်းအလုပ်မလုပ်တော့ဘူး စက်ကတက်လာလို့ ခနလေးပဲအလုပ်လုပ်ရသေးတယ် ဘာမှကို ဆက်ပြီးအလုပ်လုပ်လို့ မရတော့တဲ့ လက္ခဏာ တွေ ကိုတွေ့ ရတတ်တယ်..တစ်ခါတရံ hard disk အသံကိုဂရုစိုက်နားထောင်ကြည့်ရင် ဒစ် ဒစ် ဒစ် နဲ့ မြည်နေတတ်ပါတယ် ဒါပေမဲ့  bios က detect မမိဘူးဆိုပြီး hard disk ပျက်ပြီလို့ တော့ တရားသေသတ်မှတ်လို့ မရဘူး..hard disk ကိုပေးထားတဲ့ power connector မမိတာလည်းဖြစ်နိုင်တယ် ကြိုးမကောင်းတာလည်းဖြစ်နိုင်တယ်…ဒါက hard disk တစ်ခုတည်းတင်မဟုတ်ပဲ.. အခြားသော hardware device တွေကို ပြစ်ချက်စဉ်းစားတဲ့နေရာမှာ ဖြစ်နိုင်ခြေကိုအမျိုးမျိုး လည့်စဉ်းစားရ ပါတယ်…ကြိုးတွေကို သေသေချာချာ ထိထိမိမိတပ်ဆင် ပေးပါ..hard disk မှာ IDE drive ဆိုရင် jamper တွေကို master /slave ခွဲပေးထားသလားကြည့်ပါ.. တခါတရံမှာကြိုးလေးကို သေချာပြန်တပ်ပေးလိုက်တာနဲ့ အဆင် ပြေသွားနိုင်ပါတယ်.. နောက်တစ်ချက်က bios ထဲမှာ first boot ကို hard disk ကြေငြာထား သလားစစ်ဆေး ကြည့်ပါ..first boot device ကို floppy ပေးထားတာမျိုး disable ပေးထား တာမျိုးဆိုရင် OS မတက်ပဲ ဖြစ်တတ်ပါတယ်..မိမိ hard disk bios မှာ detect မမိတော့ဘူးဆိုရင် အခြား စက်တစ်လုံးမှာသွားတပ်ကြည့်ပါဦး အခြားစက်တစ်လုံးမှာလည်း detect မမိဘူးဆို၇င် hard disk ပျက်ပြီလို့ ယူဆနိုင်ပါတယ်..ဒီလိုဆိုရင်တော့ hard disk ကို service ဆိုင်ပို့ ပြီးပြင်ခိုင်းသင့်ပြင်ရပါမယ်.. အထဲကဘာဖြစ်တာလဲ မသိဘူး ဆိုပြီး hard disk ကိုသွားမဖွင့်လိုက်ပါနဲ့ hard disk ကို lab အခန်းမှာမဟုတ်ပဲမဖွင့်သင့်ပါ..ဖွင့်လိုက်ပါက 90% ပျက်ဖို့ များပါတယ်.. service ဆိုင်ပို့ ပြီးပြင်ခိုင်းခြင်း ဒါမှမဟုတ် အသစ်တစ်လုံးဝယ်လဲခြင်းပြုလုပ်ရမှာဖြစ်ပါတယ် ….

ကွန်ပျူတာမှာ Monitor မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ..

မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
ကွန်ပျူတာမှာ မော်နီတာမကောင်းတော့ဘူးဆိုမှတော့ ဘာမှကိုတက်မလာတော့တာပေါ့ဗျာ ရှင်းရော.. အဲသလို ဖြစ်လာခဲ့ရင် အရင်ဆုံးကြိုးတွေကို သေချာပြန်စစ်ကြည့်ပါ..ကြိုးမတပ်ရသေးပဲ ပါဝါကြိုးဒေတာကြိုးတွေသေချာမထိုးရသေးပဲနဲ့ မော်နီတာ ပျက်ပြီလို့ မယူဆပါနဲ့  ကွန်ပျူတာမှာ ဘယ်အစိတ်ပိုင်းကပဲဖြစ်ဖြစ် အလွယ်ဆုံးအပိုင်းက အရင်စပြီး စစ်ပါ(မျက်မြင်အားဖြင့်အရင်စစ်ပါ)..တခါတလေမှာအခက်ကြီးတွေစဉ်းစားပြီး အလွယ်လေးကိုမှမေ့  နေတတ်ကြလို့ ပါ…ကြိုးကို plug ပေါက်ကြိုးထိုးတာတွေသေချာပါလျက်နဲ့ မော်နီတာ screen မှာ ဘာမှကိုပေါ်မလာဘူးဆိုရင် ကြိုးမကောင်းလို့ လား ပါဝါပလပ်ကြိုးက မကောင်းလို့ လား…ဒါဆိုရင် တခြားကွန်ပျူတာ တစ်လုံးမှာ မော်နီတာကို သွားစမ်းတပ်ကြည့်ပါ..အကောင်းပကတိအတိုင်း စက်ကတက်လာတယ် မော်နီတာ အလုပ်လုပ်တယ်ဆိုလျင် data ကြိုး ပါဝါကြိုး တစ်ခုခု မကောင်းတာဖြစ်နိုင်ပါတယ်..တခြားစက်မှာလည်း မတက်ဘူး အရင်အတိုင်းပဲ screen မှာ ဘာမှပေါ်မလာဘူးဆိုလျင်တော့ မော်နီတာပျက်တယ်လို့ ယူဆနိုင်ပါပြီ..မော်နီတာ ပျက်ရခြင်း အကြောင်းရင်းမှာ သက်တမ်းကြာလို့ ပျက်စီးတာရယ် circuit ပိုင်း အရပျက်စီးတာရယ်ကြောင့် ဖြစ်တာများပါတယ်..ဖြစ်တတ်သောလက်ခဏာ များမှာ မော်နီတာတွင် အနီရောင် အစိမ်းရောင် အပြာရောင် color တစ်ခုခုတက်လာခြင်း..ကာလာများရောထွေးပြီး မငြိမ်မသက်ဖြစ်ခြင်း သုံးပြီးလို့  တစ်နာရီလောက်ကြာတဲ့အခါ အစိမ်းရောင် screen တက်လာခြင်း(CRT မှာအဖြစ်များလေ့ရှိ) ပုံရိပ်များထပ်နေခြင်း ..များဖြစ်တတ်ပါတယ် ရုတ်တရက် မီးအားဆောင့်တက်လို့  power surge ဖြစ်ခြင်း ကြောင့်လည်း မော်နီတာများ ပျက်စီးတတ်ပါတယ်..မော်နီတာ မကောင်းတော့သည့်ပုံများ အောက်တွင် လေ့လာနိုင်ပါတယ်..






မော်နီတာမကောင်းတော့ရင်
မော်နီတာမကောင်းတော့ဘူးဆိုတာသေချာရင် အသစ်သာဝယ်လဲလိုက်ပါ... ကိုယ်က ကျွမ်းကျင်တဲ့ Electronic သမားမဟုတ်ရင် CRT လို tube မျိုးကိုဖွင့်ဖို့ မကြိုးစားပါနဲ့ လို့ ပြောပါရစေ… မော်နီတာဟာ AC power ကို သီးသန့် သုံးပါတယ် ဒါက LCD ရော CRT ရောဖြစ်ပါတယ်..ဒါကြောင့်သူ့ မှာ မလိုတဲ့ voltage တွေကိုသိုလှောင်ထားတဲ့ high voltage ရှိပါတယ်..high voltage anode ကို discharge လုပ်ပြီးမှသာလျင် ပြုပြင်ခြင်းများပြုလုပ်ရပါတယ်.. 

Windows 8 Manager 1.0.5

ဝင်းဒိုး 7 မှာတုန်းကတော့ Window 7 Manager ပေါ့ .. Window 8 ထွက်လာတော့ Window 8 Manager ပေါ့....ဟိဟိ
စက်တိုင်းမှာဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပါ.... နှေးကွေးလေးလန်နေတာကို
မြန်ဆန်သွက်လက်သွားအောင်ပြုလုပ်ပေးပါတယ်
အသုံးလိုရင်တော့အောက်မှာယူသွားလိုက်ပါ 

BOX 

ZIPPYSHARE

Windows 8 Manager is a system utility that helps you optimize, tweak, repair and clean up Windows 8. It will increase your system speed, eliminate system fault, improve system security, and meet all of your expectations.

Features and Benefits of Windows 8 Manager

Information:
Get detailed system and all hardware information on your system; help you find out the installation key of Windows, Office products; show all detailed information of running processes and threads on your machine; Windows 8 Manager offers 1-clicking Cleaner cleans your system automatically; Repair Center helps you to fix various system problems.

Optimizer:
Tweak your system to improve windows startup and shutdown speed, tweak your hardware to increase system speed and performance; Control what is started on Windows startup, check and repair the advanced starup items to restore the malicious change by viruses; Tune up and optimize system services and Task Schedule, turn off smartly some unnecessary system services and tasks to improve system performance.

Cleaner:
Find out which files or folders engross your disk space and shown with chart; Smart Uninstaller can fully delete programs from your system without residual files and Registry entries; Find and clean junk files to increase Hard Disk space; Duplicate Files Finder can scan your computer for files with the same size, name and modification time; Registry Cleaner checks and repair incorrectly linked Registry entries; Registry Defrag rebuilds and re-indexes your Registry to reduce registry access time and therefore improve application responsiveness; Desktop Cleaner can clean useless icons and files on Desktop easily.

Customization:
Customize the look of your system by tweaking system Explorer, Desktop, Start Menu, Taskbar and notification area; Create the quick startup items on Taskbar with the Jump List launcher; Tune up Windows 7 boot menu; Edit context menus of mouse Right-Clicking; Edit easily the Win + X menu that shown when right-click on Desktop bottom-left corner or Win + X keyboard shortcut ; Create the shortcut that executed quick on run dialog box. Visual Customizer can change system and file type icons, custom the logon background.

Security:
Improve system security by tweaking system components, UAC and login settings; Tune up System Restore options; Hide and restrict to access drives and programs; Encrypt/decrypt files, move system folders to safe locations; Undelete the files that accidentally deleted or formatted on disk; Privacy Protector can maintain your personal privacy by eliminating the tracks that you leave behind; Hide, add or delete the Control Panel entries.

Network:
Optimize your Internet connection speed, manage all shares items; Tweak your Internet Explorer easily; IP Switcher can switch your IP address easily on different networks; Edits the Hosts file to speed up surfing internet and permit only to access the specified Hosts.

Misc. Utilities:
Show the collection of Windows utilities; split and merge any files; Automatically back up files regularly using Super Copy. Registry Tools help you to operate Registry easily.

Windows 8 Manager v1.0.5 released! 01/21/2013:
Pefrect some functions.
Add some tweaks
1-Click Cleaner updated to v1.5
Windows Utilities updated to v1.3, you can pin system items to Start Screen.
Win Store App Settings updated to v1.1
Context Menu Manager updated to v1.2, you can add the context menu of Pin to Start Screen for any files and folders.
Repair Center updated to v1.2

Right Click ထောက်ရင် Open With မပေါ်တဲ့ပြဿနာဖြေရှင်းနည်း


ဝင်းမြတ်သူ: ကျွန်တော့ စက်မှာ open with ဆိုတာ ပျောက်နေ လို ဘယ်လိုဖြေရှင်းရမှာလဲ ကူညီပါ

Right Click ထောက်ရင် Open With မပေါ်တဲ့ပြဿနာက Virus ကြောင့်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်..Antivirus တစ်မျိုးမျိုးနဲ့ အရင် ရှင်းလိုက်ပါ.. ဒီပြဿနာက Registry မှာ Setting ပြောင်းသွားတာပါ.. ဒီတော့ Registry မှာ သွားပြီး ပြင်ကြတာပေါ့.. ကိုယ်တိုင် Registry Setting ကို သွားမပြင်ခင် Software လေးနဲ့ အရင် ပြင်ကြည့်ရအောင်..

လိုအပ်တဲ့ Software ကတော့SysTweak Regclean Pro ဖြစ်ပါတယ်.. အောက်ကလင့်မှာ ဒေါင်းပြီး Error ရှင်းနည်း အပြည့်အစုံကိုလည်း ပြပေးထားပါတယ်.. အဲဒါနဲ့ အရင်ရှင်းလိုက်ပါ.. ပြီးသွားရင် ကွန်ပျူတာကို Restart ချလိုက်ပါ.. ပြန်တက်လာရင် Right Click မှာ Open With ပေါ်နေတာကို မြင်ရပါလိမ့်မယ်...
ဒီအဆင့်နဲ့တင် အဆင်ပြေဖို့ ၉၀% သေချာပါတယ်..


တကယ်လို့များ မပေါ်သေးဘူးဆိုရင်. Registry ကို ကိုယ့်ဘာသာကိုယ် သွားပြင်ရမှာပေါ့.. မိတ်ဆွေက ဘယ်ဝင်းဒိုးလည်းပြောမထားဘူးနှော်. ကိစ္စမရှိပါဘူး.. ကဲ စရအောင်
1. Windows XP သမားက Start>Run (Windows Key+R) ကိုနှိပ်/ Windows 7 သမားက Start တစ်ချက်နှိပ်... regedit လို့ရိုက်ထည့် ပြီး Enter ခေါက်လိုက်ပါ...
2. Registry Editor Box ကျလာပါမယ်.. အဲဒီမှာ ကော်လံနှစ်ခုပါပါတယ်.. ဘယ်ဘက်အခြမ်းမှာ My Computer ဆိုတဲ့ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ကြီး (၄)ခု မြင်ရပါမယ်...
3. အဲဒီဘယ်ဘက်အခြမ်းက ခေါင်းစဉ်ကြီး (၄)ခုထဲက ပထမဆုံးဖြစ်တဲ့ HKEY_CLASSES_ROOT ဆိုတဲ့ စာလေးရဲ့ ဘယ်ဘက်ဘေး ( XP မှာ အပေါင်းလက္ခဏာ/ Win 7 မှာ ကြိဂံမဲမဲလေး ) ကိုတစ်ချက်နှိပ်လိုက်ပါ.. Folder တွေ အများကြီး ခွဲထွက်သွားတာကို မြင်ရမှာဖြစ်ပါတယ်..

 

4. ဘယ်ဘက်အခြမ်း Folder အများကြီးထဲကပဲ Unknown ဆိုတဲ့ Folder ကိုရအောင်ရှာပြီး ခုနကလိုပဲ ထပ်ခွဲလိုက်ပါအုံး...
5. ထပ်ခွဲထွက်လာတာက XP မှာဆိုရင်တော့ shell>openas>command အဆင့်ဆင့်ခွဲထုတ်လိုက်ပြီး command ဆိုတဲ့ Folder ကို တစ်ချက်ဖိလိုက်ပါ...


6. ဘယ်ဘက်က command ဆိုတာကို ဖိလိုက်ရင် ညာဘက်မှာ Default ဆိုတဲ့ Value ကိုတွေ့ရပါမယ်.. အနီကွက်နဲ့ ၀ိုင်းပြထားပါတယ်.. ညာဘက်က Default ကို Double Click ခေါက်လိုက်ပါ.. ပေါ်လာတဲ့ ဘောက်ကလေးမှာ..
%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1
7.Windows 7 သမားကတော့ Unknown ကိုခွဲလိုက်ရင် Folder နှစ်ခု တွေ့ရပါမယ်.. DefaultIcon နဲ့ Shell တို့ပဲဖြစ်ပါတယ်.. အဲဒီထဲက Shell ဆိုတဲ့ Folder ကိုထပ်ခွဲလိုက်ရင် openas နဲ့ opendlg ဆိုပြီး Folder နှစ်ခု ထပ်တွေ့ပါတယ်..

 ညာဘက်က Default ကို Double Click ခေါက်ပြီး ပေါ်လာတဲ့ဘောက်ထဲက Value data: ဆိုတဲ့နာမည်ရဲ့အောက်က အကွက်ထဲမှာ အောက်ပါစာသားလေးကို အစားထိုးပြီး OK ကိုနှိပ်လိုက်ပါ..

%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1

 ပြီးရင် အဲဒီ Default ဆိုတဲ့ နာမည်ရဲ့အောက်မှာ DelegateExecute ဆိုတဲ့နာမည်နဲ့ Value တစ်ခု ထပ်တွေ့ပါလိမ့်မယ်.. သူ့ကိုလည်း Double Click ခေါက်ပြီး Value Data ဆိုတဲ့နေရာမှာ အောက်က စာသားလေးကို ထည့်ပြီး OK နှိပ်လိုက်ပါ..

{e44e9428-bdbc-4987-a099-40dc8fd255e7}
 
တကယ်လို့များ DelegateExcecute ဆိုတဲ့နာမည်နဲ့ Value မတွေ့ဘူးဆိုရင် အသစ်လုပ်ရမှာဖြစ်ပါတယ်.. Value အသစ်လုပ်ဖို့က ညာဘက်က ကွက်လပ်မှာ ညာကလစ်ထောက်ပြီး New ထဲက String Value ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ အကွက်မှာ Name ကို DelegateExecute ဆိုတာကို ထည့်ပေးရပါမယ်.. ဒါမှ မဟုတ်.. သူပေါ်ချင်တာပေါ်.. အဲဒီ Value အသစ်ကို ကလစ်တစ်ချက်ထောက်လိုက်လို့ နာမည် ငြိမ်သွားရင် Double Click ခေါက်ပြီး Value Name မှာ DelegateExecute ဆိုတာကိုထည့်.. Value data မှာ {e44e9428-bdbc-4987-a099-40dc8fd255e7} ဆိုတာကိုထည့်ပြီး OK ကိုနှိပ်လိုက်ပါ..


8. openas အောက်က command ကိစ္စပြီးသွားရင် ဘယ်ဘက်အခြမ်းက opendlg ဆိုတာကို ထပ်ခွဲလိုက်ပါ.. အဲဒီမှာလည်း command ဆိုတဲ့ Folder ကိုထပ်တွေ့ရပါမယ်.. အဲဒါကို ဖိလိုက်ပါ.. ညာဘက်မှာ Value တစ်ခုတွေ့ရပါမယ်.. (Default) ဆိုတဲ့ နာမည်နဲ့ပါ.. အဲဒါကို Double Click ခေါက်လိုက်ပြီး Value Data နေရာမှာ အောက်ကစာသားကို ထည့်ပြီး OK ကိုနှိပ်လိုက်ပါ..

%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1 






9. ပြီးရင် Registry Editor ကို ပိတ်ပြီး ကွန်ပျူတာကို Restart လုပ်လိုက်ပါ.. ပြန်တက်လာချိန်မှာ Right Click မှာ Open With ကိုတွေ့မြင်ရမှာဖြစ်ပါတယ်...