ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, April 3, 2013

Windows 7 Manager 4.2.3 Final

 

Yamicsoft ကထုတ်တဲ့ window 7 manager လေးပါ update လေးထွက်လို့ တင်ပေးလိုက်ပါတယ်

အရင်ကလဲ တင်ပေးဖူးပါတယ် အမှန်တကယ်လဲကောင်းပါတယ် 

ကွန်ပြုတာအသုံးပြု့သူတိုင်းဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပါ Fullversion ဖြစ်ဖို့ KEYGEN လဲပါပါတယ်

အသုံးပြု့မယ်ဆိုရင်အောက်မှာဒေါင်းသွားလိုက်ပါ



Windows ၏ လျှို့ဝှက်ချက်များ

Windows မှာ Command Prompt သုံးရ ကောင်းမှန်း သိတဲ့သူတွေ အတော်လေးရှားလာပါပြီ။ Command Prompt အကြောင်း သိရင် ပြဿနာအတော်များများကို ဖြေရှင်း နိုင်ပါတယ်။ Windows ကို command ပေး ပြီး ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံး Commanc Prompt ကိုဖွင့်နည်း

Command Prompt ကို Command Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့ ရိုက်ထည့်လိုက်ပါ။  ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင် အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို ရွေးလိုက်ပါ။ Windows Command Processor က system ကို ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။ ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။
Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။
Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။

အခြားကွန်ပျူတာကို Shut down လုပ်ချင်ရင်


အခြား PC ကို command prompt သုံး ပြီး shut down သို့မဟုတ် restart လုပ်လို့ရ ပါတယ်။ အဲဒီ ကွန်ပျူတာနဲ့ network ချိတ်ဆက်ထားဖို့တော့ လိုမယ်။
ပထမဦးဆုံး ကိုယ်ကလှမ်းပြီး ထိန်းချုပ်ချင်တဲ့ ကွန်ပျူတာ ဖွင့်ထားသလား ကြည့်ပါ။ ပြီးတော့ network ရသလားကြည့် ပါ။ အဲဒီ ကွန်ပျူတာရဲ့ အမည် (hostname) ကို သိဖို့လိုပါတယ်။ သူ့ hostname ကို သိရင် ကိုယ့်ကွန်ပျူတာမှာ cmd ကို ဖွင့်ပြီး shutdown/i လို့ ရိုက်ထည့်လိုက်ပါ။ အဲဒီ အချိန်မှာ Remote Shutdown Dialog box တစ်ခုပေါ်လာလိမ့်မယ်။ Add ကို click လုပ်လိုက်ပါ။ အဲဒီမှာ ကိုယ်လှမ်းပိတ်ရမယ့် ကွန်ပျူတာရဲ့ hostname ကို ရိုက်ထည့်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ ပျော်စရာ နောက်ပြောင်လို့ရပါတယ်။ ဘာမှန်းမသိ ကွန်ပျူတာ ပိတ်သွားလို့ပါ။
Shutdown လုပ်မှာလား၊ Restart လုပ်မှာလားရွေးပါ။ ချက်ချင်းပိတ်ချင်ရင် command prompt မှာ shutdown/s/m\\ လို့ ရိုက်ပြီးရင် ကိုယ်လှမ်းပိတ်မယ့် PC ရဲ့ hostname ကို ရိုက်ထည့်ပါ။
ဥပမာ shutdown/s/m\\RobertsPC လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ ဟိုဘက်က PC ကို လှမ်းပိတ်လိုက်ပါပြီ။
တကယ်လို့ Restart လုပ်ချင်ရင်တော့ Shutdown/r/m//.... ဆိုပြီး ရိုက်ထည့်နိုင်ပါတယ်။
ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ Network နဲ့ PC အကြောင်း သိချင်ရင်

ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ၊ internet connection တွေ၊ website တွေ အကြောင်းသိချင်ရင် အမြန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး စုံစမ်းနိုင်တာ command prompt နည်းပါ။ cmd ကို ခေါ် ပြီးရင် ipconfig/all ဆိုတာ ရိုက်ထည့်ကြည့်ပါ။ IP နဲ့ DNS server address တွေအားလုံး ကျလာပါလိမ့်မယ်။
ကိုယ့်ကွန်ပျူတာထဲက system ကို သိချင်ရင်လည်း ကြည့်လို့ရပါတယ်။ Install လုပ်တဲ့ နေ့စွဲ၊ boot time နဲ့ memory ဘယ်လောက်ရနိုင်သလဲဆိုတာတွေကို သိချင်ရင် systeminfo လို့ ရိုက်ထည့်ပြီး Enter ခေါက်ကြည့် လိုက်ပါ။
ပျက်နေတဲ့ System File တွေကို ပြင်ချင်ရင်

Windows က ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။ DLL ဖိုင်တွေပျောက်ရင် error message တွေ မကြာခဏပေါ်လာ တတ်ပါတယ်။ ဒါဆိုရင် System File Checker ကိုဖွင့်ပြီးတော့ ပြဿနာကို ဖြေရှင်း ခိုင်းရပါတယ်။ Command Prompt ကို ဖွင့်ပါ။ Administrator mode ထဲကို ဝင်ရပါ မယ်။ ရှေ့ပိုင်းမှာ ဝင်ပုံဝင်နည်း ပြောခဲ့ပြီးပြီ။ sfc/scannow လို့ ရိုက်ထည့်လိုက်ပါ။ ဖိုင်တွေပျက်နေတာတွေကို system ထဲဝင် ပြီးတော့ ပြင်ပေးသွားပါလိမ့်မယ်။ အနည်းဆုံး စစ်ဆေးပြင်ဆင်ချိန် မိနစ် ၂ဝ လောက် ကြာတတ်ပါတယ်။ စိတ်ရှည်စွာနဲ့ စောင့်ဖို့ လိုပါတယ်။

ဟာ့ဒ်ဒစ်တွေကို defrag လုပ်ချင်ရင်

Defragmenting လုပ်တယ်ဆိုတာတော့ သိမှာပါ။ ဟာ့ဒ်ဒစ်တွေထဲက ဖိုင်တွေကို စနစ်တကျဖြစ်အောင် ပြန်ပြီး စီစဉ်တကျထားရင် ကွန်ပျူတာပိုပြီး မြန်ဆန်တတ်ပါတယ်။ မကြာမကြာလုပ်ဖို့တော့ မလိုပါဘူး။ တစ်ခါ တစ်လေ လုပ်ဖို့ပါ။ Command ထဲဝင်ပြီးရင် defrag C:/.. ဆိုပြီး ရိုက်ထည့်ပါ။ နောက်က အစက်တွေကတော့ ကိုယ် defrag လုပ်ချင် တဲ့ drive အမည်ကို ရိုက်ထည့်ဖို့ပြောတာပါ။ ဥပမာ defrag C:/d ဆိုတာမျိုးပေါ့။
အဲဒါဆိုရင် ကိုယ်ရိုက်ထည့်လိုက်တဲ့ drive ကို size ကဘယ်လောက်၊ free space က ဘယ်လောက်လိုတယ်၊ စုစုပေါင်း fragmented လုပ်ပေးမယ့် space ကဘယ် လောက်၊ defrag လုပ်ဖို့ လို-မလိုဆိုတာတွေ ကို ပြောပါ လိမ့်မယ်။
Windows Disk Defragmenter tool ဆိုတာ Windows ထဲမှာလည်း ရှိပါတယ်။ အဲဒီ application ကို တိုက်ရိုက်သုံးရင်လည်း ရပါတယ်။
Folder တစ်ခုထဲက ပါဝင်တဲ့ အကြောင်း အရာတွေကို Print လုပ်ခိုင်းချင်ရင်
Folder ထဲမှာ ဘာဖိုင်တွေရှိတယ်ဆိုတာ သိချင်ရင် လွယ်ပါတယ်။ အထူးသဖြင့် folder ထဲမှာ ဖိုင်တွေ အများကြီးထည့်ထားရင်ပေါ့။
ပထမဦးဆုံး ကိုယ်သိချင်တဲ့ folder ကို Shift အရင်နှိပ်ပြီးမှ right-click လုပ်ပါ။ “Open command window here” ဆိုတာကို ရွေးပါ။ Commanf Prompt ပေါ်လာရင် dir လို့ ရိုက်ထည့်ပါ။ အဲဒီမှာ ဖိုဒါထဲရှိတဲ့ ဖိုင် စာရင်းပေါ်လာပါလိမ့်မယ်။ နောက်တစ်ဆင့် print.txt လို့ ဆက်ရိုက်ထည့်ပါ။ Enter နှိပ်ပါ။ Notepd နဲ့ ဖိုင်စာရင်းပေါ်လာပါ လိမ့်မယ်။ ဒါဆိုရင် print ထုတ်ကြည့်လို့ရပါပြီ။


ကွန်ပျူတာပေါ်မှာ ဘာတွေ Run နေတယ် ဆိုတာ သိချင်ရင်

ကိုယ့် PC ပေါ်မှာ ဘယ်လို ပရိုဂရမ်တွေ၊ service တွေရောက်နေတယ်ဆိုတာ သိချင်ရင် command line မှာ net start လို့ ရိုက်ထည့်ကြည့်ပါ။ ကိုယ်ဆက်ပြီး run မလုပ်စေချင်တဲ့ net stop လို့ရိုက်ပြီး နောက်က ရပ်စေ ချင်တဲ့ ပရိုဂရမ်ကို ရိုက်ထည့်ရပါ လိမ့်မယ်။ ဥပမာ net stop Superfetch စသည်ဖြင့်ပေါ့။ Administrator mode ထဲ ဝင်ပြီး လုပ်မှရပါလိမ့်မယ်။

User Password ကိုပြောင်းချင်ရင်

ကိုယ်သုံးနေတဲ့ ကွန်ပျူတာမှာ password ကိုမေ့သွားရင် Command Prompt ထဲမှာ ပြင်နိုင်ပါတယ်။ ပထမဦးဆုံး command prompt ထဲမှာ net user ဆိုပြီး ရိုက်ထည့်ရပါမယ်။ နောက်တစ်ကြိမ် net user တစ်ကြိမ် ထပ်ရိုက်ထည့်ပြီးရင် user name နဲ့ password အသစ်ကို ပေးရပါလိမ့် မယ်။ ဥပမာ net user Tin ......... လို့ ရိုက် ထည့်ပေးရမယ်။ ....... တွေကတော့ password အသစ်ကို ပြောတာပါ။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ Administrator  ထဲ မှာပဲ လုပ်လို့ရတယ်။ ကိုယ်ပေးတဲ့ password ကို မှတ်ထားဖို့ လိုပါတယ်။ ကွန်ပျူတာ ပြန်ဖွင့်ရင် ပြောင်းထားတဲ့ password ကို ရိုက်ထည့်မှရပါတယ်။

Command Prompt window ကို ပုံစံပြောင်းချင်ရင်

Command Prompt က အဖြူ အမည်း ပုံစံအတိုင်းပဲတွေ့ရမှာပါ။ အဲဒါကို ရိုးတယ် ထင်လို့ ပြင်ချင်ရင် ရပါတယ်။ Command Prompt ကို ခေါ်ပြီးရင် ဘယ်ဘက် window ထိပ်နား မှာရှိတဲ့ icon ကို click လုပ်ပြီး Properties ကို ရွေးလိုက်ပါ။ Colors ဆိုတဲ့ tab ကို click ကို ရွေးလိုက်ပြီး ကိုယ့်စိတ်ကြိုက် အမျိုးမျိုး အရောင်တွေ၊ စာလုံးတွေ ကို ရွေးချယ်လို့ရပါတယ်။ Font အရွယ် အစား ပုံစံတွေလည်း ပြောင်းလို့ရတယ်။ Window အရွယ်အစားနဲ့ ပုံစံကိုလည်း ပြောင်းနိုင်ပါတယ်။

Windows 8 တင်နည်း


မင်္ဂလာပါ။ဒီတစ်ခါ ကျွန်တော်တို့ Windows 8 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်
ပါတယ်။တကယ်လို့ သင်ဟာ Windows 8 သွင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံးဝ အသုံးဝင်မယ်လို့ အာမခံပါတယ်။ကဲ  Windows 8 ကိုဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။


သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။

ဟုတ်ကဲ့ Windows 8 ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို Backup အရင်လုပ်ထားသင့်ပါတယ်။
ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ်
DVD အခွေထဲတွေမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။

ကဲ Windows 8 ကို တင်ရအောင်။

သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot Device မှာ သင့်ရဲ့ DVD Drive ကိုထားပါ။ဒါမှမဟုတ် F12 ကိုနှိပ်ပြီး DVD Drive ကိုရွေးပါ။ပြီးရင်
ပုံ  မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ Second အနည်းငယ်ကြပါလိမ့်မယ်။



မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ
မပြောင်းလဲ ပဲ Next ကိုနှိပ်ပါ။


Next Button ကိုနှိပ်ပြီး သွားရင် ပုံ မှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။
Install Now ကိုနှိပ်ပါ။


Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ  မှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်။အဲ့ဒီ မှာ Product Key
ကိုထည့်ပြီး Next ကိုနှိပ်ပါ။



ပြီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။


Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံးဝ
အသစ်သွင်းမှာ ဆိုတော့ Custom ကိုရွေးရမှာဖြစ်ပါတယ်။(တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows 8 ကို Install လုပ်မယ်ဆိုရင် Upgrade ကိုရွေးပါ။)


ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ  မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့
Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ်
Format ဆိုပြီးတွေ့ရလိမ့်မယ်။အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးလိမ့်မယ်။
(အရေးအကြီးဆုံး သင် Format လုပ်တဲ့အခါမှာ Partition တွေမမှား ပါစေနဲ့။)


Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ  မှာပြထားတဲ့ Windows file တွေကို Hard Drive မှာ Copy လုပ်ပြီး Windows 8 ကိုသင့်ရဲ့ PC မှာတင်နေပါပြီ။နည်းနည်းတော့ ကြာလိမ့်မယ်။


ပြီးရင် Restart ကြသွားလိမ့်မယ်။



Restart ပြန်တတ်လာ တဲ့အခါ ပုံ  မှာပြထားတဲ့ အတိုင်းမြင်ရပြီး။Restart နောက်တစ်ခါ ကြသွားလိမ့်မယ်။


Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။


နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။သင်ရဲ့ email address ကိုထည့်ပါ။(ကြိုက်တဲ့ Email Address)


ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows 8 ကိုသွင်းလို့ပြီးသွားပါပြီ။





အားလုံးအဆင်ပြေကြပါစေ။





Window 8 Install ပြုလုပ်နည်းကို ဆက်လေ့လာချင်သေးရင် ဒီမှာ  (or) ဒီမှာ  နှိပ်ပြီး လေ့လာနိုင်ပါသေးတယ်....။

Monday, April 1, 2013

Smart Pro Journal အတွဲ(၁) အမှတ်(၁၁) – ၃.၄.၂၀၁၃


အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်သော Smart Pro Journal အတွဲ(၁) အမှတ်(၁၁) – ၃.၄.၂၀၁၃ နေ့ထုတ်ကိုအောက်က link မှာရယူနိုင်ပါပြီ။
Download Here:

Mirror Download link: http://goo.gl/M3IyV

အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၃) (၂၈.၃.၂၀၁၃)



အပတ်စဉ်တင်ဆက်နေကျဖြစ်သော အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၃) (၂၈.၃.၂၀၁၃) ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Here:

Mirror Download link: အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၃) (၂၈.၃.၂၀၁၃)

Mobile Guide ဂျာနယ် အတွဲ(၁) အမှတ်(၉၇) (၂၇.၃.၂၀၁၃)




အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်သော Mobile Guide ဂျာနယ် အတွဲ(၁) အမှတ်(၉၇) (၂၇.၃.၂၀၁၃)နေ့ထုတ်ကိုအောက်က link မှာရယူနိုင်ပါပြီ။
Download Here:

Mirror Download link: http://www.mediafire.com/?icngoffkohmyzyf

Smart Pro Journal (မိုဘိုင်း နှင့် နည်းပညာ ဂျာနယ်) Vol-1, Issue 10



အပတ်စဉ် တင်ဆက်နေကြဖြစ်သော Smart Pro Journal (မိုဘိုင်း နှင့် နည်းပညာ ဂျာနယ်) Vol-1, Issue 10 ဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
Download Here:

Minus Download Link
http://min.us/l9vvw196Kx5t1
Direct links Short URL
http://adf.ly/LSMjE
Media Fire Links
http://www.mediafire.com/?ddn9trk4n0d6hok
Ref: https://www.facebook.com/smartprojournal?fref=ts