ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, November 6, 2013

Upload 1 time to all my 12 accounts


ကျနော် ဒီနေ့ရေးမယ့် အကြောင်းလေးကို ရေးမယ်လုပ်တာ နည်းနည်းတော့ ကြာသွားပါပြီ မရေးဖြစ်သေးဘူး...။ မရေးဖြစ်တာကလဲ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းများ သိပြီးသား အကြောင်းလေး ဖြစ်နေမလားလို့ တွေဝေနေလို့ပါ။ ကျနော်တို့ ဘလောဂါတွေ ဖိုင်တွေ Upload တင်ရာမှာ
ဆိုဒ်တစ်ခု နှစ်ခုလောက်မှာပဲ Upload တင်တာများတာကိုတွေ့ရပါတယ်။


 တော်တော်လေးကိုလဲ အချိန်ပေးတင်ရမှာ ဖြစ်ပါတယ်..။ မြန်မာနိုင်ငံရဲ့ Connection ကလဲ သိတဲ့အတိုင်းပဲလေ။ကျနော်ကိုယ်တိုင် သုံးနေရတာကလဲ လိုင်းက မကောင်းလှပါဘူး။ သိပြီးသား သူငယ်ချင်းများတော့ ကျော်ပြီးဖတ်ပေးကြပါ။ Blogspot အသစ်လေးတွေလဲ တော်တော်များများ ဖြစ်လာတော့ အားရမိပါတယ်။ စတင်လေ့လာမျှဝေသူ များအနေနဲ့ ရော မသိသေးတဲ့ သူငယ်ချင်းများအတွက် ဒီ အခု ကျနော်ပြောမယ့် အကြောင်းလေးကတော့ တော်တော်လဲကို အသုံးတည့်ပါလိမ့်မယ်ခင်ဗျာ....။

ကျနော်တို့ ဘလော့ တစ်ခုကို စတင်လုပ်ပြီဆိုရင်တော့ Hosting ကိုတော့ မဖြစ်မနေလုပ်ရပါတော့မယ်။
ကျနော်တို့တွေက ကိုယ်ပိုင် Hosting လေး မဝယ်နိုင်တော့ Free Hosting ဆိုဒ်လေးတွေမှာပဲ အကောင့်ဖွင့်ပြီး သုံးရပါတယ်။ hosting site လေး အဆင်ပြေတာလေးတွေ အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။
1) tusfiles
2) solidfiles
3) Zippyshare
4) Sharebeast
5) Ziddu
6) hotfile
7) ge.tt 
တို့ဖြစ်ပါတယ်။

အပေါ်က ဖော်ပြထားတာ့ Hosting တွေမှာ မိမိ ကြိုက်နှစ်သက်ရာမှာ အကောင့် ဖွင့်ထားလိုက်ပါ။

အခုမှ စမှာနော်...။ ကျနော်တို့ Upload တင်တဲ့အချိန်မှာ အဲ site တွေမှာ တစ်ခုချင်းလိုက်တင်နေရင် လိုင်းကလဲ မကောင်းတော့ အချိန်ဘယ်လောက်ပေးပြီး တင်ရဆိုတာကို တင်ဖူးသူတိုင်း ခံစားဖူးမှာပါ။ Upload တစ်ကြိမ်တင်လိုက်တာနဲ့ အပေါ်က ဖော်ပြထားတဲ့ Site တွေမှာ ရှိတဲ့ ကိုယ့်အကောင့်ထဲကို ရောက်အောင်တင်နည်းလေးကို ပြောမှာ ဖြစ်ပါတယ်။ 12 ဆိုဒ်ထိကို တင်လို့ ရပါတယ်။ သုံးဖူးတဲ့ သူတွေ လဲ ရှိမှာပါ။

ပေါ်က ဆိုဒ်တွေမှာ အကောင့်ဖွင့်ထားပြီလို့ သဘောထားပြီးပြောမယ်နော်။

ဒီတစ်ခါတော့ http://www.mirrorcreator.com/ မှာ အကောင့်တစ်ခု ဖွင့်ရပါတယ်။ မကြာပါဘူး ဖွင့်လိုက်ပါ။ ဖွင့်ပြီးပြီ။။။ အယ်... မြန်ထှာာာာာာ :P။

 

အကောင့် ရပြီဆိုတော့ ကျနော် ပြင်ဆင်မှုတွေ လုပ်ကြမယ်။ My Account ကို သွားလိုက်ပါ။ အောက်ပါအတိုင်း တွေ့ ရပါမယ်။

ဒီမှာ Account Setting ကို ဆက်သွားလိုက်ပါ။ Account Details နှင့် Your Filehosts Account Details ဆိုတာကို ရှိပါတယ်။ Your Filehosts Account Details လက်ယာဘက်ဘေးက Edit ဆိုတာလေးက ကလစ်ပြီး ကျနော်တို့ ပြင်ဆင်ရပါမယ်။


 
အပေါ်က ပုံကျတော့ ကျနော် setting လုပ်ထားပြီးသားဖြစ်နေလို့ ပါ..။ သူငယ်ချင်းတို့ မလုပ်ရသေးဘူးဆိုရင်တော့ Filehost ,username,password နေရာတွေ ရှိမှာ မဟုတ်သေးပါဘူး။
 
ကျနော်တို့ Edit ကလစ်ပြီး အောက်က ပုံလေးလိုရောက်နေပါပြီ။

 




အဲပုံမှာ အောက်ဘက်ကို Scroll Down ဆင်ပြီး ဆိုဒ်တွေကို ရှာကြည့်ပါ။ Solidfile တို့ zippyshare တို့ စသည်ဖြင့် ဆိုဒ်တွေ ရှိပါတယ်။ အဲမှာ ကျနော်Zippyshare မှာ ကျနော့် Zippyshare က Username နှင့် Password ကို ထည့်လိုက်ပါတယ်။ အခြားသော ဆိုဒ်တွေက အကောင့်အမည်နှင့် ပစဝ တွေကို ထည့်ပေးလိုက်ပါတယ်။ ပြီးရင်တော့ အောက်မှာ ရှိတဲ့ Save ပေါ့။



ပြီးရင်တော့ Favorite Mirrors ဆိုတာကို ထပ်ပြီးတော့ Edit လုပ်ပါမယ် မလုပ်ထားရင်လဲ ရတော့ ရပါတယ်..။ ကျနော်တို့ upload တင်တဲ့ အခါမှာ ပြန်လုပ်နေစရာမလိုအောင် လုပ်ထားတာကောင်းပါတယ်။

 
Edit ကို ဝင်ပြီး ကျနော့်တို့ အကောင့် ထည့်ထားတာ့ ဆိုဒ်တွေကို အမှတ်လေး ပေး ရွေးထားလိုက်ပါ။ ပြီးရင်တော့ Save ပေါ့နော်။ ကဲ ကျနော်တို့ အားလုံး ပြင်ဆင်လို့ ပြီးပါပြီ။ Upload စမ်းတင်ကြည့်လိုက်ပါ။
Solidfile,Tusfiles ,Zippyshare,Sharebeast,Zuddi,hotfiles,gett တို့မှာ ရှိတဲ့ ကိုယ့်အကောင့်တွေထဲ မှာ အားလုံး တင်ပြီးသား ဖြစ်ပါတယ်ခင်ဗျာ...။ 12 site ထိ တင်လို့ရပါတယ်.။ အချိန်ကုန်သက်သာစေပြီး upload တင်ရတာ အဆင်ပြေ ချောမွေ့ ကြပါစေ...

Thanks to www.itfree4u.net
www.myanamritgroup.blogspot.com

No comments:

Post a Comment