ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Friday, July 13, 2012

Samsung Galaxy Ace Official Gingerbread 2.3 နှင့်အထက် Root လုပ်ပြီး မြန်မာဖောင့်ထည့်နည်း




မိမိရဲ့ Samsung Galaxy Ace ဖုန်းကို offical gingerbread update လုပ်ပြီးတဲ့အခါ
အများအားဖြင့် 2.3 နှင့်အထက် မြန်မာဖာင့်ထည့်ဖို့ SuperOneClick နဲ့ root လုပ်လို့မရတော့ပါဘူး။

recovery mode ကနေ root file ကို install လုပ်ပြီ့း  root တဲ့နည်းလမ်း အခု ကျွန်တော်ရှင်းပြမှာပါ…
မိမိဖုန်းနဲ့ကွန်ပြူတာ ချိတ်ဆက်ထားပြီး လုပ်စရာမလိုပါဘူး အကောင်းဆုံးနည်းလမ်းလေးပါ။
မိမိဖုန်းကို root လုပ်ပြီး မကြိုက်ပါက unroot ပြန်လုပ်နိုင်ပါတယ်။
မိမိဖုန်းကို root လုပ်ပြီး မြန်မာဖောင့်ထည့်နည်းနှင့် unroot လုပ်နည်းရှင်းပြပါမယ်
အတွေ့အကြုံမရှိပဲနဲ့ အမှားအယွင်းဖြစ်မှာကို မစိုးရိမ်ပါနဲ့။ မိမိကိုယ်တိုင်လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။
တခုခုဖြစ်မှာကိုကြောက်ရင်တော့ ကျွန်တော်က အရမ်းကြီးမတိုက်တွန်းပါဘူး။
(ဒါပေမဲ့ သင့်လုပ်နိုင်ပြီး အောင်မြင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်) :)
အခုနည်းလမ်းက သင့်ရဲ့ဖုန်း Warranty မပေးပါဘူး ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ပြန်ပြီး unroot လုပ်နိုင်တဲ့တွက်
Warranty တွက်အဆင်ပြေပါတယ်။
root လုပ်ဖို့တွက်လိုအပ်တဲ့ ဖိုင်၂ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။ အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ်
Galaxy Ace 2.3 နှင့်အထက်ကို System Root လုပ်နည်း
1. ပထမဆုံး Root.zip file ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
2. ဖုန်းကို ပါဝါပိတ်ပေးပါ။
3. ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။ အဲတွက် HOME + POWER ကို တွဲနှိပ်ပေးပါ
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့တက်လာပါလိမ့်မယ် Power ခလုတ် နဲ့ Home ခလုတ်ကို မလွတ်ပါနဲ့။
Galaxy Ace logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။ Home + Power ခလုတ် လွတ်ပေးပါ။
4. Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ HOME ခလုတ်ကို အသုံးပြုပါမယ်။
5. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ ” apply update from sdcard ” ကိုရွေးပြီး
HOME ခလုတ်ကို နှိပ်ပေးပါ။
6. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး Root.zip file ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး Root.zip file ကိုရွေးပေးပါ ) ။
7. Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
8. ဖုန်းပြန်တာလာပြီ မိမိဖုန်းမှာ Superuser ကိုတွေ့ရပြီဆိုလျှင် မိမိဖုန်း Root လုပ်လို့ပြီးသွားပါပြီ။

Galaxy Ace recovery mode ပုံပါ 




” Congrats ! အခုလိုသင်ကိုယ်တိုင် Galaxy ace ကို root နိုင်တဲ့အတွက်ပါ ” :)
ပြန်ပြီးတော့ Unroot လုပ်ချင်တယ်ဆိုရင် အောက်ကနည်းလမ်းအတိုင်း ပြန်ပြီးလုပ်နိုင်ပါတယ်။
နည်းလမ်းလေးက ဆင်တူတဲ့အတွက် အဆင်ပြေပါတယ်။
Android ဖုန်း/Tablet ကို မြန်မာစာစနစ်နှင့် မြန်မာစာ Keyboard ထည့်သွင်းနည်း (Complete Guide) ကိုဖတ်ရှုရန်
Galaxy Ace 2.3 နှင့်အထက်ကို ပြန်ပြီး System UnRoot လုပ်နည်း
1. ပထမဆုံး UnRoot.zip file ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
2. ဖုန်းကို ပါဝါပိတ်ပေးပါ။
3. ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။ အဲတွက် HOME + POWER ကို တွဲနှိပ်ပေးပါ
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့တက်လာပါလိမ့်မယ် Power ခလုတ် နဲ့ Home ခလုတ်ကို မလွတ်ပါနဲ့။
Galaxy Ace logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။ Home + Power ခလုတ် လွတ်ပေးပါ။
4. Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ HOME ခလုတ်ကို အသုံးပြုပါမယ်။
5. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ ” apply update from sdcard ” ကိုရွေးပြီး
HOME ခလုတ်ကို နှိပ်ပေးပါ။
6. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး UnRoot.zip file ကိုရွေးပြီး HOME လုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး UnRoot.zip file ကိုရွေးပေးပါ ) ။
7. Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
8. ဖုန်းပြန်တက်လာပြီ မိမိဖုန်းမှာ Superuser မရှိတော့ဘူးဆို မိမိဖုန်း UnRoot လုပ်လို့ပြီးသွားပါပြီ။

Samsung Galaxy Ace တွက် Root File အားရယူရန်


Samsung Galaxy Ace တွက် UnRoot File အားရယူရန်


Samsung Galaxy တွက် Driver အားရယူရန်

Samsung Galaxy Ace / W / Y တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း



ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..



ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ Myanmar Font ဆိုတဲ့ Folder လေးကို ဒေါင်းလော့ ချလိုက်ပါ .. Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..

အရင်ဆုံး Setting ကိုသွားပါ .. 




အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..






အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..






ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..






အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ .. 






ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..









အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ .. 

အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 











အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..








ပြီးရင် နောက်တစ်အဆင့်  FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ .. 






အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ .. 

အရင်ဆုံး  Setting ကိုသွားလိုက်ပါ .. 






ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..
















အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ .. 






ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..




Myanmar  Fonts  Download







ဒီပို့စ်လေးကို  PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..





အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

MP3 TAG (mp3 မှာ ရုပ်ပုံတွေ ထည့်သွင်းနည်း)

အသုံးဝင်ပုံကတော့ ဒီလိုပါ..MP3 သီချင်း
တစ်ပုဒ်ကို windows player နဲ့ ဖွင့် လိုက်ရင်သီချင်းတွေမှာ ပုံလေးတွေ
ပါနေတက်ပါတယ်..windows plyer ပုံလေးတွေနဲ့ တွေ့မြင်နေရပါတယ်..တစ်ချို့
ကျတော့လည်း ဘာမှပါမလာဘူး....ပုံလေးတွေ ပါမလာတဲ့ mp3 သီချင်း ကို မိမိကြိုက်
နှစ်သက်ရာ ပုံနဲ့အစားထိုးကြည့်ရအောင်.
.ပုံပါ ပြီးသားသီချင်းတွေကိုလည်း မိမိ စိတ်ကြိုက် ပုံလေး တွေနဲ့ အစားသွင်းလို့ရပါတယ်…

အောက် မှာ ပုံ နဲ့  ရှင်းပြပေးထားပါတယ်…
နားလည်နိုင်အောင် အတက် နိုင်ဆုံး ရှင်းပြပေးထားပါတယ်..ဒီဆော့ဝဲလ် မှာ
တခြား ကလိစရာတွေလည်း အများကြီးပါ .. ဒေါင်းလော့ယူပြီး ကလိကြည့်ကြပေါ့..



  • ပုံ (၁) ကတော့ Add driectory
    ပါ..အဲဒါကို နှိပ်ပြီး သီချင်းတွေ သိမ်းထားတဲ့ မိမိ ကွန်ပျူတာ ထဲက
    ဖိုင်ကို သွား ယူရမှာပါ…ယူပြီးသွားရင်တော့ ဆော့ဝဲလ် ဖိုင်ထဲကို သီချင်းတွေ
    ရောက်နေပါလိမ့်မယ်…
  • ပုံ(၂) ကတော့ မိမိပြုပြင်လိုတဲ့သီချင်း (ပုံအစားသွင်းချင်တဲ့သီချင်း)ကို မြှားထောက်ပြီး ကလစ် နှစ်ချက်ဆက်တိုက် နှိပ်လိုက်ပါ..အိုကေ…
  • ပုံ(၃) ကတော့ အစားသွင်းမယ့်
    ပုံနေရာလေးပါ..အဲဒီ ကွပ်လပ်နားမှာ မြှားထောက်ပြီးတော့ right click
    လိုက်ပါ..Add cover..reomve cover ..extract cover ဆိုပြီး
    ပေါ်လာလိမ့်မယ်..ပုံမှာပြထားပါတယ်..

အဲဒီထဲကမှ add cover ကို နှိပ်ပြီး
အစားသွင်းလိုသော ပုံကို မိမိ ကွန်ပျူတာထဲမှ
သွားယူပါ..အိုကေ..တခြားဖြည့်စွပ်စရာတွေ ရှိရင်လည်း
ဖြည့်စွပ်ပါ..tittle..album artist..အဲဒီနေရာမှာတွေမှာ
လိုသလိုပြုပြင်လိုက်ပါ..ပြီးသွားပြီဆိုရင်တော့..

  • ပုံ(၅) နေရာဟာ save(သိမ်းဆည်းမယ့်နေရာပါ..)ဖိုင်တစ်ခု သိမ်းမလားလို့ မေးလာရင် OK .ပေးလိုက်ပါ
  • ပြီးသွားပြီဆိုရင် အဲဒီသီချင်း ကို
    သီချင်းတွေ သိမ်းထားတဲ့ ဖိုင်မှာ သွား ရှာပြီး window player နဲ့
    ဖွင့်ကြည့်ပါ..မိမိ အစားသွင်းထားသော ပုံလေးနဲ့ သီချင်းလေး
    အလန်းဖြစ်နေပါလိမ့်မယ်…









                                      ဒေါင်းရန်... တကူ သားလေး

ချစ်သူအတွက် fancy software လက်ဆောင်

ချစ်သူတွေအတွက်ပါ။
ဒီ လက်ဆောင် ကိုထပ်ပြီးဖြန့်ဝေပေးလိုက်ပါတယ်။
ကိုယ်ချစ်တဲ့သူကိုပဲလက်ဆောင်ပေးပေါ့။ Downlaod လုပ်ပြီတဲ့အခါ Rar File ကို
Right Click ကိုနှိပ်ပြီး Extract life ပြီးရင် OK ကိုထပ်နှိပ်လိုက်ပါ ပြီးတော့ ကျလာတဲ့ File ကို
Click နှိပ်လိုက်ပါ။


အပေါ်ကပုံအတိုင်းမိမိရဲ.စက်ကိုမြင်ရပါလိမ့်မယ်။ ပုံလေးနဲ့အတူ သံစဉ်လေးပါထွက်ပေါ်
လာပါလိမ့်မယ် ကိုယ့်ချစ်သူကို ပေးဖို့အကောင်းဆုံးလက်ဆောင်တခုပါ။
သူငယ်ချင်းတို့စိတ်ဝင်စားမယ်ဆိုရင် အောက်မှာ ဒေါင်းလိုက်ပါ။


                                 ဒေါင်းရန်... တကူ သားလေး

Sunday, July 1, 2012

Linkin Park (Living Things/2012)



Lost In The Echo
In My Remains
Burn It Down
Lies Greed Misery
Lies Be Gone
Castle Of Glass
Victimized
Roads Untraveled
Skin To Bone
Until It Breaks
Tinfoil
Powerless
Web Link;


                                   ဒေါင်းရန်... တကူ သားလေး